Rule of Thirds and Photography Tips

ムラカミOctober 14, 20114min28930
ဒီနေ့တော့ rule of thirds အကြောင်းရေးမယ်ဗျ .... ကျနော့်ရိုက်သက် တိုတိုလေးအတွင်းမှာ ပထမဆုံးနဲ့ ဦးဦးဖျားဖျား..
လေ့လာခဲ့ရတဲ့ rule လည်းဖြစ်ပါတယ်ဗျာ ...

pro: photography life အတွက် မဟုတ်ဘဲ အိမ်သုံးဓါတ်ပုံတွေအတွက်ပါ အသုံးပြုနိုင်တဲ့အတွက် မသိသေးတဲ့ ရွာထဲက သယ်ရင်းတွေ
အတွက်ပါ ...rules တွေဘာတွေရေးလို့ ... ဆြာလုပ်တယ် ရယ်လို့ မယူဆစေချင်ပါဘူး... တကယ်ဆို သည်လိုရေးဖို့  ၏
ကျနော် စာပြန်ဖတ်ဖြစ်တဲ့အတွက်ရွာကို ကျနော့်ဘက်ကတောင် ပြန်ပြီး ကျေးဇူးတင်ရမှာပါဗျ....

(ထုံးစံအတိုင်း ဝီကီ က စာ ကိုပဲ ဖြည့်စွက် အစာသွပ်ပြီး မူပိုင် လုပ်ပါ့မယ်...)

rule of thirds ကို အလွယ်ပြောရရင် ဒါ့ပုံတပုံ ကို ၉ပိုင်းပိုင်းကြည့်ပါတဲ့ ...
ကန့်လန့် လိုင်း ၂လိုင်း ဒေါင်လိုက် လိုင်း ၂လိုင်း ဆွဲလိုက်ရင် ၉ပိုင်း ဖြစ်ပီပေါ့ဗျာ..
ဟုတ်ကဲ့ အဲ့သည့် ၉ပိုင်းမှာမှ လိုင်းတွေတခုနဲ့တခု ဖြတ်တဲ့နေရာတွေမှာ အရေးကြီးတာတွေထားပါ တဲ့ခင်ဗျ..
ကျနော် ပုံနဲ့တကွ ရှင်းပါ့မယ်..










rule-of-thirds ရဲ့ အနှစ်ချုပ်ကတော့ ၃ပုံ၂ပုံ သော နေရာမှာ အဓိက အရေးအကြီးဆုံး(ဒါ့ပုံမှာ ကိုယ် အပြချင်ဆုံးအရာ ....)subject
 ကိုပြောပါတယ်အဲ့ဒါကို ထားပြီး ရိုက်ပါ လို့ ဆိုပါတယ်...

ဒါဟာ ရှေးယခင် ပန်းချီ composition theories တွေက နေဆင်းသက်လာခဲ့တာ ဖြစ်ပါတယ် ....
စာနဲ့ပေနဲ့ ပြောရမယ်ဆိုရင် ၁၇၉ရမှာ ဖွဲ့စည်းမှုသဘောတရား rule of thires ကို John Thomas Smith က ရေးသားခဲ့တယ် လို့ ဆိုပါတယ်
အလင်း အမှောင် ဖွဲ့စည်းမှု သဘောတရားကို အခြေခံပြီး ရလာတဲ့ idea ကို သည်လို နာမည်ပေးဖြစ်ခဲ့တာပါ..
နောက်ပိုင်းမှာတော့ အလင်းအမှောင်သာ မက ပဲ subject တွေပါrule of thirds နဲ့  compositeလုပ်လာကြပြီဖြစ်ပါတယ်..











simple composition landscape ဥပမာ တခုနဲ့ အကြံပေးပါရစေ...
စမ်းချောင်းလေးတစ်ခု စီးနေတာကို ရိုက်ကြမယ်ဆိုပါစို့ ...
ကောင်းကင် စမ်းချောင်း နဲ့ ကမ်းပါး မြေပြင် သည် ၃ခု ကို ၃ပုံ၁ပုံစီ (အကြမ်းဖျင်းဖြစ်ပါသည်)နေရာပေးပြီး ရိုက်သင့်တယ် လို့ ထင်ပါသည်။
ပြချင်တာကတော့ စမ်းချောင်းကလေးပါ သို့သော် သူ့ကို ထင်ရှားပေါ်လွင်အောင်လို့ ပုံရဲ့ ကျန်တဲ့ ၃ပုံ၂ပုံ ကို harmony သဘောတရားနဲ့ အားဖြည့်တာ
ဖြစ်ပါတယ် ...

