ဖိုးသီးချိုနှင့် နေလသစ္စာတို့၏ သတင်းကျွတ်အထူးလက်ဆောင် ကိုကျေးဇူးတင်ခြင်း

ဒီပိုစ့်လေးကို ကျွန်တော့စိတ်ကူးနဲ့တင်တာတော့မဟုတ်ပါဘူး ။ ကျွန်တော့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ yetazar (ခ) တေဇာ ရဲ့စိတ်ကူးလေးပါ ။ ကိုတေဇာက ဂေဇက်စည်းကမ်းကိုဖေါက်ဖျက်မိတဲ့အတွ (၁ဝ ) ရက်အဖွဲ့မှထုတ်ပယ်ခြင်းခံထားရပါတယ် ။ ဒီပိုစ့်ကလေးကို ကိုတေဇာကိုယ်တိုင်ရေးပြီးတင်ပေးတာပါ ။ ဒီအတွက် ပိုစ့်ရေးခ ကို သဂျီးအနေနဲ့ မပေးရင်လဲရပါတယ် ။

မန်းဂေဇက်ရွာသူ/ရွာသားများခင်ဗျား ။ ချီးကျူးဂုဏ်ပြုထိုက်သူကို ချီးကျူးဂုဏ်ပြုတာ မင်္ဂလာတစ်ပါးပါ ။ တစ်ချိန်တုန်းက ဖိုးသီးချိုကိုပြောခဲ့တာဆိုတာ စီးပွါးရေးလုပ်နေတာကိုမနာလိုလို့မဟုတ်ပါဘူး  ပြည်သူတွေအတွက်လိုအပ်ချက်ကို တောင်းဆိုခဲ့တာပါ ။ ခုတော့ပြည်သူတွေအတွက် ဖိုးသီးချိုနဲ့ နေလသစ္စာက သီတင်းကျွတ်အထူးလက်ဆောင်ပေးလိုက်ပါပြီ ။ ဒါကြောင့်မို့ချီးကျူးဂုဏ်ပြုထိုက်သူကို ချီးကျူးဂုဏ်ပြုလိုက်ပါပြီ။မနေ့ညနေပိုင်းကစပြီးဒီပိုစ့်ကလေးကိုရေချင်ခဲ့တာပါ ။ သံတွဲတံတားကြီးပေါ်မှာ အပေါက်ကြီးကိုလဲ နေလသစ္စာမှ ပြုပြင်ဖာထေးပြီးသွားပါပြီ ။ သွားရေးလာရေးလဲအဆင်ပြေသွားပါပြီ ။ သတင်းကျွတ်လပြည့်နေ့မှာ တံတားပေါ်မှာမီးမလာတော့ တံတားပေါ်မှာမိသားစုလိုက်အပန်းဖြေသူတွေ ၊ ဖြတ်သွားသူတွေအခက်အခဲဖြစ်ခဲ့ရပါတယ် ။ လပြည့်ကျော်တစ်ရက်နေ့ ညနေမှာတော့ ဖိုးသီးချိုကုမ္မဏီက ဝန်ထမ်းတွေမီးတွေဆင်နေတာတွေ့ရပါတယ် ။ ညဘက်ရောက်တော့ ။ တံတားကြီးကျက်သရေရှိလိုက်တာ ။ တံတားပေါ်မှာ ဆိုင်ကယ်တွေကားတွေ မီးကြီးဖွင့်စရာမလိုတော့ပါဘူး ။ သွားလာသူတွေလဲ အန္တရာယ်ကင်းကင်းနဲ့သွားနိုင်ကြပါပြီ ။ ဖိုးသီးချိုကုမ္မဏီက ခုလိုလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ ပြည်သူတွေအတွက်စေတနာရှိလို့လုပ်ပေးတာကိပြည်သူတွေကလ မေတ္တာရောင်ပြန်ဟပ်ပြီး တံတားကြီးမီးပြတ်တဲ့ဘဝပြန်လည်မရောက်ရှိအောင် ကြိုးစားထိမ်းသိမ်းကြမှာပါ ။ ဖိုးသီးချိုကုမ္မဏီနဲ့ နေလသစ္စာကုမ္မဏီတို့ရဲ့  သီတင်းကျွတ်အထူးလက်ဆောင်ကတော့ ပြည်သူတွေအတွက်တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး ။ ကြီးပွါးတိုးတက်ကြပါစေ ။

