ဒီနေ့တော့ rule of thirds အကြောင်းရေးမယ်ဗျ .... ကျနော့်ရိုက်သက် တိုတိုလေးအတွင်းမှာ ပထမဆုံးနဲ့ ဦးဦးဖျားဖျား..
လေ့လာခဲ့ရတဲ့ rule လည်းဖြစ်ပါတယ်ဗျာ ...

pro: photography life အတွက် မဟုတ်ဘဲ အိမ်သုံးဓါတ်ပုံတွေအတွက်ပါ အသုံးပြုနိုင်တဲ့အတွက် မသိသေးတဲ့ ရွာထဲက သယ်ရင်းတွေ
အတွက်ပါ ...rules တွေဘာတွေရေးလို့ ... ဆြာလုပ်တယ် ရယ်လို့ မယူဆစေချင်ပါဘူး... တကယ်ဆို သည်လိုရေးဖို့  ၏
ကျနော် စာပြန်ဖတ်ဖြစ်တဲ့အတွက်ရွာကို ကျနော့်ဘက်ကတောင် ပြန်ပြီး ကျေးဇူးတင်ရမှာပါဗျ....

(ထုံးစံအတိုင်း ၀ီကီ က စာ ကိုပဲ ဖြည့်စွက် အစာသွပ်ပြီး မူပိုင် လုပ်ပါ့မယ်...)

rule of thirds ကို အလွယ်ပြောရရင် ဒါ့ပုံတပုံ ကို ၉ပိုင်းပိုင်းကြည့်ပါတဲ့ ...
ကန့်လန့် လိုင်း ၂လိုင်း ဒေါင်လိုက် လိုင်း ၂လိုင်း ဆွဲလိုက်ရင် ၉ပိုင်း ဖြစ်ပီပေါ့ဗျာ..
ဟုတ်ကဲ့ အဲ့သည့် ၉ပိုင်းမှာမှ လိုင်းတွေတခုနဲ့တခု ဖြတ်တဲ့နေရာတွေမှာ အရေးကြီးတာတွေထားပါ တဲ့ခင်ဗျ..
ကျနော် ပုံနဲ့တကွ ရှင်းပါ့မယ်..










rule-of-thirds ရဲ့ အနှစ်ချုပ်ကတော့ ၃ပုံ၂ပုံ သော နေရာမှာ အဓိက အရေးအကြီးဆုံး(ဒါ့ပုံမှာ ကိုယ် အပြချင်ဆုံးအရာ ....)subject
 ကိုပြောပါတယ်အဲ့ဒါကို ထားပြီး ရိုက်ပါ လို့ ဆိုပါတယ်...

ဒါဟာ ရှေးယခင် ပန်းချီ composition theories တွေက နေဆင်းသက်လာခဲ့တာ ဖြစ်ပါတယ် ....
စာနဲ့ပေနဲ့ ပြောရမယ်ဆိုရင် ၁၇၉၇မှာ ဖွဲ့စည်းမှုသဘောတရား rule of thires ကို John Thomas Smith က ရေးသားခဲ့တယ် လို့ ဆိုပါတယ်
အလင်း အမှောင် ဖွဲ့စည်းမှု သဘောတရားကို အခြေခံပြီး ရလာတဲ့ idea ကို သည်လို နာမည်ပေးဖြစ်ခဲ့တာပါ..
နောက်ပိုင်းမှာတော့ အလင်းအမှောင်သာ မက ပဲ subject တွေပါrule of thirds နဲ့  compositeလုပ်လာကြပြီဖြစ်ပါတယ်..











simple composition landscape ဥပမာ တခုနဲ့ အကြံပေးပါရစေ...
စမ်းချောင်းလေးတစ်ခု စီးနေတာကို ရိုက်ကြမယ်ဆိုပါစို့ ...
ကောင်းကင် စမ်းချောင်း နဲ့ ကမ်းပါး မြေပြင် သည် ၃ခု ကို ၃ပုံ၁ပုံစီ (အကြမ်းဖျင်းဖြစ်ပါသည်)နေရာပေးပြီး ရိုက်သင့်တယ် လို့ ထင်ပါသည်။
ပြချင်တာကတော့ စမ်းချောင်းကလေးပါ သို့သော် သူ့ကို ထင်ရှားပေါ်လွင်အောင်လို့ ပုံရဲ့ ကျန်တဲ့ ၃ပုံ၂ပုံ ကို harmony သဘောတရားနဲ့ အားဖြည့်တာ
ဖြစ်ပါတယ် ...