နောက် တပုံလောက် ထပ်စမ်းကြည့်ရအောင် ... အဲ့သည့် စမ်းချောင်း လေး ကိုပဲ ရေစီးနေတာကို အပြည့် ရိုက်မယ်ဆိုပါစို့ ...
ရေထဲမှာ ကျောက်စိုင်ကျောက်ခဲတို့ သစ်တုံးတို့ တခုခု သော အရာဝတ္ထုရှိနေမယ် ဆိုပါစို့ ...အဲ့သည့်အရာ ကို ပုံရဲ့ဒေါင်လိုက် သော်လည်းကောင်း
အလျားလိုက်သော်လည်းကောင်း ၃ပုံ၁ပုံသော နေရာမှာ ထားပြီး ရိုက် ပါလို့ အကြံပေးချင်ပါတယ် ...

လူပုံ ရိုက်တဲ့အခါမှာလည်း သည်သဘောတရား ကို အသုံးချ နိုင်ပါတယ်..
model က camera ကနေ 45 degree လောက် စောင်းပြီး ထိုင်နေတယ် ဆိုပါစို့
ကင်မလာ ဘက်ကို သမင်လည်ပြန် လှည့် ကြည့် ခိုင်းပြီး ရိုက်တယ် ဆိုပါစို့ ဗျာ..
(ပြောရင်း ရိုက်ချင်လာပြန်ပီ ..)
မော်ဒယ် ကို ပုံရဲ့ အလည် တည့်တည့်ကြီးမှာ ထားပြီး မရိုက်ဘဲ ပုံရဲ့ ဘယ်ဘက် သို့ မဟုတ် ညာဘက် ကို ကပ်ပြီးထား ရိုက်တာ ပိုကောင်းပါတယ်..
ကျနော် google ကနေ ဘုန်း လာတဲ့ ပုံပါ ...(ကျနော် ရိုက်တာ မဟုတ်ရပါ)
လူပုံ portrait မှာ အရေးအကြီးဆုံး နဲ့ အထင်ရှားဆုံး ဖော်ပြရမယ့် အစိတ်အပိုင်းက မျက်နှာဖြစ်ပါတယ်..
(တခြားသော ရည်ရွယ်ချက်တွေနဲ့ ရိုက်တဲ့ ပုံတွေ မပါ ...)
မျက်နှာ ထဲမှာ မှ မျက်လုံး ဖြစ်ပါတယ်..
<ပုံ၁>

 









သည်ပုံဟာ rule of thirds ကို အတိအကျ လိုက်နာထားပြီး composition အလွန်ကောင်းမွန်ပါတယ်..
ကျနော်တို့ အလွယ် လုပ်တတ်သလို model ရဲ့ မျက်နှာကိုသာ ပုံရဲ့ အလယ် ဗဟို တည့်တည့် မှာ ထားရိုက်လိုက်ရင် ရသ ပျက်ပြီ ဖြစ်ပါတယ်..

<ပုံ၂>










သည်ပုံကို horizontal cross အရင်ကြည့်ကြည့်ရင်  ပန်းခင်းနဲ့ ကောင်းကင် ကို 2/3 & 1/3 နေရာပေးထားတာတွေ့ရပါမယ်..
ကွင်းပြင်ကျယ် လွတ်လပ်မှု ဒါတွေကို ကို ခံစားလို့ရအောင် သည်လို ပေးထားတာဖြစ်ပါတတယ်..
ပြောင်းပြန် 1/3 & 2/3 လုပ်လို့လဲရပါတယ် ...ဒါဆိုရင်တော့ ပန်းခင်းကို အသားပေး ရိုက်တာဖြစ်သွားပြီး အထက်က  mood တွေမဟုတ်တော့ဘဲ
ပန်းခင်းရဲ့ လှပမှု နှစ်လိုဖွယ်ကောင်းမှုကို ဖော်ပြတာ ဖြစ်သွားပါပြီ။
vertical cross ကို ကြည့်ရင် တော့ သစ်ပင် တစ်ပင် ကိုတွေ့ရမှာဖြစ်ပါတယ်...အနီးအဝေး သဘောတရားအရ သေးသေးလေးဖြစ်နေပေမယ့်
ပုံရဲ့အလယ်မှာ မထားဘဲ ၃ချိုး ၁ချိုးမှာ ထားတာကိုတွေ့ရမှာပါ..သည် composition အရ ချစ်သူ၂ဦးရဲ့  ဆုံစည်းရာ နေရာလေး တစ်ခုလား
...ငယ်သူငယ်ချင်းတွေ ကစားခဲ့ကြတဲ့ နေရာလေးလား... စတဲ့ စွတ်ပျံ့လွမ်းမောဖွယ် mood ကိုရပါတယ်..
သစ်ပင်ကို အလယ်တည့်တည့်မှာ ထား ရိုက်လို့ မရဘူးလား မေးရင်တော့ ပန်းခင်းကို ဖြတ်တဲ့ လမ်းသွယ်လေးသာရှိမယ်ဆိုရင်တော့
သစ်ပင်ကို အလယ်မှာထား လမ်းသွယ်လေးကို ရှေးရှုရာ ပုံစံမျိုး ဖွဲ့စည်းပီး ရိုက်နိုင်ပါတယ်လို့ ဖြေပါရစေ...

