”ပုံစံအမျိုမျိုးနဲ့ပေါ်တင် တောင်းစားကြသူများ”

Uncle LayOctober 15, 20111min1879
Man1

အကြောင်းအမျိုးမျိုးကြောင့် ပုံစံအမျိုးမျိုးနဲ့ တောင်းရမ်းပြီး ဝမ်းရေးဖြေရှင်းနေကြသူတွေ ကျွန်တော်တို့နေထိုင်ရာ လူ့ဝန်းကျင်မှာ မကြာမကြာတွေ့နေရပါတယ်။ ကိုယ်အဂင်္ ါမပြည့်စုံသူတွေ၊  ကိုယ်အဂင်္ ါပြည့် စုံပါရဲ့ လုပ်ကိုင်မစားချင်လို့တောင်းစားသူတွေ ဘုန်းကြီးတု ၊ သီလရှင်တု တွေ ( သက်ဆိုင်ရာက အရေးယူနေတယ်) တစ်ချို့ကြတော့မျိုးရိုးအလိုက် တောင်းစားနေရတဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်။ ကိုယ်တိုင်အားစိုက်ထုတ်မှု့မရှိပဲ ခွက်တစ်လုံးပဲရင်းပြီး (ခုနောက်ပိုင်းခွက်တောင်မပါတော့ဘူး) လူအများစိတ်နှောက်ယှက်ဖြစ်စေတာနဲ့စာရင် ကိုယ်ပိုင်အရည်အချင်းတခုခုနဲ့လူအများစိတ်ဝင်စား ပြီး ကျေကျေနပ်နပ် ပေးကမ်းသွားတယ်ဆိုရင်……

ကျွန်တော် ပြီးခဲ့တဲ့လက Bagkok ရောက်ရင်း နိုင်ငံခြားသားဧည့် သည်တွေ တစ်ပတ်ကို  နှစ်သိန်းကျော်လောက် လာရောက်လည်ပတ်ကြတဲ့  Weekend ဈေး ( Chatuchak Market in Bangkok ) က Performance အပြည့်နဲ့ လူအများကိုအနှောက်ယှက် မဖြစ်စေပဲ ့တောင်းနေတာတွေလို့  မှတ်တမ်းတင် ထားလိုက်တယ်။

”နေပူပူမှာ ဂီတာလက်စွမ်းပြပြီး ဝမ်းရေးဖြေရှင်းနေသူတစ်ယောက်”

“ လုံးဝမလှုပ် ကိုစက်ရုပ် ”

 

“ ပါးစပ်မှုတ်မှ ပါးစပ်လှုပ်ရမဲ့ဘဝ”

 

“ လူတိုင်းတောင်းပြီးမှ စားရတဲ့ဘဝမှ လွတ်ကင်းကြပါစေ ”…

 

 

 

 

 

 

 

 

 

 

 

9 comments

  • lwinmg

    October 15, 2011 at 5:00 pm

    ဝမ်းရေးအတွက်တောင်းစားနေကြပေနဲ့ စည်းကမ်းလေးနဲ့မို့ ကောင်းပါတယ်။
    တောင်းစားရမှာတောင် အနုပညာ တစ်ခုခု တတ်ကျွမ်း ဖို့ လိုနေသေးပါလား၊
    ကျနော်တို့ နိုင်ငံထက်စာရင် စည်းကမ်းရှိတဲ့ သဘော ဆောင်နေတယ်၊
    အရေးယူနေပြီဆိုပေနဲ့ ရွှေတိဂုံ တောင်ဖက်မုဒ်ဝ အတက်ဖက်မှာ ဘုန်းကြီးတုတွေ
    အတင်း အလှုခံနေတုန်းပဲဗျာ၊ စိတ်ဆင်းရဲပါတယ် ။

  • Yin Nyine Nway

    October 15, 2011 at 8:48 pm

    ဟုတ်တယ်
    ကားပေါ်မှာ ပိုဆိုးသေးတယ် ….
    ထိုင်ကန်တော့ တဲ့ သူကရှိသေးတယ်
    တောင်းတာ ရိုးရိုးမတောင်းဘူး

