စာရေးဆရာ မောင်သာရ အသက်၈ဝ ပြည့် မွေးနေ့ဆုတောင်းများ

kaiOctober 15, 20111min29450

50 comments

  • kai

    October 15, 2011 at 7:05 am

    ဆရာကြီးမွေးနေ့.. လပ်စ်ဗေးဂတ်စ်ဘုန်းကြီးကျောင်းမှာ လုပ်မှာပါ..။
    အဲဒါ..ကျုပ်သွားမလို့.. တကယ်လို့.. ရွာထဲကများ.. မောင်သာရအမှတ်ရကြရင်.. မွေးနေ့ဆုတောင်းလေးတွေရေးပေးစေချင်တာပါပဲ..
    ပရင့်ထုတ်ပြီး.. ယူသွားပေးပါ့မယ်..။
    သူက…ဘိုးဘွားရိပ်သာမှာနေတာပါ..။ အမှတ်ရသူတွေဆုတောင်းလေးတွေရေးပေးရင်.. ပျော်မှာပေါ့..။

    ဒီအောက်မှာပဲ.. ကော်မန့်နဲ့ရေးပေးကြပါနော…။
    တိုက်ရိုက်ပရင့်ထုတ်မှာမို့.. တခြားမဆိုင်တာတွေ မရေးစေလိုပါကြောင်း..။ 😀

    • kangel

      October 20, 2011 at 5:35 am

      Hello Kai,

      First of all, thank you for making this birthday wish page for him. Hope to see you, a person who respect him, on his birthday. Thank you.

      His granddaughter.

  • MaMa

    October 15, 2011 at 7:30 am

    ဆရာကြီး ကျန်းမာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
    မွေးနေ့ပွဲ သွားဖို့ တောင်ရှည်ပြင်နေတဲ့ သဂျီးကို မုဒိတာမပွားနိုင်ပဲ ….
    ဆရာကြီးရဲ့ မွေးနေ့ပွဲကို မြန်မာပြည်မှာ လုပ်နိုင်ပြီး ကိုယ်လည်း တက်ရောက်နိုင်ရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲလို့ တွေးမိပါတယ်။ 🙁
    သဂျီးရဲ့ ဝါးတီးပွဲကအပြန် ဆရာကြီးရဲ့ စကားသံများကို နားစွင့်နေပါတယ်လို့………

    • lone

      October 18, 2011 at 3:38 pm

      lone ကတော့ ကိုရီးယားလိုပဲ ဆုတောင်းပေးလိုက်တော့မယ်… …. ဆယ်ငီချူးကာ ဟမ်းမီသား…ဆာလမ်းဟဲ …. ဝူရီ ဟဲအာဘူးဂျီး သာရ ဆယ်ငီချူးကာ ဟမ်းမီသား….. 🙂

  • thit min

    October 15, 2011 at 8:48 am

    ဆရာကြီးခင်ဗျား
    ကျန်းမာစွာနှင့် မွေးနေ့ပွဲကျင်းပနိုင်တဲ့အတွက် အလွန်ဝမ်းသာပါသည်ခင်ဗျား။
    မြန်မာပြည်ရဲ့ ခေတ် အဆက်ဆက်ရဲ့ ပြုပြင်သင့်တဲ့ အကျင့်ဆိုး အမျိုးမျိုးကို ကလောင်တချောင်းနှင့် တာဝန်ကျေစွာ မီးမောင်းထိုးပြခဲ့တဲ့ ရှင်ဘုရင်နဲ့ ညားရင်မိဖုရား၊ထမီကျွတ်၍ လွှတ်လိုက်သည်၊ ကြောက်ရခြင်းမှ ကင်းရပါလို့၏၊
    နောက်ဆုံးတော့ ကျော်ဟိန်းကကျော်ဟိန်းပါဘဲ၊ ကျည်တုတ်ခံဝံ့ မခံဝံ့ စာအုပ်တွေ က ဆရာရဲ့ တိုင်းပြည်ပေါ်ထားတဲ့ စေတနာကိုနားလည်စေပါတယ်။
    တော်တော်ငယ်ငယ်ကဖတ်ခဲ့ပေမဲ့ ခုလိုစဉ်းစားနိုင်းတဲ့အရွယ်မှာတော့ပိုလိုပိုလိုအဖိုးတန်မှန်းသဘောပေါက်ရပါတယ်ဆရာကြီးခင်ဗျ။
    ကျနော်ဆရာကြီးရဲ့စာအုပ်တွေဖတ်ပြီးဆရာကြီးကို လေးစားနေရတဲ့ အဲဒီ ဆယ်ကျော်သက် အရွယ်မှာ ဆရာကြီးရဲ့ ခေါင်းကို ထီးနဲ့
    အရိုက်ခံခဲ့ရတဲ့ ” မိန်းမ မြွေအလမ္မ္မယ်ဆရာမ” က စိတ်ကိုတကယ်ဘဲ ထိခိုက်စေပါတယ်။ခုလို ဘဝတွေကို အမျိုးမျိုးဖြတ်သန်းလာရတဲ့အချိန်တွေ မှာတော့ တိုက်ရိုက်မဟုတ်ပေမဲ့ ဆင်တူယိုးမှား “ဆရာမ” တွေ တွေ့ရတိုင်း ဆရာကြီးရဲ့စာကို ပြန်ပြန်သတိရတာပါဘဲခင်ဗျာ။

