Mirrorless Cameraတွေရဲ့ခေတ် ရောက်တော့မှာလား..

ムラカミOctober 13, 20113min24711
၁)ယခင် နဲ့ ယခု
​  Digital Cameraရယ်လို့ ပြောကြရင် အရင်က ကျနော်တို့မှာ ရွေးစရာ ၂မျိုးပဲရှိခဲ့ကြတယ်ဗျ. အိမ်သုံး compact camera(point-and-shoot)တွေနဲ့
  DSLR(Digital Single Lens Reflex)တွေ ပေါ့ဗျာ။အလွယ်ခွဲခြမ်းပြီး ပြောရရင်တော့ အိမ်သုံး compact လေးတွေက ဈေးချိုမယ်
  အရွယ်အစားသေးငယ်မယ် အဲ... quality ပိုင်း manual စွမ်းဆောင်ရည်ပိုင်းကျတော့ ကန့်သတ်ချက်တွေရှိမယ်ပေါ့။
  DSLRတွေကတော့ ဈေးရော size ပါကြီးမယ် controlတွေပိုများမယ် ပုံထွက် qualityကောင်းမယ် ပေါ့
  နောက်ပြီး ရွေးချယ်တပ်ဆင်စရာ lens အမျိုးမျိုးလည်း ရှိမယ်ပေါ့ဗျာ။

  ခုသည်ဘက်ခတ်မှာတော့ အဲ့သည့် group ကြီး၂ခုကြားက တတိယ group တခု ပေါ်ထွက်လာပါပြီ ။ ၂ဖက်စလုံးစီက အားသာချက်တွေကို ယူထားပြီး
  balanced လုပ်ထားတဲ့ အမျိုးအစားလို့ ပြောရမှာဖြစ်ပါတယ်။  DSLR တွေထက် body အရွယ်အစားသေးငယ်ပြီး compactတွေထက် sensor ကြီးတဲ့
  (entry-level DSLR sensor တွေလောက်ထိကြီးပါတယ်) အမျိုးအစားတွေဖြစ်ပါတယ်ဗျ။ တချို့ model တွေမှာ DSLRတွေလို ချောင်းကြည့်ပေါက်
  (view finder)ပါဝင်ပြီး အချို့လည်း သပ်သပ်ဝယ်တပ်လို့ရတယ်ဗျ။ပြောင်းလဲတပ်ဆင်စရာ lens တွေလည်း ရွေးချယ်စရာ တဖြည်းဖြည်းများလာတယ်ဗျ။

၂)View Finder
  သည်နေရာမှာ view-finder အကြောင်းနည်းနည်းရှင်းပြပါရစေ .. cameraရဲ့ lens apertureကတဆင့် ဝင်ရောက်လာတဲ့ပုံရိပ်ကို view-finder(ချောင်းကြည့် ပေါက်) ကတဆင့်
 တွေ့မြင်ရတယ်ဆိုတာတကယ်က camera bodyမှာ sensor ရှေ့မှာ 45 degree ထောင်ထားတဲ့ မှန်လေးတစ်ချပ်
  ကြောင့်ရယ်ပါ ..ငယ်ငယ်ကကျောင်းမှာ သင်ခဲ့ရတဲ့ periscope ရဲ့သဘောတရားကို သုံးထားတာဖြစ်ပါတယ်..(သဘောတရားကိုသာ မြင်သာအောင်
  ပြောရတာပါ ဆြာတို့ ခုနောက်ပိုင်း တကယ်သုံးတာ pentaprism ဖြစ်ပါတယ်..periscope နဲ့ အလုပ်လုပ်ပုံ သဘောတရား အတူတူပါ..)