<ပုံ၃>










သူတို့ ဆီက စွယ်တော်ရွက် ကလေးလား ..ရေမှာပေါက်တဲ့ အပင်ရဲ့ အရွက်ကလေး လားတော့ မသိဘူးဗျ...လှထှာ ...
ရေပြင်မှာ အပေါ်က သစ်ပင်ဆီက အရိပ်ကျနေတဲ့ အပိုင်း နဲ့ ကောင်းကင်ပြင်ကြီး ရဲ့ ပုံရိပ် ထင်ဟပ်နေတဲ့အပိုင်း ကို ၃ချိုး၂ချိုး
ယူထားတာတွေ့ရပါမယ်
အရွက်ကလေးတွေကိုလည်း ပုံရဲ့ ညာဘက် မှာ ထားရိုက်တာကိုတွေ့နိုင်ပါတယ်...
အလယ်မှာ တရွက်ရှိတယ်လို့ စောဒက တက်ချင်တက်လို့ရပါတယ် ..အဲ့သည့် အရွက်ကစပြီး 1/3 ကိုပို့ပြီးရိုက်ရင် ညာဘက်အစွန်ကအရွက် ထောင့်ကပ်
ဘေးထွက် ဖြစ်သွားမှာပါ ပြီးတော့ ရေပြင်ရဲ့ ရောင်ပြန်ဟပ်မှု အချိုးလည်း ပျက်သွားမှာပါ

ကျနော် sample ရှာခဲ့တဲ့ပုံလေးတွေက ညာဘက် ပဲ ကပ်နေကြလို့ rule-of-third က ညာဘက်ခြမ်း ပဲ ကပ်ရမှာလား လို့ မေးစရာရှိပါတယ်
မဟုတ်ပါဘူး ..ဘယ်ဘက်ကိုလည်း ကပ်နိုင်ပါတယ်...
horizontal အရပြောရရင်လည်း အောက်ဘက် ၃ပုံ၁ပုံ ကပ်နိုင်သလို အပေါ်ဘက် ၃ပုံ၁ပုံမှာလည်း ထားနိုင်ပါတယ်...
<ပုံ၄>









ဒါဟာ ဘယ်ဘယ် အပေါ်ဘက်မှာsubject ကို ထားတဲ့ ပုံပါ...horizontal အရပြောရရင် သူ့ကို အောက်ဘက် မှာကပ်ထားရင်
လေယာဉ်ဟာ အမြင့်မှာပျံသန်းနေတယ်ဆိုတဲ့ ဂုဏ်လျော့ကျသွားနိုင်ပါတယ် ...နောက်တချက် သိမ်းငှက်တကောင်လို  ကုတ်တော့မယ့်
ရှေ့ကို ခပ်စောင်းစောင်း စိုက်ထားတဲ့ fighter jet ရဲ့ ပုံစံအရလည်း အပေါ်မှာ ထားမှ အဆင်ပြေမှာပါ..
လေယာဉ်ရဲ့ ရှေ့ဘက် မှာ space အလွတ်အများကြီးထားပြီး ဘာလို့ ရိုက်ထားသလဲ လို့မေးရင် လားရာအရပ် ကို ပြချင်လို့ လို့ဖြေရမှာဖြစ်ပါတယ်
ဒါကို  Lead Room composition လို့ခေါ်ပါတယ် ..လှုပ်ရှားနေတဲ့အရာတွေကို ရိုက်တဲ့အခါ လားရာအရပ်ကို သိရအောင် subject မျက်နှာမူရာ
အရပ်ရဲ့ ရှေ့မှာ space ချန်ပြီး ရိုက်ရပါတယ် ...လေယာဉ်မှမဟုတ်ပါဘူး ..ကား..ရထား..သင်္ဘော နဲ့ ဘောလုံးဆွဲပြေးတဲ့ပုံကအစ သည် သဘောတရား
ကိုလိုက်နာ ရမှာပါ
သည်ပုံကို ဘယ်ဘက်ထောင့်မှာထားလိုက်ရင် ပုံစံပျက်သွားပါပြီ... အလယ်မှာ ထားလိုက်ရင်လည်း ကြည့်ကောင်းတော့မှာ မဟုတ်ပါဘူး..