    ကျနော်တို့သူငယ်ချင်းတွေကြားမှာ မကြာမကြာပြောဖြစ်နေတဲ့ ဆရာကြီးရဲ့ သုံးနေကြစကားလုံးလေး”လွှတ်” ဆိုတာလေးနဲ့
    ပြောရရင် ခုလိုပြောဆိုခွင့် ရလိုက်တာကို “လွှတ် ဝမ်းသာပါသည် ဆရာကြီးခင်ဗျား”။
    အသက်ရှည် အနာမဲ့ ခြင်း၊စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း၊ အလိုရှိရာ ကြံစည်ရာ တမဟုတ်ခြင်း ပြီးပြည့်စုံခြင်း၊လောကီ
    အကျိုးစီးပွါးများ ကုံလုံပြီး၊ လောကုတ္တရာစီးပွါးအထုပ် အဟုတ်ကြီးမြတ်စွာရှိ ပါစေကြောင်း လေးစားချစ်ခင်စွာဖြင့်ဆုမွန်ကောင်းတောင်းအပ်ပါသည် ဆရာကြီး (ဦး)မောင်သာရ ခင်ဗျား။
    နေတဆူ လတဆူ လို ထင်ရှားလှတဲ့ဆရာကြီးရဲ့ မွေးနေ့ပွဲကို အခုလို သတင်းစကားပြောကြားဖို့ ဖန်တီးပေးတဲ့ မန်းဂေဇာက်ရဲ့ အကြီးအကဲ ဦးခိုင်ကိုလဲ ကျေးဇူးအထူးဘဲ တင်ရပါတယ်။

    အထူးလေးစားလျှက်
    မောင်သစ်မင်း

  • etone

    October 15, 2011 at 9:06 am

    စာရေးဆရာကြီး မောင်သာရ ဆိုတာ ရှိတုန်းပဲလား …. ။ (တမျိုးအမှတ်မှားနေလို့) ။ အခုနောက်ပိုင်း လူ ့သက်တမ်းက ပိုတိုလာတာကြောင့်လေ … ။ဒီအသက်ရွယ်ထိနေနိုင်တာ သီလကောင်းခဲ့လို ့ဖြစ်ရမယ် ။

    ဆရာကြီးဧ။် အသက်(၈၀)ပြည့်မွှေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် စိတ်ဧ။် ချမ်းသာခြင်း ၊ ကိုယ်ဧ။် ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး ချစ်သော သား၊သမီး ၊မြေး၊မြစ်များနဲ ့အတူ လောကီအကျိုးသယ်ပိုးကာ သာယာချမ်းမြေ့တဲ့ နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။ 🙂

  • parlayar46

    October 15, 2011 at 9:14 am

    ဆရာကြီးဟာ ကျွန်တော်တို့အတွက်တော့ “ကိုယ့်ဘက်ကကြည့်တော့ သူရဲကောင်း” ပါ။

    ကျွန်တော်တို့ငယ်ဘဝမှာ မျက်စေ့တွေနားတွေဖွင့်ပေးခဲ့တဲ့
    ဆရာကြီးရဲ့စာပေကျေးဇူးကို အမြဲအောက်မေ့လျှက်ပါခင်ဗျား။

  • htoosan

    October 15, 2011 at 9:23 am

    ဆရာကြီး မြန်မာပြည်ကို လွမ်းနေရင် အမြန်ပြန်လာ နိုင်ပါစေ ဟု ရိုသေစွာ ဆုတောင်းမိပါသည်။

  • ကြောင်ကြီး

    October 15, 2011 at 12:37 pm

    သမိုင်းကြီးတဲ့
    ဆရာကြီးကို
    လူကြီးလူငယ်ကြိုက်
    သူကြီးမန်းဂေဇက်မှ
    အသက်မကြီးသေးတဲ့
    ကြောင်ကြီးက
    ကြီးကျယ်စွာကန်တော့ပါ၏။

  • “ဘီလူးကြီး”ogre

    October 15, 2011 at 1:52 pm

    ဆရာကြီးမောင်သာရ၏
    စာများထဲမှ အချို့ကို အနည်းငယ်မျှဖတ်ဖူးပါတယ်
    ဘာပဲဖြစ်ဖြစ် ဆရာကြီး ကျမ်းမာပျော်ရွှင်စွာရှိပါစေကြောင်းနှင့်
    အသိပညာများအား တစ်လုံး /တစ်ပါဒ/ စာတစ်ပုဒ်ငယ်မျှ
    ဖတ်မှတ်သိရှိနိုင်စေရန် ရေးသားကြသော
    ဆရာကြီးများဆရာမကြီများလည်း အသက်ရှည်စွာ အနာမဲ့စေကြောင်း
    ထပ်လောင်းတောင်းဆုပြုအပ်ပါသည်ခင်ဗျား..။။။

  • comegyi

    October 15, 2011 at 2:09 pm

    ဆရာမောင်သာရ မွေးနေ့အတွက် သူကြီးမှ တခုတ်တရ ဖော်ပြပေးတဲ့အတွက် အရင်ဆုံးသူကြီးကိုကျေးဇူးတင်ပါတယ်ဗျာ.။
    ဆရာမောင်သာရ လို့ဆိုလိုက်တာနဲ့ မတ်တပ်ရပ်ပြီး လမ်းမှာငို ဆိုတဲ့ ဝတ္ထုစာအုပ်ကိုပြေးသတိရတယ်။ ဆရာရေးတဲ့ စာတွေအားလုံးကိုကြိုက်တယ်။ ဆရာက လက်ပေါက်တယ်။ အာပေါက်တယ်။ ဘွင်းဘွင်းရှင်းရှင်းသမားလည်းဖြစ်တယ်။ ပိုက်ဆံရှိရင်ဟိုတယ်မှာတက်နေပြီးစာရေးတယ်။ အဲဒီတုန်းကတစ်ချို့ကဝေဖန်ကြတယ်။ ဆရာက လေးဘီးကားသမားအကြောင်းလား ရေးချင်လို့ ကိုယ်တိုင်လေးဘီးမောင်းတယ်။ ပြီးတော့ ကျွန်တော်က ဒီနိုင်ငံသားဆိုပေမဲ့ ဒီနိုင်ငံသားလို့ ပြောစရခက်နေတဲ့ကိစ္စတစ်ခုရှိတယ်လို့ ပြောဘူးတယ် ။ အဲဒါက နိုင်ငံသားစိစစ်ရေး ကဒ်မရှိလို့ ဆိုပြီးပြောဖူးတာဖတ်ဘူးတယ်။ ဦးဝင်းငြိမ်းအင်တာဗျူးတဲ့ စာကိုဖတ်ပြီးလည်း ဆရာကြီးမောင်သာရကို အများကြီးကြည်ညိုပါတယ်။ ဘီဘီစီလား ဗွီအိုအေမှာလား ဆရာမောင်သာရ ရဲ့ အသံကိုလည်း နားထောင်ဖြစ်ပါတယ်။ အခုသာလုပ်ငန်းအချိန်မအားတော့လို့ နားမထောင်ဖြစ်တောပါကြောင်း ။ ဆရာ့အကြောင်းပြောရရင်တော့ အများကြီးပါပဲ။ အဆုံးသတ်ပြောချင်တာက လပ်စ်ဗေးဂတ်စ်က ဆရာမောင်သာရအနေဖြင့် သက်ရှည်ကျန်းမာပြီး လိုအင်ဆန္ဒများ အားလုံး ပြည့်ဝပါစေကြောင်း ဆရာကြီးရဲ့ စာဖတ်ပရိသတ်တစ်ယောက်အနေဖြင့် ဆုတောင်းလိုက်ရပါတယ် ခင်ဗျားးးးးးးးး။

