မောင်ကောင်းလက်မှတ်ပါ ငွေ ၁၀ဝ တန်ကို နှစ်သိန်းပေးဝယ်


(တွေ့မြင်ရခဲလှသည့် မောင်ကောင်းလက်မှတ်ပါ ကျပ် ၁၀ဝ တန်)

မော်လမြိုင်မြို့တွင် မောင်ကောင်း လက်မှတ်ပါ မြန်မာ ငွေစက္ကူ ကျပ် တစ်ရာတန် တစ်ရွက်ကို ကျပ်နှစ်သိန်း ဝန်းကျင်ပေး၍ ဝယ်ယူနေသည်ဟု သိရသည်။

Read@ myanmar news blog

16 comments

  • water-melon

    October 14, 2011 at 11:34 am

    ကျွန်တော် သိရသလောက်ဆိုုရင် လိုက်ဝယ်နေတာကြာပြီဗျ။ ဘေးအိမ်က ဦးလေးထဲမှာဆို မောင်ကောင်းလက်မှတ်ပါ ပိုက်ဆံတွေအများကြီးဘဲဗျ။ ငွေလဲလို့ရရင် ထောပြီဗျ။

  • နီလေး

    October 14, 2011 at 11:48 am

    မောင်ကောင်းကဘယ်သူပါလဲ ပိုက်ဆံကိုခုမှပဲမြင်ဖူးတယ် တော်တော်တော့ကြာလောက်ပြီထင်တယ်နော် ပိုက်ဆံထဲမှာရေးထားတာက 1918ဆိုတော့ 93နှစ်လောက်တောင်ရှိပြီပေါ့နော်

  • windtalker

    October 14, 2011 at 11:56 am

    ကိုအန်ဇာတုံးရေ
    မောင်ကောင်းမောင်ကောင်း ဆိုလို ့
    ကိုယ်တွေ ့ကြုံရတဲ့ အဖြစ်လေး ပြန်ဖောက်သည်ချဦးမယ်ဗျာ
    မန် ့တော့ မန် ့ပြီးသားပါ
    မသေချာပဲ နေကြာစိုက်မယ့် လူတွေ အတွက် လမ်းညွှန်လေးပေါ့
    မောင်ကောင်း၅ကျပ်=၅၀၀ဝ ကျပ်
    မောင်ကောင်း၁ဝကျပ်=၁၀၀၀ဝကျပ် ပေးပြီး လိုက်လဲနေတယ် ဆိုတဲ့
    သတင်းဟာဖြင့် မန်းတလေးမြို ့မှာ ပြီးခဲ့တဲ့ ၂၁ ရက် /၃ ပတ်ကျော်လောက်က
    တော်တော် ဟော့ခဲ့တဲ့ သတင်းပေါ့
    ကျုပ်တို ့အိမ်က လူကြီးတွေ ဆိုလည်း ၊ ဘီရိုတွေ ထဲ လိုက်ရှာကြတာပေါ့
    ကျုပ် အသိ မန်းတလေးမြို ့78ရှော့ပင်းစင်တာ အရှေ ့ဘက်က
    မြစ်ပါးရပ် ထဲ နေတဲ့ ဘော်ဒါတစ်ယောက်ဆို
    သူတို ့ရပ်ကွက်ထဲမှာလဲ အဲဒါလိုက်လုပ်နေတယ် ဆိုလို ့
    ခေတ်ပေါ်စီးပွားရေး ဆိုပြီး
    အကွက်မြင်စွာနဲ ့
    မောင်ကောင်း၅ကျပ် ကို ၃၀၀ဝကျပ်
    မောင်ကောင်း၁ဝကျပ် ကို ၇၀၀ဝကျပ်ပေးပြီး ဝယ်စုတော့တာပေါ့ဗျာ
    ကျုပ်ကလဲ မြှောက်ပေးတာပေါ့
    ကောင်းတယ် လို ့၊ ၂၀၀ဝ ကျပ် အမြတ် နဲ ့ ၃၀၀ဝ ကျပ် အမြတ် ရမှာ အသေအချာ ပဲ လို ့
    အခုကြတော့….အခုကြတော့ပေါ့လေ
    ဘယ်မှာလဲ ၅ကျပ်=၅၀၀ဝကျပ်
    ဘယ်မှာလဲ ၁ဝကျပ်=၁၀၀၀ဝကျပ်
    စီးပွားအကွက်မြင်လွန်းသူ သူငယ်ချင်းကို မြှောက်ပေးခဲ့သူ ကျုပ်မလဲ
    ရှောင်ဖယ်ရှောင်ဖယ် နေ နေရပါကြောင်းဗျာ