သူများပုံတွေ အပြီးမှာ ကျနော် ရိုက်ထားတဲ့ ပုံ တချို့နဲ့လည်း rule of third မှတ်ကျောက် အတင်ခံပါ့မယ် ခင်ဗျ...

<skytree>









ဒါ tokio skytree ကို sumida ပန်းခြံထဲက ရိုက်ထားတဲ့ပုံပါ ..ထုံးစံအတိုင်း ကျနော် fisheye lens သုံးပါတယ်..
10mm တော့အပြည့် မဆွဲတော့ဘဲ distortion ပါတယ်ဆိုယုံ 12mm နဲ့ ရိုက်ထားတာပါ tripod ပါမသွားလို့ long-exposure တော့
မလုပ်လိုက်ရပါဘူး ..
အလျားလိုက် ကတော့ ကောင်းကင် တော အုပ် နဲ့ ရေပြင်ကို ၃ချိုး ၁ချိုးစီပေးထားပါတယ်..
ဒေါင်လိုက် အနေအထားနဲ့ ပြောရရင်တော့ skytree ကို ညာဘက် ၃ချိုး၁ချိုးမှာ ထားပါတယ် ...
ဓါတ်တိုင်လိုမျိုး ထိုးထိုးထောင်ထောင် အရာဝတ္ထုမျိုးကို ဒါ့ပုံရဲ့ အလည်တည့်တည့်မှာ မထားသင့်ဘူး လို့ဆိုကြပါတယ်
ပုံကို ဘယ်နဲ့ညာ ၂ပိုင်း ပိုင်းပစ်သလိုဖြစ်လို့ပါ..
<hanabi>












သည်ပုံကတော့ sumida fireworks တုန်းက ရိုက်ခဲ့တဲ့ပုံပါ landscape တွေရိုက်လေ့ရှိတဲ့ အလျားလိုက်မဟုတ်ဘဲ
portraits ရိုက်တဲ့ composition ဒေါင်လိုက်ရိုက်ထားတာပါ ..ဘာကြောင့်လဲဆို မီးပန်းရဲ့ စတက်သွားတဲ့ နေရာကနေ
ကောင်းကင်မှာ ပေါက်ကွဲလွင့်စင် ထွက်လာတဲ့အထိ မြင်ချင်လို့ ဖြစ်ပါတယ်..စပြီး တက်သွားတဲ့နေရာကနေ စပြီးပေါက်ကွဲတဲ့နေရာအထိကို
horizontal 1/3 တွေမှာ ထားပြီး ရိုက်ခဲ့တာပါ ...vertical အရလည်း ကျနော် rule of thirds ကို အတိအကျလိုက်နာခဲ့ပါတယ်..
18-55mm kit lens ကို 55mm အထိ အပြည့်ဆွဲပြီး ရိုက်ခဲ့တာပါ ..exposure time က 4s လောက် လို့ ထင်ပါတယ်..

<eagle>
















ဒါ enoshima ကမ်းခြေက သိမ်းငှက်ဖြစ်ပါတယ် ..
55-250mm lens ကို 200ကျော် ဆွဲပြီး shutter speed အမြန်နဲ့ ရိုက်ခဲ့တာပါ
ရုတ်တရက် ကြည့်ရင် အလယ်ရောက်နေတယ်ထင်ရပါတယ် ...ကျနော် vertical 1/3 ကိုပဲ လိုက်နာခဲ့တာပါ ...
့horizontal အရတော့ ငှက်ရဲ့ခေါင်း က အလည်ရောက်နေပါတယ်..ဘာလို့ vertical ကိုပဲ လိုက်နာခဲ့သလဲဆိုရင်
ကျနော် lead room cropping လုပ်ချင်လို့ပါ ... horizontal 1/3 ကိုလိုက်နာဖို့ဆိုရင်တော့ ကျနော့် ငှက်ဟာ သေးသွားပါလိမ့်မယ် ...
ပုံရိပ်ရဲ့ sharpness ဖြစ်မှုကို အသားပေးချင်လို့ frame အပြည့် ဖြတ်ယူခဲ့တာပါ ..