  • Don Juan Ronald

    October 15, 2011 at 3:11 pm

    ဆရာကြီးကိုဘယ်တော့မှမမေ့နိုင်ပါ။
    ၁၉၇၃ခုနှစ်လေါက်ကနဲ့တူတယ်၊ ကျနော်မန်းတက္ကသိုလ်ဇေယျာဆောင်၊ မန္တလာဆောင်နှင့်ကပ်ယက်မှာနေတဲ့ အချိန်တုံးက၊ အဆောင်တွေမှာလှည့်ပတ်ပြီး စာနယ်ဇင်းရောင်းတဲ့ကောင်လေးက၊ စာနယ်ဇင်းများရသည်လို့အော်မရောင်းဘဲ၊
    သူ့အော်ပုံကတမျိုးလေး၊ နားထောင်တဲ့လူတသက်လုံးမေ့မရအောင်ဖြစ်သည်ကား “ မောင်သာရရဲ့ထမီကျွတ်၍ လွှတ်လိုက်သည် ”
    သူအမြဲတန်းအဲဒီတခွန်းဘဲအော်တယ် အသံကလည်းအရမ်းအောင်သည်၊ အဲဒီတော့မန္တလာဆောင်ရောက်ရင် ဇေယျာဆောင်ကနေကြားနေရပြီ ကျောင်းသားတွေလည်း အရမ်းသဘောကြတယ်။
    ကျနော့အဖွါးကြီး(မိုင်ဝိုက်ဖ်)နဲ့ကျောင်းတုံးက အကြောင်းပြောမိတိုင်း ဒီအော်သံလေးအကြောင်းတော့မပါလို့မဖြစ်ပါ။
    ဗမာစာသိပ်မဖတ်တဲ့ ကျနော်တရုတ်ကြီးတယောက်လည်း ဆရာကြီးကိုဂါရဝပြုလိုက်ပါသည်။

  • hmee

    October 15, 2011 at 3:24 pm

    ဆရာကြီးရဲ့ “ ရှင်ဘုရင်နဲ့ ညားရင်မိဘုရား” ဆိုတဲ့ စာအုပ်ကို စဖတ်ဖူးတာ။ စာအုပ်ရှားပါးတဲ့ ရွာဒေသမို့ စာအုပ်မြင်ရင် ဖတ်လို့ ရသလောက် ဖတ်ရတဲ့ အချိန်။ အဲ့စာအုပ်လေးကို စဖတ်တော့ စာအုပ်လေးက အစမပါဘူး ပြဲနေတာ။ စာအုပ်တော်တော်များများ ဖတ်ဖူးပေမဲ့ အဲ့စာအုပ်လေးတော့ အမှတ်မိဆုံးပဲ။ ဆရာကြီး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဆရာကြီးရဲ့ မွေးနေ့ပွဲကို ကိုယ်တိုင် တက်ခွင့်ရတဲ့ သဂျီး အတွက်လည်း ကိုယ်စား ဝမ်းသာပါကြောင်း။

  • Yin Nyine Nway

    October 15, 2011 at 3:47 pm

    ဆရာကြီး… ကျမ်းမာပျော်ရွင်ပါစေ…

  • lionking

    October 15, 2011 at 4:31 pm

    အပွေးအကာကို ဘေးခွါပြီး အနှစ်သာရကို ပြသည့်သူ။
    တခါရလာတဲ့ လူ့ဘဝကို အတုအပတွေ ရှင်းထုတ်သူ။
    အနုအလှတွေနဲ့ လောကကို သရုပ်ပေါ်အောင် ဖေါ်ပြသူ။
    စာပေနဲ့လူသားတွေရဲ့ အသိအမြင်မြှင့်တင်သူ။
    ထိုလူသားတို့ကား ဒို့လိုမြန်မာပြည်သူ၊သားတွေပေါ့။
    သူတို့ဟာအမှားအမိုက် ဘုရင်တွေရဲ့ အလျားလိုက် ကန်းမိုက်ပုံကို ပီပြင်အောင်သရုပ်ပြလျက် ပြည်သူတွေကို ဒုက္ခအပေါင်းမှ ကင်းဝေးစေလိုသူ။
    ထိုသူ ထိုသို့သောသူ စာရေးဆရာ မောင်သာရအား သူရေးတဲ့ ဂန္ထဝင်ကဗျာနဲ့ အမှတ်တရ သူ့ကို ပူဇော်လိုက်ပါရစေ။
    ဂန္ထဝင်
    တစေ့ကားကြွက်
    တစေ့ငှက်
    အပျက်တစေ့
    ပေါက်တစေ့။
    ဆရာကြီးရွှင်လန်းပါစေသား။

