ကိလေသာဆယ်ပါး မြန်မာလို မျှဝေခြင်း

kotun_mdyOctober 14, 20111min747

စိတ်ဆာ၊ စိတ်ဆိုး၊ စိတ်မိုးမိုက်မှား (၃ချက်)

စိတ်ထားမြင့်မောက်၊ စိတ်ဖောက်မှားသိ၊ စိတ်၏ဝေဝါး၊(၃ချက်)

စိတ်ကားထိုင်းမှိုင်း၊ စိတ်လှိုင်းပျံ့လွင့်၊ စိတ်ရွှံ့ရှက်ပျောက်၊ စိတ်ကြောက်ကင်းကွာ (၄ချက်)

 

ထို(၁၀)ဖြာသည် ပယ်စရာကိလေ စိတ်ညစ်တည်း။

အရိယသစ္စာထိုက်သည့် ဒုက္ခတို့ကို ဖြစ်စေသော အကြောင်းတို့ကို ဒုက္ခသမုဒယအရိယသစ္စာ(ဝါ)ကိလေသာ ဟုခေါ်သည်။ ပယ်သတ်ရှောင်ကြဉ်ရမည့် ကိစ္စရှိသည်။

 

လူနှင့် ကိလေသာ ကွဲပြားစွာ သေချာမြင်အောင်လုပ်။

လူဟာလူပါ ကိလေသာ သူဟာ လူမဟုတ်။

လူ့အပေါ်ကာ ကိလေသာ စိုးကာချယ်လှယ်ချုပ်။

ကိလေသာလုပ်သမျှ လူခံရ ဒုက္ခမြင်အောင်ထုတ်။

ဒုက္ခသိရာ ကိလေသာ ပယ်ခွာအမြစ်ပြုတ်။

ကိလေသာကင်းငြိမ်းချမ်းခြင်း ချက်ခြင်းရမည်ဟုတ်။(မှတ်ချက် နဲနဲကင်းလျှင် နဲနဲရမည်၊ များများကင်းလျှင် များများရမည်)

 

စားမည်ဆိုငြား၊ စဉ်းစားဝေဖန်

လိုပမာဏ၊ စားကအမှန်

မလိုအပ်ဘဲ၊ ချင်စွဲစားပြန်၊ (မလိုအပ်ဘဲ စားချင်လို့စား)

ကိလေသာမို့၊ ရှောင်စို့ဒို့အမြန်။

ဝတ်မည်ဆိုငြား၊ စဉ်းစားဝေဖန်

လိုပမာဏ၊ ဝတ်ကအမှန်

မလိုအပ်ဘဲ၊ ချင်စွဲဝတ်ပြန်၊ (မလိုအပ်ဘဲ ဝတ်ချင်လို့ဝတ်)

ကိလေသာမို့၊ ရှောင်စို့ဒို့အမြန်။

သွားမည်ဆိုငြား၊ စဉ်းစားဝေဖန်

လိုပမာဏ၊ သွားကအမှန်

မလိုအပ်ဘဲ၊ ချင်စွဲသွားပြန်၊ (မလိုအပ်ဘဲ သွားချင်လို့သွား)

ကိလေသာမို့၊ ရှောင်စို့ဒို့အမြန်။

ပြောမည်ဆိုငြား၊ စဉ်းစားဝေဖန်

လိုပမာဏ၊ ပြောကအမှန်

မလိုအပ်ဘဲ၊ ချင်စွဲပြောပြန်၊ (မလိုအပ်ဘဲ ပြောချင်လို့ပြော၊ ဒေါသကြောင့်ပြော)

ကိလေသာမို့၊ ရှောင်စို့ဒို့အမြန်။

 

 

 

 

တဆင့်ဖောက်သည်ချခြင်းဖြစ်ပါသည်။

သင့်သော်ယူစေ၊ မသင့်ပေမူ၊ ရှာဖွေပါဦး၊ သည်ခေတ်ထူးနှိုက်၊ ဆည်းပူးနိုင်မှ၊ လွန်တိကျလိမ့်။

