စပွန်ဆာရဲ့ နောက်ကွယ်မှာ…

water-melonOctober 13, 20111min39734

ခေတ်ရေစီးကြောင်း တိုးတက်လာတာနှင့်အမျှ ဆုတ်ယုတ်မှုတွေလည်း တိုးတက်လာပြီတယ်။ ပြောချင်တာတော့ ခေတ်စားနေတဲ့ စပွန်ဆာ ကိစ္စလေးပါဘဲ။ မော်ဒယ်လောကမှာ အသုုံးများသလို ပြင်ပလောကမှာလည်း ရှိပါတယ်။ မြန်မာပြည်မှာက မိန်းကလေးတော်တော်များများက မော်ဒယ်ဖြစ်ချင်ကြပါတယ်(ကောင်းသောမြန်မာမိန်းကလေးများမပါပါ)။ ဟိုတစ်လောက ကြားလိုက်ရသေးတယ်။(…….)မော်ဒယ်သင်တန်းတက်နေတဲ့ ကောင်မလေးတစ်ယောက်က သူ့ကိုစပွန်ဆာရှာပေးပါတဲ့။ သွားရောပေါ့ဗျာ မြန်မာမိန်းကလေး ဆိုတဲ့ ဂုဏ်ပုဒ်က ကုန်းကောက်စရာမရှိအောင် ဖြစ်သွားတယ်။ ဒီလိုမိန်းကလေးတွေရှိနေလို့လဲ စပွန်ဆာတွေက ငမ်းငမ်းတက်နေကြတာလေ။

စပွန်ဆာတွေက ဘာလိုချင်လဲဝယ်ပေးမယ်။ ပြီးရင်သူ့လိုအင်ဖြည့်ပေါ့။ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတစ်ယောက် ပါဘဲ သူကအဆိုတော် ဖြစ်ချင်တာ။စပွန်ဆာလည်းရရော သီချင်းခွေထွက်သွားတယ်။ ပြီးတော့သူနဲ့စပွန်ဆာ ဇာတ်လမ်းခွေက မြင်မကောင်းအောင် ပလူပျံလာတယ်။ တကယ်တော့ စိတ်မကောင်းဘူး တို့မြန်မာမိန်းကလေးတွေ ဒီလိုဖြစ်ကုန်ပြီလား။ ဘာလို့လဲ အဝတ်အစားတွေကို လန်ပျံလျှံကျအောင် ဝတ်တတ်ကြတယ်။

ဗိုက်ဖော်ချက်ဖော် အကုန်ဖော်ကြတယ်။ ရိုင်းရိုင်းပြောရရင် ယောက်ျားမရမှာစိုးနေကြတာလား။ facebook မှာဆိုပိုဆိုးတယ် တင်လိုက်တဲ့ ပုံတွေလည်း လူတကာကို လာပါလာပါလို့ ဖိတ်ခေါ်နေတဲ့ ပုံတွေ့ကြည့်ဘဲ။ ဒါပေမဲ့ ကိုယ်ညီအစ်ကိုမောင်နှမ မဟုတ်တော့လည်း ကိုယ်ပြောရင် အစိုးဘဲနေမှာပေါ့။ သူကတောင်ပြောလိုက်အုန်းမယ် ကိုယ့်ထမင်းကို စားတာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲလို့။ တစ်ချို့ြ့မန်မာတွေရှိပါတယ် အနောက်တိုင်း စတိုင်တွေနဲ့လေ အနောက်တိုင်းမှာဆိုရင် ယောက်ျားမရှိဘဲကလေးယူလဲ ပက်ဝန်းကျင်က ဘာမှမပြောဘူး ဂရုမစိုက်ဘူးတဲ့။ ဒါပေမဲ့ အခုက မြန်မာပြည်လေ ကိုယ်နေချင်သလို နေလို့မရဘူး။ကျွန်တော်တို့ ဘယ်လိုဘယ်လောက်ရေးရေး လိုက်နာသူရှိမှ ဖြစ်မှာပါ။ ကြာရင် ဒို့ပြည်ကြီးပျက်မှာ စိုးရတယ်။