ကျွန်တော် တေဇာပါ ။ မကြာခင်မှာပြန်လာခဲ့ပါ့မယ် ။ ဒီပိုစ့်နဲပတ်သက်တဲ့ကွန်မန့်တွေကို ကျွန်တော်ကိုယ်တိုင်ရှင်းမပေးနိုင်တာတော့ခွင့်လွှတ်ပါ ။ ကျွန်တော်ပြစ်ဒဏ်ခံနေရပါတယ် ။ သဂျီးနှင့်တကွအားလုံး ကျန်းမာချမ်းသာကြပါစေ ………….. ။     ။

26 comments

  • aungnng87

    October 14, 2011 at 2:18 pm

    ဒါဆိုရင်ဒီသံတွဲတံတားကြီးပေါ်မှာအခုကနေစပြီးမီးအမြဲတမ်းရတော့မှာေပေါ့နော်…။ လမ်းကြီးလဲချောမွေ့သွား ပြီပေါ့… ။ကောင်းလိုက်တာ..ဒါဆို ရင်ဒါဟာမန်းဂေဇက်ရဲ့ကောင်းမှုလား။ ဘယ်လိုဘဲဖြစ်ဖြစ်ကောင်းသတင်းဘဲ။ ဒီသတင်းအတွက်ဂုဏ်ယူပါတယ်။

  • kai

    October 14, 2011 at 2:59 pm

    မြန်မာပြည်ထဲ.. လပြည့်နေ့..လွတ်ငြိမ်းချမ်းသာခွင့်တွေပေးကတည်းက.. မန္တလေးဂေဇက်ကလည်း.. ပိတ်ထားသူတွေကို.. အကုန်ပြန်ဖွင့်ပေးလိုက်ပြီလို့.. ပြောလိုက်ပါဗျာ..
    လွတ်လပ်စွာ ပြန်ရေးနိုင်/ဆွေးနွေးဝေဖန်နိုင်ပါပြီလို့..။

    • ကြောင်ကြီး

      October 15, 2011 at 12:28 pm

      သမတဂျီးဦးသိန်းစိန်ကတော့ ပြန်လွှတ်ပေးလိုက်သူတွေကို တယောက်တထောင် လမ်းစရိတ် ပေးသတဲ့။ သဂျီးကရော ပွိုင့်တထောင်စီ ပေးဖို့ဆန္ဒမရှိဘူးလား…။ ညီညာက ပြည်သာ၏။ သံတွဲသားများ မိမိတို့ အခွင့်အရေးအတွက် ဝိုင်းဝန်းတောင်းဆိုကြပါ..။ 👿

      • manawphyulay

        October 15, 2011 at 12:39 pm

        အင်း အမြဲ ဒီလိုသတင်းတွေပဲ ကြားနေချင်ခဲ့တာပါ ဘယ်နေရာပဲရောက် လူသားအားလုံးအတွက် ကိုယ်ချင်းစာနာချင်းဆိုတဲ့ တရားကို လက်ကိုင်ထားကြမယ်ဆိုရင်တော့ အရာအားလုံးက အေးချမ်းနေမှာပါ။ ပိုပြီး အေးချမ်းအောင် သဂျီးက လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးလိုက်တယ်ဆိုတော့ မန်ဘာအသစ်ဝင်တဲ့သူတွေအတွက် ပွိုင့်တွေ အတော်တိုးပေးထားပြီး လက်ရှိမန်ဘာများအတွက်တော့ နည်းနည်း အတိုးနည်းနေသေးကြောင်း သီတင်းကျွတ်အခါသမယမှာ တွေ့ရှိရပါတယ်။