နိဂုံး အနေနဲ့ ကတော့ သူငယ်ချင်းတို့ အလည် သွားကြတဲ့အခါ အပျော်ဒါ့ပုံရိုက်ကြတဲ့အခါ rule-of-thirds အရ ရိုက်မယ်ဆိုရင်
ပိုမိုကောင်းမွန်တဲ့ compositionမျိုး ရမှာ ဖြစ်တယ် လို့ ပြောချင်ပါတယ်. .။ သည်နေရာမှာဖြည့် စွက်ပြောချင်တာလေးတခုက
ဘောင်ကျယ်ကျယ် ရိုက်ပါ ပြီးတော့မှ rule-of-third အရ crop လုပ်ယူပါ ဆိုတာပါပဲ ...အခြေအနေတိုင်းမှာ rule အတိုင်း
ရိုက်နေလို့ မဖြစ်နိုင်ဘူးမလား... ကျနော် ငှက်ပုံကို rule အတိုင်းရိုက်ခဲ့မယ်ဆို ၁ပုံတောင် ရခဲ့မှာ မဟုတ်ပါဘူး..
တတ်နိုင်သလောက် ဘောင်ကျယ်ကျယ် ရိုက်ပြီး စိတ်ကြိုက် ပြန် cropလုပ်ယူခဲ့တာပါ ..နောက်တခုက ကျနော်တို့ ဒါ့ပုံစရိုက်တဲ့အခါ

နောက်ဆုံးအချက်ကတော့ photography enthusiast သူငယ်ချင်းတွေအတွက်ပါ ...နေရာတိုင်း rule of thirds ကို လိုက်နာနေဖို့
ထက် အနေအထား အရ လိုအပ်ရင် rule of thirds ကို တမင်တကာ ချိုးဖောက်ပြီး ရိုက်ရတာတွေ ရှိကြောင်း ပြောပြချင်ပါတယ်..
သူများနဲ့မတူတဲ့ creative composition တွေ ရလာပါမယ်။
rule တခုကို ချိုးဖောက်တော့မယ်ဆိုမချိုးဖောက်ခင် အဲ့သည့် rule ဟာ ဘာလဲ ဘာအတွက်လဲ ဆိုတာသေချာသိထားသင့်တယ် မဟုတ်လားခင်ဗျာ..

30 comments

  • inz@ghi

    October 14, 2011 at 5:50 pm

    သဂျီး ကယ်ပါ ….
    ပုံနဲ့စာ သေချာကိုက်ပီးမှတင်တာပါဂျာ …
    အနှီကြော်ငြာတွေ ကောင်းမှုကြောင့် …
    gucha gucha ဖစ်ကုန်ပီ …
    inz@ghi ကို ကယ်ပါဦး….

    • Foreign Resident

      October 14, 2011 at 6:20 pm

      inz@ghi ရဲ့
      နောက်တစ်ခါကြရင် စာတွေကြီးပဲ အရင်ရေးလိုက် ၊
      ပြီးတော့မှ ကြားက ပုံလိုက်ဖြည့် ။
      စာနှင့် ပုံကြား မှာလဲ
      မျဉ်း အပေါ် တစ်ကြောင်း အောက် တစ်ကြောင်း ခြားလိုက် ။
      အဆင်ပြေပါလိမ့်မယ် ။

      • inz@ghi

        October 14, 2011 at 6:21 pm

        တားရဲ အဲ့ရိုပဲ ရုပ်တာပဲကို …draftမှာ ပြတော့ အကောင်း …ခုကျတော့မှ အပျော်ကြံတယ် …ဟင့်…

        • Foreign Resident

          October 14, 2011 at 6:44 pm

          ကို inz@ghi

          အဲဒါဆို ခင်ဗျား စာရိုက်တာ လိုင်းမဖြတ်လို့ ( Enter ခဏ ခဏ ခေါက်ပေးဗျ ) ။

          ခင်ဗျားတင်တဲ့ ဓါတ်ပုံက သေးလို့ ဘေးမှာနေရာလွတ်သွား တာလဲပါမယ် ။
          ဓါတ်ပုံ insert လုပ်ရင် size မှာ Thumbnail / Medium / Large / Full size ထဲက
          Large size ( 600×800 or 600×450 ) ကိုရွေးဗျ ။
          သူက စာမျက်နှာ အပြည့် ယူလိုက်တော့ ဘေးမှာ နေရာ မကျန်ဘူး ။