အမှားပါရင် ခွင့်လွှတ်ကြပါ။ သူကြီးှနှင့်ရွာသူရွာသား အပေါင်းတို့ ကိုယ်စိတ်နှစ်ဖျာကျန်းမာကြပါစေ။

34 comments

  • Foreign Resident

    October 13, 2011 at 12:04 pm

    အခုနေ မြန်မာပြည်မှာ ယောက်ျားမရှိဘဲ ခပ်တည်တည် ကလေးယူလိုက်ရင်

    ဘာတွေများ ဖြစ်လာမယ်ထင်လဲ ???
    ဥပဒေကြောင်း အရဆိုရင်ကော ???
    စီးပွားရေးက အရေးအကြီးဆုံးဖြစ်မယ် ထင်တယ် ???
    လူမှုရေး ရိုက်ချက် ကောပြင်းနိုင်မလား ???
    ပါတ်ဝန်းကျင်ကရော အဲဒီလိုအဖြစ်တွေကို ဂရုစိုက် သေးရဲ့လား ???

    အဲဒီကဲ့ရဲ့တဲ့ဒါဏ်တွေကို ခံနိုင်ဖို့
    ငွေ ၊ ရာထူး ၊ ဂုဏ် ၊ အာဏာ ၊ ပညာ နှင့် စိတ်ဓါတ် ကြံခိုင်မှု ဘယ်လောက်လိုမလဲ ???

    • water-melon

      October 13, 2011 at 12:28 pm

      ခပ်တည်တည်နဲ့ ကလေးယူရင် အရင်ဆုံး ပြောမှာကတော့ ဒီကောင်မပေါ့အေ ငယ်ငယ်လေးနဲ့ရွတာပေါ့။ အခုတော့ တစ်ကောင်ကြွက်ပေါ့။ ပြီးတော့ မွေးလာတဲ့ကလေးကရော ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ခံနိုင်မှာလား။ ဖအေမရှိတဲ့ကလေး ဆိုပြီးတော့လေ။ ရုပ်ပိုင်းဆိုင်ရာမထိခိုက်ရင်တောင် စိတ်ပို်င်းဆိုင်ရာတော့ နည်းငယ်လောက်ထိခိုက်မယ်ထင်တာဘဲ။ ပြီးတော့ ဒို့မြန်မာတွေ့ အကျင့်က အတင်းပြောတာဘဲ။ ချမ်းသာရင် ကိစ္စမရှိပေမဲ့ ဆင်းရဲရင်တော့ သူများတံတွေးခွက်ထဲ ပက်လက်မျောပြီဘဲ။
      လိုအပ်ချက်က
      ငွေ——သုံးနိုင်ဖြုန်းနိုင်ရမယ်။
      ရာထူး—ပိုင်ရှင်လောက် (သို့မဟုတ်) မန်နေးဂျင်းလောက်
      ဂုဏ်—-အဆင့်တန်းမြင့်ရမယ်
      ပညာ—တော်ရမယ်
      စိတ်ဓါတ်- ၁၀၀% ထင်တယ်။ စိတ်ဓါတ်မကြံခိုင်နိုင်ရင် သွားပြီဘဲ။

      ကျွန်တော် စိတ်ထင်ပေါ့နော်။ အမှားပါရင်တောင်းပန်ပါတယ်။

  • water-melon

    October 13, 2011 at 12:17 pm

    တောင်းပန်ပါတယ် ရွာသူရွာသားအပေါင်းတို့ ကျွန်တော် ဒီပို့ကိုဘဲ ၂ ခါပြန်တင်မိပါတယ်။ သူကြီးတောင်းပန်ပါတယ်ဗျာ။ မပေါ်ဘူးထင်ဘူး ၂ခါပြန်တင်မိတာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • windtalker

    October 13, 2011 at 12:22 pm

    ဝါးတားမယ်လွန် ရဲ ့သူငယ်ချင်း ဆိုတာ
    ဟို တစ်လောက
    “ နှစ်ပါးသွားလေး ချစ်ရည်လူးခြင်း ” ဆိုတဲ့
    အခွေတွေ ပလူပျံအောင် ရောင်းလိုက်ရတဲ့
    “မယ်အိုပြီမျော” က အဆိုတော်လေးများလား ဗျ..
    သူတို ့ချစ်ရည်လူးခွေ ထဲက မင်းသား က ခပ်ဝဝနဲ ့လေ
    🙂