7 comments

  • mandalarthu

    October 14, 2011 at 5:24 pm

    ဟုတ်ပါတယ် ကိုထွန်း ရေ-
    ကျွန်မတို ့မှာနေ ့စဉ်နဲ ့အမျှကိလေသာခြယ်လှယ်ခံနေ ကြရတာမို ့
    ”ကိလေသာလုပ်သမျှ လူခံရ ဒုက္ခမြင်အောင်ထုတ်။”ဆိုတဲ ့အတိုင်း
    စိတ်က သတိ တချက်ကင်းသွားတာနဲ ့တပြိ ုင်နက်တည် း
    စိတ်ဆိုးမှ ု၊ဝမ်းနည်းမှ ု၊ဒေါသထွက်မှ ုဆိုတဲ ့ကိလေသာတွေ က တရမန်းကြမ်း ဝင်ချလာတော ့တာပါဘဲ။ ကိလေသာ အခုဖြစ်- အခုသိ နိူင်ရင်တော ့ကိလေသာကို ချက်ခြင်း ပယ်ခွာနိူင်မှာပေါ ့။
    အခုတော ့ အဲဒီလောက် မရင် ့သေးတော ့ဖြစ်ပြီး အတန်ကြာမှ သိတော ့ကိလေသာမီးတွေရဲ ့လောင်မြိုက်မှ ုဒုက္ခတွေ ကို အနည်းနဲ ့ အများ ခံနေရဆဲပါဘဲ။
    ”ကိလေသာကင်းငြိမ်းချမ်းခြင်း ချက်ခြင်းရမည်ဟုတ်။”‘ဆိုတာကတော ့အမှန်ပါဘဲ။
    ကိလေသာ ဖြစ်-ဖြစ်ချင်းသိရင် ၊ အခုဖြစ် -အခုသိ-အခုဆင်ခြင်-အခုငြိမ်းချမ်းသွားတာမို ့
    ကိလေသာတွေ အမြစ်မဖြတ်နိူင်သေးခင်မှာ
    နေ ့စဉ် ကိလေသာတွေ မတိုးပွားအောင် နဲ ့ပါး ်နိူင်သမျှပါးနိူင်ဖို ့ဘဲ
    ကြိ ုးစားနေရပါတယ်။
    (မှတ်ချက် နဲနဲကင်းလျှင် နဲနဲရမည်၊ များများကင်းလျှင် များများရမည်)ဆိုတဲ ့စကားလေးကို
    အထူးနှစ်သက် သဘောကျဆုံးမို ့သေချာမှတ်သားထားလိုက်ပါကြောင်း။
    သိပ်ကို ဓမ္မ အသိ တိုးပွားစေတဲ ့ပို ့စ်လေးပါဘဲ။ ကျေးဇူးပါနော်။

  • realman

    October 14, 2011 at 6:34 pm

    “လူနှင့် ကိလေသာ ကွဲပြားစွာ သေချာမြင်အောင်လုပ်။
    လူဟာလူပါ ကိလေသာ သူဟာ လူမဟုတ်။” ဆိုတာ

    တကယ့် ကိလေသာကို ဝေဖန်မိဖို့တော့ လိုမယ်ထင်တယ်။
    ကိလေသာ (တဏှာ) အပေါ်မှာကိုပဲ ပညာရှင်တွေ ဖွင့်ဆိုတာ အမျိုးဖြစ်နေတာတွေ့နေရပါတယ်။
    တချို့က လိုချင်တာမှန်သမျှ တဏှာ (ကိလေသာ) တဲ့။
    တချို့က နိဗ္ဗာန်လိုချင်တာမှ တစ်ပါး ကျန်တာ ဘာလိုချင်ချင် တဏှာ (ကိလေသာ) တဲ့။
    နောက်ထပ်ပြီး ခန္ဓာအတွက် လိုအပ်လို့ မဟုတ်ပဲ အပိုလိုချင်တာ တဏှာ (ကိလေသာ) လို့ လည်း ဆိုတဲ့သူတွေ ရှိနေသေးတယ်။
    ဒါ့အပြင် လိုအပ်တာ (need)က ကိလေသာ မဟုတ် လိုချင်တာ (want) ကမှ ကိလေသာတဲ့။
    ဒါ့အပြင် – – – – ဒါ့အပြင် – – – – ဒါ့အပြင် – – – – ပေါင်းများစွာထဲက ဘယ်ကိလေသာကို ရွေးချယ်ပယ်နေကြမှာလဲလို့။

  • akswe

    October 15, 2011 at 2:24 am

    ပထမတော့ မန်းမလို့ ပဲ နောက်တော့ ပါဋိသံလေး သုံးလေးငါးလုံးပါတာနဲ့ ငါ့ ဂွင် ရောက်ပြီဆိုပြီး ဝင် ပါတဲ့ ဟာ တွေ့ပြီး စိတ်လေလို့မမန်းတော့ဘူး.. give us some space pleazzzzzeeeeee…….

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 15, 2011 at 9:06 am

    ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ
    ကိလေသာပယ်နိုင်မှ ချမ်းသာရ တရားတော်
    http://www.dhammadownload.com/ChanMyaySayaDaw-Ashin-Janakabhivamsa-mp3-myanmar.htm
    ပြောခြင်တာက ကိလေသာလို့ဆိုလိုက်ကြပြီဆိုပါတော့
    ဘယ်လိုအမျိုးအစားလည်း ဆိုတာသိဘို့နဲ့
    ပယ်သတ်ပုံ ပယ်သတ်နည်းလေးကို သိကြဘို့ပါ
    ဖေါ်ပြပါ လင့်က တရားတော်ကို သေခြာစွာ သီးခံပြီး နာကြားကြည့်ကြဘို့
    လေးလေးနက်နက်တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား

