ဝဲဆေးကောင်းကောင်းရှိရင်ပေးကြပါ။

ကြောင်လေးOctober 13, 20111min35428

ဝဲဆေးကောင်းကောင်းရှိရင်ပေးကြပါ။

ကြောင်လေး နေလို့ထိုင်လို့မကောင်းတာ အတော်လေးကိုကြာပါပြီ။

ဟိုနေရာက ယားလိုက်၊ ဒီနေရာကယားလိုက်နဲ့ဖြစ်နေတယ်။ အလုပ်လုပ်နေရင်းယားလို့

ဘာမှဆက်မလုပ်နိုင်ပဲ ကုတ်ပဲနေရသဗျ၊ ညညလည်းကုတ်ရဖဲ့ရနဲ့

ကောင်းကောင်းကို မအိပ်ရပါဘူးဗျာ။

ကုတ်လိုက် ဖဲ့လိုက်ရင် နဲနဲတော့သက်သာသွားသလိုနဲ့  နောက်တော့ပြန်ယားတာပါပဲ။

လူတွေယားရင် ဘယ်နေရာကဘယ်လိုယားယား ကုတ်လို့ရကြတယ်။

နည်းမျိုးစုံသုံးပြီးကုတ်ကြတယ်။

ကြောင်ဆိုတော့လဲ လူတွေလို ကုတ်ရတာတယ်မလွယ်လှဘူးဗျ။

ဦးခေါင်းနဲ့ခန္တာကိုယ်ရှေ့ပိုင်းယားရင် နောက်ခြေထောက်နဲ့ ကုတ်၊

ခန္တာကိုယ်နောက်ပိုင်းယားရင် မီသလောက် သွားနဲ့လှည့်ကိုက်ပေါ့။

အဲဒီလောက်ပဲတတ်နိုင်ပါတယ်။

လူတွေလိုမမီမကမ်းနေရာကို တုတ်ချောင်းနဲ့လှမ်းကုတ်တာတော့မလုပ်တတ်ဘူးလေ။ အဲဒီတော့မယားအောင် ဂရုတစိုက်နေမှပဲဖြစ်တော့မယ်။

ယားရတဲ့အကြောင်းရင်း ပြန်စဉ်းစားကြည့်လိုက်တော့ ဟိုကြောင်မဒီလေးတွေ

ရှိတဲ့နေရာသွားလို့များကူးလာသလား။

အခုတလော ကြောင်မဒီတွေဆီမသွားတာအတော်တောင် ကြာပါပြီ။ သွားရလာရတာတယ်မလွယ်လှဘူး။ အတားအစီးတွေကတယ်များသကို။ရောက်ပြန်တော့လဲ အဝေးကပဲမြင်ရုံလေးပါ။တော်ပါပြီမသွားတော့ပါဘူး။

ရွာထဲရောက်လာမှပဲ ရှုစားတော်မူမယ်ဆိုတဲ့စိတ်လေးနဲ့ပဲ ကြိတ်မှိတ်နေလိုက်တော့မယ်။

မြစ်ကမ်းနဘေးမှာ သတင်းလေညှင်းခံရင်းပဲ မသန့်တဲ့ရှင်းတဲ့ ရေတွေကနေ ကူးလာသလား။

သတင်းဆိုတာကလည်းရွာထဲမှာ စုံပဗျာ၊ဟိုဟိုဒီဒီသွားပြီး စနည်းနာစရာမလိုပါဘူးသိချင်ရင်ရွာထဲမေးလိုက်ရတာပဲ။ ဒါနဲ့ပဲ တခြားလည်းသိပ်မသွားဖြစ်တော့ပါဘူး။

မြို့ဟောင်းကြီးထဲ သွားလည်ရင်းကနေပဲကူးလာသလား။ အင်း… စဉ်းစားရတော်တော်ကြပ်တာပဲ။ မြို့ဟောင်းထဲတော့ မကြာမကြာသွားဖြစ်သဗျ၊အဲသမှာ နာနာကွာကွ၊ဝိနာကွာကွဆိုလား  အဲသရဲတွေကိုသွားလေ့လာရတာမဆိုးဘူးဗျ။ တလောကတောင် လမ်းကြုံရင်း ဝက်သားကြိုက်တဲ့သရဲဆိုလားသွားကြည့်လိုက်သေးတယ်။ အခုတော့မသွားဖြစ်တော့ပါဘူး။ ယားတာကတော့တယ်မထူး။

မတတ်နိုင်ပါဘူး ကိုယ့်ရှိတဲ့ဆေးလေးနဲ့ တတ်နိုင်သလောက် လိမ်းလိုက် ကုတ်လိုက်ဖဲ့လိုက်နဲ့လုပ်ရင်း

