ရန်ကုန် တက္ကသိုလ် အလွမ်းပြေ ရိုက်ချက်များ

black chawOctober 14, 20117min27841

ကိုပေါက်၊ ကိုစိန်သော့ နှင့် ကိုချို တို့၏ ရိုက်ချက်များကို အားကျပြီး ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းထဲသို့ ဒီနေ့ ဓါတ်ပုံရိုက်ထွက်ဖြစ်ပါသည်။

အိမ်သုံးကင်မရာလေးနှင့် အပျော်တမ်းရိုက်ချက်များကို ရန်ကုန်တက္ကသိုလ်အလွမ်းပြေ အဖြစ် တင်ဆက်လိုက်ပါသည်။

ကျောင်းသားဟောင်းကြီးများရော၊ ဒီကျောင်းရဲ့ အရိပ်မှာ မခိုနားဘူးခဲ့သူများရော ခံစားမှု တစ်ခုခုရရှိသည် ဆိုလျှင် ကျွန်တော်ကျေနပ်ပါသည် ခင်ဗျား။

 

 

 

စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့.....

 

သစ်ပုတ်ပင်အို ရဲ့ ဝေဒနာ

 

ရီးဇားလေးကိုခေါ်ပြီး ဦးချစ် လဘက်ရည်သွားသောက်မယ်

 

အင်းလျားက လမ်းကလေး

 

အင်းလျားကန်ကို နှစ်ယောက်သား ခဲလုံးလေးတွေ သွားပေါက်မယ်။

 

ပုဂံလမ်းက စောင့်နေမယ်

 

ဂျဒ်စင် နောက်ကျောကို စစ်ကိုင်းလမ်း ဘက်မှ မြင်ကွင်း

 

မိန်းမလှကျွန်း သို့မဟုတ် စီးပွားရေးတက္ကသိုလ်

 

အင်းလျားအဆောင်သူလေးတွေ အခုတော့ ဘွားတော်ကြီးတွေပေါ့။

 

ရတနာသူ လေးတွေနေခဲ့တဲ့ ရတနာဆောင်

 

မောင့်သီရိမေ ဆိုပြီး သီချင်းလုပ်ဆိုခဲ့ရတဲ့ သီရိဆောင် အခုတော့.............။

 

စီးပွားရေးက အပျိုဟိုင်းကြီးတွေနေခဲ့တဲ့ မာလာဆောင်၊ အခုတော့.....။

 

ပင်းယသား အကောင်းစားလေးများရဲ့ ပင်းယဆောင်။

 

အင်းဝသားများနေတဲ့ အဆောင်။

 

ရွှေဘိုဆောင်ပါခင်ဗျာ။

 

အဓိပတိလမ်းဘေးက တရုတ်စကားပင်လေးနှစ်ပင်။

 

စစ်ကိုင်းလမ်းပေါ်က ရေစင်ကြီး။

 

စစ်ကိုင်းသားတွေ နေတဲ့ အဆောင်။

 

RC ရှေ့က သစ်ပင်ကြီး။

 

တောင်ငူဆောင်။

 

မန္တလေး ဆောင်။

 

တတ်နိုင်သလောက် ရနိုင်သလောက် အလွမ်းပြေအောင် တင်ပေးလိုက်ပါတယ်။

ဒီနေရာလေးမှာ ဒီနေ့ကျောင်းသားလေးတွေ စာပြန်သင်သင့် မသင်သင့် ဆိုတာကို တော့

သူကြီးရေ စစ်တမ်းကောက်ပေးပါလို့ ကျွန်တော်လေးလေးနက်နက် တောင်းဆိုပါတယ်ဗျာ။

 

 

41 comments

  • လင်းဝေကျော်

    October 14, 2011 at 5:15 pm

    သထုံဆောင်ပုံလေးတောင်မပါဘူးလား

  • kocho

    October 14, 2011 at 6:03 pm

    ကျေးဇူးအထူးတင်ပါ၏ နောက်ဆုံးဘွဲ့ရပြီး ဓတ်ပုံလေးတောင် မရိုက်လိုက်ရဘူးဗျာ အမြန်ဆုံးနီးနဲ့ ပုဂံလုံးစီးပြီ အိုဗာစီး အောက်လာတာ
    ခုထိမောင်ကြီးမပြန်နိုင်တယ် ဇတ်ကားရိုက်နေရတယ် လွမ်းမိပါ၏

  • thit min

    October 14, 2011 at 6:19 pm

    ရွှေဘိုဆောင်နဲ့ ဖင်ချင်းပေါက် ထမင်းစားအဆောင်တူတူ ဒဂုံဆောင် ကိုသတိရတယ်။
    ပြီးတော့ ပဲခူးဆောင်ပေါ့။ အမှတ်ရစရာလေး တွေ ကျေးဇူးပါနော် ကိုဘလက်ချောရေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    အထူးသတိရစရာကတော့ “ကျောပေါက်ကြီး” ပေါ့ဗျာ။ ကြုံရင်ရေးပါအုန်းမယ်။(^^)

