အလုပ်တွေငြီးငွေ့နေပြီလား?

introMay 18, 20101min613

တစ်နေ့ပြီးတစ်နေ့ဒီအတိုင်းပုံစံတိုင်း လည်ပတ်နေရလို့ ဒီအလုပ်တွေငြီးငွေ့နေပြီလား?
ဒီအတိုင်းလေးပြန်လုပ်ကြည့်ပါဦး

၁။ အတွေးအခေါ်ပြောင်းပါ
အလုပ်တွေအရမ်းလုပ်ပြမှ အသိအမှတ်ပြုခံရမယ်လို့ မယူဆထားနဲ့။ တစ်ယောက်တည်း ကျိတ်မလုပ်နဲ့။
စုပေါင်းလုပ်လိုတဲ့စိတ်ကိုရအောင်မွေး။

၂။ နားလည်အောင်လုပ်ပါ
ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်အောင်နေ။ကိုယ်ကအားလုံးကိုမသိနိုင်ဘူး။ ဘယ်သူတွေသိတယ်ဆိုတာ သိအောင်လုပ်ထား။
အောင်မြင်တဲ့သူတွေ ဘာ့ကြောင့်အောင်မြင်တယ်ဆိုတာ သိအောင်ကြိုးစား။ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်ပြီးအောင်လုပ်။

၃။ အတုယူ သာအောင်လုပ်
စံပြုထိုက်သူကို စံပြု နိုင်ရမယ်။ ကိုယ့်လမ်းမှာအတားအဆီးလုပ်နေသူဟာ ဘယ်သူလဲဆိုတာ သိအောင်လုပ်။
သူ့နေရာမှာ ငါဆိုရင်ဘယ်လိုလုပ်မယ် ဆိုတာကိုအမြဲတွေး။ အောင်မြင်တဲ့သူတွေ ဘာ့ကြောင့်အောင်မြင်တယ်ဆိုတာ ကို
သတိထား။ အတုယူ သာအောင်လုပ်။

၄။ အစွမ်းကိုပြနိုင်အောင်ကြိုးစား
ကိုယ့်ကိုယ်ပြန်သုံးသပ်ကြည့်။ အစည်းအဝေးတက်ရရင် ပြောစရာရှိရင်ထပြော ဆွေးနွေးစရာရှိရင်ဝင်ဆွေးနွေး
အခွင့်အရေးရရင်ရသလို လူသိအောင်လုပ်။ လုပ်ငန်းခွင်မှာ ကိုယ်ဟာ ဘယ်လောက်အထိ လုပ်ဆောင်နိုင်စွမ်းရှိသူပါဆိုတဲ့
အစွမ်းကိုပြနိုင်အောင်ကြိုးစား။

၅။ ဝင်မလေးနဲ့
ရင်ဆိုင်သင့်တာကိုရင်ဆိုင်ဖို့ ဘယ်တော့မှဝင်မလေးနဲ့။ နေရာလည်းပြောင်းသင့်ရင် ပြောင်း။ ကိုယ့်ဘဝအတွက်
တစ်နေရာတည်းမှာတွယ်ကပ်နေဖို့ မလိုဘူး။ တက်ဖို့လမ်းကို အမြဲရွေးထားရမယ်။

၆။ အပြုံးနဲ့ရင်ဆိုင်
အောင်မြင်ခြင်းရဲ့အချက်ခြာတိုင်းမှာ ဆက်ဆံရေးပြေပြစ်ခြင်း ကလည်းအရေးပါတယ်။ ဝေဖန်တာကိုလည်း ခံနိုင်
ရမယ်။ အပြုံးနဲ့ အရာရာကိုရင်ဆိုင်နိုင်ရမယ်။

၇။ ကြိုဆိုပါ
ကိုယ့်လုပ်ငန်းခွင်ထဲ ရောက်လာတဲ့ လူသစ်တွေကို ကူညီပါ၊ လမ်းညွှန်ပါ စောင့်ရှောက်ပါ။ ကိုယ်သိထားတာတွေကို
မျှဝေပါ။