  ရှေ့ဆက်ပါမယ် ..DSLRတွေ ရိုက်တဲ့အခါမှာ အဲ့သည့် မှန်ချပ်ကြီးက ရှေ့က ပိတ်နေရင် ဘယ်လို ရိုက်မလဲလို့ မေးပါလိမ့်မယ်..
  ဟုတ်ကဲ့ .. ရိုက်လိုက်တာနဲ့ ချပ် ကနဲမည်သွားတဲ့အသံဟာ အဲ့သည့်မှန်ချပ် ပိတ်သွား ကပ်သွားတဲ့အသံဖြစ်ပါတယ်.. (mirror-lock-up function
  ပါတဲ့ DSLRတွေမှာ mirror lock ကျသွားပီးတဲ့အချိန် lens ကိုချွတ်ကြည့်ရင် sensor ကို မြင်ရပါတယ်ခင်ဗျား..)
  compact camera တွေမှာလည်း အသံထွက်ပါတယ်လို့ ပြောပါလိမ့်မယ် ဟုတ်ပါတယ်ထွက်ပါတယ် အဲ့ဒါက သပ်သပ်ထည့်ထားတဲ့ sound clipလေးကို
  run လိုက်တာသာဖြစ်ပါတယ် ...compact တွေဟာ ရိုက်တဲ့လူက lcd screen မှာပေါ်တဲ့ ပုံရိပ်ကိုသာကြည့်ပြီးရိုက်တာမို့ ချောင်းကြည့်ပေါက်လည်းမလိုပါ
  တချို့ဘော်ဒီနည်းနည်းထွားတဲ့ compactတွေမှာ view-finderပါကောင်းပါလာပါမယ်..pentaprism လိုမျိုး အလင်းပြန်မှုနဲ့ ပုံရိပ်ကိုချောင်းလို့
  ရပါလိမ့်မယ် သို့သော် သူ့မှာ မှန်မပါပါခင်ဗျား ဒါ့ကြောင့် မှန်သွားကပ်တဲ့ တကယ့် mechanical sound ထွက်ပေါ်လာမှာမဟုတ်ပါ။
  computer မှာ အသံထွက်တဲ့ button တခုကို mouse နဲ့သုံးပြီး click လုပ်တာနဲ့ ဥပမာပေးချင်ပါတယ်...DSLR mirror-lock ကျတဲ့အသံဟာ
  mouse ကိုလက်ချောင်းနဲ့ နှိပ်လိုက်လို့ မြည်တဲ့ ကလစ် ဆိုတဲ့အသံ ဖြစ်ပြီး compact ကမြည်တဲ့အသံဆိုတာ button ကိုနှိပ်လို့
  computer speaker ကထွက်လာတဲ့အသံ လို့ ဆိုချင်ပါတယ်..
  compact တွေ အသံထွက်တာ ကောင်းတာပဲ မဆူဘူးပေါ့ ...ဒါဆို သည်အသံ ဘာလို့ သက်သက်မဲ့ ထည့်ထားသလဲလို့ မေးစရာရှိပါတယ်..
  ဟုတ်ကဲ့ ..သူရို့ဆီမှာပေါ့နော် ...upskirt တွေလျောက်ရိုက်ကြတဲ့ ငတိတွေကြောင့် ဘယ်သူမဆို မသိဘဲ အရိုက်မခံရအောင် ကြားနိုင်လောက်တဲ့
  အဲ့သည့် ချပ် ဆိုတာလေး ထည့်ပေးထားတာပါ ...(အံမယ် တချို့ compact တွေများ အဲ့သည့် ချပ် ကိုပဲ သာယာနာပျော်အောင် အသံ ၃-၄မျိုးပြောင်း
  လို့ရသေး..) တချို့ တွေလည်း အသံပိတ်လို့ရပါတယ် .... ဆြာတို့ သိပ်ကြိုက်တဲ့ apple ရဲ့ iPhoneရဲ့ cameraမှာတော့ သူရို့ ပေါ်လစီအရ
  အသံလုံးဝပိတ်လို့ မရပါခင်ဗျား ...(ဒါက ကြုံလို့...)

၃)Name for?
  အဲ့ စကားပြန်တည်ရရင် အထက်ကပြောခဲ့တဲ့ တတိယမျိုးဆက် camera တွေမှာလည်း မှန်မပါပါဘူးခင်ဗျား ...သူတို့ရဲ့ချောင်းကြည့်ပေါက်တွေလည်း
  compact တွေနဲ့ သဘောတရားချင်း အတူတူပါပဲ။ မှန်မပါတာချင်းအတူတူ သူတို့ကိုမှ mirrorless camera လို့ခေါ်ပါတယ်ခင်ဗျား ။compact ကိုနှိမ်တာ
  မဟုတ်ပေမယ့် သူတို့ဟာ မှန်မပါတာကလွဲလို့ ကျန်တာတွေမှာ DSLR လို လုပ်လို့ရတယ် ဆိုတဲ့ ဂုဏ်ကိုဖော်ချင်တာနဲ့တူပါတယ်..
  မှန်မပါတော့ ဘာဖြစ်လဲ ..မေးစရာရှိပါတယ် ..ဟုတ်ကဲ့ bodyကို size သေးသေးနဲ့ ထုတ်လို့ရတယ်ပေါ့ဗျာ
  (pentaprism ဒါမှမဟုတ် periscope logic ဒါတွေကိုသုံးပြီးထည့်သွင်းတည်ဆောက်မယ်ဆိုရင် body က ပိုထူ ပိုလေး သွားမယ်မဟုတ်လား)