  • hmee

    October 14, 2011 at 6:46 pm

    အဓိပတိလမ်းဘေးက တရုပ်စံကားပင်လေးတွေက အရွက်မရှိတော့ သလိုပဲနော်။ သိပ္ပံကင်တန်းမှာ အမြဲစားခဲ့တဲ့ စိုးမြင့်ကြော်တပွဲနဲ့ သံပုရာရည်လည်း အခွင့်ရရင် သောက်ချင်သေးတယ်။

  • windtalker

    October 14, 2011 at 6:51 pm

    ဘလက်ကြီးရဲ ့ပုံတွေကို မြင်ပြီးတော့
    ဆောင်းဦးလှိုင်ရဲ ့သီချင်းလေး ကို သတိရတယ်ဗျာ
    “ ဒီအချိန်ကျောင်းတော်ကြီး ရဲ ့အလယ်မှာ…
    စိန်ပန်းတွေလဲ ပွင့်နေပြီကွာ..
    အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ..
    အလွမ်းရယ်မပြေဘူး ကျောင်းသားဘဝ ”

  • blackchaw

    October 14, 2011 at 6:53 pm

    လင်းဝေကျော်ရေ။
    ဓါတ်ပုံတွေက အများကြီးရိုက်ခဲ့တာပါ။
    မိန်းတင်မကဘူး။ အာစီတူးပါ ရိုက်လာခဲ့တာ။
    တင်ရတာတော်တော်ခက်တယ်ဗျာ။
    နောက်တစ်ခါ ထည့်ပေးလိုက်ပါမယ်ဗျာ။
    ဒဂုံဆောင်ကို ကျွန်တော်ရိုက်လာခဲ့တယ်။ ကိုသစ်မင်းရေ။
    ဆိုင်းဘုတ်မရှိ ဘာမရှိနဲ့မို့ မတင်လိုက်တော့တာ။ ပဲခူးဆောင်တော့ မရိုက်ဖြစ်လိုက်ဘူး။

  • blackchaw

    October 14, 2011 at 7:03 pm

    အပေါ်ကမန်းတဲ့ ဆရာတွေရေ။
    ကျွန်တော်သိချင်တာလည်းမပါသေးပါလားဗျာ။
    ဒီကျောင်းကြီးမှာ ဒီခေတ်ကလေးတွေ စာပြန်သင်သင့် မသင့် ဆိုတာလေး
    သိချင်တယ်ဗျာ။
    အဲဒါလေးဆွေးနွေးပေးပါဦး။

    • weiwei

      October 14, 2011 at 7:15 pm

      ဒီကျောင်းတော်ကြီးမှာ ကျောင်းသားတွေ စာပြန်သင်သင့်တာပေါ့ …
      အထူးစပါယ်ရှယ်ဘာသာရပ်မျိုးပဲဖြစ်ဖြစ် … မာစတာတန်းလိုမျိုးပဲဖြစ်ဖြစ်ပေါ့ … တစ်ခုခုတော့ လုပ်သင့်ပါတယ် … အခုတော့ နှမြောစရာ … ကြာရင် ရှေးဟောင်းပြတိုက်ဖြစ်တော့မယ် …

  • weiwei

    October 14, 2011 at 7:17 pm

    ခေါင်းစဉ်က သတ်ပုံလေး ပြင်လိုက်ရင် ပိုကောင်းမယ်နော် …. အလွှမ်းပြေဖြစ်နေလို့ … အလွမ်းပြေဖြစ်ရမှာလေ …
    မမ မအားဘူးထင်လို့ ကိုယ်စား ပြောပေးလိုက်တယ်နော် ….

  • MaMa

    October 14, 2011 at 7:41 pm

    အင်းးးးးးးးး ကိုယ်တိုင် ပတ်သက်ခဲ့ရသူတွေတော့ ဘယ်လိုရှိမယ်မသိ။ မပတ်သက်ခဲ့ဖူးတဲ့လူတောင် ကြည့်ရင်း တမျိုးကြီး ခံစားရတယ်။ 🙁
    သဂျီးရေ- blackchaw ရဲ့ အမေးလေးကို vote လုပ်ပေးရင်ကောင်းမယ်။ ဝိုင်းဝန်းတောင်းဆိုပေးလိုက်တယ်။
    ဝေဝေရေ- မမ မအားတာ မဟုတ်ပါ။ အမှားကို မသိလိုက်တာပါ။ 🙂