  • naywoonni

    October 15, 2011 at 4:42 pm

    ဆရာကြီးရဲ့စာတွေက စာမဟုတ်သေးဘူး ခေါင်းစဉ်တွေက တောင် မှတ်သားစရာတွေချည့်ပဲ……။ ဆရာ့စာတွေ (အသစ်တွေ)နဲ့ကင်းကွာနေရတာဟာ အမှီမလွတ်သေးတဲ့ ကလေးအရွယ် မိခင်ပျောက်သလို ခံစားရကြောင်း ပြောပေးပါ……။ စာအုပ်အဟောင်းတွေက တော့ ရှားပါး(တစ်ကယ့်ကိုရှားပါး)စာရင်းဝင်တွေပါဘဲ….။ မကြာမီမှာ အဟောင်းတွေ ပြန်ထုတ်မယ်လို့တော့ကြားရတယ်…..။ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် နေဝန်းနီ အသက် ၁၂ဝ မှာသေလို့တောင် ဆရာကြီး သမားကြီးတွေ မသေစေချင်သေးပါဘူး…..။ ဆရာ့စာ မှန်သ၍ အွန်လိုင်းပေါ်မှာလည်း ရှာကြံ ဖတ်လျှက်ပါ….။ ကျွန်တော် အကြိုက်ဆုံးကတော့ ” ကောင်းပြီဆိုရင် ခံရပြီသာမှတ်”

  • akswe

    October 15, 2011 at 6:05 pm

    ဆရာကြီးရဲ့ စာတွေကို ဖတ်ပြီး ဗဟုသုတ အသိ ဉာဏ် အလိမ္မာ တွေ ရရှိ တိုးတက်ခဲ့ရတဲ့ကျေးဇူးတွေ ကို အောက်မေ့ သတိရ လျှက် ဆရာကြီး အသက်ရှင်သရွေ့ စိတ်ကျမ္မာ ကိုယ်ချမ်းသာ အမြဲ ရှိပါစေရန် မန္တလေး ဂေဇက် အွန်လိုင်း စာမျက်နှာ မှ တစ်ဆင့် အသက် ၈ဝ မြောက်မွေးနေ့ အတွက် ဆုတောင်း ဂါရဝ ပြုလိုက်ပါတယ်။

  • လေးစားရပါသော ဆရာမောင်သာရခင်ဗျား
    ဆရာနဲ့ကျနော် မန်းလေးမှာ ကြီးပြင်းခဲ့ရတဲ့ရပ်ကွက်ခြင်းတူပါတယ်။
    (မန္တလေး25လမ်းက သူဌေးတန်း ပြည်ကြီးကျက်သရေရပ်ကွက်ပေါ့)
    1970 ဝန်းကျင်ကာလ ဟံသာဝတီသတင်းစာတိုက်မှာ စနေနေ့တိုင်းကျင်းပတဲ့စနေစာပေဝိုင်းမှာ
    ဆရာဟောပြောခဲ့တာကို ငေးမောနားထောင်ခဲ့သူ
    ဆရာရေးသမျှစာတွေကို ဖတ်မှတ်လို့ နှစ်သက်ခဲ့ရသူ၊
    ဆရာပုံစံယူလို့ ကိုယ်ရေးတဲ့စာမူရဲ့ခေါင်းစဉ်ကို အများစိတ်ဝင်စားအောင် ပေးတတ်ခဲ့သူ
    ကျနော်ကိုပေါက်(မန္တလေး)က ဆရာ့စာတွေ မဖတ်ရ တော့တာကို အရမ်းလွမ်းသလို
    ဆရာ့ရဲ့ ပညာကိုလဲ ပြန်မြင်ချင်လို့ တမ်းတနေပါတယ်ဆရာရေ။
    အသက်ရာကျော်ရုံမက ကျန်းမာချမ်းသာစွာနဲ့နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    (ဆရာနဲ့ဆုံခဲ့ဘူးတဲ့ အမှတ်တစ်ကျောင်းထဲမှာကျင်းပခဲ့တဲ့ စာပေဆွေးနွေးပွဲအကြောင်းကို ကျနော့်ရဲ့မလွမ်းစကောင်း လွမ်းစကောင်း ရှေးကမန်းလေးအကြောင်းဆိုတဲ့ ပိုစ်ထဲမှာထည့်ရေးဘူးပါတယ်ဆရာခင်ဗျား)
    လေးစားချစ်ခင်သော
    ကိုပေါက်(မန္တလေး)

  • alinsett

    October 15, 2011 at 7:09 pm

    ဆရာကြီး..မောင်သာရ ရဲ ့စာတွေကို အရမ်း ကြိုက်ခဲ ့ပါတယ် ။လေ ့လာ မှတ်သားနေရဆဲ..ပါ။
    ဆရာ ကြီး..အသက်ရှည် ကျန်းမာစွာ..နဲ့ စာပေအကျိုး…ကို ဆက် သယ်ပိုးနိုင်ပါစေ…။