  သည် camera တွေကို နောက်ထပ် နာမည်တမျိုးနဲ့လည်း ခေါ်ကြပါသေးတယ် micro four-thirds ပါတဲ့။ ဒါကတော့ sensor size ကို အစွဲပြုပြီး
  ခေါ်ကြတာဖြစ်ပါတယ်.. 4/5" ၁လက်မနဲ့ ၁မတ်သား ပေါ့ဗျာ ...ဒါဟာ သာမန် အိမ်သုံးcompact camera တလုံးရဲ့ sensor ထက်၉ဆ
  (နောက်ဆုံးပေါ် compact ထက်တောင် ၅ဆ) ကြီးတဲ့ sizeဖြစ်ပါတယ် ..(ပုံထွက် ကွာတယ်ဆိုတာ သည်နေရာမှာ စ စကားပြောလာပါပြီ .)
  ခုနောက်ပိုင်း mirrorlessတွေဟာ 4/3" ထက်အနည်းငယ်ကြီးတဲ့APS-C sensor တွေကို သုံးဆွဲလာကြပြီဖြစ်ပါတယ်..
  (APS-C ဆိုတာ Canon ရဲ့ entry, mid-range DSLR တွေရဲ့ sensor size ဖြစ်ပါတယ်)


၄)Pros:
  ဒါဆို ပေါ့ပါးကျစ်လစ်ပြီး စွမ်းဆောင်ရည် အတော်မြင့်တဲ့ camera အမျိုးအစားတွေ လို့ ပြောတာမလွန်ပါဘူးနော်။
  compact ထက်နည်းနည်းလေးပဲကြီးတဲ့ body မှာ ပြောင်း(lens)တွေ အမျိုးမျိုးတပ်ဆင် အသုံးပြုနိုင်တာကကို အတော်လေး မက်စရာကောင်းနေပါပြီ
  သူရို့ဆီက pro photographer တွေတောင် မိသားစု အပန်းဖြေခရီးထွက်တာမျိုးတွေ အိမ်တွင်း မွေးနေ့ပါတီ လို ပေါ့ပေါ့ပါးပါး ပွဲလေးတွေ မှတ်တမ်းတင်
  ဖို့ကို အုတ်နီခဲ၂လုံးစာလောက်လေးတဲ့ ကျောပိုးအိတ်အပြည့် DSLR Gears တွေကို အိမ်မှာထားခဲ့ပြီး mirrorless လေးတွေပဲ ဝယ်ရိုက်ကြတယ်လို့ ဆို
  ပါတယ်.

  Sensor size အပြီး type အကြောင်းပြောရရင်တော့ သူသည်လည်းပဲ CMOS အမျိုးအစား ဖြစ်တာကြောင့်မို့လို့  အလင်းရောင်နည်းတဲ့အခြေအနေတွေမှာ
  DSLR အတိုင်းပဲ performance ကောင်းမွန်ပါတယ်။
  Zoomingလည်း ကောင်းမွန်ကြပြီး အစွန်းရောက်တဲ့ အခြေအနေတချို့ကလွဲရင် အနေအထား အတော်များများမှာ DSLR ကိုယှဉ်နိုင်တဲ့
  အခြေအနေမှာရှိနေပါတယ်..
  street photography, candid photography တွေရိုက်မယ်ဆိုရင် ဘော်ဒီအကြီးကြီး ရေသန့်ပုလင်းလောက် ရှိတဲ့ပြောင်းကြီး မျက်ခွက်နားတေ့ပြီး
  ချောင်းတဲ့ DSLR သမားတွေထက် အိမ်သုံး ကင်မရာလိုLCDလေးကြည့်ပြီး  point-and-shoot လုပ်တဲ့ mirrorless သမားတွေက ပိုပြီး positive
  response ရတတ်ကြပါတယ် တဲ့ ...။