  • kocho

    October 14, 2011 at 8:18 pm

    ကျောင်းဆိုတာကျောင်းပဲပေါ့ဗျာ(ကိုယ်တက်ခဲ့ဘူးကျောင်းဆိုတော့ပြောဘို့စကားအထူးမရှိပါ)စာပဲတင်တင့်တာပေါ့ဗျာ့

  • akswe

    October 14, 2011 at 8:23 pm

    မဝေ ရဲ့ ဓါတ်ပုံတွေ ကြည့်ပြီး လွမ်း နေဆဲ ကို ဘလက်ချောရဲ့ ဓါတ်ပုံတွေကြောင့် ငုတ်တုတ် ထိုင်နေရပြီ….
    ကျွန်တော်က RC 1 , RC 2, RC 3 နဲ့ Main ထဲမှာ ပါကျောင်းတက်ဘူးတာ သူများတွေထက်လွမ်းစရာပို ပေါတယ်…..
    ပုံတွေကြည့် ပြီး တက္ကသိုလ် နဲ့ ပါတ်သတ် တဲ့ သီချင်းတွေ ခေါင်းထဲ တစ်ခုပြီးတစ်ခု ရောက်လာ တွေးနေမိတာ အများကြီးပဲ… အားလုံးထဲက အကြိုက်ဆုံးကတော့ သျှိုင်း အောင် ရဲ့ ကန့်ကော်တောမှလွမ်းချင်းရှည် ဆိုတဲ့သီချင်းပဲ နှောင်းလူတွေ ကြားဘူးနိုင်ကြပေမယ့် လူငယ်တွေတော့ သိကြတော့မှာ မဟုတ်ဘူး…
    အဆောင်တွေပုံ ကြည့် ပြီး တစ်ခါက မန္တလေး ရေကြည် သူ အီကို စတက်နဲ့
    ရန်ကုန်မှာ ကျောင်းလာတက်ခဲ့တဲ့ နှင်းဆီဆောင် ဝမ်းတူးဝမ်းက အဆောင်သူလေး တစ်ယောက်ဆီ အလွမ်းရထား နောက်ပြန်မောင်း နေမိတော့တယ်….ဒီစာတွေ့ရင် သူရောလွမ်းနေလေမလားးးးးးးး..

    • kocho

      October 14, 2011 at 8:28 pm

      ဆရာဆွေကတော့လုဎ်ပြီ ငိုချင်ရက်လက်တို့နေတာလားဗျာ့ 😀

    • weiwei

      October 14, 2011 at 9:20 pm

      အဘဆွေ သတိရနေတာ မင်မယ်ကြီးမ မဟုတ်လား … 😛

    • kai

      October 15, 2011 at 12:01 am

      မြင်ရခဏ လွမ်းမိသတ
      အိပ်ယာ စောင်ရှည်
      ကြေမွတွန့်လိပ်
      ထိမ်းမရ သီချင်းသံ
      စီကာ ငုတ်တုတ်
      ဪ…
      အလွမ်းရထား နောက်ပြန်သွား
      မောင်းမိတော့သည် အတိတ်ဆီ…။

      • akswe

        October 15, 2011 at 2:40 am

        သဂျီးရယ် ပုံဖော်တတ်ပါပေ့..
        တညနေ လုံး ဂစ်တာတီးပြီး သီချင်းဆိုနေမိတယ်ဗျာ….
        မညာကြေးဆိုရင် သဂျီးကိုယ်တိုင်လည်း အတိတ်လေးတွေ ရှိနေမှာပါ နော်….

  • blackchaw

    October 14, 2011 at 9:26 pm

    ဆရာဆွေရေ။
    တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ နေ့လယ်က ဓါတ်ပုံလိုက်ရိုက်တော့
    နှင်းဆီဆောင်ကိုရောက်တယ်။ ရိုက်ဖြစ်ခဲ့တယ်။
    ဝမ်းနည်းစရာတစ်ခုက နှင်းဆီဆောင်ရှေ့မှာ အတွဲတွေရဲ့
    ကားလေးတွေ ခိုအောင်းဘို့ ဂျက်ကာ အပီအပြင်ဖြစ်နေပြီဗျာ။
    ဆရာဆွေ။ ကျွန်တော်လည်း အီကိုနဲ့ ပြီးတာပါ။
    ၁၉၉၄ မှာ ကျောင်းပြီးပါတယ်။ ဆရာဆွေ့ ကောင်မလေးက
    ဘယ်နှစ်ခုနှစ်ကလဲ။ ဆရာဆွေက အီကိုထိ ပေါက်ရောက်တယ်ဆိုတော့
    ဆော်ကြည်ဘဲကြီးပေါ့။