    • water-melon

      October 13, 2011 at 12:30 pm

      ပြောပြလို့ မရလို့ပါနော်။ တောင်းပန်ပါတယ်။ မြန်မာ movies ထဲမှာတော့ resolutions အမြင့်ဆုံးဘဲ။

      • windtalker

        October 13, 2011 at 12:51 pm

        ဒါဆိုရင် ညီလေး အဖြေသေချာပြီနော်
        ကျုပ် အဖြေမှန်ပြီပေါ့နော်
        ဟဲဟဲ

  • inz@ghi

    October 13, 2011 at 12:27 pm

    ဒါမျိုးကျ တယ်သွက် ..ဆြာ ဝင်းန်ထော့ခ်ခါ…..:D

    • Foreign Resident

      October 13, 2011 at 1:02 pm

      ဟုတ်ပါ့ ။
      ချက်ဆိုနားခွက်ကတောက်တယ် ။
      လေ့လာထားချက်ကတော့ “၉” လောက်ရှိတယ် ။

      အဘတို့မှာတော့
      “ မယ်အိုပြီမျော ” အဆိုပြိုင်ပွဲက အဆိုတော်မလေး ဆိုပြီး
      Hint ပေးထားတာတောင်မှ
      မနဲ စဉ်းစားလိုက်ရတာ ။

  • chitlay

    October 13, 2011 at 2:29 pm

    မြို့အဝင်လမ်း တောင်စဉ်တန်း တခြားဖက်မှာ ပြန်ဆုံခဲ့ရင် ငယ်ချစ်က သတိရသေးရင် နှုတ်ဆက်ပါ …. 🙄
    သီချင်းဆိုတာနော် … 😀

    • water-melon

      October 13, 2011 at 4:41 pm

      နောက်ပါနဲ့ဂျာ။ ဒါမျိုးဆိုတာ တိုးတိုးတိတ်တိတ်ကြည့်ရတာဗျ။

    • Shanma TUmdy

      October 13, 2011 at 9:14 pm

      ဒီလောက်ပြောမှ သိတော့တယ်..ဟိဟိ..

  • GreeNSheeP

    October 13, 2011 at 5:53 pm

    အကိုတို ့ပြောနေတဲ့
    ကောင်မလေး က
    ပါရမီရှင် ဖြစ်ပုံရတယ်
    သူ ့အခွေကို အထပ်ထပ်ကြည့်လိုက်တာ
    အမေရိကန် / ဂျပန် / ကိုရီးယား တွေ တောင်
    သူ လောက် မပီပြင်ဘူး ထင်ရလောက်အောင် ကို
    တော်တာ

    • water-melon

      October 13, 2011 at 6:38 pm

      ဒါကတော့ စပွန့်အကြိုက်လိုက်ပေးရတာလေ။ သူ့လိုအင်ပြည့်မှ သူလိုအင်ရမှာလေ။ Gree ပြောမှပြန်ကြည့်လိုက်အုန်းမယ်

  • pan pan

    October 13, 2011 at 6:38 pm

    ဟေးကောင်လေး
    စပွန်ဆာဆိုတာက ငတ်တဲ့လူတွေထမင်းဆာသလိုမျိုး “ဆာ”လို့ စပွန်ဆာလို့ပြောတာ
    နှစ်ဦးနှစ်ဖက်“ဆာ”ကြလို့
    ကိုယ်“ဆာ”တာသူကကျွေးပြီး သူ“ဆာ”တာ ကိုယ်ကကျွေးတာပဲ
    ရှိတာချင်း အလဲအလှယ်လုပ်တာပေ့ါလေ
    တို့တော့ ဒီလို့ထင်တာပဲ 🙄
    ဒါနဲ့
    “ရတနာပုံကျောင်းသားလေးဖြစ်ပြီး။ချောချောလှလှ ကောင်မလေးများ မြင်လျှင်မငမ်းမရကြည့် တတ်ပြီး။”
    အငမ်းမရမဟုတ်လား??