၅)Cons:
  ဒါဆို အဆိုးဘက်က ဘာလဲ လို့ မေးပါလိမ့်မယ် ...ဟုတ်ကဲ့ ....သေးပါတယ် ပေါ့ပါတယ် သွက်ပါတယ် ဆိုပေမယ့်ပြောင်း တွေလဲသုံးမှာ ဖြစ်လို့
  အိတ်တော့ ဆောင်ရဦးမှာပါ ..လဲစရာပြောင်းတွေဝယ်ရဦးမှာပါ။
  ပြောင်းတွေအကြောင်းပြောရင် ပြောင်း မိတ်ကာ တွေအကြောင်းလဲ ပြောမှ တော်ကာ ကျမယ်ဗျ ...
  DSLR တွေက စပြီးပြောပါမယ်... heavy weight ၂ဦးပဲ ရှိပါတယ် ..Nikon Vs Canonပါ ..
  ဘယ်အချိန် amazon ကိုတက်ပြီး အဲ့သည့်ထဲကတခုခုရဲ့ body မှာတပ်ဖို့ ပြောင်း ရှာကြည့်ပါ ..အမျိုး ၁၀ဝကျော် ရွေးစရာရှိပါတယ်..
  သည် heavy weight တွေ ကိုယ်တိုင်လည်း ပြောင်း ထုတ်သလို tamron, sigma, tokina, carl zeiss, samyang စတဲ့ 3rd party lens maker
  တွေ(optical experts များ) ကလည်း DSLR lens တွေ ထုတ်နေလို့ပါ (သူတို့ထဲက တချို့ဟာ camera body မထုတ်ပါဘူး lens သက်သက်ထုတ်
  ပြီးရောင်းစားကြတာပါ ) canon mount, nikon mount ရယ်လို့ ကွာပေမယ့် lens ရွေးချယ် ဝယ်ယူရတာ မူးနောက်နေလောက်အောင် အမျိုးအမည်
  စုံလင်လှပါတယ်..(ခုနောက်ပိုင်း DSLR market ထဲကို Sony, Samsungတို့လည်း ဝင်လာကြပါတယ်. Olympus, Pantax တို့ကလည်း ရှိနေကြပြီးသားပါ)
  နောက်မှ ပေါက်တဲ့ရွှေကြာပင် mirrorless တွေအတွက်တော့ lens ရွေးချယ်ဝယ်ယူမှုအပိုင်းမှာ အတော်လေး limit ဖြစ်နေဆဲကို တွေ့ရပါတယ်..
  camera body တစ်ခု အတွက် ရွေးချယ်စရာ ပြောင်း ဆိုလို့ လက်၂ဖက်စာတောင် မပြည့်ပါဘူး ...3rd party maker တွေကလည်း ခုမှ ၁လုံးစ၂လုံးစ
  လောက် စမ်းထုတ်ကြည့်တုန်းဖြစ်ပါတယ်။ သည် limitationဟာ mirrorless ကိုင်ပြီး fully-pro ဖြစ်မလား ဆိုတဲ့မေးခွန်းကို ဖြေပြီးသားလို ဖြစ်နေပါတယ်
  နောက်ထပ် အားနည်းချက် တခုကတော့ mirrorless တွေဟာ ဈေးမချိုတာပါပဲ ..compact ဖြစ်အောင် လုပ်ရတဲ့အတွက် စားရိတ်ပိုကုန်တာကြောင့်ရယ်
  mass market မဖြစ်သေးတဲ့အတွက် economy-of-scaleမရသေးတာကြောင့်ရယ်လို့ ပဲသုံးသပ်မိပါတယ်။ တခါတခါမှာ mirrorless တွေဟာ သူ့ထက်
  အဖက်ဖက်က မဆိုသလောက်ကလေးတွေသာတဲ့ entry-level DSLR ထက်ကို ဈေးများပါသေးတယ်။ 

