စိန်ခေါ်ခြင်း

……………….စိန်ခေါ်ခြင်း………………

ချိုမြိန်တဲ့ ချစ်ခြင်း
ခါးသက်တဲ့ ဝေဒနာ
အရာရာဟာ ဆန်.ကျင်ဘက်
ရက်စက်လိုက်တဲ့ လောကရေ….။

တိုင်တည်စရာ
ငါ့ကမ္ဘာပျောက်ဆုံး
မင်းကိုမုန်းတယ် လောကရေ…..။

ကြုံသမျှ သောက
ပြောပြဖို့ ‘သူ’ မရှိတော.
အားလုံးကို အရွဲ့တိုက်
အဆုံးထိ မိုက်မယ်
လောကကြီးကို…..စိန်ခေါ်တယ်…။

ဒါလေးကတော. ခံစားရသမျှက အနုပညာနဲ. ပတ်သက်ရင် ဘာပဲဖြစ်ဖြစ် ကုန်ကြမ်းတွေေပေါ့နော။

————————-ကုန်ကြမ်း———————-

ကဗျာသည်သာ ငါ့ဘဝ
မညီမျှတဲ့ လောကမှာ
သောကကို ဖြေဖျောက်
စိတ်ရဲ. ထွက်ပေါက်………..။

ရည်းစားထားတော့ ကွဲ
ချစ်သူရှာတော့ လွဲ
ရည်ရွယ်သူက သစ္စာဖောက်
ကြိုက်သလောက်သာ အသဲကွဲစမ်း
ငါ့..အတွက်..ကုန်ကြမ်း…….။

( လွန်ခဲ့တဲ ရှစ်နှစ်လောက် အကွဲတွေသည်းပြီးရေးထားခဲ့တာလေးတွေပါ။ အခုရွာထဲမှာက လူစုံလို့ ဘယ်သူမှမသိအောင် သူငယ်ပြန်ပြီးရေးလိုက်တာ။ အဲဒီအချိန်ကခံစားမှုကို အခုပြန်တွေးကြည့်ရင်တော. ရယ်ချင်စရာကြီး.. )

မှတ်ချက်။ ။ လူဆိုးမှာလဲ အသည်းနဲ.ပါ။

10 comments

  • small cat

    October 14, 2011 at 5:39 pm

    လူဆိုးကြီးရယ် အသဲနုတယ်ဆိုပေမဲ့ နာမည်ကကြောက်စရာကောင်းနေတော့
    ချစ်သူလည်းပြေးမှာပေါ့။
    လက်သီးကပြင်းပြီး အပျင်းပြေလူသတ်တယ်ဆိုတော့ ရည်းစားကတော့ကွဲမှာ
    သေချာပါတယ်။

  • ချစ်စ/ဆ ရာ

    October 14, 2011 at 6:05 pm

    အသဲကွဲနေသလား
    ချစ်စရာအလွန်ကောင်းခြင်းကြောင့် ချစ်စရာဟူ၍လည်းကောင်း
    ( ဝိသေသ = ပျိုပျိုးတိုင်းကိုကြိုက်တဲ့နှင်းဆီခိုင်ကြီး )
    အချစ်တို့၏ဆရာဖြစ်သောကြောင့် ချစ်ဆရာဟူ၍လည်းကောင်း ( ဝိသေသ = လူပျိုကြီး )
    ချစ်စ/ဆရာ ကို ဆက်သွယ်ပါ

  • ရာဇဝင်လူဆိုး

    October 14, 2011 at 6:23 pm

    မရှိမကောင်း..ရှိမကောင်း…ဒူဒေလဲ မသိဘူး…။
    @@@လောကတွင် မိန်းမတို.သည်ကား အချစ်ကို တန်ဖိုးဖြတ်ရာတွင် အတော်ဆုံးတည်း……
    (ရွှေ၊ ငွေ၊ ရာထူး၊စည်းစိမ်၊ ပျော်ရွှင်မှုများဖြင့် အချစ်အား တန်ဖိုးြဖြတ်ပြီး မိမိမချစ် မနှစ်သော့သူကိုလဲ လက်တွဲနိုုင်ရာ၏)
    @@@လောကတွင် ယောက်ကျားတို့သည်ကား အချစ်ကို ခုတုံးလုပ်ရာတွင် အတော်ဆုံးတည်း…
    (လက်ကလေးကိုင်လဲ ..ချစ်လို့၊ ပါးလေးနမ်းလဲ ချစ်လို့တဲ့……..တိဂျမှာပါ)
    ဘယ်သူတွေပိုချစ်တတ်လဲ မေးရင်တော့ ယောက်ကျားများက ပိုချစ်တတ်ပါကြောင်းပြောရင်း…

