ရွာသူရွာသားတို့၏ တနေ့တာ

Diamond KeyOctober 14, 20112min18218

ရှည်လျှားတဲ့ ဘဝရဲ့ ခရီးရှည် ကြီးထဲက နေ့သစ်တစ်ရက် ရောက်ပြန်ပြီ။

တစ်နေ့တာမှာ ရွာသူရွာသားတွေ ဝမ်းရေးအတွက်တော့ ရုန်းကန်လှုတ်ရှား၊ ရှာဖွေ စားသောက်ရကြတယ်။

ဘဝ ဆိုတာ ကတော့ ပန်းခင်းလမ်းမဟုတ်ပဲ ဆူးတွေ၊ အကျပ်အတည်းတွေ ကြားမှာ တော့နေရမှာပါပဲ။

ဆူးတွေ၊ အကျပ်အတည်းတွေ ကြားထဲကမှ အချင်းချင်း အဆင်မပြေကြရင်တော့ မကောင်းဘူးပေါ့။

လောကကြီးရဲ့ စေစားမှုအောက်မှာ တစ်ခါတစ်လေ အခက်အခဲတွေနဲ့လည်း လျှောက်လှမ်းရမယ်။

အတက်တွေ ရှိမယ်၊ အဆင်းတွေလည်း ရှိနေမယ်။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘာတွေပဲ ရင်ဆိုင်ရရင်ဆိုင်ရ
ချစ်ရတဲ့သူလေးက ဘေးနားမှာ ရှိနေပြီး အးပေးနေရင်တော့ တစ်အားရှိတာပေ့ါ။

သွားအတူ လာအတူ၊ တိုင်တိုင်ပင်ပင် နဲ့ ဘဝ ဆိုတာကြီးကို အတူရင်ဆိုင် နိုင်မယ်လေ။

အခက်ကြုံရင်လည်း ကိုရီးယား ရုပ်ရှင်ကားတွေမှာ တွေ့တွေ့ နေရသလို ကျောပိုးခေါ်မယ်ပေ့ါ။

ရွာထဲမှာ မိတ်ဆွေကောင်းတွေလည်း ရှာရမယ်။ သူတို့ဆီလည်း သွားရမယ်။ သူတို့နဲ့ အမြဲထိတွေ့ရမယ်လေ။

ကိုယ့်ရဲ့ မိသားစုဝင်တွေနဲ့လည်း အမြဲထာဝရ ချစ်ချစ်ခင်ခင် နေထိုင်ကြမယ် ဆိုရင်တော့ ဘဝရဲ့ တစ်နေ့တာဟာ ပျော်စရာကောင်းပါလိမ့်မယ်။

ဒီလိုဆိုရင်တော့ တစ်နေ့တာရဲ့ နေအဝင်မှာ ပျော်ရွှင်စွာ အိပ်စက်နိုင်ပါလိမ့်မယ်။

(ကိုယ်ပိုင်တဲ့ အိမ်လေးဆီ https://myanmargazette.net/71927/creative-writing လာလည်သူတွေကို မှတ်တမ်းတင်ထားတဲ့ ပုံလေးများဖြင့် ခံစားရေးဖွဲ့ ပါသည်။)

18 comments

  • aungnng87

    October 14, 2011 at 2:43 pm

    အော်..ကိုစိန်သော့ရဲ့အိမ်လေးကစည်ပင်နေပါပကောလား….ကြည့်ရတာစိတ်ချမ်းသာတယ်။

  • blackchaw

    October 14, 2011 at 3:02 pm

    စိတ်ချမ်းသာတယ် ကိုစိန်သော့ရေ။ ရှဉ့်လေးတွေက ယဉ်နေတယ် ထင်တယ်နော်။
    ဓါတ်ပုံရိုက်နေမှန်းသိလို့ အိုက်တင်တောင်ပေးနေသလိုပဲ။

  • “ဘီလူးကြီး”ogre

    October 14, 2011 at 3:36 pm

    ကောင်းဗျာ စိတ်ကူးကောင်းအတွေးကောင်းနဲ့
    အပြ ပုံလေးတွေလဲကောင်းပါတယ်
    အားပေးတယ်ဗျို့

    • Diamond Key

      October 14, 2011 at 3:41 pm

      ကျေးဇူးအထူးပါ ကိုဘီလူးကြီး ခင်ဗျာ။

  • nozomi

    October 14, 2011 at 3:41 pm

    တော်တော် အားထည့်ထားတာပဲ အတွေးလဲကောင်း အရေးလဲကောင်း ပုံလေးတွေလဲကောင်းတယ်
    ဆူးမမ လဲ ဒီပုံစံမျိုး ရွာလေးအကြောင်း ပွဲဆူပြီးစ ရေးထားတာလေး မှတ်မိသေးရဲ့

  • နွယ်ပင်

    October 14, 2011 at 4:09 pm

    ရှဉ်ပကလေးတွေက ချစ်စရာလေးတွေ
    ရေးထားတဲ့စာနဲ့ သူတို့ပုံလေးတွေက တော်တော်ကြည့်လို့ အဆင်ပြေတယ် …..