၆)Niche Appeal
  ခွင်ဈေးကွက်ကျဉ်းကလေး လို့ ဘာသာပြန်လို့ရမလား မသိဘူးဗျ....
  mirrorless တွေဟာ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး ...ဒါ့ပုံနဲ့ပတ်သတ်ပြီး စိတ်အားထက်သန်သူတွေ ..ပုံကြီးချဲ့ပြီး print တဲ့အခါ compact
  တွေရဲ့ quality ကို စိတ်ပျက်နေသူတွေ ... ပုံတော့ကောင်းချင်ပြီး DSLR ဘော်ဒီထွားထွားကြီးတွေ ကိုင်ရမှာ ရှက်သူတွေ (တချို့သော မမ များ)
  ပိုက်ပိုက်ဘယ်လောက်ကုန်ကုန် လက်ပကျွတ်ဆို mac air မှ office တို့ photoshop တို့ဆို  portableမှ မက်တတ်သူတွေ အာရ်ကေဘယ်လောက်
  ကုန်ကုန် portable လိုက်ရရင်ကို ငါဟဲ့ လို့ထင်နေတဲ့သူတွေ (တိုက်ဆိုင်မှုရှိရင် ၆မြင်ကပ်လို့ ငါ့ အတည် တီးထည့်လိုက်တာ လို့မှတ်ပါ) အတွက်ပါ
  (လက်တလော ဈေးကွက် အနေအထားကို ဆိုလိုပါသည်..)
  ဒါဆို ကျနော့် ခေါင်းစဉ်နဲ့ လွဲမနေဘူးလား လို့ မေးစရာ ရှိပါတယ် ...ရေးစရာ ကျန်ပါသေးတယ် ..

၇)From now onwards?
  ပြီးခဲ့တဲ့ september လတုန်းက DSLR ဆြာကြီး Nikon က mirrorless camera အမျိုးအစား ဖြစ်တဲ့ Nikon 1 Compact System ကို
  ပွဲထုတ်လိုက်ပါပြီ ..Nikon ရဲ့ ပထမဆုံးသော mirrorless camera ဖြစ်ပါတယ် ...ယခင်က DSLR နဲ့ compactတွေသာထုတ်ခဲ့ပေမယ့်
  ယခုတော့ mirrorless ကို ဈေးကွက်ချဲ့ထွင်လိုက်ပါပြီ ..ဘာကြောင့်လဲ ဆိုတော့ အဖြေက ရှင်းပါတယ် ..
  ယခင်က userတွေကို  compact ကိုင်ချင်ကိုင် compact ကို အာသာမပြေရင် ပိုက်ပိုက်စု DSLR ဝယ်ကိုင်ဆိုတဲ့ တခြား
  ရွေးချယ်စရာမရှိတဲ့ အနေအထား (compact Vs DSLR၂ကောင်တည်းပြေးတဲ့ ပြိုင်ပွဲ)ကနေ မြင်း၃ကောင် ပြိုင်ပွဲဖြစ်လာပါတယ်..
  နောက်ပိုင်း နှစ်တွေ DSLR market အတွင်းမှာ တင်ကို အထက်မှာ ပြောခဲ့တဲ့အတိုင်း Sony, Pantax, Samsung, Olympus တို့ နဲ့ပါ
  ဖိုက်နေကြရပါသေးတယ်ယခင်က အဲ့သည့် market မှာ Canon 50% Nikon 40%, Others 10% လောက်ကြီးစိုးထားနိုင်ရာကနေ .
  ယခုနှစ် ဧပြီလ ကထွက်တဲ့ စစ်တမ်းအရ
   1. Canon 44.5%
   2. Nikon 29.8%
   3. Sony 11.9 %
   4. Others 13.8% ဖြစ်လာပါတယ် တဲ့..။
  သည်တော့ Nikon အနေနဲ့ mirrorless market ထဲကို လက်ဆန့်ထုတ်လိုက်တာပါ။
  Canon ကရော ဘယ်လို တုန့်ပြန်မလဲ? mirrorless ထုတ်မယ်လို့ announce မလုပ်ထားသလို မထုတ်ဘူးလို့လည်း မငြင်းဆန်ထားပါဘူး။

  Nikonဟာ digital noise ထိန်းနိုင်မှုအပိုင်းမှာ နာမည်ကျော်ပါတယ်။Canon ကတော့ သူ့ lens တွေဟာ အလွန်မြန်ပါတယ်...
  သူတို့ ဝင် ပါလာမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ သည်ပွဲဟာ ကြည့်ကောင်းလာပြီ ထင်ပါတယ် ...mirrorless market ကြီးထွားလာတာနဲ့အတူ
  ဈေးတွေလည်း ကျလာမယ်လို့ မျှော်လင့်ရပါတယ်...