    • Anzartone

      October 14, 2011 at 2:23 pm

      ကျွန်တော့်ရဲ့ ရီစရာ အဖြစ်တစ်ခုကိုလည်း ပြောရဦးမယ်။
      လွန်ခဲ့တဲ့ တစ်နှစ်လောက်ပေါ့ဗျာ။
      စံလင်း လက်မှတ်၊ မောင်ကောင်းလက်မှတ် ပါတဲ့ ပိုက်ဆံတွေကို သောင်းဂဏန်းပေးပြီး လိုက်ဝယ်နေတယ်ကြားလို့ ရန်ကုန်မြို့ထဲက အဟောင်းတန်းမှာ သွားရှာကြည့်တော့ …
      အမလေးဗျာ စံလင်း လက်မှတ်ပါတဲ့ ပိုက်ဆံပါပဲ … ဘယ်လောက်နဲ့ ဝယ်တာလဲလို့ ရောင်းတဲ့လူကို မေးကြည့်တော့ ၁ဝ တန်ကို ၁၀ဝ နဲ့ ဝယ်တယ်တဲ့ဗျာ … ။
      ဒါတောင် သူပြောတဲ့ လေသံက ၁၀ဝ တောင် သိပ်မတန်တဲ့ ပုံမျိုးနဲ့ဗျ … ။
      ကျွန်တော့်အထင်တော့ လုပ်စားနေတဲ့ လူတစ်စုရဲ့ လက်ချက်လို့ ထင်တယ်။
      အခု တင်ထားတဲ့ ပုံကလည်း BiWeeklyEleven ဂျာနယ်ထဲမှာ ပါတဲ့ပုံကို scan ဖတ်ပြီး တင်လိုက်တာပါ။ ကျွန်တော်လည်း ၁၀ဝ တန်ကို အခုမှ မြင်ဖူးတာ။ ဒါကြောင့် မမြင်ဖူးတဲ့လူတွေ မြင်ပါစေဆိုပြီး တင်လိုက်တာပါပဲ ခင်ဗျာ … ။

  • နွယ်ပင်

    October 14, 2011 at 12:15 pm

    မောင်ကောင်းလက်မှတ် တစ်မျိုးတည်းလား စံလင်းဆိုရင်ရော မရဘူူလား
    အိမ်မှာတော့ စံလင်း ပါတာပဲ တွေ့ဘူးတယ် မောင်ကောင်တော့ ရှိမရှိမပြောတက်ဘူးပဲ ..

  • မြန်မာပြည်သား

    October 14, 2011 at 1:04 pm

    ဟုတ်ပ ကျွန်တော့မှာလည်း စံလင်းတွေပဲရှိတယ် ။ စံလင်းကမောင်ကောင်းထက်စောတာမဟုတ်ဘူးလား ။ စံလင်းကိုပိုဝယ်သင့်တာပေါ့ ။

  • AKKO

    October 14, 2011 at 1:46 pm

    ရှေးခေတ်တုန်းက ပိုက်ဆံ မြင်တောင် မမြင်ဖူးပါဘူး ။ 😀

  • kai

    October 14, 2011 at 2:21 pm

    အဲဒီပိုက်ဆံထုတ်တဲ့ခေတ်က..အင်္ဂလန်မှာ..တန်ဖိုးတူ ရွှေပေါင်ထားခဲ့တာလေ..။
    အဲဒါတွေ… ပြန်ထုတ်လို့ရတယ်ထင်နေသလားတော့မသိ..။