၈။ ရှုံးနိုမ့်မှာကိုမကြောက်နဲ့
အလုပ်လုပ်တယ်ဆိုရင် အောင်မြင်နိုင်သလို ရှုံးနိုမ့်နိင်တာပဲ။ ဒါသဘာဝပဲ။ ဒါကြောင့် ရှုံးနိုမ့်မှာကိုမကြောက်နဲ့။
ဘာကြောင့် ရှုံးနိုမ့်တယ်ဆိုတာကို သိအောင်လုပ် သင်ခန်းစာယူပြီး နောင်မဖြစ်အောင်လုပ်။ ဒါအဓိကပဲ။

၉။ အနားယူပါ
၂၄နာရီလုံး အလုပ်တစ်ခုတည်းကိုပဲ ခေါင်းထဲမထည့်ထားပါနဲ့။ စိတ်ကိုအနားပေးပါ။ သူငယ်ချင်းတွေနဲ့ ထွေရာလေးပါး
စကားပြောတာမျိုး ရုပ်ရှင်သွားကြည့်တာမျိုး အချိန်ပေးနိုင်ရင် အပန်းဖြေ ခရီးထွက်တာမျိုး လုပ်ပါ။ နားနေချိန်မှာ စိတ်လွတ်
ကိုယ်လွတ် အနားယူပါ။

၁၀။ မိသားစုအတွက်အချိန်ပေးပါ
မိမိရဲ့မိသားစုအတွက် တက်နိုင်သမျှအချိန်ပေးပါ။ အနည်းဆုံး မိသားစုနဲ့အတူ ညစာစားပါ။ မိသားစုထမင်းဝိုင်းက
ရရှိလာမယ့် ပျော်ရွှှင်စရာလေးတွေကိုအလေးထားပါ။ တစ်ခါတစ်ရံမိသားစုလိုက် ပျော်ပွဲစားထွက်တာမျိုး လုပ်ပေးပါ။ှ

၁၁။ ဘာသာရေးလိုက်စားပါ
ဘာသာရေးလိုက်စားတာဟာ စိတ်ဖိစီးတာကိုသက်သာစေပါတယ်။ စိတ်ဖိစီးမှုက လူကိုချုံးကျသွားစေနိုင်တယ်။
ဒါ့ကြောင့် ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာမျိုးတွေက လုပ်ဖို့လိုအပ်တယ်။

၁၂။ အမြင်ရှင်းအောင်နေပါ
မိမိရဲ့အလုပ်ကိုနားလည်အောင်လုပ်ပါ။ အောင်မြင်အောင်လုပ်ပါ။ ဆုံးရှံးခြင်းကြုံလာရင်လည်းစိတ်မပျက်ပါနဲ့။အမြင်ရှင်းရှင်းနဲ့ စဉ်းစားတွေးခေါ်ပါ။

ဒါကတက်ကျမ်းမဟုတ်ပါဘူး။ ဒီလိုလည်းမယူဆစေချင်ပါဘူး။ ဒီစာကိုဖတ်လို့အကျိုးရှိမယ်ဆိုကျေနပ်ပါတယ်။

Forward mail တစ်ခုမှဝေမျှပါသည်။

3 comments

  • kopauk mandalay

    May 18, 2010 at 3:48 pm

    သိပ်ကောင်းတဲ.အတွေးလေးပါ ကြိုးစားပြီးလိုက်နာဘို.ဘဲလိုပါတယ်

  • Rain girl

    May 19, 2010 at 2:30 am

    တော်တော်များများကို သိပါတယ်။ လေ့ကျင့်ဖို့ပဲ လိုတော့တယ်။ ကြိုးစားပြီးလုပ်မယ်ဆိုရင် အကောင်းဆုံးပေါ့ရှင်။

  • banban

    May 19, 2010 at 3:01 am

    သိတော့သိတယ်…. လုပ်ဖို့ခက်တယ်…

Leave a Reply