    • akswe

      October 14, 2011 at 11:00 pm

      ကိုဘလက်ချော ရေ ကျွန်တော်က တစ်တန်းကို ၂နှစ်နေခဲ့ပါတယ် ကယ်မစ်စတွီ မေဂျာပါ ။အဲဒီနှစ် ၁၉၉၀- ၉၁ ဝန်းကျင်လောက်ပါပဲ နှင်းဆီ သူနဲ့တွေ့တာသူ ကျောင်းပြီးတော့ ၁၉၉၅ ထင်တယ် ဓါတ်ပုံလေးတင်ပေးပါဦး အလွမ်းပြေ…
      ဆော် မကြည်ပါဘုူးဆရာ ရယ် ခုထိ အကျဉ်းတန် ဧ။် အထီးကျန် ဇာတ်လမ်းကို ဆင်နွဲနေရပါတယ် … ကံကောင်းလို့ ကောက်ရခဲ့ဘူးတာပါ..ကံမှောက်တော့ပြန်ပျောက်သွားတယ်….
      ပြောရင်းလွမ်းလာပြီ ဂျက်ဒယ်နီရယ် သွားယူဦးမယ်…သောက်စရာဇာတ်လမ်းရှာနေတာနဲ့ အတော်ပဲ။

  • akswe

    October 14, 2011 at 9:29 pm

    မဝေရဲ့ မှတ်ဉာဏ်ကတော့ကြောက်ဖို့တောင်ကောင်းတယ်….
    အဲ့ဒါကြီးမဟုတ်ပါဘူးမဝေရယ် ….တူလေးကနောက်တစ်ယောက်ပါ….(အခုတော့သူကြီးဖြစ်နေလောက်ပြီ သားတစ်ရာ မြေးတစ်ဖြာနဲ့)

  • blackchaw

    October 14, 2011 at 9:39 pm

    သူကြီးရေ ကယ်ပါဦး။
    ပြင်လည်းမပြင်တတ်တော့ဘူး။
    လွှမ်းကို လွမ်းပေးပါ။ သူကြီးရယ်။
    ဒီပို့စ်အတွက် ပွိုင့်တွေ နှုတ်ရင်လည်းနှုတ်လိုက်ပါ။

  • naywoonni

    October 14, 2011 at 10:15 pm

    ကျောင်းဆိုမှတော့ စာသင်သင့်တာပေါ့ကွယ်…။ အားမငယ်ပါနဲ့ ရန်ကုန်တက္ကသိုလ်ရယ်…။ မင်းနဲ့ ဘဝတူ မန္တလေး တက္ကသိုလ် ဟာလဲ နွားကျောင်းခံနေရရှာလေရဲ့…။ တစ်နေ့နေ့ပေါ့ မေရယ်……ပေါ့ကွာ…။ ကျောင်းဝင်းထဲမှာ ကျောင်းသား တွေ စာပြန်သင်တဲ့ တစ်နေ့ ရောက်လာဦးမှာပါ…။ အဲဒိနေ့ကျမှ………… အဲဒိကျောင်းထဲ ပြန်ဝင်မယ်………

  • pooch

    October 14, 2011 at 11:14 pm

    အယ်..ဂျပ်ဆင်ကြီးက ဆေးတွေသုတ်ပြီး သစ်နေပါလား…

  • padonmar

    October 14, 2011 at 11:27 pm

    ကျောင်းဆိုတာ စာသင်ဖို့ပါ၊ပိတ်ထားဖို့မဟုတ်ပါ၊သဂျီးက vote လုပ်လုပ်မလုပ်လုပ် ဇွတ်မဲပေးလိုက်ပါသည်၊

  • TTNU

    October 14, 2011 at 11:52 pm

    ကိုBlackchaw ရေ
    တီချာတို့ နေခဲ့တာက နဝဒေးဆောင်နဲ့ သမိုင်းထဲက ဂန္ဓမာဆောင်တွေမှာ။ ဒါနဲ့ ကိုချေုာရဲ ့ ပုံတွေထဲက
    လွမ်းစရာ လိုက်ရှာကြည့်တော့ အော် ၁၉၇ဝ ငွေရတုတုန်းက အဓိပတိလမ်းမ ပေါ်မှာ လျှောက်ဖူးခဲ့ပါသည်။
    RC ထဲမှာ Inter-Institutes ပင်ပေါင်လာပြိုင်ဖူးတာပဲ။ ၁၉၇၂ မှာ ဘွဲ့နှင်းသဘင် လာတက်ဖူးတဲ့ Convocation
    ံ့Hall ကြီးကလည်းလွမ်းစရာပါပဲ။ တိုင်းရင်းသားသူငယ်ချင်းလေးတွေနဲ့ Judson ကို Sunday School လာဖူးတာ
    လည်း လွမ်းရတဲ့ အထဲပါနေတာပါလား။ ဆရာ လယ်တွင်းသားစောချစ်တို့ လွမ်းတာလောက်တော့ ဒေါ်TNU တို့ အကြောတောင်ပေးလိုက်ချင်တယ်။ ဒါတောင် ချစ်သူတို့လျှောက်သောလမ်းလေးကို တစ်ယောက်တည်း
    လွမ်းချင်လို့ မပြောပြတာနော်။ မောင်ရင့် ပုံထဲမှာလည်းမပါလို့။ ပါလာရင် ကျုပ်ချုံးမွဲချငိုပြီတော့။