မသန့်ရှင်းတဲ့နေရာတွေ  မသွားပဲနေလိုက်တော့တော်တော်သက်သာသွားပါတယ်။

ဒီလိုနဲ့ ကိုယ်ပျော်ရွှင်ရာ ရွာထဲမှာပဲ တဝဲလည်လည်လှည့်နေလိုက်ပါတယ်။  ဒါလည်းမရပါဘူး အချိန်တန်တော့

ပြန်ယားလာပြန်တာပဲ။ ဒီဝဲတွေ ဘယ်နေရာကများကူးတာပါလိမ့်၊ ဝဲမကိုက်အောင်လုပ်တဲ့နည်းလေးနဲ့ ဝဲဆေးကောင်းကောင်းလေးများရှိရင် မစကြပါဗျာ။

28 comments

  • water-melon

    October 13, 2011 at 10:47 am

    တိမွေးကု ဆေးခန်းသွားလေ။ မန်းလေးမှာဆိုရင် ၃၂ လမ်း ၈၄-၈၅ ကြားမှာ။ အဲဒီမှာက ခွေးလည်းကုတယ်။ အစ်ကို ကြောင်သွားပြကြည့်ပေါ့။

  • ပေါက်ဖော်

    October 13, 2011 at 11:06 am

    ဝဲယားပြီး အသဲစကားတော့ လာမပြောနဲ ့..
    ဒို ့လဲ ဝဲပျောက်တာ မကြာသေးဘူး..
    ရွာတော်ရှင်ဖွားဆူးပြောတဲ့..
    ပွေးနှစ်ကောင် ဝဲယား ပျောက်ဆေး သုံးကြည့်ပါ….
    အဲဒီအခါ….ဝဲပေါ်ဂျွတ် ဖုံးပြီး..ဝဲယားပျောက်သွားပါလိမ့်မယ်..

    • good

      October 13, 2011 at 1:19 pm

      ပွေးနှစ်ကောင် ဝဲယား ပျောက်ဆေး က ဘယ်က ထုတ်တာ တုံး။
      မြွေနှစ်ကောင် တော့ ကြားဖူး တယ်။

      • ဆူး

        October 13, 2011 at 1:46 pm

        မြွေနှစ်ကောင် (မြွေပွေး နှစ်ကောင်) ကိုပြောတာ..

        ကြောင်သန်း သိပ်ပေါလျှင်တော့ လက်တွေ့.. ကြောင်တစ်ကိုယ်လုံး ခြင်ဆေးဖြန်းပြီး အကျီဝတ် သို့မဟုတ် ပတ်တီး စီးပေးထားလိုက်ပြီး ၂နာရီ ၃နာရီ အကြာမှာ ရေချိုးပေးလိုက်လျှင် ကောင်းတယ်တဲ့..

  • thit min

    October 13, 2011 at 11:21 am

    ကိုဖရဲသီးက ကြောင်ကို ဆရာလုပ်နေပြန်ပြီ။ဟေ့ဟေ့။
    ကြောင်ဆိုတာ ကျားဆရာ၊ အလကား ဗလာတော့ မပြောဘူး။
    စား ချင်လို့ ယားချင်ယောင် ဆောင်တတ်တဲ့ ကြောင်တို့၏မာယာ၊နဲ့ သူ့ရဲ့ မရှိမဖြစ်ကြောင်ဘဝကို
    ရာဇဝင်ထဲမှာ ကြောင်ကိုထားရစ်ခဲ့လို့ ပြောနေပေမဲ့ ကြောင်ခွင်နန်းတော်မှာကြောင်သမန် သစ္စာနဲ့
    ကြောင် က ကနေတာဖြစ်မယ်လို့ ကြောင်တောင်တောင်တွေးမိပါကြောင်း။
    (လေးစားပါသည် ကိုဖရဲသီးရေ၊ ရီစရာရေးချင်လို့သုံးလိုက်တာ၊စိတ်မရှိပါနဲ့၊)

    • water-melon

      October 13, 2011 at 11:54 am

      ဟုတ် ရပါတယ် အစ်ကို thit min။ မေးစရာလေးရှိလို့ပါ။ ဒီပို့နဲ့တော့ မဆိုင်ပါဘူး။ သူကြီးရော ကိုကြောင်ကြီး ကိုရော တောင်းပန်ပါတယ်။ ကျွန်တော်ပို့ရေးတာ ၄ ခုရှိပြီ တစ်ခုဘဲ ပေါ်တယ် ကျန်၃ ခုက log in ဝင်ရင်မြင်ရတယ်။ မဝင်ရင် မမြင်ရဘူး ။ဘာကြောင့်မို့လဲ ခင်ဗျာ။ တင်လိုက်တိုင်းလည်း မမြင်ရဘူး။ ဘာများမှားနေလို့လဲ ကူညီကြပါ ခင်ဗျာ။ squarres2010 က ကျွန်တော် အကောင့်ပါ ကူညီကြပါအုန်းနော်။