  • padonmar

    October 15, 2011 at 7:22 pm

    ဆရာကြီး စရေးခဲ့တဲ့ မျိုးမမပကာသနီ၊လမ်း၌တွေ့ခဲ့သောသစ်ပင်တစ်ပင်စာအုပ်တွေကိုတော့ ရင်ထဲထိ မရောက်မိသလိုပါဘဲ။
    သူတကာတွေ အချစ်အလွမ်းတွေ ရေးနေကြချိန်မှာ တမူထူးတဲ့ ဘဝသရုပ်ဖော်လိုင်းတွေကိုတော့ တစ်အုပ်နဲ့တစ်အုပ် မထပ်တမ်း ရသတစ်မျိုးစီပေးလို့သိပ်ကြိုက်ပါတယ်။
    အိမ်ဖော်မလေးနဲ့ သူထိန်းရတဲ့ ကလေးလေးရဲ့မေတ္တာအကြောင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာလေးလည်းကြိုက်ပါတယ်၊
    ဆေးကျောင်းသားတွေ trip ထွက်တဲ့အကြောင်းရေးတဲ့ ရင်ခုန်သံနည်းနည်းမြန်သည်ကို ဆေးကျောင်းမရောက်ခင်ကတည်းကဖတ်ရတော့ တကယ် trip သွားဖြစ်တဲ့အချိန်မှာ ဆရာများ ဆေးကျောင်းသားဘဝကို ကျင်လည်ခဲ့ဖူးသလားတောင်ထင်မိပါတယ်။
    နှလုံးခွဲတဲ့အကြောင်းရေးတဲ့ မငိုရဘူးမရယ်ရဘူးကလည်း ဆရာ့ကို နှလုံးခွဲစိတ်ကုလို့တောင်ထင်မိလောက်အောင်ပါ၊
    ပဲဟင်းကိုရှုပ်ချင်သည် နှုုပ်ခမ်းမွေးကိုအနှုတ်ခံဝံ့မခံဝံ့ဆိုတဲ့ ကျဉ်တုပ်ခံဝံ့မခံဝံ့ကတော့ အပိတ်ခံရတယ်ဆိုပြီးနောက်တစ်ကြိမ်မဖတ်ရတော့ပါဘူး( ပြန်လည်ထုတ်ဝေခွင့်များရရင်တော့ ဖတ်ချင်ပါသေးတယ်)
    ငြိမ်သက်ခြင်းနဲ့မကြုံလိုနဲ့လည်း ပင်လယ်နက်ထဲ မျောပါခဲ့ဘူးပါတယ်။
    ဇီးကွက်ရုပ်နှလုံးသားနဲ့လည်း စုဘူးကြီးကွဲဖူးပါတယ်။
    စာအုပ်စုတတ်ချိန်မှာ ဆရာ့စာအုပ်တွေ တွေ့တိုင်းဝယ်ဖို့ကြိုးစားပေမယ့် ဝယ်ထားမိတဲ့သူတိုင်းက ပြန်မရောင်းကြဖူးထင်ပါရဲ့ ၄အုပ်ပဲဝယ်လို့ရခဲ့ပါတယ်။
    ဆရာ့လက်ရာတွေလည်း နိုင်ငံခြားရောက်ကတည်းက မဖတ်ရတော့ပါဘူး၊
    ဆရာ့သံယောဇဉ်နဲ့ ဖြိုးသာရရဲ့ စာအုပ်တွေလည်းအားပေးဖြစ်ပါတယ်။
    ဆရာ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာနဲ့ အသက်ရာကျော်ရှည်ပြီး နှလုံးသားခွန်အားဖြစ်တဲ့ စာတွေ ဆက်လက် ရေးနိုင်ပါစေလို့
    ဂါရဝပြု မေတ္တာပို့ပါတယ်ဆရာ။

  • ပေါက်ဖော်

    October 15, 2011 at 7:39 pm

    တနင်္ဂနွေနေ ့ ၊အောက်တိုဘာလ ၂၃ ရက် ၊၂၀၁၁ ခုနှစ်
    ဘဘဦးသာရ ၏
    ယခုကျရောက်သော အသက်(၈၀)ပြည့်နှစ်မှသည်..နောင်နှစ်ပေါင်းများစွာထိ
    ယခင်လူပျိုဘဝတုန်းကလိုပဲ…ကျန်းမာသန်စွမ်း နုပျို ၍ လန်းဆန်းပြီးလျင်
    ချစ်သောမိသားစုနှင့်အတူ.သက်ထက်ဆုံး.ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေကြောင်း..
    မြေးကြီး မောင်ပေါက်ဖော်မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်ခင်ဗျား..။

    အယ်ဒီတာကြီး..
    ဘဘကြီးမွေးနေ ့ကပြန်လာရင်..ကိတ်မုန် ့တွေ ပါဆည်ထုပ် မလာနဲ ့နော်..

  • ရာဇဝင်လူဆိုး

    October 15, 2011 at 8:11 pm

    ဆရာကြီး ခင်ဗျား။။ စာပေဆိုတာ အဆင့်အတန်းမခွဲသလို စာပေသမားတွေဟာလဲ ကိုယ်ရေးတဲ့စာကို တစ်ခြားသူတွေအတွက် အကျိုးပြုရန် ရည်သန်ပြီး..အချိန်တွေ၊ အတွေးအခေါ်တွေ၊ ကိုယ်အတွေ့အကြုံတွေနဲ့ များစွာရင်းနှီးမြုပ်နှံပြီးမှ စာကောင်းတစ်ခု ဖြစ်ရတာပါ။ တော်ရုံနဲ့တော့ အများလေးစားတဲ့ စာရေးဆရာ တစ်ယောက် မဖြစ်နိုင်တာ ကျနော်သိခဲ့ရပါတယ်။ ဆရာကြီးကို ဒီထက်ပိုပြီး နောင်နှစ်ပေါင်းများစွာတိုင် အခုလို မွေးနေ့ အမှတ်တရ စကားတွေ ပို့ပေးချင်တယ် ဆရာကြီး။ ကျန်းမာ ချမ်းသာစွာနဲ့ ပျော်ရွှင်စရာမွေးနေ့ ပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း….

    ဆရာကြီးမသိတဲ့..အဝေးကတပည့်
    ……..ရာဇဝင်လူဆိုး…

  • fatty

    October 15, 2011 at 9:27 pm

    လေးစားစွာဖြင့် …….