  • kai

    October 15, 2011 at 12:41 am

    RU Rangoon University အမည်နဲ့ ၁၉၂ဝ က အင်္ဂလိပ်ကတည်ထောင်ပေးသွားတာ..။
    မြန်မာပြည်ရဲ့.. သက်တန်းအကြာဆုံး တက္ကသိုလ်ပေါ့..။

    တက္ကသိုလ်တခုရဲ့ တန်ဖိုးက သက်တန်းပေါ်အများကြီး တည်မှီတယ်..။ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်ပြီး ရှင်သန်အောင်လုပ်ရင်း.. ကမ္ဘာ့အဆင့်မှီအောင် လုပ်သင့်တာပေါ့..။ အဲဒီကထွက်တဲ့ ကျောင်းတော်သားတွေ ကမ္ဘာတန်းမှာ အများကြီးရှိနေတာပဲ..။ အကူအညီတွေပြန်ခေါ်ပြီး.. အမိတက္ကသိုလ်အတွက် ပြန်လည်ပေးဆပ်ခိုင်းရမှာပါ..။

    ဆိုတော့…
    ရန်ကုန်တက္ကသိုလ်နဲ့တူတူ ၁၉၂ဝမှာတည်ထောင်ခဲ့တဲ့.. ကျောင်းသားသမဂ္ဂကိုလည်း ပြန်လုပ်ကြရမှာပါ..။
    မင်းကိုနိုင်အပါအဝင်သမဂ္ဂ ကျောင်းသားခေါင်းဆောင်ဟောင်း/သစ်တွေနဲ့.. ရန်ကုန်တက္ကသိုလ်ဝင်းထဲ သမဂ္ဂအဆောက်အဦ အုပ်မြစ်ချ..ပြန်ဆောက်သင့်တယ်..။ အုပ်မြစ်ချ မော်ကွန်းမှာ.. သူတို့အမည်တွေထည့်သင့်တယ်..။ ဒါဆို အားလုံးကျေနပ်ပျော်ရွှင်ကြမယ် ထင်မိပါတယ်..။

    … ပြီးခဲ့သမျှတွေ သင်ပုန်းချေပြီး တိုးတက်တဲ့ နိုင်ငံတော်သစ်ဆီ သွားဖို့သင့်ပါပြီ..။

    သမ္မတဦးမောင်မောင်ပြောသွားခဲ့တယ်..။
    “ရာသီဥတု သာယာတဲ့တနေ့ကျရင်.. ပျော်ပျော်ပါးပါး အုပ်မြစ်ချကြရအောင်”.တဲ့

    … ရာသီဥတုသာယာအောင် ..လုပ်ယူကြပါစို့..။

    ဒါကို ..နိုင်ငံတော်အစိုးရအဖွဲ ့သိအောင်..poll လုပ်ပါမယ်..
    Vote ပေးကြပါနော…။

  • etone

    October 15, 2011 at 10:05 am

    ပုံတွေပြလို့သာ ကြည့်လိုက်ပါတယ် ကျွန်မတို့အတွက်တော့ … ဘွဲ ့ယူတုန်းကသာ မဖြစ်မနေရောက်ခဲ့တဲ့ နေရာမို့ လွမ်းစိတ်တော့မဖြစ်မိဘူးလေ … ။ ကျွန်မတို့ တက်ခဲ့ရတဲ့ တက္ကသိုလ်ဆိုတာ … ဖုန်ထူ ၊နေပူပြီး … လွင်တီးခေါင်ပြင်မှာ … 🙁

    • pan pan

      October 17, 2011 at 4:29 pm

      တော်ဝင်လမ်းကြီးကို သတိရနေတာလားအစ်မရ
      တော်ဝင်လမ်းအဝင်ကျော်ကျော်နားက သစ်ပင်ကြီး(ကုက္ကိုပင်လားမသိ)ကိုရော သတိရသေးလား
      ဖုန်ထူထူကားကွင်းကြီးနဲ့ နွေရာသီဆို လေပူတွေကတိုက် အေးမြတဲ့အရိပ်ဆိုတာ ပတ်ဝန်းကျင်မှာမဲ့နေခိုက် (အယ်…အက်စစ်သီချင်းနဲ့မှားတွားဘီ :mrgreen: )
      ထမင်းစားချိန်ပဲ ကင်တင်းထိုင်ရ၊ ကျန်အချိန်စာသင်ခန်းအပြင်မထွက်ရ၊ အပြင်မှဆရာမတွေ ကင်းလှည့်ကြ၊ ဟွင့်ဟွင့် 😥

