Spoken English Patterns (10)

TTNUOctober 13, 20112min1267

Spoken English Patterns (10)

His chief handicap is that he + verb (Infinitive).

       သူရဲ ့ အဓိကအားနည်းချက်ကတော့ ဒီလိုဖြစ်တာပါပဲ။

 

(1)  His chief handicap is that he comes from a broken family.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ သူက အိမ်ထောင်ကွဲ နေတဲ့ မိသားစု က ကြီးပြင်းလာတာဖြစ်တယ်။

 

(2)  His chief handicap is that he keeps on talking without giving turns to others.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ အခြားသူကို အလှည့် မပေးဘဲ သူချည်းဆက်တိုက်ပြောတာဖြစ်တယ်။

 

(3) His chief handicap is that he mumbles some words in his lecture.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ ဟောပြောပို့ချချက် မှာ စကားလုံးတွေကို မသဲမကွဲပြောတာဖြစ်တယ်။

 

(4) His chief handicap is that he lacks any sense of humour.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ သူ့မှာ ဇဝနဉာဏ် မရှိခြင်းပဲ။

 

(5) His chief handicap is that he feels sensitive to any criticism.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ ဘယ်ဝေဖန် ချက် ကို မဆို မခံမရပ်နိုင်ဖြစ်ခြင်းပါပဲ။

 

(6) His chief handicap is that he shows no consideration for his friends.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ သူငယ်ချင်းတွေအတွက် ဘာမှထည့်မစဉ်းစားတာပဲ။

 

(7) His chief handicap is that he spends too much time on the phone.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ ဖုန်းပြောတာနဲ့ အချိန်ကုန်တာပဲ။

 

(8) His chief handicap is that he tells someone his family secret.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ မိသားစုလျှို ့ဝှက်ချက်ကို တစ်စုံတစ်ယောက်အားပြောပြတာပဲ။

 

(9) His chief handicap is that he humiliates his staff at the meeting.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ အစည်းအဝေးမှာ ဝန်ထမ်းတွေကို အရှက်ရစေတာပဲ။

 

(10) His chief handicap is that he irritates some friends by his way of speaking.

သူ ရဲ ့ အဓိက အားနည်းချက်က တော့ သူ့ပြောပုံဆိုပုံနဲ့ သူငယ်ချင်းတွေကို စိတ်ကသိကအောက်ဖြစ်စေတာပဲ။

 

Handicap:

Handicap နဲ့ ပတ်သက်ပြီး မှတ်သားရအောင် ဥပမာ နည်းနည်း ဖေါ်ပြပါမယ်။

(1) In this job lacking experience is a real handicap.

ဒီအလုပ်မှာ အတွေ့ အကြုံ မရှိခြင်းဟာ တကယ့် အားနည်းချက်ပါပဲ။

(2) Deafness can be a serious handicap.

နားမကြားခြင်းဟာ တကယ် အရေးကြီးတဲ့ ရုပ်ပိုင်းဆိုင်ရာ ချို ့ယွင်းချက်ဖြစ်တယ်။

(3) You are much better than I am, so I need your handicap. What is your current golf handicap?

မင်း က ငါထက် အရမ်းတော်တယ်၊ မင်း ငါ့ကို အကြောပေး ကစားရမှာနော်။ အခု ဘယ်လောက် အကြောပေးမှာလဲ။

(4) People who cannot use part of their body or mind (because it has been damaged in some way) are called the handicapped.

တစ်ခုခုကြောင့် ပျက်စီး သွားတဲ့ ခြေ လက် ခန္ဓာ အစိတ်အပိုင်း တစ်ခု ကို အသုံးမပြုနိုင်တဲ့ သူတွေကို The handicapped လို့ ခေါ်တယ်။

(5) Now they are called the disabled, or rather disabled people to be polite.

( တစ်ပန်းရှုံးနေ သူတွေ လို့ ခေါ်ရတာ ရင့်သီးတာမို့ ) အခု သူတို့ကို The disabled အဲဒါထက် ပို ဆီလျော်တာက Disabled people လို့ သုံးလာကြပါတယ်။

7 comments

  • blackchaw

    October 14, 2011 at 8:54 am

    ဆရာမကြီး ခင်ဗျား။
    အေးအေးဆေးဆေး လေ့လာနိုင်အောင်
    download ဆွဲသွားပါတယ်။
    Million Thanks!

  • ကြောင်ကြီး

    October 14, 2011 at 10:38 am

    My chief handicap is being handy cat. 🙂

  • windtalker

    October 14, 2011 at 11:19 am

    ကျွန်ုပ်၏ အဓိက အားနည်းချက်မှာ လျို ့ဝှက်ချက် သိပ်မထားခြင်း ဖြစ်သည် လို ့ပြောချင်ရင်
    ဘယ်လို ရေးရပါသလဲ ၊ ဆရာမ

    • TTNU

      October 14, 2011 at 1:07 pm

      ကိုဝင်းထော်လခါရေ
      My chief handicap is that I do not keep many secrets.
      ဆိုရင် ရပါပြီ။မောင်ရင် က ဗြောင်ကျတယ် (frank) တယ် လို့
      ပြောချင်တာလား။တီချာ အထင်တော့ ယဉ်ယဉ်ကျေးကျေး ပွင့်လင်းတာ
      ဗြောင်ကျတာ ချစ်စရာကောင်းပါတယ်။ မပွင့်တပွင့် အုံပုန်းတွေဆို အဆင်မပြေဘူး။

    • Foreign Resident

      October 14, 2011 at 1:41 pm

      ” Windtalker’s chief handicap is that he was seduced by beautiful ladies wherever he goes ”
      ” ဘယ်နေရာသွားသွား မိန်းမချောလေးများမှ ဝိုင်းချစ်ကြိုက်သိမ်းသွင်းခြင်း ခံရသည် ”
      Am I right, Sayarma TTNU ??? 😛
      Just Kidding Naw 😛

      • windtalker

        October 14, 2011 at 6:33 pm

        အမငှီး သွေးထွက်အောင် မှန်လိုက်တာနော်
        ဟီးဟီး

  • etone

    October 14, 2011 at 2:39 pm

    ဆရာမရဲ ့ပညာပေး ပို့စ်ဖတ်ရတာ အရမ်းသဘောကျပါတယ် … ။ မှတ်သားစရာလည်းကောင်းသလို ဖတ်လိုက်တာနဲ့ အမြတ်ရသွားစေတဲ့ပို့စ်မျိုးမို့ .. ကူးထားလိုက်ပါတယ်နော် ။ ကျေးဇူးတင်ပါတယ် ။ 🙂

Leave a Reply