    ကြည့်ရတာ.. ကမ္ဘာ့ဘဏ်ပြန်ဝင်.. အကြံပေးမှာနဲ့..ရောင်တော်ပြန်ရောလွှတ်ပြီး.. တယောက်ယောက်မွှေတယ်နဲ့..တူတယ်…။

    အဟင်း..
    လောလောဆယ်တော့ ..စံလင်း(မောင်ကောင်း ပြီးမှလို့ထင်တယ်..) တကျပ်တန်က.. အီးဘေးမှာ ..တဒေါ်လာနဲ့ဝယ်မဲ့သူမရှိ.. (Burma P-46 1 Kyat Year 1958 Au/Unc. Banknote)
    မောင်ကောင်း..(အပေါ်ကငွေစက္ကူနဲ့ချွတ်စွတ်က.. ) ၉.၉၉ဒေါ်လာနဲ့..ဝယ်မဲ့သူမရှိကြောင်း….
    စံလင်း..၁၀ဝတန်.. ၁၉၅၈ က.. ပေါင်စတာလင် ၂..။ (ဒေါ်လာ ၃.၁၅)နဲ့..ဝယ်မဲ့သူမရှိကြောင်း….။

    အမှတ်မမှားရင်..
    မောင်ကောင်း..သား၊သမီးတွေ..ယူအက်စ်..ကျုပ်တို့ကယ်လီဖိုးနီးယားမှာပဲနေထိုင်နေကြောင်း..။( ကြုံလို့ပြောပြတာပါနော…။ ):lol:

  • nozomi

    October 14, 2011 at 2:57 pm

    ကျွန်တော်ကြားဖူးတာလေး တစ်ခုပြောပြချင်တယ်

    ကျွန်တော်တို့မြို့မှာ ရှားပါးပစ္စည်းတမျိုး ( အခု ငွေစက္ကူလိုမျိုးပေါ့) ကို ဈေးကောင်းပေးပြီးလာဝယ်တယ်
    အချိန်နဲနဲကြာတော့ ပစ္စည်းတွေက ရောင်းစရာ မရှိတော့ဘူး ၊ လာဝယ်တဲ့ သူတွေက အခုထက် ဈေးပိုပေးပါမယ် ရသလောက်ကောက်ထားပါ နောက် ပြန်လာဝယ်ပါမယ် ဆိုပြီး ပြန်သွားတယ်
    မြို့ခံလူတွေလဲ ပတ်ဝန်းကျင်ရွာတွေထိ ဆင်းဝယ်တယ် ပစ္စည်းတော်တော်များများလဲ ရတယ်
    ဟိုလူတွေ ဒီနေ့ထိ ပေါ်မလာတော့ဘူး တကယ်တော့ အဝယ်ပြ ဈေးတက်အောင်လုပ်ပြီး တဖက်လှည့်နဲ့ သူတို့ပစ္စည်းတွေပြန်ရောင်းသွားတာ၊ ကြားဖူးတာက အကြောက်လွန်တဲ့သူ၊ယုံလွယ်တဲ့သူ၊ လောဘကြီးတဲ့သူတွေကို လိမ်ရတာ ပိုလွယ်တယ်တဲ့

