ဗဟုသုတ ရမယ်ထင်လို့ပါ (၃)

maung hninkharrOctober 13, 20111min1266

မသိသေးသူများအတွက်သာရည်ရွယ်ပါသည်။

ကျွန်တော် ဒီ Post ကိုရေးတာ မသိသေးတဲ့သူတွေ သိသွားအောင်ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းပါ။ကျွန်တော်ဖတ်ခဲ့ဖူးသမျှထဲကနေ ပြန်ရေးပေးတာ ဖြစ်ပါတယ်။

 

  • အမရပူရမြိ့ရှိ ဦးပိန်တံတားအား ပုဂံမင်းလက်ထက် အမရပူရမြို့ဝန်၏တပည့် မြို့စာရေး ဦးပိန်က သက္ကရာဇ် (၁၂၁၁) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါသသည်။

 

  • မြန်မာနှင့် ကမာ္ဘ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု (၁၉၅၄) ခုနှစ်၊ ဇွန် (၅) ရက်နေ့တွင် ဧရာဝတီတိုင်း၌ဖြစ် ပွားခဲ့ပါသည်။ ကရင်သောင်းကျန်းသူ သုံးဦးက မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (UBA) ပိုင် ဒါကိုတာ လေယာဉ်အမှတ် (XYACT) ကို ပြန်ပေးဆွဲခဲ့ပါသည်။

 

  • မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်ဝေခဲ့သော သတင်းစာမှာ – The Maulamain Chronicle သတင်းစာ ဖြစ်ပြီး တနသာင်္ရီတိုင်းမင်းကြီး Mr.E A Balundel ဆိုသူက (1836) ခုနှစ်၊ မတ်လ (3) ရက်နေ့တွင် မော်လမြိုင်မြို့၌ English ဘာသာဖြင့်ထုတ်ဝေခဲ့ပါသည်။

 

  • မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့သော ပထမဆုံးသတင်းစာမှာ “ဓမ္မသတင်းစာ” ဖြစ်ပါသည်။ (1843) ခု၊ ဇန်နဝါရီလတွင် ထုတ်ဝေခဲ့ပါသည်။

 

  • မြန်မာ့ပထမဆုံး နေ့စဉ်သတင်းစာမှာ ‘ရန်ကုန် ဂေဇက်’ (Rangoon Gazette) သတင်းစာ ဖြစ်ပါသည်။ (1861) ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။ (တစ်ပတ်နှစ်ကြီမ် ထုတ်ဝေခဲ့ရာ ၊ 1883 ခုနှစ်မှစ၍ နေ့စဉ်ထုတ်ဝေပါသည်။)

 

  • မြန်မာနိုင်ငံအား “Burma” ဟူသော English အမည်မှ “Myanmar” ဟူသော English အမည်သစ်ကို (1989) ခုနှစ်၊ ဇွန်လ (18) ရက်နေ့တွင် စတင်ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။

 

  • ရန်ကုန်တက္ကသိုလ်အား (1920) ပြည့်၊ ဒီဇင်ဘာ (1) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

 

  • ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးဘွဲ့နှင်းသဘင်ကို (1912) ခုနှစ်၊ နိုဝင်ဘာလ (28) ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ ‘ဂျုဗလီ ခန်းမ’ (Jubilee Hall) အဆောက်အဦးကြီးတွင် ကျင်းပခဲ့ပါသည်။ (မှတ်ချက် ။   ။  ထိုဘွဲ့နှင်းသဘင်ပွဲတွင် လယ်တီဆရာတော်အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ဆက်ကပ်ခဲ့သည်။)

 

  • ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပထမဆုံးဘွဲ့နှင်းသဘင်အခမ်းအနားကို (1931) ခုနှစ်တွင် ကျင်းပခဲ့ပါသည်။

 

 

ဒါကတော့ ‘မင်းခိုက်စိုးစန်’ ရဲ့ ‘ကတ်သီးကတ်သတ်’ စာအုပ်ထဲက ပါ။

 