      • etone

        October 17, 2011 at 4:43 pm

        ကျောင်းတက်ပျင်းလွန်းလို့ .. ကျောင်းနဲ့ ပတ်သတ်တာ .. ဘာကိုမှ သတိမရချင်တော့ပါဘူး ပန်ပန်ရေ … တကယ်ပါပဲ ကျောင်းတက်တုန်းကဆို . ဝဋ်ခံရသလိုတောင် တွေးမိပါတယ် … ။ နွေကပူ ၊ ဖုံကထူး .. လူဦးရေက များများ သောက်သုံးရေက မကြည် … ဝယ်သောက်ရတာက ရေသန့် ဗူး … အိမ်စောစောပြန်ဖို့ ကားစီးမလား ထီး ၊ဖြူဖိနပ်ပါးအောင် လမ်းလျှောက်ရတယ် … တကယ့်ကို ကျောင်းတတ်ခဲ့တဲ့ အချိန်တွေ နှမျောတယ် .. ။

  • ရွှေဘိုသား

    October 15, 2011 at 10:08 am

    မတက်ဖူးပေမဲ့ အင်းလျားလမ်းလေးကိုတော့ သူနဲ့ တွဲလျှောက်ချင်လိုက်တာ ကိုပေ လိုက်ပို့ပေးပါလား

  • စုံ စုံ

    October 15, 2011 at 10:30 am

    ငယ်ငယ်ကဆိုမိန်းထဲမှာကျောင်းတတ်ချင်လွန်းလို့
    အဓိပတိလမ်းကိုလျှောက်ချင်လွန်းလို့အရူးထခဲ့တာမမေ့နိုင်ဘူး
    တကယ်တမ်းလဲတက္ကသိုလ်တက်ရကော နေပူပူဖုန်ထူထူကိုသွားတက်ရတယ်
    ဒါလဲအလျှော့မပေးဘူး သူငယ်ချင်းတွေနဲ့မိန်းထဲသွားပြီးဓါတ်ပုံရိုက်တာဘဲ
    အင်းလျားကန်ပေါင်သွားပြီး ကျောင်းသားဘဝကိုပျော်အောင်ဖြတ်သန်းခဲ့တာဘဲ
    မဟုတ်ရင် နွေပူပူဖုန်ထူထူကျောင်းထဲမှာဘယ်မှာပျော်လို့လဲလေ
    မိန်းကကိုယ့်မတက်ခဲ့ရတဲ့ကျောင်းဆိုပေမယ့် ကိုယ့်ကျောင်းလိုဘဲသဘောထားတယ်
    နောင်လာမယ့်သူတွေလဲမိန်းထဲမှာကျောင်းပြန်တက်လို့ရရင်အင်မတန်ကောင်းမယ်

  • manawphyulay

    October 15, 2011 at 10:36 am

    ရန်ကုန်တက္ကသိုလ်ထဲတော့ ဟုတ်တယ်။ ဒါပေမယ့် သိပ်မစုံဘူးနော်။ ရိုက်လာတာတွေက ဂျပ်ဆင်အောက်က ချစ်သူလမ်းကြားလေးလည်း မပါသလို စစ်ကိုင်းလမ်းခွဲကနေ ဝင်ရင် ULB ဆောင်ကို ရောက်သလို ဆရာများ နားနေဆောင်တွေလည်း ရှိသေးတယ်လေ။ နောက် စစ်ကိုင်းလမ်းက ကန်တင်းလေးတွေ ခုလက်ရှိမှာ ဒီလိုမာသင်တန်းတွေရှိနေတော့ အရမ်းစည်တယ်လေ။ နောက် ဦးချစ်ဘက်က Law သင်တန်းတွေလည်း ရှိတယ်။ နောက် နာမည်ကြီး RC ဆောင်လည်း ပြပါဦးရှင့်။

  • kocho

    October 15, 2011 at 2:14 pm

    ဆရာချောတို့လုဎ်ပုံ က ကျနော်တို့ လုဎ်တာထက်ပီပြင်တယ် ကျနော်တို့က ရုပ်ပိုင်းဆိုင်ရာပဲ စွဲဆောင်လို့ရမယ် ခင်ဗျားကတော့ စိတ်ပိုင်းဆိုင်ရာကို အပြီးတိပ်းပိုက်လိုက်တလို ခံစားမိပါ၏ ပြောရင်းသူငယ်ချင်းရောင်းရင်း များကိုလဲ တမ်းတလွမ်းစွတ်မိပါ၏(မိန်းကလေးများကိုအထူး) 😀 direct hit pel