          ကျွန်တော့ Post မှာတော့ အဆင် ပြေခဲ့တယ် ။
          ” China Tour ( 2 ) – Journey to the West, Art Museum & City Wall ”
          http://myanmargazette.net/71163/creative-writing

        • MaMa

          October 14, 2011 at 7:07 pm

          စာရိုက်ရင် space bar ခံပေးဖို့လိုတယ်။ စာလုံးတွေဆက်နေလို့ စာတွေက ဘေးရောက်ကုန်ပြီး ထပ်သွားလို့ ဖတ်မရတော့ပါ။ ဓာတ်ပုံပညာရှင်ကြီးရေးတာမို့ ဖတ်ချင်လို့ edit လုပ်ပြီး ပြန်တင်ဖို့ ကြိုးစားကြည့်ပါဦး။

        • inz@ghi

          October 14, 2011 at 7:12 pm

          ကောင်းသွားပါပီ အန်တီမမ..
          ပညာရှင် မဟုတ်ပါခင်ဗျ ..ပညာသင်ပါ..

        • MaMa

          October 14, 2011 at 7:12 pm

          စာရိုက်ရင် space bar ခံပေးဖို့လိုတယ်။ စာလုံးတွေဆက်နေလို့ စာတွေက ဘေးရောက်ကုန်ပြီး ထပ်သွားလို့ ဖတ်မရတော့ပါ။ ဓာတ်ပုံပညာရှင်ကြီးရေးတာမို့ ဖတ်ချင်လို့ edit လုပ်ပြီး ပြန်တင်ဖို့ ကြိုးစားကြည့်ပါဦး။
          ပုံဆိုဒ်ကတော့ medium လောက်လည်း အဆင်ပြေမှာပါ။ နေရာကိုတော့ center မှာထားဖို့ ရွေးရမယ်ထင်တယ်။

      • kocho

        October 14, 2011 at 6:37 pm

        ကျနော်လဲ ခုထိ post တင်တာယောင်ချာချာပဲ ကျေးဇူးပါ ကိုရင်ဖောရေ

  • windtalker

    October 14, 2011 at 6:54 pm

    ဇာဇာ့ရဲ ့
    ဓါတ်ပုံသင်တန်းကို
    မောင်ပေ မပျက်မကွက် တက်ရောက်နေပါသည် ။
    သင်တန်းဆင်းပွဲ ကို
    အပီခိုးမလား ရှော်ကယ် ပေါ်တွင် ကျင်းပပေးရမည် ဟု
    ဆန္ဒပြု ခဲ့ပါသည် ။
    ( ရှော်ကယ် = အမြန်လှေ၊ရှပ်ပြေးယာဉ်)

    • inz@ghi

      October 14, 2011 at 7:00 pm

      အောက်ပိုင်းကောင်းသွားပီ….
      ပိုစ့်ကိုပြောတာပါ…
      အထက်ပိုင်းရသေးဝူး. ..သဂျီး တားကို ပစ်ထားတယ်. ..
      ဆြာပေ …ဇာဇာလို့တော့ခေါ်ပါနဲ့ဗျာ …ကြက်သီးထလွန်းလို့…

      • windtalker

        October 14, 2011 at 7:04 pm

        ဒါဆို ကျွန်တော့်ကို ဆြာပေ လို ့မခေါ်နဲ ့နော်
        မောင်ပေ လို ့ပဲခေါ်ပါ နော်
        ဟုတ်ပြီနော်…
        ကျုပ် လဲ အတူတူပါပဲ
        ဘိုဇာ ရေ

        • inz@ghi

          October 14, 2011 at 7:19 pm

          အယ် …..မန်းလေပြဲလေပါလား .. ကိုပေ ….:D

  • inz@ghi

    October 14, 2011 at 7:06 pm

    ကောင်းသွားပီ… ပျော်ထှာ ….
    center align လုပ်ပီး …enter နာနာခေါက်ပလိုက်တယ်…

    ပစ်ထားတဲ့သဂျီး ကို …yurusenai !!!