  • seahorse

    October 14, 2011 at 3:08 pm

    ရိုးးးးး ကတိမတည်ပါလား။မဖြစ်သင့်ဘူး. ထားလိုက်ပါတော့။ဒီလူတွေ အကောင်းတော့ မြင်တတ်သေးပါလား။

  • lwinmg

    October 14, 2011 at 3:50 pm

    အဖျက်အမှောင့် ကတော့ ရှိနေသေးပုံဘဲ
    အမြင်မှန်ရသင့်ပြီ

    အေးချမ်းမှု ရနိုင်ကြပါစေ

  • thit min

    October 14, 2011 at 6:30 pm

    ” ကျွန်တော်ပြစ်ဒဏ်ခံနေရပါတယ် ။”တဲ့လား၊
    ဟားဟားဟား………………………………..
    ခေတ်ကာလ အခြေအနေအရ ဆိုရင်ကျနော်တို့ သူကြီးဦးခိုင် ခမျာ တော်တော်ဆိုးတဲ့ “position”
    ကိုရောက်သွားပါလား ကွယ်။

  • windtalker

    October 14, 2011 at 6:36 pm

    သူကြီးခိုင်ခိုင်သည်
    သကြိုင်ခီးခီး ဖြစ်ပေသည် ဟု
    ကြွေးကြော်ကြပါလေ
    အို သံတွဲသားများ

  • koyinmaung

    October 14, 2011 at 6:55 pm

    တို့သူကြီးလဲ ဦးသိန်းစိန်ကိုအားကျသွားပြီထင်တယ်….

  • ဝေးလွင့်တိမ်

    October 14, 2011 at 8:22 pm

    အဖွဲ့ထဲကိုပြန်ဝင်ခွင့်ပေးလို့ သဂျီးကိုအရမ်းကျေးဇူးတင်ပါတယ် ။ ပြစ်ဒဏ်ခံရတယ်ဆိုတဲ့စကားက သဂျီးကို “position” ဆိုးစေချင်လို့မဟုတ်ပါဘူး ။ ဆရာလို ။ အုပ်ထိန်းသူလို့သဘောထားပြီးပြောတာပါ ။ ကလေးတစ်ယောက် ကျောင်းမတက်ပဲ ဆော့နေရင် ဆရာကရိုက်တာ အဲဒီကလေးကိုပြစ်ဒဏ်ပေးတာလေ ။ ဒီလိုပဲ ကျွန်တော်ကလဲ ဂေဇက်စည်းကမ်းတွေဖေါက်မိတော့ သဂျီးရဲ့အပြစ်ပေးတာကိုခံရတာပေါ့ ။ အပြစ်ပေးလို့လဲစိတ်မဆိုးပါဘူး ။ သင့်တော်တဲ့အပြစ်တွေ ချမှတ်ပေးလို့ကျေးဇူးတောင်တင်သေးတယ် ။ ခုပိုစ့်ကလေးက ကျွန်တော် ဝင်ခွင့်မရသေးဘူးထင်လို့တင်လိုက်တာ ။ ခုနကမှ ကျွန်တော့မိတ်ဆွေမြန်မာပြည်သားလာပြောလိုု့ ကျွန်တော်ပြန်ဝင်ခွင့်ရပြီပြောလို့ ။ အားလုံးကိုကျေးဇူးတင်ပါတယ် ။