    ကိုပေကတော့ ပြောလည်းပြောတတ်ပါရဲ့
    “မယ်အိုပြီမျော”တဲ့ 😆

  • water-melon

    October 13, 2011 at 6:41 pm

    pan pan ကလည်း ပြောတတ်ပ။ ရှုက်လိုက်တာ ပြန်ပြင်အုန်းမှ။ 🙂

  • Shanma TUmdy

    October 13, 2011 at 9:13 pm

    ပေးနိုင်တဲ့သူတွေ ပေးကြပါစေ.. တောင်းနိုင်တဲ့သူတွေ တောင်းကြပါစေကွယ်..
    ဒါမှလည်းငွေတွေက သေမနေမှာပေါ့ ..
    နာမည်ကြီးတော့ကြီးပါရဲ့ .. မသေခင်အပုပ်နံ့က တလှိုင်လှို်င်ထွက်နေတာ.. အဲဒါကိုမက်မောကြတာလား
    အဟက်ဟက်..
    အနုပညာရှင်တွေများ.. တော်တော်လေးကို အပြစ်ကင်းကြပါတယ်.
    မေးလို်က်ရင်တော့ .. အချစ်ရေးကိုစိတ်မဝင်စားသေးပါဘူး.
    အပျိုစစ်ဘဝကို ဘယ်လိုတန်ဖိုးထားတာ .. ဘာညာနဲ့.. အဲလိုစပွန်ဆာတွေကြောင့်လားမသိ..
    အပျိုစင်မဂ္ဂဇင်းဆို.. အမြဲကြည့်လိုက်ရင်.. မော်ဒယ်တကယ့်အသစ်တွေပဲတင်တာ.. ဟိဟိ.. ဆိုင်လားတော့မသိ..

  • မမလေး

    October 13, 2011 at 11:12 pm

    resolution အမြင့်ဆုံးပဲဆိုတာဘာကိုပြောတာလဲ …

    • water-melon

      October 14, 2011 at 9:05 am

      ရုုပ်ထွက်အားကို ပြောတာပါ။ မြန်မာ ဇာတ်ကားတွေရုပ်ထွက်ကြည်တာရှားတယ်လေ။ အဲဒီကားကတော့ ကြည်တယ်ဗျ။ ရှက်လိုက်တာ ဘာတွေမေးမှန်းမသိဘူး။ဖရဲသီး မျက်နှာဘယ်နားသွားထား ရတော့မလဲ။ မော်ဒယ်တွေကြားသွားထားလိုက်မယ် 😆

      • Maung Dae`

        October 14, 2011 at 9:25 am

        ဟုတ်တယ်.. အဲ့ဒီကားက တစ်ခြားကားဒွေလို MP 4 နဲ့ရိုက်တာမဟုတ်လောက်ဝူး.. ကင်မရာ အကောင်းစား HD Camera နဲ့များရိုက်တာလားမတိဝူး.. ကြည်နေတာပဲ.. အဟက်..

        (အဲဂျာ…. နာကြည့်တာ လူဒွေတိကုန်ပီ).. ရှက်လိုက်တာ ဗြဲ…. 🙂

        • Foreign Resident

          October 14, 2011 at 9:55 am

          အင်း ——
          ဒီလောက် နည်းပညာပိုင်း အဆင့်မြင့်တယ် ညွှန်းနေမှတော့ ၊
          ပြန်ကြည့်အုံးမှပဲ ။

          Web page Address လေးလွယ်ရင် ပေးပါဦးဗျာ ။
          ဘယ်မှာကြည့်မိမှန်း မမှတ်မိတော့လို့ ။

        • etone

          October 14, 2011 at 10:58 am

          ကိုကြောင်ကြီးနဲ့ ချိတ်လိုက်ပါ ကိုနိုင်ငံခြားသားကြီးရေ .. သူလည်း ရှာနေတယ် .. ဘယ်မှာများတွေ့မလဲလို့ … 😀

