မန်းလေးမြို့ရဲ့ ထုံးပေသီးအကြောင်း

pyaephyoOctober 14, 20111min607

ဒီလိုရှိတယ်ဗျ…..ကျွန်တော်တို့ မန်းလေးမှာ သူတို့တွေက အားရင် ကျူထိုးကြတယ်….လောင်းကြေးအများကြီးနဲ့ ထိုးတာနော်…ဘီယာဆိုလည်း သောက်လိုက်တာ သောက်လိုက်တာ ..မနဲဘူးဗျာ…တစ်ဆိုင်လုံးပဲ…..ကဲ သူတို့ လစာက အဲလောက်တောင် အများကြီးရလား..ပြောပြကြပါအုန်း….သူတို့ သုံးတဲ့ ပိုက်ဆံက..ပြည်သူဆီက မတန်တဆတောင်းလို့ရတဲ့ ပို်က်ဆံတွေပေါ့ဗျာ……ကျွန်တော်လည်း ပြောသာပြောနေရတာ…ကြောက်တယ်ဗျ….ဟဲဟဲ…..လူကြီးမင်းတို့ကော…..
ကြည့်နေ..ကျွန်တော် အပိုပြောတာမဟုတ်ဘူး…..သူတို့ မချမ်းသာဘူး…ပိုက်ဆံချမ်းသာရင်တောင်…စိတ်မချမ်းသာဘူး…ကြည့်နေ..သတိထားပြီးတော့ပေါ့….
ကျွန်တော် ပြောတာ မှန်လား မမှန်ဘူးလားဆိုတာ…လူကြီးမင်းတို့ ပတ်ဝန်းကျင်မှာ ရှ်ိတဲ့..ထုံးပေတွေကိုပေါ့..ဟုတ်..ခုလိုရေးခွင့်ရတာကျေးဇူးတင်ပါတယ်။။။

7 comments

  • youngcat

    October 14, 2011 at 11:45 pm

    ကောင်လေး ထုံးပေ ဆိုတာ ဘာကိုပြောတာလဲ ၊ဦးကြောင်လတ်က နဲနဲထူတယ်ကွာ။
    ထူတယ်ဆိုတာမင်းတို့ခေတ်စကားနဲ့ပြောရင် ပိန်းတာပေါ့။

  • etone

    October 15, 2011 at 8:41 am

    သေချာတော့ဖတ်ပါတယ် pyaephyo ရေ ဒါပေမယ့် ဘာပြောချင်မှန်း ဆိုလိုရင်း နားမလည်ဘူးဖြစ်နေတယ် … ထုံးပေဆိုတာဘာပါလိမ့် 🙄

  • htoosan

    October 15, 2011 at 9:00 am

    ထုံးပေသီးဆိုတာ ကျွန်တော်တို့ ငယ်ငယ်က မော်တော်ပီကယ်ရဲကို ခေါ်တာဘဲ..

    • small cat

      October 15, 2011 at 9:03 am

      အော် ဂလိုလား၊ ကိုယ်တို့ကတော့ ဘဲဥ တို့ ထိပ်ဖြူတို့ခေါ်တယ်။

    • etone

      October 15, 2011 at 9:09 am

      aww… ဂလိုကိုး … ဒီမှာတော့ ဘဲဥလို့ခေါ်တာ များတယ် … ။
      သူတို့အကြောင်း ရုပ်ပြောင်ရေးထားတဲ့ ကာတွန်းလေးတစ်ခု မြင်ဖူးတယ် … ဦးထုတ်ထဲမှာ ပိုက်ဆံတွေဖွက်ထားတာရယ် …ဝီစီလေးထဲကနေ ဖွက်ထားတဲ့ ပိုက်ဆံတွေ ဆွဲထုတ်တဲ့ပုံရယ် … မြင်တုန်းက မှတ်မှတ်ရရ ပြုံးမိတယ် 😀

  • cobra

    October 15, 2011 at 2:59 pm

    ထုံပေသီးရဲ ့ဘဝကသာယာလိုက်တာ
    ဘီယာသောက်တဲ့သောက်ချက်ကတော့
    ဗိုက်တွေကသက်သေပဲလေ..။

  • water-melon

    October 15, 2011 at 3:25 pm

    အမလေး ဒီမိုကရေစီ ရနေတဲ့ခေတ်က ဖရဲတော့က ဘယ်သူကိုမှမကြောက် သူဂျိကြည့်ကြည့်ရင်ပြန်ကြည့်တာဘဲ။ အခုဈေးတက်သွားပြီ ၁မှု ၁၅၀ဝ မဟုတ်တော့ဘူး။ ပြည်သူတွေ ဦးထုပ်မဆောင်းတာကို အကြောင်းပြပြီး ဈေးတက်သွားပြီ။ pyaephyo ရေစိတ်မပူနဲ့ ဟိုတလောက ကားအလွတ်တွေနဲ့ ဝိုက်စားနေတဲ့ ထုံးပေသီး တစ်ယောက်ကို စစ်နေတယ်ကြားတယ်။ ဘာမှမပူပါနဲ့ကွာ လမ်းမှာတားရင် ကန်ပြစ်လိုက်။ ဟဲဟဲ ဖမ်းတော့လဲခံပေါ့။ သွားမလုပ်နဲ့နော် အရင်တုန်းက မန်းလေးမှာ ဖမ်းလို့ ယာဉ်ထိန်းကို ပြန်ချတာ ထောင်ကျသွားတယ်။ ကိုယ့်ဘက်က မှန်ကန်ပေ့စေပေါ့ကွာ။ ဦးထုပ် ဘတ်မှန် လိုင်စင် အဝိုင်းပေါ့ကွာ။ အဲဒါမှ ရစ်ရင်လဲ ပြန်သာရစ်တော့။ ပြီးတော့ ကြုံတုန်းမေးချင်လို့ တို့မြန်မာရဲတွေကြည့်လိုက် ဖတ်တီးတွေ ဗိုက်ပူတွေကြည့်ဘဲ တကယ် သူခိုးတို့ ဓားပြတို့က ပြန်ချရင်တောင် ခံရမှာ ကြံခိုင်မှုလည်းမရှိကြဘူး။ ပြီးတော့ သေနတ်တွေကလည်း update လည်းလုပ်ဘူး သစ်သားလက်ကိုင်ကြီးနဲ့။တော်ပြီဗျာ စာရှည်သွားပြီး 🙄

Leave a Reply