  • captainamerica

    October 15, 2011 at 4:37 pm

    ကျွန်တော်ကအသက်ငယ်ပေမယ့် IT သုံးလတက်ဖူးတော့ရန်ကုန်တက္ကသိုလ်ကိုကိုယ့်
    ကျောင်းလို.ခံစားလို.ရတယ်။ဟိုဖုန်ထူနေပူတက္ကသိုလ်ကိုတော့သုံးနှစ်လုံးလုံးတက်လာ
    ပေမဲ.ယောင်လို.တောင်မလွမ်းမိဘာ။ရန်ကုန်တက္ကသိုလ်အမြန်ဆုံးပြန်ဖွင့်ပီး
    မျိုးဆက်သစ်လူငယ်များပျော်ပျော်ပါးပါးပညာသင်ယူနိုင်ကြပါစေလို.
    ဆုတောင်းပေးပါတယ်။

  • Foreign Resident

    October 16, 2011 at 10:38 am

    Dear akswe, blackchaw & manawphyulay,

    ဒါဆို အဘဆွေ အဘဆွေ နှင့်ခေါ်နေတာ ကျွန်တော်နှင့် သိပ်မကွာဘူးပေါ့ ။
    ကျွန်တော်တို့ Same Batch တွေက ၈၈ အရေးအခင်းဖြစ်တော့ 4th year / နောက်ဆုံးနှစ်တွေ ။

    Black Chaw ရေ
    ကျွန်တော်တို့ ခေတ်က ဦးချစ် ဆိုင်က အဲဒီနေရာမှာ မဟုတ်ဘူး ။
    ပြည်လမ်းမကြီးဘေးမှာ ၊
    ပြည်လမ်းကနေတောင် ဝင်တဲ့အပေါက်ရှိတယ် ။

    manawphyulay ရေ
    RC ( recreation Center ) ဆိုတာ Label မတပ်ထားတဲ့
    “စစ်ကိုင်းသားတွေ နေတဲ့ အဆောင်” ပုံ နှင့် “တောင်ငူဆောင်” ပုံ ကြားကပုံပဲ ။

  • blackchaw

    October 16, 2011 at 12:35 pm

    Foreign Resident ကြီးရေ။
    ကျွန်တော်က ခုဖွင့်ထားတဲ့ တောင်ငူဆောင်ရှေ့နားက ဦးချစ်ဆိုင်ကို ရိုက်ထားတာပါ။
    ဟိုးတုန်းက ဦးချစ်ကို ကျွန်တော်တို့ မမီခဲ့ဘူးလေ။ တကယ်မထိုင်ခဲ့ဘူးပါဘူး။
    ကိုင်ဇာက သီချင်းထဲထည့်ဆိုတော့ ငယ်ငယ်တည်းက သိနေခဲ့တာပါ။
    ပြောပြပေးတာကျေးဇူးပါ။ ကျွန်တော်က ၈၈ မှာမှ ၁ဝ တန်းအောင်တာဆိုတော့
    တော်တော် နောက်ကျမှာပါ။

  • kai

    October 17, 2011 at 6:18 am

    Poll တော့တင်လိုက်ပါပြီ..
    ဒီရက်ထဲပဲ.. အောက်က.. သတင်းဖတ်မိတာမို့..

    စိုးရိမ်မိတယ်… တက္ကသီလာ မြကျွန်းသာရယ်…။

  • kookaburra

    October 17, 2011 at 12:34 pm

    ကျွန်တော်ကတော့ မတက်ခဲ့ရပေမယ့် တက်ဖူးတဲ့သူတွေအတွက် လွမ်းပါသဗျာ……..

  • နည်ရဲဇော်

    October 17, 2011 at 1:38 pm

    လွမ်းစရာကောင်းတဲ့တက္ကသိုလ်မြေတကြောမှာ . . . လေးနှစ်ကြာ. . .အိပ်မက်ရှည် . . . မက်ခဲ့တယ်လေ။

    ကျွန်တော်ကတော့ လေးနှစ်မကပဲ ကလေးဘဝထဲက RC 2 နဲ့ အင်းယားကန်ထဲမှာ ရေကူးရင်း ဆော့လာခဲ့တော့တောင်ပြန်သွားချင်လာပြီ။
    သံတိုင်တွေမကာခင်တုန်းက ကားလမ်းဘေးက ဘူးသီးကြော်ဆိုင်နဲ့ အော်ကွေ့ကျီ ဆိုင်လေးတွေကိုလည်းလွမ်းတယ်။