        • water-melon

          October 14, 2011 at 11:42 am

          Web page Address ကိုတော့ မသိဘူးဗျ။ http://www.mgmgsatan.co.cc.com ကိုသွားကြည့်လိုက်နော်။ http://www.myanmarlovestory.com ရောမရှိဘူးလား။ Foreign ကြီးက စိတ်ဝင်စားနေတာလား။ သိပါတယ်ဗျာ ကျွန်တော်တို့ ယောက်ျားတွေက ထူးဆန်းတာကို ကြည့်ချင်တာ ဇွတ်ဗျ။ ဘာလို့မှန်းမသိပါဘူး။ နောက်မော်ဒယ်အလန်းတွေရှိသေးတယ်ဗျ။ အပြင်မှာမပေါက်ကြားသေးတာတွေ့ပေါ့ဗျာ။ အဟီး 😆

        • ကြောင်ကြီး

          October 14, 2011 at 11:51 am

          ဦးကြောင်က သူတော်ကောင်းကြီးပါကွယ်၊ မစွပ်စွဲကောင်းပါဘူး။
          ဖရဲသီးရေ ကျေးဇူးပါ၊ အဲဒီဆိုက်တွေမှာ သွားရှာလိုက်ပါမယ်။ ဒေါက်တာချက်ကြီးဆီမှာတော့ မရှိဘူး။ 😛

  • နွယ်ပင်

    October 14, 2011 at 11:41 am

    စပွန်ဆာဆိုတာ အခုခေတ်မှာ မော်ဒယ်လ်တွေ ၊ မင်းသမီးတွေ တက်သစ်စလေးတွေ
    အတွက်တော့ မရှိဖြစ်ပါဘဲ ။ တံခွန်မရှိတဲ့ ဘုရား ၊ လင်မရှိတဲ့ မယား မတင့်တယ်ဆိုသလို
    သူတို့လောကမှာ စပွန်ဆာဆိုတာ မရှိရင်လည်း မတင့်တယ်ကြပါဘူးတဲ့ ………..

    • water-melon

      October 14, 2011 at 11:48 am

      ဟုတ်တယ် အစ်မနွယ်ရေ။ ဘယ်မင်းသမီး ဘယ်မော်ဒယ် ဖြစ်ဖြစ်ကနဦး စပေါ်လာပြီ ဆိုရင် စုတ်တီးစုတ်ပြတ်နဲ့ နောက်တော့လန်ပျံလျှံထွက် နေကြတာ။ သွားမပါရင်နေ တိုက်နဲ့ကားပါရင် ရတယ်ဆိုတဲ့ ခေတ်ဦးထဲမှာ ဒို့ယောက်ျားတွေ မိန်းမကောင်းမရမှာ စိုးရိမ်ရတယ်။အထူးသဖြင့် ရန်ကုန်က မိန်းကလေးတွေက ပိုဆိုးတယ်ဗျ။ ကျောက်မြောင်းဘက်မှာဆို တိုက်ခန်းပေး ၁လ ၂သိန်းပေးရင် အငယ်နှောင်းထားလို့ရတယ်ဗျ။ ခေတ်က ဆုတ်ယုတ်လာပါပြီဗျာ။ တော်ပါပြီဗျာ လူပျိုကြီးဘဲ လုပ်တော့မယ်။ 🙄

    • Foreign Resident

      October 14, 2011 at 1:52 pm

      စပွန်ဆာ မရှိတဲ့ မော်ဒယ် မတင့်တယ် ဆိုသလို :p

  • စုံ စုံ

    October 14, 2011 at 12:00 pm

    မသိလို့မေးဦးမယ်
    စပွန်ဆာက ယောကျာ်းဘောစိတွေကဘဲမော်ဒယ်မလေးတွေကိုပေးတာလား
    မိန်းမဘောစိတွေကကော မော်ဒယ်ကောင်လေးတွေကိုမပေးကြတော့ဘူးလား
    တခါတလေအပြင်မှာတွေ့မိတာတော့ တချို့ကောင်လေးငယ်ငယ်လေးတွေ
    သူတို့ရုပ်သူတို့အသက်နဲ့ဘယ်လိုမှအပ်စပ်လို့မရတဲ့ဘောစိမိန်းမအိုအိုကြီးတွေကို
    အတင်းချစ်ပြနေကြတာ တကယ့်အချစ်စစ်လို့တော့မထင်မိဘူး(အချစ်စစ်လဲဖြစ်ချင်ဖြစ်မှာပေါ့လေ)