  • အီတလီပြည် တရန်တို မြို့နယ်က လူတွေဟာ (အယူသီးမှုလား ဘာလား သေသေချာချာ ကွဲကွဲပြားပြား မသိရတဲ့) ယုံကြည်ချက်တစ်မျိုး ရှိပါတယ်။အဲ့ဒီ ယုံကြည်ချက်ကတော့ လူတစ်ယောက်ကို (Wolf Spider)လို့ခေါ်တဲ့ ပိုးကောင်တစ်မျိုး ကိုက်လိုက်ရင် အကိုက်ခံရတဲ့ သူဟာ ခြေကုန်လက်ပန်းကျပြီး လဲသွားတဲ့အထိ မရပ်မနား ကခုန်နေရမယ်လို့ ဆိုပါတယ်။
  • အဲ့ဒီလို မကခုန်ရင် ပိုးကောင်အကိုက်ခံရတဲ့ သူဟာ ရူးသွပ်သွားတတ်ပါသတဲ့။အဲ့ဒါကြောင့် ပိုးကောင်အကိုက်ခံရတဲ့အခါ မြူးမြူးကြွကြွ လှုပ်လှုပ်ရှားရှား ကခုန်နိုင်အောင်လို့ သီချင်း တီးလုံးကောင်းကောင်းတွေ ရေးထား၊ စပ်ထားရတယ်လို့ဆိုပါတယ်။
  • အဲ့ဒီအကကို “တရန်တဲလား” အကလို့နာမည်ပေးထား ပါသတဲ့။ ယနေ့ထက်ထိ အီတလီမှာ ခေတ်စားနေတဲ့ လက်တင်အက တစ်မျိုးပါပဲ။ ”

 

 

 

 

 

6 comments

  • water-melon

    October 13, 2011 at 7:03 pm

    ကျေးဇူးပါ။ နောက်လည်းရှာပေးပါအုန်း။ 😉

  • naywoonni

    October 13, 2011 at 9:33 pm

    ကောင်းပါလေရဲ့……။ မြန်မာပြည်မှာ ကွန်ပြူတာ စသုံးတဲ့သူတို့ အင်တာနက်စသုံးတဲ့သူတို့ ပထမဦးဆုံးဖွင့်တဲ့ အင်တာနက်ဆိုင်တို့ ပထမဆုံးစဖွင့်တဲ့ အင်တာနက်ဝက်ဆိုဒ်တို့ စာရင်းပြုစုထားရင်ကောင်းမယ်…။ နောက်လူတွေ ဗဟုသုတ ပေါ့……….။

    • water-melon

      October 14, 2011 at 9:16 am

      မြန်မာပြည်မှာ ကွန်ပြူတာစသုံးတာ water-melon ဆိုတဲ့ခပ်ချောချော ခပ်ကြောင်ကြောင်ကောင်လေးဗျ။ အဟီး :blush

    • water-melon

      October 14, 2011 at 9:18 am

      မြန်မာပြည်မှာ ကွန်ပြူတာစသုံးတာ water-melon ဆိုတဲ့ခပ်ချောချော ခပ်ကြောင်ကြောင်ကောင်လေးဗျ။ အဟီး 😆

  • etone

    October 14, 2011 at 12:53 pm

    မောင်နှင်းခါးပြောမှပဲ သိတော့တယ် … အားလုံးလိုလို အရင်က မသိခဲ့ဘူးတာတွေချည်းပဲ … ဗဟုသုတက အဲ့လို စုံတာ 😛

  • kyeemite

    October 14, 2011 at 1:38 pm

    ကိုမုန့်ဟင်းခါး..အဲလေ..ကိုနှင်းခါးရေ

    * ရန်ကုန်တက္ကသိုလ်အား (1920) ပြည့်၊ ဒီဇင်ဘာ (1) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

    * ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးဘွဲ့နှင်းသဘင်ကို (1912) ခုနှစ်၊ နိုဝင်ဘာလ (28) ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ ‘ဂျုဗလီ ခန်းမ’ (Jubilee Hall) အဆောက်အဦးကြီးတွင် ကျင်းပခဲ့ပါသည်။ (မှတ်ချက် ။ ။ ထိုဘွဲ့နှင်းသဘင်ပွဲတွင် လယ်တီဆရာတော်အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ဆက်ကပ်ခဲ့သည်။)
    ဆိုတော့…..
    စတင်ဖွင့်လှစ်တာက ပထမဆုံးဘွဲ့နှင်းသဘင် ထက်နောက်ကျနေပါလား..
    နဲနဲလောက်ရှင်းပြပါအုံးဗျာ..
    ဗဟုသုတရလို့ကျေးဇူးတင်ပါတယ်

Leave a Reply