  • ဝေးလွင့်တိမ်

    October 14, 2011 at 8:31 pm

    သံတွဲတံတားကြီး လှပခန့်ညားသွားတာကတော့အမှန်ပါ ။ ခုလဲ ကျွန်တော်သွားကြည့်ဖြစ်တယ် ။ လမ်းလျှောက်တဲ့သူတွေ ။ လေညှင်းခံတဲ့သူတွေအများကြီးပဲ ။ ဖိုးသီးချိုကဝန်ထမ်းတွေလည်း ညဖက် တံတားပေါ်ကိုသွားကြည့်စေချင်ပါတယ် ။ ကိုယ်လုပ်ပေးတဲ့အလုပ်တစ်ခုရဲ့ပီတိကိုခံစားရမှာပါ ။ ရေဆာနေကို ရွှေပေးတာထက် ရေတစ်ခွက်ပေးတာက ပိုတန်ဖိုးရှိတယ်ဆိုတဲ့စကားပုံရှိပါတယ် ။ ကျွန်တော်တို့လဲ တံတားမှာမီးငတ်နေတာပါ ။ တံတားမှာမီးရလိုက်တော့ ရွှေရတာထက်ပျော်ပါတယ် ။ ကြီးပွါးတိုးတက်ကြပါစေ ။

  • ပေါက်ဖော်

    October 14, 2011 at 9:33 pm

    သံတွဲသားတွေနဲ ့အတူ..
    ဖိုးသီးချိုနှင့် နေလသစ္စာတို့၏ သတင်းကျွတ်အထူးလက်ဆောင်အား..ကျေးဇူးတင်သဗျ..

    ဒါနဲ ့..
    သဂျီး..ပြန်ဖွင့်ပေးလိုက်တာ..မသိသေးလို ့လား….
    ထိပ်တုံးရက် မပြည့်သေးဘူး ထင်လို ့လားမပြောတတ်….
    သံတွဲအဖွဲ ့..ငြိမ်နေသဗျ..
    သဂျီးထိပ်တုံး အစွမ်းကလဲ..ပေါ့သေးသေး မဟုတ်ပါကလား..

  • foewa

    October 14, 2011 at 9:41 pm

    ဟိဟိ.. ငြိမ်ဆို တုတ်တုတ်တောင် လှုပ်ရဲဘူး ဗျို့
    ထိပ်တုံး က အစွမ်းသားကလား
    အခတ်ခံရတဲ့သူတွေ ပြန်ပြောပြလို့ .. အမလေးဗျ…
    ထမင်းလဲ မကျွေးဘူး တဲ့ ။

  • okersoe

    October 14, 2011 at 10:10 pm

    မြင်ရကြားရ မင်္ဂလာ သတင်းတွေ မို့ ကောင်းပါတယ်
    ကြုံဆုံတွေ့ကြရတဲ့ အခိုက်လေးမှာ အဆင်ပြေအောင်နေထိုင်ကြပါစို့။

  • အာရက္ခ မြေသား

    October 15, 2011 at 11:13 am

    မင်္ဂလာပါ ကိုယ့်ညီကို တို ့ရေ။ကျနော် ကအမှားတွေကို အမှန်ပြင်၍ အပြုသဘောဆောင်သော မည်သူ ့ကိုမျှ မနစ်နာစေလိုသော ကွန် မန် ့များကိုသာ အစဉ်တစိုက်ပေးခဲ့ပါတယ်။ခုလို မေတ္တာထားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။ဖိုးသီးချို ကုမ္ပဏီအနေနဲ ့လဲ ရှေးကတည်းကပျက်နေတဲ့ မီတာတွေကို တမြို ့လုံးနီးပါး ပြန်လည်တပ်ဆင်ပေးခြင်း၊သစ်ပင်များ ရှင်းလင်းရခြင်း၊လမ်းမီးတိုင်များပြုပြင်ပေးခြင်းတို ့ကို အမြဲတမ်းကြပ်မတ်ဆောင်ရွက်နေတာကို မိဘပြည်သူများအသိပါ။အမြတ်အစွန်းကျန်နေတဲ့ လုပ်ငန်းဖြစ်တာကြောင့် ကြံ့ခိုင်ရေးပါတီမှ ဖိုးသီးချိုဆီမှလုယူရန်ကြိုးစားထိုးနှက်နေကြတာသိသာပါတယ်။ယခုပို ့စ်ကိုတင်ကြသူတွေက တော့ သိပြီးသားဖြစ်ကြမှာ ဖြစ်တဲ့ကြံ့ခိုင်ရေးပါတီဝင်များသာဖြစ်ပါတယ်။ကိုယ့်မြို ့ကလူတွေ သူတလူငါတမင်းတစ်စခန်းထ လုပ်ကိုင်ခဲ့တဲ့ မီးလင်းရေးကော်မတီ အဆက်ဆက်မှာ စက်သုံးဆီခိုးမှု၊မီတာခိုးမှု မြောက်မြားစွာခံခဲ့ရပြီး မအောင်မြင်တာ ဆယ်စုနှစ်ပေါင်းမနည်းတော့တဲ့ လုပ်ငန်းကို ဖိုးသီးချို ကုမ္ပဏီမှ အနစ်နာခံ ကြိုးစား၍အောင်မြင်လာတော့မှ မောင်းထုတ်ဖို ့ကြိုးစားနေကြတာကို ရပ်တန် ့၍ ပို၍ကောင်းမွန်အောင် ယခုကဲ့သိူ ့စာများသာရေးသားပေးဖို ့တိုက်တွန်းပါသည်။

