အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၅၁)

သူ့လက်ထဲက သေနတ်နဲ့ မျက်နှာနားကပ်ချိန်တော့ ကျွန်တော်လည်း မတတ်သာတော့ဘူး။ သေနတ်ရဲ့ တန်ခိုးအာဏာကြောင့်

ကျွန်တော်အလျှော့ပေးရပြီ။စစ်ရှုံးသွားတဲ့ သူရဲကောင်းတစ်ယောက်လို့ပေါ့။ အတွင်းခံထဲ အသာ လက်ကလေးလျှိုနှိုက်လို့ မနီလာ

စာအိတ်လေးကို ထုတ်ယူလိုက်တယ်။စာအိတ်က ချွေးတွေနဲ့တော်တော်လေးကို စိုထိုင်း စေးကပ်နေတာပဲ။စာအိတ်ကို ကိုင်ရင်း

သိမ်ငယ်ရှက်ရွံ့မှုက ကျွန်တော့်တစ်ကိုယ်လုံးကို လွှမ်းခြုံလာတယ်။ဓားပြက ကျွန်တော့်လက်ထဲကနေ စာအိတ်ကို ဆတ်ခနဲ ဆွဲ

ယူပြီး ဖွင့်ကြည့်လိုက်တယ်။အထဲက ပိုက်ဆံ အသစ်ကျပ်ချွတ်တွေမြင်သွားတော့လေတစ်ချက်ချွန်လိုက်သေးသဗျ။

“ဟ..ဒီပိုက်ဆံတွေ မင်းဘယ်ကရလဲ ..ခိုးလာတာပဲဖြစ်မယ်..ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး”

သူ့အိတ်ကြီးထဲ ပစ်ထည့်လိုက်တော့တာပဲ။

“ကဲ ..ငြိမ်ငြိမ်လေးနေကြနော်..ဟိုဘက်ခြမ်းမှာ ကျုပ်လူတွေနဲ့ သွားတွေ့ဦးမယ်..”

ကျွန်တော်လည်း ထူထူထိုင်းထိုင်းကြီး ဖြစ်ပြီး ရပ်နေမိတယ်။သွားပြီ..ပါသွားပြီ..။သန်းငါးဆယ်..အိပ်မက်ကလေးတွေ

တဒင်္ဂအတွင်းမှာ သူများက ဇိုးဇိုးဇတ်ဇတ်(ဆိုးဆိုးဆတ်ဆတ်)နဲ့ လုယူသွားပါပကော။ ကျွန်တော့်အိပ်မက်ကလေးတွေ ဓားပြ

ကောင်ရဲ့ အိတ်ကြီးထဲမှာ သူများတကာရဲ့ ပစ္စည်းတွေနဲ့ အရောရော အနှောနှော ဖြစ်သွားရပြီ။

ဓားပြ ဟိုဘက်ခြမ်းသွားနေတုန်း ဘယ်သူမှ အရေးပေါ်ကြိုးကို မဆွဲဝံ့ဘူး။ကိုယ်ထိုင်နေတဲ့ နေရာမှာပဲ အမြစ်တွယ်နေကြ

သလိုမျိုး။အသုဘအိမ်မှာထိုင်ပြီး ကြေကွဲပူဆွေးနေတဲ့ မျက်နှာမျိုးတွေနဲ့လေ။ဓားပြက ဆယ်မိနစ်လောက်ကြာတော့ ကျွန်တော်

တို့အခန်းထဲ ပြန်ဝင်လာတယ်။သူ့အိတ်ကို အဝမှာ ကြိုးနဲ့စုစည်းထားလိုက်ပြီ။သေနတ်ကိုတော့ ညာဘက်မှာသတိနဲ့ကိုင်ထား

တုန်းပဲ။သူ့အိတ်ကြီးမပြတယ်။

“ကောင်းတယ်ဟေ့..”

ကျွန်တော့်ဘက်တစ်ချက်ကြည့်ပြီး ပြုံးလိုက်တယ်။ကျောင်းသားငယ်တွေကို ဗလအားကိုးနဲ့ အနိုင်ကျင့်တတ်တဲ့ ကျောင်းသား

ကြီးတစ်ယောက်ရဲ့ဗိုလ်ကျလို့ကျေနပ်သွားတဲ့ အပြုံးမျိုး။ညစ်စုတ်တဲ့ အပြုံး။နောက် မီးနက်ခ်ရှီကို သူကြည့်တယ်။ မီးနက်ခ်ရှီ

ကတော့ ပြဲသွားတဲ့ သူ့အကျင်္ ီပေါ်မှာ ခြုံပုဝါလေးနဲ့ လွှမ်းလို့ကာထားရှာပါတယ်။ဒါပေမဲ့ ပုဝါက ခပ်ပါးပါးဆိုတော့ အဖြူရောင်

ဘရာစီယာလေးကို ရေးရေးမြင်နေရတာပေါ့။ဓားပြကောင်က လျှာတစ်ချက် သပ်လိုက်တယ်။ အဲဒီအချိန်မှာ သူ့ဘော်ဒါ

နောက်ဓားပြတစ်ကောင်က လှမ်းအော်တယ်။

“ငါတော့ အဆင်သင့်ပဲဟေ့..မင်းရော..”