  အဲ့သည့်တော့ အရင် တပါတ်က  post ထဲမှာ အိမ်သုံးနဲ့ ပုံထွက် ကောင်းတာ ပြောင်းလဲတပ်လို့ရတာ လိုချင်တယ် ဆိုကြတဲ့ ရွာသူရွာသားအပေါင်းတို့ ...
  သီတင်းကျွတ်မှာ လိုက်ကန်တော့လို့ ရတဲ့ မုန့်ဖိုး ပိုက်ပိုက်လေးတွေသာ စုပြီး စောင့်ကြပါတော့လို့ .....

 စာကြွင်း mirrorless camera တွေရဲ့ လူသိနည်းသေးတဲ့ နာမည်ကတော့  EVIL Camera ပါ – for Electronic Viewfinder, Interchangeable Lenses
လက်တလော ဈေးကွက်ထဲမှာ ရနိုင်တဲ့ နာမည်ကျော် mirrorless camera အမျိုးအစား အချို့ကို ဖော်ပြပေးလိုက်ပါတယ်

Panasonic LUMIX series
Olympus PEN series
Fujifilm X Series
Sony NEX series
Nikon 1 Compact System


Is There a Mirrorless Camera in your Future?
ကို မှီငြမ်းသည်။

11 comments

  • windtalker

    October 13, 2011 at 8:04 pm

    ကင်မရာကို သိပ်စိတ်မဝင်စားခဲ့ပေမယ့်
    အင်ဇာဂီ ပို ့စ် ကို ဖတ်အပြီးမှာ
    မောင်ပေ့လို မသိတဲ့သူတွေ နဲ ့တွေ ့ရင်
    ငန် လို ့ရအောင် ဖတ်သွားပါပြီ ဗျို ့
    ဒါနဲ ့စကားမစပ်
    ကင်မရာကိုင်ထားတဲ့ မိန်းခလေး ကို
    ကြိုက်သွားဘီ ဗျ
    ဟဲဟဲ

    • inz@ghi

      October 13, 2011 at 8:10 pm

      စိတ်ထိန်းဆြာပေ ….
      အဲ့ဒါကြော်ငြာဂဲလ်…

      • ပေါက်ဖော်

        October 13, 2011 at 8:30 pm

        ကြော်ငြာဂဲလ် ကော.ကြော်ငြာပေးတဲ့လူကော…အဝတ်စား ဆင်းရဲလှပါ ပကောလားဗျာ
        🙄

        ကိုအင်ဇာဂီရဲ့ ပုံတွေ တော်တော် များများ..အကုန်လုံးပါပဲ..လန်ထွက်နေတာ..
        အဲတာ..
        ဓာတ်ပုံရိုက်နည်းလေး..ဘာလေး သင်ပေးဦးဗျ..
        ကင်မရာတစ်လုံးလဲ ခဏငှားဦး..ဟီး.ဟီး..

        အားကျလို ့ပါ..
        😀

        • inz@ghi

          October 13, 2011 at 8:39 pm

          တိန်…. ကျုပ် ပလိုဖိုင်ကိုတောင် ချမ်းသာမပေးတော့ဝူးလား ..
          ကင်မလာတော့ မငှားဝူးဗျာ ..အားတော့နာတယ် …i married to my Ms.Canon
          😀

  • htoosan

    October 13, 2011 at 9:55 pm

    ကျေးဇူးပါ။ ကျွန်တော်က nikon ထိပ်ကလို့ ထင်နေတာ .. canon က 44.5 % နဲ့ ဦးဆောင်နေတာကို ။

    • inz@ghi

      October 14, 2011 at 11:00 am

      ကျနော် ရှာထားတာက DSLR market only ဗျ.. whole camera market (compact, mirrorless, DSLR) ဆိုရင်တော့
      Nikon က ၁ ဖြစ်ချင်ဖြစ်နိုင်တယ်ဗျ..ကျနော် တွေ့ဖူးသလောက် compact ထဲမှာ Nikon models ကပိုများပြီး range ပိုကျယ်သလားလို့ပါ …

  • kai

    October 14, 2011 at 3:20 am

    အေးဗျာ..
    မိတ်ဆွေတွေက.. ကင်န်နွန်တွေချည်းမို့.. သူတို့.. မှန်ပြောင်းဖြူကြီးတွေ.. ငှားသုံးရမလားလို့… ကင်န်နွန်ထဲက ရှာတာ မတွေ့လို့.. စောင့်ရင်ကောင်းမလား.. နိုက်ကွန်နဲ့ပဲ.. စခန်းသွားလိုက်ရမလား.. ဖြစ်နေမိပါရဲ့..
    အဲ.. အဲဒီလိုရော..DSLR ပြောင်းကို..Mirrorless မှာလာတတ်လို့ရရဲ့လား..။
    အကြံလေးပေးပါဦး..။