နောက် တပုံလောက် ထပ်စမ်းကြည့်ရအောင် ... အဲ့သည့် စမ်းချောင်း လေး ကိုပဲ ရေစီးနေတာကို အပြည့် ရိုက်မယ်ဆိုပါစို့ ...
ရေထဲမှာ ကျောက်စိုင်ကျောက်ခဲတို့ သစ်တုံးတို့ တခုခု သော အရာဝတ္ထုရှိနေမယ် ဆိုပါစို့ ...အဲ့သည့်အရာ ကို ပုံရဲ့ဒေါင်လိုက် သော်လည်းကောင်း
အလျားလိုက်သော်လည်းကောင်း ၃ပုံ၁ပုံသော နေရာမှာ ထားပြီး ရိုက် ပါလို့ အကြံပေးချင်ပါတယ် ...

လူပုံ ရိုက်တဲ့အခါမှာလည်း သည်သဘောတရား ကို အသုံးချ နိုင်ပါတယ်..
model က camera ကနေ 45 degree လောက် စောင်းပြီး ထိုင်နေတယ် ဆိုပါစို့
ကင်မလာ ဘက်ကို သမင်လည်ပြန် လှည့် ကြည့် ခိုင်းပြီး ရိုက်တယ် ဆိုပါစို့ ဗျာ..
(ပြောရင်း ရိုက်ချင်လာပြန်ပီ ..)
မော်ဒယ် ကို ပုံရဲ့ အလည် တည့်တည့်ကြီးမှာ ထားပြီး မရိုက်ဘဲ ပုံရဲ့ ဘယ်ဘက် သို့ မဟုတ် ညာဘက် ကို ကပ်ပြီးထား ရိုက်တာ ပိုကောင်းပါတယ်..
ကျနော် google ကနေ ဘုန်း လာတဲ့ ပုံပါ ...(ကျနော် ရိုက်တာ မဟုတ်ရပါ)
လူပုံ portrait မှာ အရေးအကြီးဆုံး နဲ့ အထင်ရှားဆုံး ဖော်ပြရမယ့် အစိတ်အပိုင်းက မျက်နှာဖြစ်ပါတယ်..
(တခြားသော ရည်ရွယ်ချက်တွေနဲ့ ရိုက်တဲ့ ပုံတွေ မပါ ...)
မျက်နှာ ထဲမှာ မှ မျက်လုံး ဖြစ်ပါတယ်..
<ပုံ၁>

 









သည်ပုံဟာ rule of thirds ကို အတိအကျ လိုက်နာထားပြီး composition အလွန်ကောင်းမွန်ပါတယ်..
ကျနော်တို့ အလွယ် လုပ်တတ်သလို model ရဲ့ မျက်နှာကိုသာ ပုံရဲ့ အလယ် ဗဟို တည့်တည့် မှာ ထားရိုက်လိုက်ရင် ရသ ပျက်ပြီ ဖြစ်ပါတယ်..