“အေး”

ကျွန်တော်တို့အခန်းက ဓားပြက ပြန်အော်ပြောလိုက်တယ်။ရထားကလည်း ရုတ်တရက်ဆိုသလို အရှိန်နှေးကျသွားတာ။

“မြန်မြန်ဟ”

ဟိုဘက်ခြမ်းက ဓားပြကတော့ ပြောပြီး ရထားပေါ်က ခုန်ဆင်းသွားတယ်။ကျွန်တော်တို့အခန်းက ဓားပြကလည်း သူ့အိတ်

ကို လှမ်းပစ်ချပေးပြီး ခဏနေရင် ဆင်းလာခဲ့မယ်လို့ ပြန်အော်ပြောလိုက်တယ်။ငတိ ရထားပေါ်က ခုန်ဆင်းကာနီး ဘာစိတ်ပြောင်း

သွားတယ်မသိပါဘူး။ ကျွန်တော်တို့ အခန်းထဲ ပြန်ဝင်လာပြီးတော့ မီးနက်ခ်ရှီကို ရစ်ပါလေရော။

“ဟေ့..ငါ့ကို နှုတ်ဆက်အနမ်းလေး မြန်မြန်ပေးစမ်းကွာ..”

သေနတ်နဲ့ မျက်နှာနားရမ်းပြီး အမိန့်ပေးတော့ မီးနက်ခ်ရှီလည်း ကြောက်လို့ အတင်းနောက်ဆုတ်ပြီး ကိုယ်ကို ကျုံ့ထားရှာတယ်။

“ဪ…မင်းက ငါ့ကို မနမ်းချင်ဘူးပေါ့လေ..အေး..ကောင်းပြီ..မင်းပုဝါကို ဖယ်ပြီး မင်းရင်သားတွေ ငါမြင်အောင် ပြစမ်း..”

မီးနက်ခ်ရှီက တုန်တုန်ရင်ရင်နဲ့ ခေါင်းကိုငုံ့ထားတယ်။ သူပြောတဲ့အတိုင်းမလုပ်လို့ ဓားပြက ဒေါသတော်တော်ထွက်လာပုံရတယ်။

သေနတ်ကို လက်နှစ်ဘက်နဲ့ ကိုင်လို့ မီးနက်ခ်ရှီကို ချိန်ပြီး ..

“ဒါနောက်ဆုံးပြောတာနော်…နင့်ဟာကို ပြစမ်း..ခေါင်းကိုပစ်ခွဲလိုက်ရမလား..”

မီးနက်ခ်ရှီအဖေလည်း မျက်နှာကိုရှုံ့ပြီး မျက်စိစုံမှိတ်ထားတယ်။ သူ့အမေကတော့ မူးမေ့လဲတော့မှာ။

တငိုငိုတရီရီနဲ့ မီးနက်ခ်ရှီက သူ့ပုဝါလေးကို ခပ်ဖြည်းဖြည်း ဖယ်ရှာတယ်။ အဖြူရောင် ဘရာစီယာလေးပေါ်လာပြီ။နောက်..

ကျွန်တော် ဘာမှမမြင်ရတော့သလို ရှေ့ကမြင်ကွင်းတွေ အကုန်ဝေဝါးပျောက်ကွယ်သွားတယ်။ကျွန်တော်မြင်နေရတာ အရပ်ရှည်

ရှည်နဲ့ အမျိုးသမီးတစ်ဦး။ ဆံနွယ်စတွေတသုန်သုန်တိုက်နေတဲ့လေစီးတဲ့ လှိုင်းထပြီးလွင့်မျောလို့။ လေက အသံမြည်ပြီး တဖြည်း

ဖြည်းထန်လာလိုက်တာ ပိတုန်းရောင်ဆံစတွေက သူ့မျက်နှာကိုဝေဝေဝါးဝါးဖြစ်သွားအောင် ဖုံးကွယ်ထားသလိုဖြစ်လာတယ်။ဝတ်

