ခေမာ သို ့

မောင် ပေOctober 13, 20111min23823

ကိုယ့်ရှေ  ့က အနုပညာသမားတွေ သုံးခဲ့သလိုပဲ

ကိုယ့်ရဲ  ့ညတွေ ဟာ  သံချေးတက်နေခဲ့တယ် ခေမာ

မင်းမရှိတဲ့ အွန်လိုင်းမှာ ကိုယ်ရောက်နေတယ် ဆိုတာ

ကိုယ့် အနုပညာ ပျိုးခင်းအတွက်ပါ

ချက်တင်းထိုင်တတ်တယ် ဆိုပေမယ့်

အရေမရ အဖတ်မရ ဆိုတာမျိုးကို ကိုယ်မုန်းတာ မင်းသိပြီးသား

ကိုယ် ၊  ဂေဇက်မှာ ကိုယ့် အနုပညာကို စိုက်ပျိုးနေတယ် ခေမာ

မျှော်လင့်ချက် အကြီးအမားကြီး မဟုတ်ခဲ့ပေမယ့်

ဂေဇက်နဲ ့ ကိုယ့် အနုပညာ ပျိုးပင်လေးကို

ကိုယ်  မက်မောနေတတ်ခဲ့လေပြီ

ယောက်ျားတစ်ယောက် ဟာ ပိုက်ဆံရှိရင် ပျက်စီးတယ် လို ့ ရေးကြတယ်

မန်းဂေဇက် ကို မြင်ဖို ့ကွန်ပျူတာရှေ  ့ မှာ

ဗိုက်ပူအောင် ထိုင်သူဟာ ကိုယ် ပါ

ယူ ၁၆ တွေ နဲ ့လည်း ကိုယ် မကန်ခဲ့သလို

အိုဗာ၂ဝ တွေ နဲ ့လည်း ကိုယ်မကစားခဲ့တာ အမှန်ပါ

တစ်ခါတစ်လေ အပေါစား

တစ်ခါတစ်လေ အပျံစား

မွှေးရနံ  ့လေးတွေကိုလည်း ရှောင်ကြဉ်ခဲ့သူပါ

အချိန်ကြရင် အတူကဖို ့ဖျားယောင်းနေတဲ့

အဝါရောင် နတ်ဆိုးတွေ ကိုလဲ

ကိုယ် တတ်နိုင်သလောက်ဆန် ့ကျင်ခဲ့တယ် ခေမာ

မင်း ရဲ  ့နူးညံ့တဲ့ အနမ်း

သိမ်မွေ  ့တဲ့ နှုတ်ခမ်း

ယုယတဲ့ ကြင်နာနွေးထွေး မှုတွေ နဲ ့

ကိုယ့်ကို……

အေးချမ်း လွတ်မြောက်ခွင့်ပြုပါတော့ ခေမာ ။

_____________________________

13/10/2011 Wednesday  9.20PM

midw@y

————————- အားလုံးကို ကျေးဇူးတင်ပါသည် ————————-

 

 

 

23 comments

  • blackchaw

    October 13, 2011 at 9:30 pm

    ကိုပေက ဒါမျိုးလည်းရတာပဲ။
    ကြိတ်ထားကိုပေ၊ ကြိတ်ထား။

    • windtalker

      October 13, 2011 at 9:33 pm

      ဦးဦးဖျားဖျား ဖတ်ရှူ ့ပြီးသကာလ
      ကွန်မင့်ချီးမြှင့်တော်မူသော ကိုဘလက်ကြီးအား
      ကျေးဇူးအထူးတင်ရှိပါသည်

      • ပေါက်ဖော်

        October 13, 2011 at 9:51 pm

        ♥ပွဲမရှိလို ့.အနားရနေပေမဲ့
        အချစ်နဲ ့ဝေးနေတဲ့ကိုယ့်ဘဝဟာ…
        အိမ်ကွင်းမရှိတဲ့..ခြေစွမ်းပျောက်.ဘောသမားကြီးပါ ခေမာ..
        ♥အဝါရောင်ကိုက်ခဲမှုတွေ…လှည်းကျင်းပြီး..
        သံချေးတက်ညတွေ…ပုန်ကန်ဖို ့…
        ခေမာလေး..ဖေးမကူညီလှည့်ပါတော့နော်
        ♥ချောကြီး မြှောက်ပေးတိုင်း..ကြိတ်ဖို ့အရေး..
        ပေ့ဆီသို ့ခေမာကလေး..အပြေးကလေး..
        လှမ်းခဲ့ပါတော့.ခေမာရယ်…လှမ်းခဲ့ပါတော့..
        😀