<ပုံ၂>










သည်ပုံကို horizontal cross အရင်ကြည့်ကြည့်ရင်  ပန်းခင်းနဲ့ ကောင်းကင် ကို 2/3 & 1/3 နေရာပေးထားတာတွေ့ရပါမယ်..
ကွင်းပြင်ကျယ် လွတ်လပ်မှု ဒါတွေကို ကို ခံစားလို့ရအောင် သည်လို ပေးထားတာဖြစ်ပါတတယ်..
ပြောင်းပြန် 1/3 & 2/3 လုပ်လို့လဲရပါတယ် ...ဒါဆိုရင်တော့ ပန်းခင်းကို အသားပေး ရိုက်တာဖြစ်သွားပြီး အထက်က  mood တွေမဟုတ်တော့ဘဲ
ပန်းခင်းရဲ့ လှပမှု နှစ်လိုဖွယ်ကောင်းမှုကို ဖော်ပြတာ ဖြစ်သွားပါပြီ။
vertical cross ကို ကြည့်ရင် တော့ သစ်ပင် တစ်ပင် ကိုတွေ့ရမှာဖြစ်ပါတယ်...အနီးအဝေး သဘောတရားအရ သေးသေးလေးဖြစ်နေပေမယ့်
ပုံရဲ့အလယ်မှာ မထားဘဲ ၃ချိုး ၁ချိုးမှာ ထားတာကိုတွေ့ရမှာပါ..သည် composition အရ ချစ်သူ၂ဦးရဲ့  ဆုံစည်းရာ နေရာလေး တစ်ခုလား
...ငယ်သူငယ်ချင်းတွေ ကစားခဲ့ကြတဲ့ နေရာလေးလား... စတဲ့ စွတ်ပျံ့လွမ်းမောဖွယ် mood ကိုရပါတယ်..
သစ်ပင်ကို အလယ်တည့်တည့်မှာ ထား ၇ိုက်လို့ မရဘူးလား မေး၇င်တော့ ပန်းခင်းကို ဖြတ်တဲ့ လမ်းသွယ်လေးသာရှိမယ်ဆိုရင်တော့
သစ်ပင်ကို အလယ်မှာထား လမ်းသွယ်လေးကို ရှေးရှုရာ ပုံစံမျိုး ဖွဲ့စည်းပီး ရိုက်နိုင်ပါတယ်လို့ ဖြေပါရစေ...

<ပုံ၃>










သူတို့ ဆီက စွယ်တော်ရွက် ကလေးလား ..ရေမှာပေါက်တဲ့ အပင်ရဲ့ အရွက်ကလေး လားတော့ မသိဘူးဗျ...လှထှာ ...
ရေပြင်မှာ အပေါ်က သစ်ပင်ဆီက အရိပ်ကျနေတဲ့ အပိုင်း နဲ့ ကောင်းကင်ပြင်ကြီး ရဲ့ ပုံရိပ် ထင်ဟပ်နေတဲ့အပိုင်း ကို ၃ချိုး၂ချိုး
ယူထားတာတွေ့ရပါမယ်
အရွက်ကလေးတွေကိုလည်း ပုံရဲ့ ညာဘက် မှာ ထားရိုက်တာကိုတွေ့နိုင်ပါတယ်...
အလယ်မှာ တရွက်ရှိတယ်လို့ စောဒက တက်ချင်တက်လို့ရပါတယ် ..အဲ့သည့် အရွက်ကစပြီး 1/3 ကိုပို့ပြီးရိုက်ရင် ညာဘက်အစွန်ကအရွက် ထောင့်ကပ်
ဘေးထွက် ဖြစ်သွားမှာပါ ပြီးတော့ ရေပြင်ရဲ့ ရောင်ပြန်ဟပ်မှု အချိုးလည်း ပျက်သွားမှာပါ

ကျနော် sample ရှာခဲ့တဲ့ပုံလေးတွေက ညာဘက် ပဲ ကပ်နေကြလို့ rule-of-third က ညာဘက်ခြမ်း ပဲ ကပ်ရမှာလား လို့ မေးစရာရှိပါတယ်
မဟုတ်ပါဘူး ..ဘယ်ဘက်ကိုလည်း ကပ်နိုင်ပါတယ်...
horizontal အရပြောရရင်လည်း အောက်ဘက် ၃ပုံ၁ပုံ ကပ်နိုင်သလို အပေါ်ဘက် ၃ပုံ၁ပုံမှာလည်း ထားနိုင်ပါတယ်...
<ပုံ၎>