ထားတဲ့အဖြူဆွတ်ဆွတ် ဆာရီကလည်း တဖျပ်ဖျပ် လှုပ်ခါနေလိုက်တာ လေမိသွားတဲ့စွန်ကလေးတစ်ခုလိုပဲ။သူ့လက်ထဲမှာလည်း

ကလေးပေါက်စတစ်ယောက်ပွေ့ထားသေးတယ်။ အဲဒီအချိန်မှာ ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းမွှေးထူထူ၊ဘောင်းဘီအနက်နဲ့ ရှပ်အကျင်္ ီ

အဖြူကိုဝတ်ထားတဲ့ လူတစ်ယောက်က အဲဒီအမျိုးသမီးအနားကပ်လာတယ်။အဲဒီလူက အမျိုးသမီးကို သေနတ်နဲ့ချိန်ပြီး –

“နင့် ဆာရီကိုချွတ်စမ်း” ဆိုပြီး ဟိန်းဟောက်လိုက်တယ်ဗျ။ အမျိုးသမီးက တုန်လှုပ်သွားပြီး စ ငိုပါတော့တယ်။သူ ငိုတဲ့

အသံက ကြောက်ရွံ့မှုအပြင် နာကျင်ကြေကွဲမှုပါ ရောစွက်နေတယ်လို့ ကျွန်တော်ထင်မိတယ်။အမျိုးသမီး စငိုတာနဲ့ လျှပ်စီးတွေ

ဝင်းခနဲ ဝင်းခနဲ လက်ပြီး ကောင်းကင်ကြီးတောင် မှိုင်းညို့အုပ်ဆိုင်းလာတယ်။ဖုန်တွေလား ..အခိုးအငွေ့တွေ ရစ်သိုင်းလာတာ။

သစ်ရွက်ခြောက်တွေလည်း ဝေ့ဝဲ လွင့်ပျံ့နေပြီ။အဲဒီအချိန်မှာ အမျိုးသမီးလက်ထဲကနေ ကလေးက ရုတ်တရက်ခုန်ထွက်ပြီး

ရှေ့က လူဆိုးရဲ့မျက်နှာကို ဆွဲကုတ်တာ။ လူဆိုးလည်း လန့်ဖျန့်ပြီး ကလေးကိုဆွဲခွာတယ်။မရဘူးဗျို့။ကလေးက ပြန်ကုတ်

တာပဲ။အဲဒါနဲ့ ကလေးနဲ့ လူဆိုးလည်း မြေပြင်ပေါ်မှာ လူးလှိမ့်ပြီး သတ်ပုတ်ကြတော့တာ။ ဆာရီနဲ့ အမျိုးသမီးက ပူဆွေးငို

ကြွေးလို့ပေါ့။လူဆိုးက သေနတ်ထုတ်ပြီး ကလေးရဲ့မျက်နှာကို ချိန်တယ်။ ဒါပေမဲ့လို့ ကနေ့မှာ ကလေးက စူပါမင်း ရဲ့

ခွန်အားဗလတွေ ရနေတယ် တူပါရဲ့ဗျာ။သူ့လက်သေးသေးလေးတွေနဲ့ သေနတ်ပြောင်းကို မြဲမြဲကြီး ဆုပ်ကိုင်လို့ လူဆိုး

ဘက်ကို ဆွဲလှည့်တယ်။လူဆိုးက ပြန်ပြီး တင်းခံတယ်။ နောက်တစ် ခါ လူဆိုးနဲ့ကလေးက ဘတစ်ပြန် ကျားတစ်ပြန်၊

ဘယ်လှမ့် ညာလှိမ့်၊ အပေါ်ရောက်လိုက် အောက်ရောက်လိုက် အသေအကြေသတ်ပုတ်နေကြပြန်ရော။

တစ်ခါကျတော့ ကလေးက လူဆိုးအပေါ်ရောက်သွားပြီး အသာစီးရနေတဲ့ အနေအထားမျိုး ဖြစ်လာတယ်။လူဆိုး

ကလည်း သူသေနတ်ကိုင်ထားတဲ့လက်ကို အတင်းရအောင် ရုန်းပြီး ကလေးရဲ့ ရင်ဘတ်တည့်တည့်ကို ပစ်ချတော့မလို့

သေနတ်မောင်းကို ဆွဲနေပြီ။ကလေးကလည်း လျင်လိုက်တာဗျာ။သေနတ်မောင်းဆွဲခါနီးအချိန်လေးမှာ သေနတ်ပြောင်းကို

ဆတ်ခနဲ လူဆိုးရင်ဘတ်ကို ပြန်လှည့်ပေးလိုက်တာ။သေနတ်ပြောင်းလည်း လူဆိုးဘက်အလှည့်၊သေနတ်မောင်းကလည်း

ဆွဲအပြီး..အမလေး လက်မတင်လေးဗျို့။နားကွဲမတတ် ပေါက်ကွဲသံကြီးထွက်လာပြီး လူဆိုးရဲ့ ရင်ဘတ်ပွင့်ထွက်သွားတယ်။

အဖြူရောင်ရှပ်အကျင်္ ီပေါ်မှာ ရဲရဲနီနေတဲ့ သွေးတွေ စွန်းကွက် လာတော့တာပဲ။

“အမလေးဗျာ..ဘုရား..ဘုရား..”