  • မောင်တုတ် ကြီး

    October 15, 2011 at 12:00 pm

    ကျနော် မောင်တုတ်ကြီးရွာပြင်ထုတ်အပြစ်ပေးခံရသော်လည်း စိတ်မပျက်မိပါဗျာ။ လိပ်ကို ကျပိုးဖြစ်အောင်ပြောနေသူများကို ပြောချင်အသိပေးချင်၍သာ ပြောမှားဆိုမှားဖြစ်ခဲ့ရသည့်အတွက်တောင်းပန်ပါတယ်။ ဒါပေမယ့် ပြောရမှာက ကျနော့်အလုပ်၊ အရေးယူရမှာ ကသူကြီးတာဝန်မို ့ ပြောစရာရှိမယ်ဆိုရင်ဆက်ပြောရပါလိမ့် မယ်။မောင်တုတ်ကြီး က ဆက်လက်၍သူတို ့ကိစ္စများကို ကတိပေးထားသည့်အတိုင်း လုပ်ဆောင်သွားမှာပါ။လူလိမ်၊လူညာတွေကို ဖော်ပြပေးတာ မင်္ဂလာတစ်ပါးပါ ဗျာ။

    • Thantwethar

      October 15, 2011 at 9:27 pm

      အာရက္ခ မြေသားနဲ့.မောင်တုတ် ကြီးရေကျွန်တော်လည်း သီတင်းကျွတ်ဆိုတော့ရွာပြန်ပြီးမိဘတွေ ကို ကန်တော့နေတာနဲ့MGကိုဝင်မကြည့်ဖြစ်တာပါ။ကိုယ့်ဘော်ဒါတွေလည်းအပိတ်ခံထားရတော့ စိတ်မကောင်းဖြစ်ပြီး မကြည့်ဖြစ်တာပါ။ယခုလည်းသီတင်းကျွတ်မှာသူကြီးနှင်.့တကွ ကန်တော့ထိုက်သူ အားလုံးကိုရှိခိုးကန်တော့ပါတယ်ခင်ဗျာ။ဒီလိုအကောင်းမြင်ဝါဒလေးတွေရေးတဲ့ပိုစ့်တွေဆိုရင်ထောက်ခံသွား မှာပါ။လမ်းမီးတိုင်တွေမှာမီးချောင်းတွေအသစ်တပ်ပြီးပြီဆိုပေမဲံ့ဒါတွေကိုဖိုးသီးချိုတင်မဟုတ်ဘဲကျွန်တော် တို. မြို့သူမြို.သားတွေကလည်းထိန်းသိမ်းရမှာပါ။ ဖိုးသီးချိုဆီမှလုယူရန်ကြိုးစားထိုးနှက်နေကြတာသိသာပါတယ်။ ယခုပို ့စ်ကိုတင်ကြသူတွေက တော့ သိပြီးသားဖြစ်ကြမှာ ဖြစ်တဲ့ကြံ့ခိုင်ရေးပါတီဝင်များသာဖြစ်ပါတယ်ဆိုတဲ့သတိပေးချက်လေးဟာအမှန်ပါ။ ဒါကိုသံတွဲသားတွေသတိထားကြဖို့.ထပ်ဆင့်တိုက်တွန်းလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။။။။။။။။။