      • thit min

        October 13, 2011 at 12:13 pm

        နောက်ဆုံးတင်တဲ့ ပို့စ်နဲ့ နောက်ဆုံးရေး ကော်မန့်တွေကို (log in) ဝင်မှမြင်ရတတ်ပါတယ်။
        အဲ အချိန်ကြာသွားရင်တော့ ညီ တင်ထားတာဟောင်းသွားပြီဖြစ်လို့ မြင်လာရပါလိမ့်မယ်။
        မင်ဘာဦးစားပေးမြင်ရအောင်လုပ်ထားတာက စီအိုင်အေ ကေဂျီဘီ မော့ဆက် အဖွဲ့တွေက သီတင်းကျွတ်
        တိုင်းလာကန်တော့ရတဲ့ ပုဂ္ဂိုလ်တွေ ကကြီးကြပ်နေတာမို့ လို့ယူဆနိုင်ပါတယ်။(ညီ သဘောပါ)

        • water-melon

          October 13, 2011 at 12:42 pm

          ကျေးဇူးပါ အစ်ကို

      • ကြောင်ကြီး

        October 14, 2011 at 10:32 am

        တောင်းပန်တာ ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုပါ ဖရဲဝါရေ။ ဒါပေသိ ကြောင်ကြီးကို သဂျီးနဲ့ တန်းတူထား မတောင်းပန်နဲ့၊ သူက ဦးကြောင်ထက် အဆင့်နိမ့်တယ်။
        ဒီပို့စ်ပိုင်ရှင်က ဦးကြောင်ဟုတ်ဖူးကွဲ့၊ ကြောင်လေး….။

  • FattyCat

    October 13, 2011 at 11:39 am

    ကွိုင်ပဲ….
    ကြောင်ဝဲစွဲတယ်လို့…ကြောင်မျိုးကြောင်နွယ်ဂုဏ်သိက္ခာကို ထိပါးစေတယ်။
    ကြောင်သေးသေးလေးကို ဝဲစွဲရယ်၊ ကြောင်ငယ်ငယ်လေးတွေ၊ ကြောင်ဝဝတုတ်တုတ်တွေနဲ့ ကြောင်ကြီးကြီးတွေအတွက်
    ပြသနာဖြစ်လာနိုင်တယ်။

    ဝဲဆိုတာ Fungus လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့်ဖြစ်တာလို့ကြားဖူးတာပဲ။ အသားမှာတွယ်ကပ်တဲ့မှိုတစ်မျိုးပေါ့နော်
    အဲဒီတော့ အဲဒီမှိုကို သတ်တဲ့ လိမ်းဆေးတွေသုံးရမယ်ထင်တယ်။ ရွာထဲကဆရာဝန်တွေလဲ ပြောပေးလိုက်ပါဦး…

    ဒါနဲ့စကားမစပ်…
    အခုပြသနာက တကယ့်ကြောင်အစစ်မှာဖြစ်နေတာလား…ကိုယ်တို့လို မြင့်မြတ်တဲ့ သမန်းကြောင်မျိုးနွယ်ဝင် ကြောင်လေး (Small Cat) မှာဖြစ်နေတာလားဟင်..

    • youngcat

      October 14, 2011 at 11:25 am

      ဟုတ်ပဗျာ၊ကြောင်ဝဲစွဲတဲ့အကြောင်းလူကြားထဲ ချပြောရတယ်လို့။
      ကျုပ်တို့ကြောင်မျိုးကြောင်နွယ်တွေကိုသိက္ခာချတာ၊
      ကြောင်ဂိုဏ်းချုပ် ၊ကြောင်ဥက္ကဌ၊ တပ်ချုပ်ကြောင်ကြီး က
      ကြောင်လေးကို ထိရောက်စွာအရေးယူသင့်ကြောင်း
      ကြောင်လွှတ်တော်ကြီးမှာ အဆိုတင်သွင်းပါတယ်။

  • etone

    October 13, 2011 at 11:42 am

    မီသလောက်ဆိုလို့ .. အတော်စဉ်းစားလိုက်ရတယ်.. ဘာပြောတာပါလိမ့်လို့လေ ..ဟီးဟီး … နောက်မှ တွေးရင်းပေါက်သွားလို့ … 😛