  • windtalker

    October 14, 2011 at 6:31 pm

    လောကကြီးကို လည်း စိန်ခေါ်ပါ
    ပြီးရင် ပတ္တမြား ၊ နီလာ ၊ ကျောက်စိမ်း ၊ မြ အစရှိသည်များကို ဆက်ခေါ်ပါ
    ( စတာနော်…. )
    🙂

  • thit min

    October 14, 2011 at 6:55 pm

    ကုန်ကြမ်း စိန်ခေါ်၊ ကုန်ချောဖော်
    ရာဇဝင် လူဆိုး၊ ဒိုင်ဗင်ထိုး
    ပုဆိုးကိုချွတ်၊ ဘောင်းဘီဝတ်
    ဂွတ်တယ်လို့ထင်၊ ကညာစင်
    ချစ်ခင်ပါကြောင်း၊ ကြေညာမောင်း
    အကြောင်းမမှန်၊ နောက်တယောက်ကြံ
    အဖန်ဖန်မှတ်တမ်း၊သူ့ဇာတ်လမ်း။

  • ပေါက်ဖော်

    October 14, 2011 at 7:53 pm

    စိန်ခေါ်ရင် ..အိမ်ပေါ်တက်..
    ယုန်ရာဇဝင်တွေဖျက်ပြီး..
    တအားဖက် ပလိုက်မယ်.. (ယောက္ခမ လစ်ရင်ပြောတာပါ)
    မလစ်ရင်တော့..ကုန်ကြမ်းရှာပြီး အလွမ်းမင်းသားကြီးလုပ်မပေါ့လို ့..
    ဟုတ်ဝူးလား…
    ညှင်း..ညှင်း.ညှင်း..
    😀

  • ရာဇဝင်လူဆိုး

    October 14, 2011 at 8:02 pm

    တိန် ! ……ကိုမှတ်တို. လုပ်လိုက်မှ နောက်ကြောင်းတွေပေါ်တော့တယ်…။

  • အသဲကွဲတော့ ကုန်ကြမ်းရ
    ကုန်ကြမ်းရတော့ ကဗျာဖြစ်
    ကဗျာဖြစ်ချင်ရင်အသဲခွဲ
    မကွဲဘူးဆိုရင် ကဗျာမဖြစ်
    ကဗျာမဖြစ်တော့ စိတ်လေ
    စိတ်ပြေအောင်အရက်သောက်
    အရက်သောက်တော့
    ကုန်ကြမ်းရ
    ကုန်ကြမ်းရတော့ကဗျာဖြစ်
    ကဗျာဖြစ်တော့ခံစား
    ခံစားရတော့
    အသဲကွဲ
    အသဲကွဲတော့အရက်သောက်
    အရက်သောက်တော့ အသဲခြောက်
    အသဲခြောက်တော့
    ကဗျာဖြစ်။
    ဒါပေမယ့်နောင်ဘဝကျမှာဖတ်လို့ရမယ်

  • koyinmaung

    October 15, 2011 at 6:03 am

    ကိုသစ်မင်းကဗျာမိုက်သဗျို
    ရာဇဝင်လူဆိုးကြီးအရှက်ကွဲတော့မလို့
    ပုဆိုးကိုချွတ် …. ညှင်းညှင်းညှင်း
    တော်သေးတာပေါ့..
    ဘောင်းဘီပြန်ဝတ်ပေးလိုက်လို့…..

  • စုံ စုံ

    October 15, 2011 at 11:47 am

    ကိုရာဇဝင်လူဆိုးရယ် လွန်ခဲ့တဲ့၈နှစ်လောက်ကအသည်းကွဲကဗျာကိုဘာလို့ခုမှပရိတ်သတ်ရှေ့
    ချပြတာလဲ အမှန်ကအဲ့အချိန်ထဲက ရက်ပါ အထာနဲ့ ရက်ပင်တွေ ရွတ်ပြခဲ့ရမှာ အဲ့လိုသာဆိုရင်
    စိုင်းစိုင်းခမ်းလှိုင်နာမည်ကြီးတာလောက်တော့ ဒို့ရွာသားကိုရာဇဝင်လူဆိုးကပျင်းတောင်ပျင်းသေးတယ်ဖြစ်သွားမှာနော့ 😀

Leave a Reply