  • blackchaw

    October 13, 2011 at 10:05 pm

    အင်း ပေါက်ဖေါ်၊ ခေမာ၊ ကိုပေ သုံးပွင့်ဆိုင်ဇာတ်လမ်း
    အထာတော့ကျနေပြီ ဟေ့ အထာတော့ကျနေပြီ။

    • pan pan

      October 14, 2011 at 11:03 am

      လေးပေါက်ရဲ့ “ဟတ်ထိတယ် ဟတ်ထိတယ်ဟေ့” ကိုသဘောကျလို့လား ဦးချောရ 😀
      သုံးပွင့်ဆိုင်ဆိုရင် ကိုပေါက်ဖော်ကြီးကလည်း လျှော့မယ့်ပုံမပေါ်ဘူးနော်

  • ကိုယ့်ရှေ ့က အနုပညာသမားတွေ သုံးခဲ့သလိုပဲ
    ကိုယ့်ရဲ ့ညတွေ ဟာ သံချေးတက်နေခဲ့တယ် ခေမာ
    (ကိုယ့်ဘဝမှာနောင်တအရဆုံးကတော့ စတိန်းလက်စတီးမသုံးမိလို့သံချေးတက်သွားတာကိုပါဘဲ)

    မင်းမရှိတဲ့ အွန်လိုင်းမှာ ကိုယ်ရောက်နေတယ် ဆိုတာ
    ကိုယ့် အနုပညာ ပျိုးခင်းအတွက်ပါ
    (အပွင့်လင်းဆုံးပြောရရင်တော့ မင်းမရှိရင်လဲ
    ရှိတဲ့လူနဲ့ကိုယ်ကြူမိတာကိုတော့ ဂရုဏာရှေ့ထား
    ကိုယ့်အားခွင့်လွတ်ပါ မခေမာရေ…………….)

    ချက်တင်းထိုင်တတ်တယ် ဆိုပေမယ့်
    အရေမရ အဖတ်မရ ဆိုတာမျိုးကို ကိုယ်မုန်းတာ မင်းသိပြီးသား
    (အဲသဟာကြောင့်ချက်တင်မှာတွေ့တာနဲ့ vzo ကကြည့်
    မြင်ရတာလန်းတယ်ဆိုရင် ဖုန်းနံပါတ်တောင်း
    ရတာနဲ့ဇွတ်အီ၊ပြီးရင်အပြင်မှာတွေ့ဘို့ချိန်း၊
    အဲလိုကြောင့်ကိုယ် ချက်တင်ထိုင်သမျှ
    အရည်မရ အဖတ်မရဆိုတာက လုံးဝဘဲမခေမာရေ)
    ကိုယ့်မှာကြီးမားတဲ့ရည်ရွယ်ချက်နဲ့ ခရီးဆက်
    မင်းလူဝတ်လဲလာတဲ့အခါ တင့်တောင့်တင့်တယ်
    ထားနိုင်ဘို့အတွက်၊
    ကိုယ်ပက်ပက်စက်စက်ကို ကြိုးစားနေတယ် မခေမာ)
    (သဟာကြောင့်လဲ
    ဝါသောစိမ်းသော နီသောပြာသော
    မွှေးသော အီသော
    ချွဲသော ပစ်သော……………..
    သောပေါင်းများစွာနဲ့ ဆွဲဆောင်မူ့ တစ်ခုမှ မညိအောင်နေနိုင်ခဲ့တယ် မခေမာ……………..)
    (နူးညံ့သော အိညက်သော ပူနွေးသောချိုမြသော သောပေါင်းများစွာပါဝင်မဲ့
    မင်းရဲ့အနမ်းတစ်ချက် တပ်မက်စွာ ကိုယ်ရဘို့အတွက်ကတော့
    မင်းမြန်မြန်လူထွက်မှဖြစ်မယ် မခေမာရယ်………………………)