    ကိုကြောင်လေးဝဲယားလျှင်တော့.. အမွှေးရိတ်ပြီး ဆားနဲ့ နနွင်း သိပ်ပေးလိုက်ပါလား 😀
    ခွေးတွေ ဝဲယားလျှင်တော့ … ပရုတ်လုံးကို ထောင်းပြီး … အမွှေးကြားထဲ သိပ်ပေးရတယ်တဲ့ … ပျောက်မပျောက်တော့ မသိဘူး … သေချာတာတော့ .. အတော်ခံရခက်အောင် ပူမှာပါပဲ .. ။
    😀

  • windtalker

    October 13, 2011 at 12:18 pm

    “အမှန်တရားကိုမြတ်နိုးပေမဲ့ အမှားတွေလုပ်နေရတဲ့ဘဝက ရုံးမထွက်နိုင်သေးတဲ့ဝန်ထမ်းတစ်ယောက်ပါ။”
    ဘာဆေးမှ မလူးနဲ ့
    မွေးထား နော်
    ကိုယ်မလုပ်ချင်တဲ့ အမှားတွေ လုပ်ရတဲ့အခါကြ
    လုပ်ရင်း ကုတ်ရင်း
    ဘယ်လောက် ဇိမ်ရှိမလဲ
    စဉ်းစားသာကြည့်
    ဟီဟိ
    ( စတာနော်… )

    • intro

      October 13, 2011 at 3:24 pm

      ကိုပေ က ကုတ်နေကျနဲ့ တူတယ်….. 🙂

    • small cat

      October 14, 2011 at 12:25 pm

      ကိုပေရေ ဇိမ်တော့တကယ်ရှိတယ်၊အကုတ်လွန်ပြီး
      အသားနီလံလာတာတော့ မကောင်းဘူးဗျ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 13, 2011 at 2:49 pm

    အင်မတန်ချစ်လို့ပြောပြလိုက်ဦးမယ်
    တစ်ခြားလူတော့သွားမပြောနဲ့ဂျားလား
    အပျိုဂျီးဒွေကို ( any အပျိုဂျီး )
    ဒညင်းသီးအိုးစိမ် သုံးရက်တိတိ
    ဆူးပုတ်ရွက် သုံးရက်တိတိ
    ဒညင်းသီး နှင့်ဆူးပုတ်ရွက် သုံးရက်တိတိ
    စုစုပေါင်းကိုးရက်တိတိ မှီဝဲစေရတယ်
    မှတ်ချက်အနေနဲ့ မှီဝဲတဲ့ ကိုးရက်စလုံး ရေလုံးဝမချိုးစေရဘူး
    ကိုးရက်ပြည့်ပြီး ဆယ်ရက်မြောက် နံနက်အိပ်ယာကနိုးချိန်မှာ ( ရေမချိုးမီ )
    ထိုအပျိုဂျီးကို
    ကြောင်တို့သဘာဝ ခြေထောက်ကို ဦးခေါင်းဖြင့် ပွတ်ပြီး ပွတ်ပြီး ( မတ်တတ်ရပ်နေချိန် )
    ထိုင်နေချိန် မှီရာကို ဦးခေါင်းဖြင့် ပွတ်ပြီးပွတ်ပြီး
    ထို့နောက် ခြေသလုံးအား လျှာဖြင့် လျှက်ပြီးလျှက်ပြီး
    ကျန်တာကတော့ အစွမ်းရှိသေလာက်ပေါ့
    သုံးကြည့် ပျောက်ဇေရမယ် အာမဂံဒယ်

    • akswe

      October 15, 2011 at 4:55 am

      ပုပု ကျန်ခဲ့တယ် ( တမာချဉ်)(ဟင်းဂလာချဉ်)

  • cobra

    October 13, 2011 at 3:20 pm

    တကယ်ဝဲဆွဲနေတာလား
    ဗမာဆေးတွေကကောင်းတယ်လို့ပြောကြတာပဲ။

  • Big Defender

    October 13, 2011 at 3:44 pm

    ဝဲက ဘာဝဲလဲ ကုန်းဝဲလားရေဝဲလား

    • ပေါက်ဖော်

      October 14, 2011 at 9:25 pm

      လေဝဲ..