    ဆရာခင်ဗျား ….. ကျနော်တို့ ကိုးတန်းကျောင်းသားဘဝလောက်ကစပြီးတော့ထင်ပါတယ်
    ဆရာ့စာတွေနဲ့ကြီးခဲ့ရတာပါ။ အဲဒီအရွယ်ကတော့တချို့စာတွေကိုသိပ်ပြီးနားမလည်ခဲ့ပါဘူး။
    အဲဒီအရွယ်ကလည်း ဆရာ့စာအုပ်မှမဖတ်ဘူးရင် ခေတ်မမှီဘူးလို့တောင်အပြောခံရတဲ့အနေအထားပါ။
    ကျနော်နောက်ပိုင်း ပေဖူးလွှာ မဟေသီ အမြုတေ သပြေ ….. တို့မှာ ပင်တိုင်နဲ့ လခြားပြီးရေးဖြစ်တဲ့အခါ
    ဆရာ့ရဲ့ အာဘော်မကင်းခဲ့ပါဘူး …..။ ဆရာ့ရဲ့တပည့်ဘဲပေါ့ ….။
    ကျနော်ဆန္ဒပြုဆုတောင်းချင်တာကတော့ ….ဆရာကြီးကျန်းကျန်းမာမာရှိပြီး မြန်မာပြည်ကိုပြန်လာနိုင်
    ပါစေလို့ပါဘဲ ….။

  • windtalker

    October 15, 2011 at 9:37 pm

    ကျွန်တော် က တော့ ဆရာမောင်သာရ ရဲ ့ဘုတ်အုတ်တွေ ကို
    များများစားစား မဖတ်ခဲ့ဖူးပါဘူး
    သို ့သော်
    စာရေးဆရာ မောင်သာရ ရဲ ့ယခုလာမယ့် အသက်၈ဝပြည့်မွေးနေ ့မှ သည်
    နောင်နှစ်ပေါင်းများစွာအထိ
    မိသားစုနဲ ့အတူ ကျန်းမာပျော်ရွှင်ပါစေ လို ့
    ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ

  • blackchaw

    October 15, 2011 at 10:46 pm

    ဆရာ ခင်ဗျား။
    ဝတ္ထုရှည်တွေကတော့ ဖတ်ဘူးတာ တော်တော်များပါတယ်။
    ယုန်နဲ့ အတူပြေး ခွေးနဲ့ အတူလိုက် ဆိုတာကိုတော့ မှတ်မိနေပါတယ်။
    ပြည့်တန်ဆာတွေ ဘဝကိုရေးထားတာလေးတွေ လို့ထင်တယ်။
    ဝတ္ထုတိုထဲကဆို ဆရာ မှတ်မိမလားမသိဘူး။
    ရထားပေါ်မှာ စစ်ဆွယ်တာကြီးနဲ့ ဆရာ့ကို အဘလို့ခေါ်တော့
    စစ်တပ်က ရာထူးကြီးကြီးနဲ့ ပုဂ္ဂိုလ်ကြီးလို့ ထင်သွားတဲ့ဟာလေး
    ကျွန်တော်မှတ်မိနေပါတယ်။
    မြန်မာပြည်ကို ပြန်လာဘို့လည်း မျှော်လင့်ပါတယ်။
    ဆရာ ့မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ။

  • pooch

    October 15, 2011 at 10:56 pm

    ဆရာကြီးရဲ့ အသက် ၈ဝ ပြည့်မွေးနေ့မှသည် အသက် ၁၂ဝ တိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ချစ်သောမိသားစုနဲ့ အတူ မွေးနေ့ပေါင်းမြောက်မြားများစွာကို ကျော်ဖြတ်နိုင်ပါစေ..

  • aye.kk

    October 16, 2011 at 10:58 am

    ကလောင်တစ်လက်
    ဓားသွားထက်ထက်
    တိုင်းပြည်တွက်ကို
    ပိုသာပိုမလိုစေဘဲ
    တွေးနယ်ဖြန် ့ကျက်ရေးနိုင်သူ
    ဇဗ္ဘူတစ်ခွင်
    ယှဉ်သူမရှိနိုင်ငံသိတဲ့သူ

    လေးစားရလျှက်ဘဘဦးသာရသို ့

  • Foreign Resident

    October 17, 2011 at 9:43 am

    ကျွန်တော် ဘဝသရုပ်ဖော်တွေ စဖတ်ဖြစ်တာ ဆရာမောင်သာရ စာအုပ်တွေနှင့်ပါ ။
    ဝထ္ထုအတွင်းစာသားမပြောနှင့် ခေါင်းစဉ်တောင် ဆရာ့ကိုမှီအောင် ပေးနိုင်တဲ့သူ မမြင်သေးပါ ။

  • whitestar

    October 18, 2011 at 9:21 am

    ဆရာကြီး ကျန်းကျန်းမာမာနဲ့ အသက်(၈၀) ပြည့်မွေးနေ. ကျင်းပနိုင်တဲ့ အတွက် ဂုဏ်ယူပါတယ်။ နောင်မွေးနေ.များကိုလဲ ကျန်းမာစွာနဲ့ ကျင်းပနိုင်ပါစေ။

  • Diamond Key

    October 18, 2011 at 9:53 am

    ဆရာကြီးခင်မျာ။
    ဆရာကြီးရဲ့ စာတွေကို နှစ်သက်နေသူပါ။
    ဆရာကြီးကိုလည်း မြန်မာပြည်မှာ ရှိနေတုန်း၊ ၁၉၉၇-၈ ဝန်းကျင်လောက်တုန်းက မန္တလေးမှာ ကိုယ်တိုင် တစ်ကြိမ် နှတ်ဆက်ခွင့် ရခဲ့ရဖူးပါတယ်။
    ဆရာကြီး ကျန်းမာချမ်းသာစွာနဲ့ သက်ရာကျော် ရှည်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    လေးစားမှုဖြင့်
    စိန်သော့