အက်ခ်ရှေး အသံပဲ။ ကျွန်တော်ကြားရတာ ဂူတစ်ဂူထဲကနေလှမ်းအော်လို့ ပဲ့တင်ထွက်လာတဲ့ အသံမျိုး။ မြင်ကွင်းက တဖြည်းဖြည်း

ပီပြင်လာတယ်။ဓားပြကောင်က ကြမ်းပြင်မှာ စန့်စန့်ကြီးလဲလို့။ ဟာ..ကျွန်တော့်လက်ထဲမှာ သေနတ်တစ်လက်ပါလား။ သေနတ်

က မီးခိုးငွေ့လေးတောင် ထွက်နေတုန်းပဲ။ ရထားက အရှိန်ပြန်ရနေပြီ။ ဘာတွေလဲ..ဘာဖြစ်သွားတာလဲ။

ကျွန်တော်နားမလည်နိုင်တော့ဘူး။ အိပ်မက်မက်နေတုန်း လန့်နိုးသလိုမျိုး..ဦးနှောက်က ချက်ချင်း မတုန့်ပြန်နိုင်သေးဘူး။

စဉ်းစားကြည့်ပါဦး။အိပ်မက်က လန့်နိုးတဲ့အချိန်.. ခင်ဗျားလက်ထဲမှာ သေနတ်တစ်လက်ကိုင်လို့ ခင်ဗျားခြေရင်းမှာလည်း

လူတစ်ယောက်အလောင်းကိုတွေ့ရရင်..။ဓားပြရဲ့အကျင်္ ီမှာသွေးတွေစွန်းလို့..။သွေးကွက် ပိုပိုပြီး နီရဲစိုရွှဲလို့ စိမ့်ပြန့်လာတာပဲ။

ရုပ်ရှင်တွေထဲကလို မဟုတ်ဘူးဗျ။ ရုပ်ရှင်ထဲမှာ သေနတ်မှန်ရင် မှန်တဲ့နေရာမှာ အနီရောင်အစက်ကလေးပြ။ နောက်ဆုံး

အလောင်းကို သယ်သွားတဲ့အထိ အဲဒီအတိုင်းပဲ။တကယ်က အဲဒီလို မဟုတ်တာပဲ။ သေနတ်မှန်တာနဲ့ သွေးတွေက ချက်ချင်းပန်း

ထွက်လာမဟုတ်ဘူး။တစိမ့်စိမ့်နဲ့ တောက်လျှောက်ထွက်နေတာ။စစချင်းတော့ အနီရောင် အစက်ကလေးပါပဲ။ လက်မလက်

သည်းခွံတစ်ခုစာလောက်ရယ်။နောက်တော့ ဒင်္ဂ ါးပြားဝိုင်းလောက်ဖြစ်လာတယ်။ အဲဒီနောက်တော့ လက်ဘက်ရည် ပန်းကန်

ဝိုင်းစာလောက်။အဲဒီနောက်ထမင်းစားပန်ကန်ပြားလောက် သွေးကွက်က ပြန့်လာလိမ့်မယ်။နောက်ဆုံး မရပ်မနားထွက်လာမှာ

..တစ်ကိုယ်လုံးရွှဲသွားတဲ့အထိပေါ့။ ခု ဓားပြအလောင်းဆို သူ့တစ်ကိုယ်လုံးရွှဲရုံမကတော့ဘူး အခန်းထဲမှာပါ အိုင်ထွန်းလာတာ။

ကျွန်တော်ကတော့ ကြောင်စီစီဖြစ်နေတုန်းပဲ။ အက်ခ်ရှေး အဖေကြီးက ကျွန်တော့် ပခုံးကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ပြီး

“သတိထားစမ်း..ကောင်လေး..သတိထားစမ်း.. လို့ အော်ဟစ်ပြောတော့ ကျွန်တော်လည်း နည်းနည်းသတိဝင်