  • MaMa

    October 14, 2011 at 7:27 pm

    အသိပညာဖြန့်ဝေပေးတဲ့ အင်ဇာဂျီ (မှန်းပြီးတော့ ထင်သလို အသံထွက်လိုက်တယ်။) ကို ကျေးဇူးအများကြီးတင်ပါတယ်။
    ဓာတ်ပုံရိုက်တာ ဝါသနာပါပေမယ့် auto camera ကို ခလုတ်နှိပ်ရုံတင်တတ်တာမို့။
    လွင်မိုးရဲ့ ဓာတ်ပုံရိုက်တာ အန်ကယ်အရေးကြီးတယ်ဆိုတာကို အလွတ်ကျက်ပြီး လျှောက်ရိုက်နေရတာ။ 😀

  • inz@ghi

    October 14, 2011 at 7:35 pm

    ကျနော့် နာမည်ရင်းကို ပီအောင် မခေါ်ကြတဲ့ ဘဲတွေ ပေးထားတဲ့ nick name ပါဗျ…
    အင်ဇာဂီ လို့ထွက်ပါတယ် ….တချိန်က ဘောလုံးသမားတယောက်နာမည်ပါ…
    ;D

    ခေါ်ရခက်ရင် ဘာကာက ဟိုနာမည်ကြီး playmaker နာမည်နဲ့ဆင်အောင်
    Xani လို့ ပြောင်းလိုက်ပါ့မယ် …ခစ်ခစ်..

  • ပေါက်ဖော်

    October 14, 2011 at 8:13 pm

    ဖတ်ရတာ.ပိုးဆိုး ပက်ဆက် အရသာရှိသဗျာ..
    ရေလည်ဂွှတ်တယ်..ဂယ်ပြောတာ..စကားမစပ်..

    အရင်ပို ့စ်မှာတော့..ကင်မရာနဲ ့..လပ်ထက်ထားတယ်ဆိုပဲ..
    အဲတာကြောင့် ကင်မရာ မငှားတော့ပါဝူး..
    😮

    • inz@ghi

      October 14, 2011 at 8:16 pm

      ကျေးဇူး ကိုပေါက်ဖော် …
      ချွင်းချက်တော့ ရှိဒလယ်လေဗျာ..
      ဆြာသမား လက်ထဲက ပုလင်းလေးနဲ့ ခနထားခဲ့ရင် ငှားပါ့မယ်ဗျ..

      ကျနော့် အစ်ကိုတွေ အစ်မတွေ …မိသားစု အမှတ်တရ ပုံလှလှလေးတွေ ရိုက်နိုင်ဖို့
      အထောက်အကူ ဖြစ်မယ် ဆိုရင်ဖြင့် …မိသားစုနဲ့ ဝေးနေတဲ့
      အရှေ့ကျွန်းက တကိုယ်တော်သိုင်းသမား inz@ghi ရေးရကျိုး အင်မတန် နပ်ပါပြီဗျာ…

      • windtalker

        October 14, 2011 at 8:18 pm

        ဘိုဇာ ရေ
        ခင်မင်စွာနဲ ့သတိလေး ပေးချင်လာလို ့ပါ
        အရှေ ့ ကျွန်းမှာ ရောက်နေတဲ့ ဆိုလို ့
        ဖီးရှန် ့သိုင်းကျမ်းကို တော့
        ယောင်လို ့များ သွားမထိနဲ ့နော်
        ခင်လို ့ပြောတာပါနော်
        🙂

        • inz@ghi

          October 14, 2011 at 8:20 pm

          ဘာပြောတာလဲဟင် …ကိုပေ…
          တား ကနည်းနည်းဝေးတယ်ဗျ….တိဝူး…

        • windtalker

          October 14, 2011 at 8:34 pm

          ရွာထဲက ရှေ ့မှီ နောက်မှီ
          ဆရာကီး ပေါက်ဖော် ဆီ မှာ သာ
          အသာကပ်တိုး မေးမြန်းပါလေ

        • ပေါက်ဖော်

          October 14, 2011 at 8:57 pm

          ရှေ ့လဲ မမီဘူး..
          နောက်လဲ မမီဘူး..
          ဖီးရှန် ့သိုင်းကျမ်း..လဲ မကိုင်ရဲဘူး..
          သိချင်ရင်..
          မောင်ပေ့ချာတိတ်နဲ ့..ပေးေတွေ ့ပေးလိုက်..
          စတော့ပ်..
          ဒီမှာတင် ကဒ်..

  • inz@ghi

    October 14, 2011 at 8:52 pm

    ဟင့် … တားကို ဘော်လီဘော ပုတ်ကြတယ်..
    တော်ပီ ရေးတော့ဝူး ….
    ရှင်တို့ အားလုံးကို စိတ်နာတယ်…
    ဒါဘဲ..