  • Yan Shin

    October 18, 2011 at 11:42 am

    တနင်္ဂနွေနေ ့ ၊အောက်တိုဘာလ ၂၃ ရက် ၊၂၀၁၁ ခုနှစ်
    တွင်ကျရောက်သော ဆရာကြီးဦးသာရ (၈၀)ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော်တိုင်
    ကျန်းမာချမ်းသာစွာဖြင့် လူထုအကျိုး သည်ပိုးနိုင်ပါစေလို့။
    (ဖြစ်နိုင်လျှင် မြန်မာပြည်တစ်ခေါက်လောက်တော့ ပြန်လာစေလို)

    ငယ်စဉ်က ဆရာကြီး စာပေများနှင့် သင်ယူခဲ့ရပါသည်။
    ဆရာကြီး ကျွန်တော်တို့ ကြောင်ကို ချူဆွဲမည့်သူကို ရှာဖွေနေဆဲ

    ဆရာကြီးပြောခဲ့သော စကားကိုမမေ့ပါ “ ရေးတတ်ရင် ဝတ္တုဖြစ်တယ်´´
    အဲဒါကြောင့်ပဲ ရွာထဲမှာ လက်စမ်းစာပေတွေ ရေးဖြစ်သွားပါတယ်။

  • good

    October 18, 2011 at 12:51 pm

    စာဖတ်အာနည်းသူ တယောက် ဖြစ်တာကြောင့် ဆရာကြီးရဲ့ စာ ပေနဲ့ မတွေ့ထိဘူးပါ ဟု ရိုးသားစွာ ဝန်ခံပါရစေ။
    သို့ ပေမဲ့ ဆရာ ကြီး ကို ချစ်ခင်အားပေး ကြတဲ့ အသိမိတ်ဆွေ သူငယ်ချင်းများရဲ့ ချစ်ခင်အားရစွာ ပြန်လှယ် ပြောပြ မှုကြောင့် ဆရာကြီး ကို သိခွင့်ရကာ လေးစားနေရ သည် မှာလည်း အမှန်ပါ။
    ဆရာကြီး ကျန်းမာချမ်းသာစွာနဲ့ သက်ရာကျော် ရှည်ပါစေ၊ တန်ဖိုးရှိရှိ အနစ်သာရ ရှိရှိ စာပေများ ထပ်မံ ဖော်ထုပ်ရေးသား နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
    လေးစားမှုဖြင့်

    Good

  • manawphyulay

    October 18, 2011 at 2:28 pm

    ဘာလိုလိုနဲ့ ဘဘဦးသာရတစ်ယောက် အသက် ၈ဝ ပြည့်တောင် ရောက်လာခဲ့ပြီ။ အင်း မြန်မာမှာတော့ ဆရာ နတ်နွယ်တို့ ဆရာ ပါရဂူတို့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို မရှိရှာတော့ဘူး။ ညတုန်းကတောင် ဒဂုန်မဂ္ဂဇင်းမှာပါတဲ့ ဆရာ့စာတွေကို ဖတ်နေသေးတယ် နောက်စာအုပ်က ဆရာ သိန်းဖေမြင့်၊ ဆရာ သော်တာဆွေ၊ ဆရာအထောက်တော်လှအောင်တို့ စာပေဆွေးနွေးပွဲအကြောင်းစာအုပ်ဖတ်နေရင်းနဲ့ မောင်သာရနဲ့ ဆွေးနွေးတာလည်း ဖတ်ဖြစ်တယ်။
    ဆရာ့ စာအုပ်တွေကိုတော့ မနော ရ တန်းကနေ စပြီးဖတ်ကျင့်ရှိခဲ့တာပါ။ စာအရေးအသား၊ အသုံးအနှုန်း၊ အထားအသို၊ ဇာတ်လမ်းဇာတ်အိမ်လေးတွေက မရိုးနိုင်အောင်ကို တစ်အုပ်နဲ့တစ်အုပ် လေ့လာမှတ်သားစရာတွေ များလှပါတယ်။ ခုချိန်ထိလည်း ဖတ်နေတုန်း ဖတ်ချင်နေတုန်းပါပဲ။
    ခေါင်းစဉ်ပေးပုံလေးတွေကလည်း တစ်မူထူးခြားတာ တွေ့ရှိရတယ်။
    ပြုံးတတ်တယ်၊ခေါင်းငြိမ့်တတ်တယ်
    မနှုတ်လောက်တော့တစ်ဆယ်ချေး
    ကျဉ်တုတ်ခံဝံ့မခံဝံ့
    တောလယ်၊မောတယ်၊အပြောကြွယ်

    ဇာတ်အိမ်လေးတွေလည်း ကြိုက်တယ်။ ဖြစ်နိုင်ရင် ဆရာကြီးရဲ့စာတွေကို အမြဲမြင်တွေ့နေချင်တယ်။ အသစ်အသစ်တွေနဲ့ ခုခေတ်အခြေအနေကို ထင်ဟတ်ပြတာတွေလည်း နောင်လာနောင်သားတွေအတွက် အသက် ၁၂ဝ တိုင်အောင် ဆက်လက်ဖြန့်ဝေ ပညာပေးပါလို့ မနော ဒီနေရာလေးကနေ အဝေးရောက် မေတ္တာပို့သလိုက်ရပါတယ်ရှင်။

    • manawphyulay

      October 19, 2011 at 1:16 pm

      ဘဘသာရရဲ့ ဟိုးလွန်ခဲ့တဲ့နှစ်က သတင်းစာနဲ့ပတ်သက်လို့မေးမြန်းခန်းလေး မှတ်မိသလောက် လက်ဆောင်ပြန်ပေးချင်ပါတယ်။
      ဘဘသာရက ၉ – ၁၁ – ၁၉၇၄ နေ့ထုတ် ဟံသာဝတီသတင်းစာ၏ ခေါင်းကြီးပိုင်းကို ဖတ်ပြပြီး ထိုအထဲမှ အချက်အလက်များကို အထောက်တာ်လှအောင်ကို မေးမြန်းတဲ့ခေါင်းစဉ်ကတော့
      မောင်သာရ။ ။ ကျွန်တော် ဟိုဘက်ကနေပြီး ဒီဘက်ကို လာရတဲ့အကြောင်းက အသံသွင်းတဲ့အထဲကို ဝင်သွားအောင်လို့ပါ။ ကျွန်တော် ဆွေးနွေးမေးမြန်းချင်တဲ့မေးခွန်းက ၉ – ၁၁ – ၇၄ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာမှာပါတဲ့ ခေါင်းကြီးပိုင်းထဲက အချက်အလက်များကို ထုတ်နုတ်မေးပါ့မယ်။

