မင်းမရှိတဲ့ အွန်လိုင်းမှာ ကိုယ်ရောက်နေတယ် ဆိုတာ
ကိုယ့် အနုပညာ ပျိုးခင်းအတွက်ပါ
ချက်တင်းထိုင်တတ်တယ် ဆိုပေမယ့်
အရေမရ အဖတ်မရ ဆိုတာမျိုးကို ကိုယ်မုန်းတာ မင်းသိပြီးသား
ကိုယ် ၊  ဂေဇက်မှာ ကိုယ့် အနုပညာကို စိုက်ပျိုးနေတယ် ခေမာ
မျှော်လင့်ချက် အကြီးအမားကြီး မဟုတ်ခဲ့ပေမယ့်
ဂေဇက်နဲ့  ကိုယ့် အနုပညာ ပျိုးပင်လေးကို
ကိုယ်  မက်မောနေတတ်ခဲ့လေပြီ
ယောက်ျားတစ်ယောက် ဟာ ပိုက်ဆံရှိရင် ပျက်စီးတယ် လို့  ရေးကြတယ်
မန်းဂေဇက် ကို မြင်ဖို့ ကွန်ပျူတာရှေ့ မှာ
ဗိုက်ပူအောင် ထိုင်သူဟာ ကိုယ် ပါ
ယူ ၁၆ တွေ နဲ့ လည်း ကိုယ် မကန်ခဲ့သလို
အိုဗာ၂၀ တွေ နဲ့ လည်း ကိုယ်မကစားခဲ့တာ အမှန်ပါ
တစ်ခါတစ်လေ အပေါစား
တစ်ခါတစ်လေ အပျံစား
အချိန်ကြရင် အတူကဖို့ ဖျားယောင်းနေတဲ့
အဝါရောင် နတ်ဆိုးတွေ ကိုလဲ
ကိုယ် တတ်နိုင်သလောက်ဆန့် ကျင်ခဲ့တယ် ခေမာ
ယုယတဲ့ ကြင်နာနွေးထွေး မှုတွေ နဲ့ 
ကိုယ့်ကို……
အေးချမ်း လွတ်မြောက်ခွင့်ပြုပါတော့ ခေမာ ။
_____________________________
13/10/2011 Wednesday  9.20PM
midw@y
————————- အားလုံးကို ကျေးဇူးတင်ပါသည် ————————-
About မောင် ပေ
မောင် ပေ has written 396 post in this Website..