  • naywoonni

    October 13, 2011 at 10:46 pm

    မောင်ပေရေ……. မင့်ခေမာက ဘယ်သီလရှင်ကျောင်းကလဲ……… ဟီးးးးး ခေမာဆိုလို့နောက်တာနော်…. 😛 😛 😛

  • comegyi

    October 13, 2011 at 11:54 pm

    ကိုရင်ပေ ဂဇက်မြင်ရဖို့ကွန်ပျူတာရှေ့ထိုင်လို့ ဗိုက်ထွက်တာလား ………အခြားပယောဂလည်း မပါဘူးလား နော့………ဟဟဟ ……….

  • kocho

    October 14, 2011 at 3:31 am

    MGမှာကိုပေက လူတကာပွါးတဲ့ စူပါစတား (လူချစ်လူခင်ပေါတာကိုပြောတာနော်)

  • ကြောင်ကြီး

    October 14, 2011 at 8:52 am

    လေညှာကနေ
    ခေမာရေ
    ဝေဖာတွေ
    မလုပ်နဲ့
    နေသာသလိုနေ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 14, 2011 at 9:14 am

    ခေမာရေ အချစ်ကလေး
    ယောင်ပြီးတော့လက်ညိုးသွားမထိုးထည့်လိုက်နဲ့
    သူ့ပါးစပ်ထည်းကို
    အရိုးဘဲကျန်လိမ့်မယ်

  • etone

    October 14, 2011 at 9:26 am

    (((ယူ ၁၆ တွေ နဲ ့လည်း ကိုယ် မကန်ခဲ့သလို

    အိုဗာ၂ဝ တွေ နဲ ့လည်း ကိုယ်မကစားခဲ့တာ အမှန်ပါ ))) ဆိုတော့ .. ကြားကလွတ်နေတဲ့ အရွယ်တွေကိုရော .. ဘယ်လို သဘောထားလဲ ကိုပေ 😛

    ကိုပေ့ဆိုလိုရင်းက ..သူများတွေနဲ့ မကြူပဲ ခေမာမှ ခေမာပဲတဲ့လား … ဟီး … ။ ရွာထဲမှာတော့ ခေမာမရှိဘူး .. ရွာထိပ်က သီလရှင်ကျောင်းမှာတော့ရှိလိမ့်မယ် …( ခေမာစိတ်ညစ်ပြီး သီလရှင်ဝတ်သွားပြီ ) 😀

  • နွယ်ပင်

    October 14, 2011 at 9:55 am

    မေပေါင် ခေမာ ဘယ်ရောက်နေလဲလို့ ရှာကြည့်လိုက်တာ
    ရွာခိပ်က သီလရှင်ကျောင်း ရောက်နေပါတယ်တဲ့ ………. 😀

  • pan pan

    October 14, 2011 at 11:01 am

    ခေမာသို့ ဆိုလို့ ခေမာမှတ်တိုင်ပြောတယ်မှတ်တာ
    ၃ရစီး
    ၁၀၈စီး
    ခေမာမှတ်တိုင်မှာဆင်း
    အဲဒါမြောက်ဒဂုံက ခေမာ
    မြောက်ဥက္ကလာမှာရော ခေမာရှိလားမသိ
    ကိုပေပြောတဲ့ခေမာက မန်းလေးက ခေမာလား 😛

  • “ဘီလူးကြီး”ogre

    October 14, 2011 at 11:03 am

    ခေမာရေ ..မရေမရာနဲ့
    မသေချာတာတွေ….လုပ်မနေပါနဲ့တော့
    မောင်ပေမှာတော့ ..
    ရေမွှေးလဲမရှု..ဝီစကီလဲမကူတော့ပါဘူး
    စိတ်တွေလဲပူ..ကတုံးအပေါ်မှာ မညူစူစေလိုလျှင်ဖြင့်
    မယ်သီလံ ဝတ်ရုံချ လို့ ..လူ့ဘုံဘဝကိုထွက်ခဲ့ပါတော့ကွယ်..။။။
    ((မောင်ပေ့ကိုယ်စားခံစားသည်))