    အပေါ်က ကိစ္စကတော့ ဒါမျိုး ဟုတ် မဟုတ် မသိဘူး

  • thit min

    October 14, 2011 at 3:01 pm

    International Currency Museum လိုမျိုးမှာမြန်မာငွေစက္ကူကိုပြဘို့လိုတယ်ဆိုရင်တောင် တရွက်ပဲနော်။
    ဘာအတွက်ဖြစ်နိုင်လဲလို့ စဉ်းစားကြည့် ကြရအောင်။
    ခုခေတ်ရဲ့ ငွေလဲနှုန်း (Exchange Rate)အရ အပြည်ပြည်ဆိုင်ရာအသုံးများတဲ့ဘယ်နိုင်ငံရဲ့ငွေကြေး (Currency)မှ
    ကျပ် ၂၀၀ဝ မတန်ဘူးနော်။
    သူပေးမဲ့ ဈေးက ၁ကျပ်ကို ၂၀၀ဝ ကျပ်နှုန်းဟလား။
    ရှေးဟောင်းဈေးလို့ပြောရင်တော့ရပေမဲ့ ရှေးဟောင်းသမားတွေက ငွေဒင်းဂါး၊အကြွေ တွေသာ စု တတ်တာလေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    အဲဒီတော့ ဒီလိုစဉ်းစားမိတယ်။ တကွက်ကျော်ရိုက်ချက်ပေါ့။
    ၁.ရန်ကုန်မှာနေတဲ့ ကိုနေအေး မှာ အဲဒီလို မောင်ကောင်း ရဲ့ ငွေစက္ကူ တွေ အများကြီး ရှိနေတယ်ဆိုပါစို့။
    ၂.ပြီးတော့ မော်လမြိုင် မှာ သတင်းလွှင့်လိုက်မယ် တရွက် ၂သိန်း ပေးမယ်။
    ၃.အဲဒီမှာ စီးပွါးရေးမှာ ဘက်တူရင် လူမရွေးတဲ့ (ကို ) ကြက်တူရွေး (ကိုဝင်းတော်လခါရဲ့ ဘော်ဘော်)က လိုက်ရှာတယ်။
    ၄.ဟော တွေ့မဲ့တွေ့တော့ ရန်ကုန် မှာ၊ ကိုနေအေးရဲ့ တပည့်တယောက်နဲ့တွေ့ ကိုနေအေး စီရောက်ရော။
    ၅.ကိုနေအေးက လူအေး လူရိုး ငတုံး အချဉ် လဒ အချာပင် ပုံစံ နဲ့ပေါ့။
    ၆.ရှိလား~ ရှိတယ်၊ ရောင်းမလား~ ရောင်းမယ်ဘယ်လောက်ပေးမယ်လဲပေါ့။
    ၆.ဒါနဲ့နောက်ဆုံးတော့ တရွက် ၅ သောင်း နဲ့ ဈေးတဲ့သွားပြီ။ ဝယ်ပြီ။(ကို) ကြက်တူရွေး ဒီလိုဟတ်ပီးတယ်။
    ၂၀၀၀၀၀-၅၀၀၀၀= ၁၅၀၀၀ဝ အမြှောက် ဘယ်နှစ်ရွက်ပေါ့။
    ၇.အဲဒီ မှာ ဂွမ်းတာ မော်လမြိုင်ကဝယ်မဲ့ လူ ကိုလိုက်ရှာတော့ တောင်ပေါ်တက်သွားတယ်တဲ့(ယိုးဒယားသွားတယ်။)
    ၈.နောက် တော့ စုံစမ်းပါ များလာတော့ အပြတ်ဖြတ်တယ်။ လိုသလောက် “ရ” သွားလို့ မ”ဝယ်” တော့ဘူးတဲ့။
    ၉.ကဲ ဒေါင်းရုပ်လေးတွေနဲ့ ၁၀ဝ တန် လေးကို (ကို) ကြက်တူရွေး လက်ထဲမှာ အနားယူသွားပါပြီ။
    ကိုနေအေးတို့ကတော့ ၅၀၀၀ဝ အမြှောက် ဘယ်နှစ်ရွက်က ရတဲ့ ငွေ နဲ့ ကေတီဗီ မှာလား၊ဘာလား။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဦးကောင်းရဲ့ သမီးထဲက ဆရာမဒေါ်ကြည်မေကောင်းကတော့ ယူအက်စ်မှာဆိုတော့ သူဂျီးနဲ့ နီးတယ်။
    သမီးအငယ် ဆရာမဒေါ်ရီမေကောင်း (သစ်မင်းတို့ဆရာမ) ကတော့ ထိုင်း မှာနေပါတယ်။
    သူ့တို့ဖေဖေရဲ့ လက်မှတ်ပါလို့ ရောင်းရင် တရွက်တော့ ဝယ်မလား မသိဘူး။ (ဟဲဟဲ) (^^)
    လေးစားပါတယ်
    သစ်မင်း