    • water-melon

      October 14, 2011 at 12:14 pm

      ဒါမျိုးတွေလဲ ရှိပါတယ်။ အစ်မစုံရေ လောကကြီးမှာ ကျွန်တော်တို့ မသိဘဲ ဖြစ်ပျက်နေတာ မိနစ် စက္ကန့် နဲ့အမျှဘဲ။တိုးတိုးတိတ်တိတ်ပြီးသွားသလို ဘူးပေါ်သလို ဘွားခနဲ လည်းပေါ်တဲ့ အဖြစ်အပျက်တွေလည်း အများကြီးရှိတယ် ခင်ဗျ။ ကိုယ်မပါဖို့ အရေးကြီးပါတယ်ဗျာ။

  • intro

    October 15, 2011 at 10:15 am

    ညွှန်းတာများနေလို့ စိတ်တောင် ဝင်စားလာပြီ… Link လေးသိရင် ရှဲ ပါဦးဗျာ….

  • ရွှေဘိုသား

    October 15, 2011 at 3:22 pm

    ရေးသင့်ပါတယ် ဒီလိုမျိုး ပို့စ်လေးတွေ ကျနော်ကတော့ အားပေးတယ် စာရေးသူပြောသလိုပဲ
    Facebook မှာ အဲလိုဝတ်ပြီး တင်ထားလို့ မသင့်တော်ဘူးလို့ပြောတာကို ကိုယ့်ထမင်းကိုယ်စားပြီး
    လျှာရှည်တယ်လို့ အပြောခံလိုက်ရတယ်

  • ရွှေဘိုသား

    October 15, 2011 at 3:28 pm

    ဝါးတားမယ်လွန် ရဲ ့သူငယ်ချင်း က ပရိတ်သတ် ကိုသိပ်အလေးထားတာမဟုတ်ဘူးနော်
    သတ္တိကောင်းတယ်ပဲပြောရမလား အဲဒီဇာတ်လမ်းမှ ထွက်ပြီးလို့ မကြာသေးဘူး
    စီးရီး တစ်ခွေ ထွက်လိုက်ပါသေးတယ် ဘာတဲ့
    (ဒီထက်ပိုပြီး ချစ်ပြချင်တယ်) ဆိုပဲ ဘယ်လောက်တောင် ပိုချစ်ချင်တာလည်းမသိဘူး

    • water-melon

      October 15, 2011 at 3:34 pm

      ဟုတ်တယ်ဗျ။ ကျောင်းမှာ လာရောင်းသေးတယ်။ ၁၅၀ဝလား ။၁၀၀ဝ လားမသိဘူး။ မဝယ်ပါဘူးဗျာ။ ကြိုက်လည်းကြိုက်ဘူး မျက်နှာပြောင်တယ်။ အခုဆို စကားတောင်မပြောရဲဘူး သူမျက်နှာ မပူပေမဲ့ ကိုယ်ကကြည့်ထားတော့ ပူတာပေါ့။ သူ့ညီမတွေလည်း သူလိုမဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်ဗျ။ ကိုယ်ချင်းလည်းစာပါတယ်။

  • water-melon

    October 15, 2011 at 3:29 pm

    ကျေးဇူးပါ အစ်ကိုရွှေဘိုသား။

  • ရွှေဘိုသား

    October 15, 2011 at 4:05 pm

    ရွှေဘိုသားကို ကျေးဇူးမတင်ပါနဲ့ဗျာ ကျနော်က နောင်တော်ရေးလို့ ဝင်ရောက်ဆွေးနွေးတာပါ
    ကျနော်ရေးတော့လည်း ဝင်ရောက် ဝေဖန်ဆွေးနွေးပေါ့ အခုတလောတော့ မရေးဖြစ်သေးဘူးဗျို့

    စာမေးပွဲနီးနေလို့ နောက်မှ ရေးဖြစ်မှာ

Leave a Reply