  • AKKO

    October 14, 2011 at 11:07 am

    ခေမာ ၊ ဖိနပ်မပါ
    မောင်ပေ ဝယ်ပေးတော့
    စီးဦးမှာ ။ <<<< ဘာမှလည်း မဆိုင်ဘူး 😀 ရွာထဲရောက်တုန်း ခေမာအတွက် ဖိနပ်စပွန်ဆာရှာပေးလိုက်တာ ။

  • Diamond Key

    October 14, 2011 at 11:33 am

    သံချေးတက်နေတဲ့ ညတွေ အတွက်က WD 40,ပျိုးခင်းအတွက်ကတော့ ဩဇာရယ်ပါ။
    မောနေရင် ပျားရည်သောက်၊ ပျက်စီးတယ်ပြောလဲ ပိုက်ပိုက်မရှိရင် မန်းဂေဇက် ကို မမြင်၊
    အေးချမ်း လွတ်မြောက်စေမှုကို ခေမာက မပြုတောင်၊
    အထက်မှာ ပြောခဲ့သလို လိမ္မာမယ်ဆိုရင်တော့၊
    သမ္မတကြီးရဲ့ လွှတ်စာရင်း မှာ ပါနိုင်လောက်ပါတယ် ကိုပေ။

  • Anzartone

    October 14, 2011 at 3:30 pm

    “အေ့ ….
    လေချဉ်တက်တိုင်း
    ဒီဝေဒနာက ခြောက်လှန့်တတ်မြဲပဲ ခေမာ”

    အဟဲ … နောက်တာနော် ။
    ကဗျာက လန်းတယ်ဗျ ။

  • စုံ စုံ

    October 14, 2011 at 3:42 pm

    ခေမာ ခေမာ နဲ့ဖတ်လာလိုက်တာ
    နောက်ဆုံးမှသိတယ် သူက
    ဆရာလေးကိုး 😛
    ကိုပေရေ ဆရာလေးကပြောတယ်
    ဒါနဆန်ပါရှင်တဲ့ 😀

  • pooch

    October 14, 2011 at 6:18 pm

    အယ်……..ဒီတခါ မောင်ပေရဲ့ကဗျာလေးက ဖတ်ရတာကောင်းလိုက်တာ..
    ဇဝနဉာဏ်ကလည်း………………. ရွှင်တယ်..
    အညှီဆိုလည်း …………………….ယင်အုံအောင်ရေးတတ်တယ်… 🙂
    သရော်စာဆိုလည်း…………………..လာထား…
    နူးညံသိမ်မွေ့တဲ့ …………………..အရာများကိုလည်း ဖတ်သူပျော်အောင်ရေးတတ်တယ်…
    မောင်ပေမတတ်တာမရှိတော့ဘူး ……. ထင်ပါ့…..

    • ပေါက်ဖော်

      October 14, 2011 at 7:48 pm

      ဟိုနေ ့က ဖဲရှုံးလို ့..တက်သွားတာ..
      မနဲ ပြန်ဆွဲချရတယ် ဆိုပဲ..
      😮

      • windtalker

        October 14, 2011 at 8:13 pm

        အကစ်သို စကားယူသုံးလိုက်မယ်
        “ တစ်ခါထဲ ရယ်ပါ ”
        ဖော်ကောင်လုပ်တဲ့ပေါက်ဖော်
        နင့်ပုလင်းလုသောက်ပစ်မယ်
        ငွင်းငွင်း

  • padonmar

    October 14, 2011 at 11:08 pm

    မောင်ပေရဲ့ခေမာခေါင်းစဉ်တွေ့တော့ မောင်ပေတစ်ယောက် ခေမာသောင်ကမ်းနိဗ္ဗာန်နန်းကို တက်လှမ်းသွားလို့များ နှုတ်ဆက်ခဲ့လေရော့သလားလို့ ထင်မိပါကြောင်း၊

Leave a Reply