  • char too lan

    October 15, 2011 at 1:22 pm

    ဒါမျိုးလေးတွေလဲ ဖြစ်တတ်တယ်ပေါ့လေ…. သူဂျီးမင်း အာဏာတကယ်ရှိသကိ်ုးးးးးးး 😯
    ကြားပဲကြားဖူးပီး ဒါမျိုးမတွေ ့ဘူးတော့ သူဂျီးအလကား အလကားသူဂျီးပဲလို့ အောက်မေ့ခဲ့တာ
    ချာတူး အမှားဂျီးမှားတွားဒါပေါ့…………….. 🙁

  • chochin

    October 15, 2011 at 3:18 pm

    တစ်ချို့လဲ အမြင်မှန် ရဖို့ တစ်ယူဇနာလောက်ဝေးနေသေးသလားမသိဘူး၊
    အင်းပေါ့လေ ကျည်တောက် သဘောမျိုး ဖြစ်နေပုံလေး ၊
    အသံကောင်းဟစ်လေ ယုံရခက်လေ ပေါ့၊
    ဘယ်လောက်များ အကျိုးပြုနိုင်သလဲ စောင့်ကြည့်နေရတော့မှာ၊

  • အာရက္ခ မြေသား

    October 15, 2011 at 6:45 pm

    ကိုယ့်ညီကို သံတွဲသားလူ ့ငနာ ချိုချဉ်ရေ…..
    မှတ်ထားပေါ့ ဦးနှောက်ပါရင် ဝေးး
    တခါလာလဲ. ဒီစကား၊နှစ်ခါမြောက်လဲ ထိုစကား
    အကောင့်သာပြောင်း။လူမပြောင်း
    မသိဘူးများမှတ်နေသလား
    တုတ်ကြီးမောင် ဝေကာပေး၊နင့်တို ့အကောင့်တွေ ဝေးးးးးး

  • phoekhwarchay

    October 16, 2011 at 12:27 pm

    ဆရာလိုလို၊သဘာလိုလို လေသံပေး တဲ့ကောင်တွေလဲ တွေ ့နေရတယ်ဗျာ။ဂိတ်မှူးဇာတ်ပျက်ရဲ ့အပေါင်းအပါတွေ ပေါနေပါလား။မှတ်လောက်အောင် သီတင်းကျွတ်လက်ဆောင် B ဆိုဒ်ဖွင့်ပေးမယ်။

    • Thantwethar

      October 16, 2011 at 6:48 pm

      phoekhwarchay…….မင်းမိုက်ရိုင်းတိုင်းငါတို.မမိုက်ရိုင်းဘူး။ဘာဖြစ်လို.လဲဆိုတော့ငါကမင်းတို့.လိုလိုက်ပြီး ရန်တွေ.မယ်ဆိုရင်သူကြီးကငါ့ကိုပိတ်မယ်။ငါကမင်းဒို့.လိုအကောင့်အများကြီးဖွင့်၊ အရှက်မရှိနာမည်တွေအမျိုး မျိုးပြောင်းပြီးဖွင်.မထားတဲ့အတွက်မင်းတို.နဲ့.လိုက်ပြီးမရိုင်းဘူးကွ။ ဒါပေမဲ့အတိုင်းအတာတစ်ခုအထိပေါ့ကွာ။။။