ဒါဟာ ဘယ်ဘယ် အပေါ်ဘက်မှာsubject ကို ထားတဲ့ ပုံပါ...horizontal အရပြောရရင် သူ့ကို အောက်ဘက် မှာကပ်ထားရင်
လေယာဉ်ဟာ အမြင့်မှာပျံသန်းနေတယ်ဆိုတဲ့ ဂုဏ်လျော့ကျသွားနိုင်ပါတယ် ...နောက်တချက် သိမ်းငှက်တကောင်လို  ကုတ်တော့မယ့်
ရှေ့ကို ခပ်စောင်းစောင်း စိုက်ထားတဲ့ fighter jet ရဲ့ ပုံစံအရလည်း အပေါ်မှာ ထားမှ အဆင်ပြေမှာပါ..
လေယာဉ်ရဲ့ ရှေ့ဘက် မှာ space အလွတ်အများကြီးထားပြီး ဘာလို့ ရိုက်ထားသလဲ လို့မေးရင် လားရာအရပ် ကို ပြချင်လို့ လို့ဖြေရမှာဖြစ်ပါတယ်
ဒါကို  Lead Room composition လို့ခေါ်ပါတယ် ..လှုပ်ရှားနေတဲ့အရာတွေကို ရိုက်တဲ့အခါ လားရာအရပ်ကို သိရအောင် subject မျက်နှာမူရာ
အရပ်ရဲ့ ရှေ့မှာ space ချန်ပြီး ရိုက်ရပါတယ် ...လေယာဉ်မှမဟုတ်ပါဘူး ..ကား..ရထား..သင်္ဘော နဲ့ ဘောလုံးဆွဲပြေးတဲ့ပုံကအစ သည် သဘောတရား
ကိုလိုက်နာ ရမှာပါ
သည်ပုံကို ဘယ်ဘက်ထောင့်မှာထားလိုက်ရင် ပုံစံပျက်သွားပါပြီ... အလယ်မှာ ထားလိုက်ရင်လည်း ကြည့်ကောင်းတော့မှာ မဟုတ်ပါဘူး..

သူများပုံတွေ အပြီးမှာ ကျနော် ရိုက်ထားတဲ့ ပုံ တချို့နဲ့လည်း rule of third မှတ်ကျောက် အတင်ခံပါ့မယ် ခင်ဗျ...

<skytree>









ဒါ tokio skytree ကို sumida ပန်းခြံထဲက ရိုက်ထားတဲ့ပုံပါ ..ထုံးစံအတိုင်း ကျနော် fisheye lens သုံးပါတယ်..
10mm တော့အပြည့် မဆွဲတော့ဘဲ distortion ပါတယ်ဆိုယုံ 12mm နဲ့ ရိုက်ထားတာပါ tripod ပါမသွားလို့ long-exposure တော့
မလုပ်လိုက်ရပါဘူး ..
အလျားလိုက် ကတော့ ကောင်းကင် တော အုပ် နဲ့ ရေပြင်ကို ၃ချိုး ၁ချိုးစီပေးထားပါတယ်..
ဒေါင်လိုက် အနေအထားနဲ့ ပြောရရင်တော့ skytree ကို ညာဘက် ၃ချိုး၁ချိုးမှာ ထားပါတယ် ...
ဓါတ်တိုင်လိုမျိုး ထိုးထိုးထောင်ထောင် အရာဝတ္ထုမျိုးကို ဒါ့ပုံရဲ့ အလည်တည့်တည့်မှာ မထားသင့်ဘူး လို့ဆိုကြပါတယ်
ပုံကို ဘယ်နဲ့ညာ ၂ပိုင်း ပိုင်းပစ်သလိုဖြစ်လို့ပါ..
<hanabi>












သည်ပုံကတော့ sumida fireworks တုန်းက ရိုက်ခဲ့တဲ့ပုံပါ landscape တွေရိုက်လေ့ရှိတဲ့ အလျားလိုက်မဟုတ်ဘဲ
portraits ရိုက်တဲ့ composition ဒေါင်လိုက်ရိုက်ထားတာပါ ..ဘာကြောင့်လဲဆို မီးပန်းရဲ့ စတက်သွားတဲ့ နေရာကနေ
ကောင်းကင်မှာ ပေါက်ကွဲလွင့်စင် ထွက်လာတဲ့အထိ မြင်ချင်လို့ ဖြစ်ပါတယ်..စပြီး တက်သွားတဲ့နေရာကနေ စပြီးပေါက်ကွဲတဲ့နေရာအထိကို
horizontal 1/3 တွေမှာ ထားပြီး ရိုက်ခဲ့တာပါ ...vertical အရလည်း ကျနော် rule of thirds ကို အတိအကျလိုက်နာခဲ့ပါတယ်..
18-55mm kit lens ကို 55mm အထိ အပြည့်ဆွဲပြီး ရိုက်ခဲ့တာပါ ..exposure time က 4s လောက် လို့ ထင်ပါတယ်..