  • mandalarthu

    October 14, 2011 at 9:02 pm

    Good post for the photography enthusiasts!
    It is very useful for us.
    Millions of thanks.

  • padonmar

    October 14, 2011 at 11:43 pm

    အင်ဇာဂီ(ခုမှဘဲ အသံထွက်တတ်တော့တယ်၊ကျားလားမလားတော့မသိသေးဘူး)
    ဒီစာလေးအတွက် ကျေးဇူးပါ။
    ကျွန်မတို့လို ဓာတ်ပုံဆိုတာ center တည့်အောင် ချိန်ဘဲ သိတဲ့သူတွေအတွက် ရှင်းရှင်းနဲ့ ပညာရပါတယ်။
    ဒီနည်းနဲ့ စမ်းသပ်ပြီးရင် ဂေဇက်မှာ မျက်စိနောက်အောင်လုပ်ကြည့်ပါအုံးမယ်။

    • inz@ghi

      October 16, 2011 at 10:02 am

      တိန် ..
      ကျားဗျ ကျား …
      status မှာ mighty male and marvelous myanmar marketer လို့ ရေးထားတဲ့ ကျား
      ရှင်းပလား …. ဒါ့ပုံမှာ မျက်ခွက်ကြီးတင်ထားတာတောင်
      အထီးလား အမလား မသိဝူးပြော ခံရတယ် …..
      အရပ်ကတို့ရေ …….ဟင့်…………………………………

      • ပေါက်ဖော်

        October 16, 2011 at 10:07 am

        ကျားဆိုလဲ ဘော်လီလေးဘာလေး ဝတ်..
        အဲ..အဲ….
        မျက်နှာကြီးကို လက်ဝါးကြီးနဲ ့ကာ မထားနဲ ့လို ့ပြောမို ့ဘာ..
        ဟင်း. ဟင်း..

      • MaMa

        October 18, 2011 at 7:34 am

        မေးတဲ့လူကပဲ လွဲသလား….
        ရှင်တို့ အားလုံးကို စိတ်နာတယ်… ဆိုတဲ့ လူကပဲ လွဲနေသလား……..
        😛 😉

  • inz@ghi

    October 16, 2011 at 10:10 am

    ဟားဟား… ဒါ့ပုံပြောင်းတော့မယ်ဗျာ… ဆြာပေါက် ပြောလို့ ….

  • တညင်သား

    October 16, 2011 at 11:01 am

    အရှေ့ကျွန်းဆိုတော့ ရခိုင်ဘက်ကိုရောက်နေတာပေါ့…………..:)
    ဟိုးးးးးးးးးးးးးးးးတလောက ကျွန်တော်သူငယ်ချင်းတယောက် ကင်မရာကြီး ဝယ်လာတယ် တော်တော် ဈေးကြီးတယ်ဗျ သူပြောတော့ ပရော်ဖတ်ရှင်နယ်သုံးတာတဲ့ သူကတော့ သိပ်မရိုက်တက်ပါဘူး ဝါသနာပါလို့ပါ ဒါနဲ့ မင်း ကင်မရာ ဒီလောက်ကောင်းတာ
    ငါ့ကို တပုံလောက် ရိုက်ပေးပါ ဆိုတော့ သူရိုက်ပေးပါတယ် ပုံကြည့်ပြီး တော်တော်ဒေါသထွက်သွားတယ် ရုပ်ဆိုးတဲ့ပုံကြီးထွက်လာလို့လေ အဲဒါ ကင်မရာ ညံ့လို့ နေမှာပေါ့နော်….:( 🙁

  • kai

    October 18, 2011 at 4:57 am

    အဲဒီသိန်းငှက်ကလေး.. ခေါင်းမြင်ရရင် ကောင်းမှာပဲ စဉ်းစားနေမိတာပါ..။ တမင်ကွယ်ခိုင်းလိုက်တာလားဟင်….. အတောင်ပံနဲ့..။
    ဘာပဲဖြစ်ဖြစ်.. အမွှေးတောင်စွန်းလေး… ကားနေတာလေးက.. လှတယ်..။ 😀

    နောက်ဆို..အရှေ့ကျွန်းသူ… ဂျပန်မ မဲမဲ..၀ဝတယောက်လောက်.. rule of thirds နဲ့လှအောင်.ရိုက်ပေးဦးနော..။
    onegai..

Leave a Reply