  • Shwe Ei

    October 14, 2011 at 4:29 pm

    မတူသောအတွးနဲ့ ကိုယ်ပိုင်အိုင်ဒီယာကောင်းလေးတွေ များများတင်နိုင်ပါစေဗျာ။

  • etone

    October 14, 2011 at 4:32 pm

    ရှည့်လေးတွေနဲ့ ပုံပြောကောင်းတဲ့ ကိုစိန်သော့ကြီး များများ ပြောနိုင်ပါစေနော် 😀
    ဒါနဲ့.. ဆူးများလို့ ရေးထားတွေ့တယ် … ရွာထဲက တူးများ ကိုယ်ပွားလုပ်နေသလား ဇဝေဇဝါဖြစ်မိပါတယ် ။

  • koyinmaung

    October 14, 2011 at 6:11 pm

    ကောင်းလိုက်တဲ့ရိုက်ချက်တွေပါဘဲလား
    ကူးထားလိုက်တယ်ကိုစိန်သော့ရေ
    အပေါ်ဆုံးက နေထွက်တဲ့ပုံကိုမော်နီတာမျက်နှာပြင်ပေါ်တင်ကြည့်တာ
    အတော်လှတယ်ဗျို…

  • thit min

    October 14, 2011 at 6:26 pm

    “လှ” တယ်၊တော်တော်လှတယ်။
    “ပို လှတာက ပို့စ်တင်သူရဲ့ စေတနာ”

  • hmee

    October 14, 2011 at 6:36 pm

    ဓါတ်ပုံလေးတွေ ကြည်လင်နေတာပဲ။ ကင်မရာက တော်တော် ကောင်းမဲ့ပုံပဲ။ ဓါတ်ပုံ ပုံကောင်း ရဖို့ အရမ်းစိတ်ရှည်ရလို့ ကိုစိန်သော့ ကြည့်ရတာ စိတ်ရှည်တဲ့ လူမျိုး ဖြစ်ရမယ်။

  • windtalker

    October 14, 2011 at 6:37 pm

    ရှည့်လေး တွေ kissing နေကြတယ်
    ထင်ပါရဲ ့ဗျာ
    မှားလျှင် ခွင့်လွှတ်ပါ
    အကစ်သို

  • ပေါက်ဖော်

    October 14, 2011 at 7:57 pm

    ရွာသားတို ့.တစ်နေ ့တာကတော့..
    ဇောက်ထိုးတွေကော..မှောက်ထိုးတွေကော..
    ပက်လက်တွေကော..ဂျွမ်းပြန်တွေကောပဲဗျာ..
    အပေါ်ရောက်လိုုက်..အောက်ရောက်လိုက်ပဲ..

    ဓာတ်ကြိုးကို ပက်လက်ကြီး တွယ်ထားတဲ့ အကောင်လေး မိုက်တယ်..
    ဟီး..ဟီး.
    :mrgreen:

  • ကိုစိန်သော့ရေ လှချက်ကတော့ရက်စက်တယ်။
    ကျနော်ကတော့ အငြိ်မ်ရူ့ခင်းဘဲရို်က်တတ်တယ်။
    လှူပ်နေတဲ့ အကောင်တွေတော့ သိပ်မရိုက်ဘူးဘူးရယ်၊

  • padonmar

    October 14, 2011 at 11:18 pm

    ကိုစိန်သော့ ပုံနဲ့ စာလေးတွေကို power point လုပ်၊နောက်ခံတီးလုံးလေးထည့်လိုက်ရင် (ကျွန်မတော့ မလုပ်တတ်ဘူးနော်၊အားဘဲပေးတတ်တယ်)………

    • Diamond Key

      October 15, 2011 at 9:10 am

      Thanks. Try လိုက်မယ် တတ်သလောက်နဲ့။

  • manawphyulay

    October 15, 2011 at 4:23 pm

    နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေးမှာ မနောတို့ ညီအမတစ်စုတွေ ရေခပ်ဆင်းလို့လာ….
    အဲ အဲ…. ပုံလေးတွေ ကြည့်ပြီး ရွာအဝင်ကို သတိရမိသွားလို့နော်… တောက ကိုရင်လည်း ခုချိန်ဆို ပဉ္စင်းဖြစ်နေလောက်ပြီထင်ပါတယ်ရဲ့လေ…. 😛

Leave a Reply