  • lwinmg

    October 14, 2011 at 4:38 pm

    😆
    ဒီသတင်း အဟုတ်ထင်ရင်တော့ ကုန်ကြဦး မှာပါ
    ကျနော်တို့မြို့မှာလဲ တစ်လောက လှုပ်လှုပ်ရှားရှားလေးတော့ဖြစ်သွားပါတယ်
    ပြီးလဲပြီးရော ဝယ်မဲ့သူတွေ ပျောက်သွားကြောင်းပါ ။

  • aye.kk

    October 16, 2011 at 2:39 pm

    တန်ဖိုးရှိတဲ့ပိုက်ဆံဆိုတာလူတိုင်းတန်ဖိုးထားမြတ်နိုးလို ့သာဝယ်ယူကြတာပါ

  • Don Juan Ronald

    October 16, 2011 at 9:26 pm

    ဒီလိုမျိုလှည့်ကွက်တွေဟိုလွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော်လေးဆယ်လောက်ကတည်းကဖြစ်နေတာ၊ယခုထိရောင်လို့ဝယ်လို့မပြီးနိုင်ပါသေးဘူးလားခင်ဗျာ?

  • moethiha

    October 20, 2011 at 8:04 pm

    ဒီသတင်းကြီးက ကျွန်တော်တို့ဘက်မှာလဲ တော်တော်ခေတ်စားနေတယ်
    ၁၀ဝ တန်တော့မမြင်ဘူးပါဘူး ..
    ကျန်တဲ့ပိုက်ဆံအနုတ်တွေလဲဝယ်တယ်တဲ့
    ဘာလို့ ဝယ်မှန်းလဲမသိဘူး…………. ယိုးဒယားဘက်ကဝယ်တာလို့ပြောတာပဲ..

  • we R one

    March 14, 2012 at 7:13 pm

    အဲလို သာ တကယ်ဝယ်ရင် ရွှေဘုံသာလမ်းဘေးလူတွေ သူဌေးဖြစ်ပြီ..

  • htet way

    March 14, 2012 at 8:13 pm

    အင်း ကိုကြီးမဟာရေ ဒီကိစ္စက ငွေကုန်သံပြာပါ ။
    မဟုတ်ဘူး လို့ပဲ အားနာနာနဲ့ပြောပါရစေ ဟုတ်တယ်ဆိုရင် လာခဲ့ပါ နွားရုပ်နဲ့ ပိုက်ဆံ
    ထမ်းလို့မနိုင်အောင်ရစေပါမယ်။
    ဒါဟာလုပ်စားသူတစ်ချို့က လုပ်စားတာပါ။
    သူတို့မှာ ရှိတာတွေထုတ်ချင်တော့ ငါးစာတတ်ပြီးမျှားလိုက်တာပါပဲ။
    မလုပ်ကောင်းတဲ့ အလုပ်ပါ။
    နောက်ဆင်ဆွဲမှတို့ ဆင်နှစ်ကောင်တို့ သံကြိုးနှစ်ထပ်တို့ ရှိပါသေးတယ်။
    လူတစ်ယောက်စံလငါးတွေဝယ်ပြီး အိတ်နဲ့ကိုရှိတာပါ
    ငွေတွေဆုံးရှုံးသွားလို့ ခပ်ကြောင်ကြောင်ဖြစ်နေပါတယ်။
    အော်…….လောဘ….လောဘ

Leave a Reply