  • ဝေးလွင့်တိမ်

    October 16, 2011 at 6:14 pm

    မောင်တုတ်ကြီး ၊ အာရက္ခမြေသား ၊ Thantwethar တို့ရေ ။ ခင်ဗျားတို့ကလဲခက်တယ်ဗျာ ။ ပိုစ့်အောက်မှာပိုစ့်နဲ့မဆိုင်တာတွေမရေးကြပါနဲ့ ။ ကျွန်တော်ခင်ဗျားတို့နဲ့ဖက်ပြိုင်ပြောမနေတော့ပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော်အရမ်းရှက်တတ်တယ် ။ မန်းဂေဇက်ထဲမှာ သဂျီးအပြစ်ပေးခံရတဲ့သူဘယ်နှစ်ယောက်ရှိဘူးလဲ ။ မေးကြည့်လိုက်ပါဦး ။ အရင်တစ်လောကဖြစ်သွားတာတွေအရမ်းရှက်စရာကောင်းတယ် ။ ဗုဒ္ဓဘာသာမိဘစစ်စစ်တွေကပေါက်ဖွါးလာတဲ့ သားသမီးတွေပဲဗျာ ။ ယဉ်ယဉ်ကျေးကျေးနေကြရအောင်ဗျာနော် ။ မောင်တုတ်ကြီး ၊ အာရက္ခမြေသား ၊ Thantwethar တို့အားလုံးကျန်းမာချမ်းသာဘေးဘယာဝေးကွာကြပါစေဗျာ ။ ပိုစ့်နဲ့ပတ်သက်တဲ့အဓိကအားသာချက် ၊ အားနည်းချက်လေးတွေကိုပဲ ဆွေးနွေးပေးကြပါလို့မေတ္တာရပ်ခံပါတယ် ။ ကြားထဲကနာမည်မပျက်ချင်တော့ပါဘူးခင်ဗျာ ။ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်ကြပါစေ ။

  • seahorse

    October 16, 2011 at 10:49 pm

    ရိုးးးး ကိုဝေးလွင့်တိမ်ရေ. အကိုကတော့ပြောနေကျတိုင်း အာရက္ခမြေသား၊မောင်တုတ်ကြီး၊သံတွဲသားတို ့ကိုဘဲ လက်ညှိုးထိုးနေပါလား။တကယ်တော့ အပေါ်က ဖိုးခွားချေက အဆဲတပိုင်းနဲ ့အမိနဲ ့သား၊မောင်းရင်းနှမ မကြားသာအောင် ဆဲဆိုနေတာကို တခွန် ့မှမတားပါဘူး။ဒါက ဘာသဘောပါလဲ။မမြင်တာလား၊မမြင်ချင်ယောင်ဆောင်နေတာလား ။

  • kai

    October 17, 2011 at 4:11 am

    အခု..အပေါ်ကမန်းတာတွေမှာ … ဖျက်ထားတာတွေက.. အယ်ဒီတာအနေနဲ့.. တခြားရွာသားတွေရဲ့..ရပ်တည်မှုအပေါ်.. ပုဂ္ဂလိကဆိုင်ရာ…ဝင်ရောက်ဆုံးဖြတ်မှတ်ချက်ပေးထားတယ်လို့ ..ယူဆလို့ပါ..။
    ရွာသားတယောက်က.. တခြားတယောက်အပေါ်.. ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိပါကြောင်း.. သတိပေးလိုရင်းပါ..။

  • mgmgmone

    October 17, 2011 at 5:42 pm

    မောင်မိုးဒီအနေနဲ ့ကိုခိုင်ပြောတာကို ထောက်ခံပါတယ်။ဒါပေမယ့်. ထင်မြင်ချက်ပေးလို ့မရတာကိုတော့ သဘောမခွေ ့လှဘူးဗျာ။မဟုတ်တမ်း တရား၊သွားပုတ်လေလွင့်ပြောနေတာ တွေကိုရပ်မယ်၊အပြုသဘောဆွေးနွေးကြမယ့် ညီအကို၊နှမတွေကိုအားပေးရမယ်၊ဖျက်စီးသူကို တိုက်ထုတ်ရမယ် ဒါတာဝန်ဘဲမဟုတ်လားဗျာ။

Leave a Reply