    • inz@ghi

      October 14, 2011 at 10:58 am

      DSLR ပြောင်း တွေကို ဘယ်လိုလုပ် mirrorlessမှာ တပ်လို့ ရရမလဲ သဂျီးရယ် ….နောက်ပိုင်း converter ring တွေဘာတွေ ပေါ်လာရင်တော့ မပြောတတ်ဘူးဗျ…. ဒါပေမယ့် သိပ်တော့မထင်ဘူးဗျ …ခုထက်ထိတောင် Nikon ပြောင်းက Canon မှာ တပ်လို့ ရလို့လား …..
      တကယ်တမ်းပြောရရင် …Canon က focus ဖြတ်တဲ့ motor က lens ထဲမှာဗျ ..ထိပ်တန်း စာရင်းဝင် အမြန်ဆုံး motor တွေကို USM(Ultra Sonic Motor) လို့ ရေးထားတယ်ဗျ ။ Nikon ကတော့ motor က camera body မှာဗျ …သူက ဟိုးတုန်းက lens တွေပါ တပ်လို့ရအောင် focusing motor ကို body မှာပဲထည့်တည်ဆောက်ထားတာ …အဲ့သည့်တော့ တည်ဆောက်ပုံမတူတဲ့ သည်၂ခုကြား ဘယ် conversion rings ဖြစ်လာတော့မလဲဗျာ…

      သဂျီးပြောတဲ့ ပြောင်း အဖြူကြီးတွေက sports, wildlife သမားတွေသုံးတာဗျ Zoom, speed စတာတွေ လွှတ်ကောင်းတယ်.. တချို့ portrait tele သမားတွေလည်း သုံးကြတယ်ဗျ..(70-200mm 2.8L USM)
      Nikon Vs Canon ကတော့ သူကြီး ရိုက်ချင်တဲ့ field ကိုကြည့်ပြီး ရွေးဗျ …
      လက်တလောကတော့ Canon 5D Mark II (full-frame) နဲ့ Nikon D7000 က ပေါ်ပြူလာအဖြစ်ဆုံးဖြစ်နေတယ်ဗျ..

  • kai

    October 14, 2011 at 3:40 am

    http://asia.cnet.com/top-5-mirrorless-interchangeable-lens-cameras-62200412.htm
    Cnet က.. Top 5 စာရင်းအတိုင်းပေါက်ဈေးတွေ ရှာတင်ထားလိုက်တယ်..။
    Nikon ကတော့ .. အသစ်ပေါ့..။

    * Nikon 1 J1 10MP Digital Camera with Interchangeable Lens – White = $649.99
    * Panasonic Lumix DMC-G2 Digital camera – mirrorless system – 12.1 Megapixel – 3 x optical zoom – Blue = $600
    * Samsung NX10 Digital camera – mirrorless system – 14.6 Megapixel = $553
    * Olympus E-P2 Digital camera – mirrorless system – 12.3 Megapixel – Black = $480
    * Sony a NEX 5K Digital camera – mirrorless system – 14.2 Megapixel – 3 x optical zoom – Black = $558
    * Panasonic Lumix DMC-GF1 12.1MP Micro Four-Thirds Interchangeable Lens Digital Camera with 14-42mm Lens = $800

  • Diamond Key

    October 14, 2011 at 9:45 am

    inz@ghi ရေ၊
    ှုCamera & Photography knowledge တွေရလို့ ကျေးဇူးတင်တယ်။
    Photography ကို စိတ်ဝင်စားသူ ကိုယ်တို့လိုလူတွေ အတွက်တော့ အဖိုးတန် ဗဟုသုတတွေပါ။
    စောင့်ဖတ်နေပါတယ်။

    • inz@ghi

      October 14, 2011 at 11:01 am

      အားပေးတာ ကျေးဇူးပါ သော့ဆြာ..
      အဲ့လို ကျပ်ပေးတဲ့လူတွေ ရှိနေရင် ရေးဖြစ် တင်ဖြစ်နေဦးမှာပါ .. 😀

Leave a Reply