  • wakawaka7

    October 13, 2011 at 4:41 pm

    Silkron ကိုသုံးလိုက်ပါ။ တစ်ခါလိမ်းရုံနဲ့ပျောက်တယ်။ အနာရွတ်လည်းမကျန်ဘူး။ မွေနှစ်ကောင်ကိုမသုံးနဲ.။စပ်လည်းစပ်တယ် ပျောက်ဖို့လည်းကြာတယ်။ နောက်ပြီအနာရွတ်ကျန်ပြီးရုပ်ဆိုးစေတယ်။

  • GreeNSheeP

    October 13, 2011 at 5:56 pm

    ဝဲ ဆိုတာ ဘက်တီးရီးယားကြောင့် ဖြစ်သည် ။
    ထို ဘက်တီးရီးယား ကို နှိမ်နှင်းလျှင် သူ ၏ ဥများကို ပါ နှိမ်နှင်းရသည် ။
    ယနေ ့ခတ်ပေါ် နိုင်ငံခြားဖြစ် ဝဲဆေးများမှာ အလွန်အစွမ်းထက်နေပြီ ဖြစ်လို ့
    အလွယ်တကူ ဝယ်ယူ လိမ်းကျံကာ ပျောက်ကင်းနိုင်သော ကိစ္စဖြစ်သည်

  • we R one

    October 13, 2011 at 6:02 pm

    ဝဲပေါက်တဲ့ ကြောင် ဒီတစ်ခါပဲ တွေ့ဖူးတယ်…. 😀

  • “ဘီလူးကြီး”ogre

    October 13, 2011 at 7:38 pm

    ဝဲဆေးတောင်းတာတောင် ရိုးရိုး မတောင်းဘူး
    ကြောင်သေးသေးလေးတော်တော်ဉာဏ်များတယ်..။။

  • small cat

    October 14, 2011 at 11:44 am

    “ပေးလိုက်တဲ့ အကြံတွေ အကြံတွေ
    အမှန်ပေမလွယ်ကြောင်း။
    ခံရသူ ဒီကြောင်လေးမှာ
    တွေး၍ စိတ်မကောင်း။”

    ဖရဲသီးရေ ခွေးကိုက်မှာကြောက်လို့မသွားတော့ပါဘူး။
    ကိုပေါက်ဖော် ဂျွတ်ပါတက်အောင်လုပ်တယ်၊ရက်စက်ပါပေ့။
    ဆူူးရေ ကြောင်လေးက ရင်ကြပ်ရောဂါရှိတယ်။ခြင်ဆေးနံ့မခံနိုင်ဘူး၊
    ကြောင်ကို ရေချိုးပေးရင် မိုးခေါင်တတ်တယ်၊မလုပ်ရဘူးလေ။
    အိတုံရေ ရှိတဲ့အမွှေးတွေရိပ်လိုက်ရင် အကုန်ပေါ်ကုန်မှာပေါ့၊အရေခွံတွေ။
    ကိုပု တွေးကြည့်ရုံနဲ့တင် ကြောင်သီး အဲလေ ကြက်သီးတွေထလာတယ်ဗျာ။

  • စုံ စုံ

    October 14, 2011 at 12:48 pm

    ကြည့်မကောင်းဘူးကြောင်လေးရာ ဘရိတ်ဒန့်ကနေတာ
    ကတာမဟုတ်ဘူးစုံစုံရဲ့ ယားလို့ကုတ်တာဟဲ့
    ဒါဆိုရင်လဲအလွယ်လေး ဆေးကောင်းပေးမယ်ဟေး
    ဘာကောင်းလို့လဲစုံစုံရဲ့ ပြောပြစမ်းပါကွဲ့
    ပွေး ဝဲ ညှင်း တို့ပြုတ်ပြုတ်ပြုန်း
    ယားနာဆို သံဘရတ်ကိုသုံး
    ကြောင်တွေအားလုံး အကြိုက်ဆုံး 😛 😛 😛

  • mzm

    October 14, 2011 at 4:12 pm

    ဝဲပေါက်နေတဲ့ နေရာမှာ တစ်နေ့သုံးကြိမ်နေ့တိုင်း ကွမ်းတံတွေးနဲ့တစ်လလောက် ထွေးပေးလိုက်ပါ ဝဲကွက်ပျောက်သွားပါလိမ့်မယ်
    တကယ်လက်တွေ့ အသုံးဝင်ပါတယ် စမ်းကြည့်လိုက်ပါဦးလို့ ။

  • akswe

    October 14, 2011 at 8:53 pm

    ဪ တို့ရွာထဲမလည်း ပွေး၊ဝဲ၊ညှင်း၊ဒက်၊ဂျွတ် နဲ့ ယားနာ ဆိုင်ရာ ပညာရှင်တွေ မနဲ ပါလား …အားရစရာကြီး…ဟီးဟီး

Leave a Reply