<eagle>
















ဒါ enoshima ကမ်းခြေက သိမ်းငှက်ဖြစ်ပါတယ် ..
55-250mm lens ကို 200ကျော် ဆွဲပြီး shutter speed အမြန်နဲ့ ရိုက်ခဲ့တာပါ
ရုတ်တရက် ကြည့်ရင် အလယ်ရောက်နေတယ်ထင်ရပါတယ် ...ကျနော် vertical 1/3 ကိုပဲ လိုက်နာခဲ့တာပါ ...
့horizontal အရတော့ ငှက်ရဲ့ခေါင်း က အလည်ရောက်နေပါတယ်..ဘာလို့ vertical ကိုပဲ လိုက်နာခဲ့သလဲဆိုရင်
ကျနော် lead room cropping လုပ်ချင်လို့ပါ ... horizontal 1/3 ကိုလိုက်နာဖို့ဆိုရင်တော့ ကျနော့် ငှက်ဟာ သေးသွားပါလိမ့်မယ် ...
ပုံရိပ်ရဲ့ sharpness ဖြစ်မှုကို အသားပေးချင်လို့ frame အပြည့် ဖြတ်ယူခဲ့တာပါ ..

နိဂုံး အနေနဲ့ ကတော့ သူငယ်ချင်းတို့ အလည် သွားကြတဲ့အခါ အပျော်ဒါ့ပုံရိုက်ကြတဲ့အခါ rule-of-thirds အရ ရိုက်မယ်ဆိုရင်
ပိုမိုကောင်းမွန်တဲ့ compositionမျိုး ရမှာ ဖြစ်တယ် လို့ ပြောချင်ပါတယ်. .။ သည်နေရာမှာဖြည့် စွက်ပြောချင်တာလေးတခုက
ဘောင်ကျယ်ကျယ် ၇ိုက်ပါ ပြီးတော့မှ rule-of-third အရ crop လုပ်ယူပါ ဆိုတာပါပဲ ...အခြေအနေတိုင်းမှာ rule အတိုင်း
ရိုက်နေလို့ မဖြစ်နိုင်ဘူးမလား... ကျနော် ငှက်ပုံကို rule အတိုင်းရိုက်ခဲ့မယ်ဆို ၁ပုံတောင် ရခဲ့မှာ မဟုတ်ပါဘူး..
တတ်နိုင်သလောက် ဘောင်ကျယ်ကျယ် ရိုက်ပြီး စိတ်ကြိုက် ပြန် cropလုပ်ယူခဲ့တာပါ ..နောက်တခုက ကျနော်တို့ ဒါ့ပုံစရိုက်တဲ့အခါ

နောက်ဆုံးအချက်ကတော့ photography enthusiast သူငယ်ချင်းတွေအတွက်ပါ ...နေရာတိုင်း rule of thirds ကို လိုက်နာနေဖို့
ထက် အနေအထား အရ လိုအပ်ရင် rule of thirds ကို တမင်တကာ ချိုးဖောက်ပြီး ရိုက်ရတာတွေ ရှိကြောင်း ပြောပြချင်ပါတယ်..
သူများနဲ့မတူတဲ့ creative composition တွေ ရလာပါမယ်။
rule တခုကို ချိုးဖောက်တော့မယ်ဆိုမချိုးဖောက်ခင် အဲ့သည့် rule ဟာ ဘာလဲ ဘာအတွက်လဲ ဆိုတာသေချာသိထားသင့်တယ် မဟုတ်လားခင်ဗျာ..

			

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011