  • amatmin

    October 17, 2011 at 1:49 pm

    အော် ..ပုုံလေးတွေကိုကြည့်ပြီး.ငါတို့ပညာမသင်လိုက်ရတဲ့.ကျောင်းတော်ကြီး..
    ဒီအဆောင်တွေ..အမှတ်တရတွေ.ကြောင့်..တကယ့်တက္ကသိုလ်ဆိုတာဒါပါလားဆိုတဲ့.
    အလွမ်းတွေ၊အတွေးတွေ.ဆုံးမယ်မှမကြံသေးဘူး….လာပြန်ပြီနောက်တမျိုး.
    အခုတ်ခံထားရတဲ့ကျူပင်တွေက..ကျူငုတ်ကြီးကို.ကြည့်ပြီးဆွေးနေကြတာကိုလဲ..
    အစိုးရမင်းတွေက.မြင်ချင်ပုံလုံးဝမရှိတော့ဘူးထင်တယ်..
    ဒါပေမဲ့.တာရာမင်းဝေကဗျာထဲကလို…”ကျောင်းသားနဲ့ကျောင်းတနေ့တော့ပေါင်းရမှာပဲ”..

  • aungnng87

    October 17, 2011 at 3:39 pm

    ပုံတွေကြည့်ပြီးလွမ်းပါတယ်။ မနှစ်ကရွာပြန်တုန်းက အင်းယားရောက်ဖြစ်တယ်။ အင်းယားလည်းတော်တော်လှနေတယ်။ သူငယ်ချင်းတွေနဲ့အလွမ်းပြေကန်ဘောင်ပေါ်မှာလမ်းလျှောက်ခဲ့သေးတယ်။ တကယ်ဘဲမျိုးဆက်သစ်တွေကိုအဲဒီမှာကျောင်းတက်စေသင့်တယ်။ ကိုယ်တွေပျော်ခဲ့သလို သူတို့လေးတွေကိုလည်းပျော်စေချင်တယ်။

  • pan pan

    October 17, 2011 at 4:43 pm

    တက္ကသိုလ်တက်ရတော့ နေပူပူဖုန်ထူတူနဲ့ သွားလာခဲ့ရတယ်
    ကျောင်းအပြန်မှာ ကျောင်းသူနဲ့မတူဘဲ အလုပ်ကြမ်းလုပ်လာသူနဲ့ တူသွားတယ် (သူများတွေလိုလည်း ကိုယ်ပိုင်ကားနဲ့လည်း ကျောင်းမတက်နိုင်ဘူး)
    ဘွဲ့လေးရလာတော့ မိန်းထဲသွားယူရတယ်
    ဓါတ်ပုံတွေရိုက်တော့ အဖေနဲ့အမေက “ဒီဟာက ဂျပ်စင်ပေ့ါသမီးရဲ့၊ ဒီနားလေး ဓါတ်ပုံရိုက်ဦး၊ ဒီဟာသစ်ပုတ်ပင်ကြီးလေ၊ ခုတော့သူ့ကိုခြံခတ်လိုက်ပြီ၊ ဒီဘွဲ့နှင်းသဘင်ခန်းမကြီးကို အပြင်ကဆေးသုတ်လို့မရဘူး၊ အတွင်းပိုင်းပဲ ပြင်ဆင်ထားမယ်ထင်ပါရဲ့”
    😥 😥 😥
    ပြောသာပြောရ၊ အဖေနဲ့အမေလည်း ရန်ကုန်တက္ကသိုလ်တက်ခဲ့ရတယ်တော့မဟုတ် (အဖေက ချောက်က သခင်ဖိုးလှကြီးကျောင်းက ဂျီတီအိုင်တက်ပြီး လေကြောင်းမှာအလုပ်လုပ်ရင်း ဖစ်စစ်အဝေးသင်၊ အမေက မန်းလေးမှာ အီကို)
    နို့ပေသည့် သူတို့က နှံ့နှံ့စပ်စပ်သိသေးသည်
    ကျွန်မတို့မှာတော့ ဝတ္ထုဖတ်ပြီး စာထဲကပဲ ခံစားနေရသည်
    ဦးချောရဲ့ ဓါတ်ပုံတွေကြည့်ပြီးတော့ ဘာလွမ်းမှန်းမသိ ငိုချင်လာသည်
    ကိုယ်တိုင်မတက်ခဲ့ရသော်လည်း ဒီတက္ကသိုလ်ကြီးကိုတော့ဖြင့် အပျက်မခံနိုင်
    ကျောင်းသားတွေနှင့်လည်း စည်ကားစေချင်သည်

Leave a Reply