  • snow white

    March 10, 2012 at 6:11 pm

    ပုံတွေကျန်သေးလား ရှိရင်တင်ပါအုံး ဒီတခါဘဲမြင်ဖူးသေးတယ် တကယ် မမြင်ဖူးဘူး အော် လူတွေတကယ် ဘဲလက်ကောင်းခြေကောင်းနဲ့ကို အလုပ်လုပ်ပြီး တောင်းစားမှုပပျောက်ပါစေ လို့ဆုတောင်းပါတယ်

  • aye.kk

    March 10, 2012 at 8:37 pm

    တောင်းစားမှုပေါင်းစုံ…
    နည်းမျိုးစုံ..
    ယိုသူမရှက်၊မြင်သူရှက်ပေစွ..။
    လောကဤလူ ့ရွာဝယ်တောင်းစားမှုမျိုးစုံ…
    အဖုံဖုံ(အများအပြား)ဘဝမှကင်းလွတ်ဝေးနိုင်ကြပါစေတကား။

  • unclegyi1974

    March 10, 2012 at 9:32 pm

    တောင်းစာတာတော့တောင်းစာတာပဲ
    သူတို့တောင်းစားတာကသူတို့လုပ်အားပါသေးတယ်
    ကိုယ်တိုင်ဘာမှမလုပ်ပဲတောင်းစားနေသူတွေထက်တော့သာပါသေးတယ်ကွယ်

  • အာကြီး

    March 10, 2012 at 9:37 pm

    ကယ်ပါ ယူပါ အခြေအနေမျိုး မဖြစ်ကြပါစေနဲ့
    သက်ရှိများ ကျမ်းမာ ချမ်းသာ လိုရာဆန္ဒ ရရှိအောင် စွမ်းဆောာင်နိုင်ကြပါစေ ။

  • aye.kk

    March 11, 2012 at 5:53 am

    အရည်အသွေးညံ့ဖျင်းသောသူများအားဝန်ထမ်းမခန့်သင့်..
    အဘယ်ကြောင့်ဆိုသော်..
    အဂိတတရားပိုမိုလိုက်စားကါတောင်းစားကြမည်ဖြစ်သောကြောင့်..။

  • aye.kk

    March 11, 2012 at 5:55 am

    အဂတိဟုပြင်ဖတ်ပေးပါရန်။

  • kai

    March 11, 2012 at 7:20 am

    ယူအက်စ်မှာလည်း.. အဲဒီလို လူစည်ကားတဲ့နေရာတွေမှာ.. ကိုယ့်talentပြနေသူတွေရှိတယ်..
    တောင်းစားတဲ့..သူတောင်းစားမဟုတ်ပါဘူး..
    သူ့လုပ်အားနဲ့.. သူဖျော်ဖြေရေးလုပ်နေတာပါ…
    ကြည့်လို့.. တန်တယ်ထင် ငွေပေးပေါ့..
    ဘာသာရေးဘမ်းပြတောင်းတာတို့..။ ကလေးဘာမီတွန်တိုက် အိပ်ခိုင်းပြီး သနားအောင်လုပ်တောင်းတာတို့..။ ခြေပြတ်တာပြပြီး ခြိမ်းချောက်တောင်းတာတို့နဲ့.. စတဲ့.. ယုတ်မာတဲ့သူတောင်းစားတွေနဲ့.. မနှိုင်းကောင်းပါဘူး..

    ယူအက်စ်မှာ.. တချို့သူတွေ..လမ်းဘေး ဂီတာတီးကြတာများ.. ကောင်းချက်က.. မြန်မာပြည်က ပရိုတွေထက်သာတယ်.။
    တချို့သူတွေက.. သူတို့အရည်အချင်း လူသိစေ..မိတ်ဆက်ချင်လို့.. လမ်းဘေးမှာ လူအများစုရဲ့.. အခြေအနေအကဲခတ်ကြတာ..

Leave a Reply