လာတယ်။

ကျွန်တော် အိပ်ယာပေါ်ကို ထိုင်ချလိုက်တယ်။တခြားအခန်းကလူတွေပါ ဘာဖြစ်တာလဲ ဆိုပြီး လာကြည့်ကြတယ်။

သူတို့ ဘာတွေ့မှာလဲ..။ကြမ်းပြင်ပေါ်မှာ သွေးသံရဲရဲနဲ့ လဲသေနေတဲ့ အမည်မသိ ဓားပြတစ်ယောက်ရဲ့အလောင်းတစ်လောင်း..၊

နဖူးကွဲနေတဲ့ လူကြီးတစ်ယောက်..၊ထိတ်လန့်တကြားဖြစ်နေတဲ့ ကလေးအမေတစ်ယောက်..၊ ရထားပေါ်မှာ အာချီ ကာတွန်းတွေ

နောက် ဘယ်တော့မှ မဖတ်တော့မဲ့ ကောင်လေးတစ်ယောက်..၊ဘဝတစ်သက်တာ အိပ်မက်ဆိုးတွေနဲ့ နပမ်းလုံးသွားရတော့မဲ့

ကောင်မလေးတစ်ယောက်..၊ နောက်ဆုံး ..လမ်းပေါ်က တေလေလေးတစ်ယောက်..ကျန်ခဲ့တဲ့ အချိန်ခဏလေးတုန်းက

ငွေအချို့ပိုင်ဆိုင်ခဲ့ဖူးတဲ့..အခြေအနေမဲ့လေးတစ်ယောက်..အိပ်မက်ကလေးတွေ ပြိုကွဲသွားတဲ့…သန်းငါးဆယ်

အိပ်မက်ကလေးတွေ ဆက်မက်ခွင့်မရှိတော့တဲ့..ကလေကချေလေးတစ်ယောက်..အဲဒါတွေကို တွေ့ရမှာပေါ့ဗျာ..။

အခန်းထဲက မီးဝါဝါက ခါတိုင်းထက် ပိုပြီး စူးရဲနေသလိုပဲ။ ကျွန်တော် မျက်တောင် တဖျပ်ဖျပ်ခပ်နေမိပြီး လက်ထဲမှာ

ခပ်လျော့လျော့ ကိုင်ထား သေနတ်ကို သေချာကြည့်မိတယ်။ သေနတ်က သေးသေးလေးနဲ့ ကျစ်လျစ်တယ်။ငွေရောင်

တောက်တောက်မှာ ..လက်ကိုင်ကျတော့ အနက်ရောင်။သေနတ်မှာ ထွင်းတာက ကိုလ့်ထ် တဲ့..။မြင်းတစ်ကောင်ခုန်နေတဲ့

ပုံလေးနဲ့။ တစ်ဘက်ကိုလှန်ကြည့်တော့ သေနတ်ပြောင်းမှာ အပေ့ါစား လို့ရေးထားတာ။အပေါ့စား သာဆိုတယ် လက်ထဲမှာ

တော့ စီးစီးပိုင်ပိုင်နဲ့ တော်တော် လေးနေသလိုပဲ။သေနတ်မှာ တခြားထွင်းထားတဲ့စာတွေ ပါသေးတယ်။နည်းနည်းတော့ မှိန်

နေပြီ။ကြည့်လို့ရသလောက်တော့ Conn USA ပြီးတော့ DR 24691 တဲ့။

5 comments

  • windtalker

    October 13, 2011 at 7:33 pm

    ဟုတ်ကဲ့ အားပါးတရ ဖတ်လိုက်ပါတယ်ဗျို ့
    မျှော်လင့်နေခဲ့သော ခေါင်းစဉ်အတွက်
    မရှင်းတာလေး မေးဦးမယ်ဗျို ့
    မီနက်ရှ်ခဗျာ လူဆိုးရွေးခိုင်းတဲ့ ဒုတိယ လမ်းကို
    တစ်ကယ်ရွေးခဲ့တာလား ဟင်…
    နောက်ပြီး
    မီနက်ရှ် ရဲ ့မောင်လေး ပါ သေသွားတာပေါ့နော်

  • မောင်ဘလိူင်

    October 14, 2011 at 10:19 am

    အက်ခ်ရှေးက မသေပါဘူးဗျ..ဓားပြသေသွားလို့ သူလန့်အော်လိုက်တာပါ..

  • Shwe Ei

    October 14, 2011 at 12:27 pm

    ကိုဘလှိုင် ရဲ့ပို့စ်တွေက ဘာပြုလို့ Related Post မှာ နံပတ်စဉ်အလိုက်မပေါ်တာတုန်း။ မမှီလိုက် တာလေးတွေ ပြန်ဖတ်ချင်လို့။

Leave a Reply