    • mggwa

      October 15, 2011 at 5:04 pm

      ကိလေသာကို သိမှ သတ်ရတာ ပီပြင်မှာနော့။ မပီပြင်ရင် ဟဝှာပြုတာကိလေသာထင်ပြီး ခွပယ်နေမှ လင်မယားချင်းကွဲနေဦးမယ်။
      ထိုင်နေအကောင်းသား၊ ပယ်လိုက်မှ ဒုက္ခရောက်ဆိုသလို ဂွကျနေလိမ့်မယ်။
      ကိလေသာဆိုတာ သဘော (သဘာဝ) မမှန်မှုရဲ့ သဘောသရုပ်ပဲလို့ နားလည်ကြည့်။

      ကျမ်းကိုး= mggwa say (ကော်ပီ မဟုတ် ကိုယ်တိုင်ပြော)

  • lionking

    October 15, 2011 at 4:53 pm

    ချင်ဟူသမျှ ပမာဏ မျှတသိမှ ကိလေကုန်။
    ချင်ဟူသမျှ ပမာဏ မျှမသိက ကိလေခြုံ။
    ကုန်၊ခြုံ နှစ်ပါး မသိငြား လူသားဖြစ်ကျိုးမနပ်ရုံ။
    ကိလေဖွားချက် ကံအတွက် ဆက်ဆက်ဝိပါက် ဖြစ်ပေါ်ပုံ။
    ဖြစ်ကြောင်းကုန်စင် ပို့စ်ပိုင်ရှင် ဉာဏ်လျှင်စွာနှင့် ရှင်းလိုက်ရုံ။
    ရှင်းမပေးမူ ပို့စ်ဖတ်သူ အူတူတူနဲ့ကျော်လိုက်ရုံ။
    ရှင်းပြပေးမူ ပို့စ်တင်သူ ငါမူကျေးဇူးတင်လိုက်ရုံ။

  • kotun_mdy

    October 17, 2011 at 6:07 pm

    ကိလေသာက (၁၀)ပါး ကျူးလွန်မှု လမ်းကြောင်းက(၄)ကြောင်း၊ ဒီလမ်းလေးကြောင်းတိုင်းမှာ ကိလေသာက(၁၀)ပါးဆိုတော့ ကိလေသာ ကို (၄၀)လို့လဲပြောကြပြန်တယ်။

    ကျူးလွန်မှုလမ်းကြောင်းကတော့ (၄)ကြောင်းရှိပေမယ့် (၄)ကြောင်းတစ်ပြိုင်နက်တော့ လွန်ကျူးတာမဟုုတ်ဘူး၊ လမ်းကြောင်း(၁)ခုမှပဲ လွန်ကျူးပါတယ်။ မည်သည့်လမ်းကြောင်းမှ လွန်ကျူးသည်ဖြစ်စေ ကိလေသာ(၁၀)ပါးကတော့ ပါဝင်ပါတယ်။ (၁)ပါးမှ မကျန်ခဲ့ပါဘူး။
    (၁)ကာမအကုသိုလ်လမ်း (အပုညာဘိသင်္ဂါရ)
    (၂)ကာမ ကုသိုလ်လမ်း (ပုညာဘိသင်္ဂါရ)
    (၃) ရူပ ကုသိုလ်လမ်း (၄)အရူပကုသိုလ်လမ်း (ထိုနှစ်လမ်းကို အနဇ္ဈာဘိသင်္ဂါရ)
    (မှတ်ချက်) ထိုလမ်းကြောင်းတို့ထဲတွင် တူရာပြန်တွဲလိုက်လျှင် အကုသိုလ်နှင့်ကုသိုလ်-(အစွဲနှင့်ပြုလုပ်သောကုသိုလ်)နှစ်မျိုးကွဲသွားပါသည်။ ဒါကို ဗုဒ္ဓမှ ကျင်ကြီးနှင့်နှိုင်းပြီး ဆင်းရဲသားကျင်ကြီးနှင့် လူချမ်းသာကျင်ကြီး နှစ်ခုစလုံးကတော့ အတူတူဆိုတာမျိုး ဟောထားသည်ကို လေ့လာဖူးပါတယ်။

    ကိလေသာမပါတဲ့လမ်းကြောင်းကတော့ ဗုဒ္ဓဘုရားဟောကြားထားတဲ့ မဂ္ဂင်(၈)ပါးပြည့်စုံသော မဂ်လမ်းပဲ ဖြစ်ပါတယ်။ ကိလေသာလျော့နည်းကင်းပျောက်ချင်တယ်ဆိုရင်တော့ မဂ်လမ်းတစ်လမ်းတည်းသာ လေ့ကျင့်ပြောဆိုနေထိုင်ပြုမူ သတိထားဆင်ခြင်ရမှာပါ။

Leave a Reply