      သတင်းစာ ဆိုတာ ဘာလဲ

      ဝါဒဖြန့်စာရွက်လား။ မှန်ပါ့ဘုရား၊ သံတော်ဦးတင်လွှာလား၊ ဗောင်းတော်ညိတ်စိတ်တော်သိ ဘုန်းတော်ဘွဲ့စာတမ်းလား။ အားလုံးကောင်းပါသည်ခင်ဗျား အစီရင်ခံစာလား။ ခိုင်းရာရေး၊ မေးရာထုတ်ပြန်သည့် ပြန်ကြားရေးစာစဉ်လား။ အာဏာနှင့် ငွေကို ရေလိုသုံးကာ ကိုယ်ကျိုးရှာသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒရေး ဖောက်ပြန်သူ၊ အာဏာနှင့် အခွင့်အရေး အလွဲသုံးသူတို့၏ အသိပျက်မှု၊ အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချပ်၊ ပျက်မှုများကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာလား။ အမှန်တရား၊ အရှိတရား၊ အဖြစ်တရားကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့၊ လျှို့ဟဲ့၊ ဝှက်ဟဲ့နှင့် သတင်းထောက်က တစ်ကောက်ကောက်လိုက်ခြင်း၊ သတင်းစာက အကြံတုံး၊ ဉာဏ်တုံး၊ နလပိန်းတုံးများဖြစ်အောင် ပြုလုပ်ရာ အသုံးပြုသည့် စက္ကူမျက်နှာဖုံးလား။
      ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အထောက်တော်လှအောင်အနေနဲ့ ပြန်လည်ဆွေးနွေးပြီး ဖြေကြားစေလိုပါတယ်တဲ့
      ဆွေးနွေးပွဲက ၁၆ – ၁၁-၇၄ နေ့က ဖြစ်ပြီး အသံဖိုင်ဖြစ် အသံဖမ်းယူထားသည်များကို စာအုပ်အဖြစ် ဖွင့်ချထားခြင်း ဖြစ်ပါတယ်။ ၁၉၇၄၊ နိုဝင်ဘာ ၂၅ ရက် မှာ ပြန်လည်ရေးသားတယ်လို့ တွေ့ရှိရပါတယ်။ ဟိုအရင်က မေးခွန်းလေးတွေ ဖတ်လို့ကောင်းသလို ဖြေဆိုပုံလေးတွေလည်း တကယ့်အနှစ်သာရကို ပေးပြီး ဗဟုသုတတိုးပွားစေပါတယ်။

  • koyinmaung

    October 18, 2011 at 5:00 pm

    လေးစားရပါသော ဘဝသရုပ်ဖေါ်စာရေးဆရာကြီး
    ဦး မောင်သာရကျန်းမာပျော်ရွင်စွာနဲ့သက်တော်ရာကျော်
    ရှည်ကြောင်းဆုမွန်ပို့သလိုက်ပါတယ်….
    ဝမ့်စွေ့… ဝမ့်စွေ့… ဝမ့်… ဝမ့်.. စွေ
    ကိုရင်မောင်

  • lwinmg

    October 18, 2011 at 5:01 pm

    ဟိုးငယ်ငယ်ဘဝ လေးထဲက လေးစားခဲ့ရတဲ့ ဆရာကြီး ပါခင်ဗျာ ။
    မောင်သာရ အမည်ကြား လိုက်တာနဲ့ ရင်ထဲမှာ နွေးကနဲ ခံစားရပါတယ် ။
    ခုတော့ ဘဘ ဦးသာရ ပေါ့ ခင်ဗျာ ။
    ဆရာကြီး ကျန်းမာ ပျော်ရွှင်ပါစေ ။

  • okermg

    October 18, 2011 at 5:21 pm

    ကျန်းမာသန်စွမ်း အသက်ရှည် ပျော်ရွှင် ချမ်းမြေ့ပါစေ ဆုတောင်းပေးပါကြောင်း….။

  • MOEPWINTPHYU

    October 18, 2011 at 5:24 pm

    ဆရာကြီး ကျန်းမာသက်ရှည်ပြီး အနာရောဂါကင်းဝေးသောဘဝဖြင့် မိသားစုပျော်ရွင်စွာဖြတ်သန်းနိုင်ပါစေ လိုဆုတောင်းပေးလိုက်ပါတယ်………..

  • ရွှေအိမ်စည်

    October 18, 2011 at 8:51 pm

    ***************

    မင်္ဂလာပါဆရာ….

    ဆရာကြီးရဲ ့မွေးနေ ့ကိုရတနာပုံနေပြည်တော်သတင်းစာရဲ ့ကျေးဇူးနဲ ့မွေးနေ ့ဆုတောင်လေးကိုယ်တိုင်ရေးခွင့်ရတော့ အတိုင်းမသိ ၊ ပီတိဖြစ်ရပါတယ်..။
    စီစဉ်ပေးတဲ ့သူကြီးကိုလည်းကျေးဇူးတင်ပါတယ်..။

    ဆရာကြီးရေ…
    သက်ကြီးရွယ်အိုတွေ ကို “အနန္တဂိုဏ်းဝင် ကျေးဇူးရှင်”၊
    “ကြီးသူကိုရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား” …စတဲ့ အဆုံးအမတွေနဲ ့ကြီးပြင်းခဲ့ရသူ၊
    လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက်
    ဆင်းရဲချမ်းသာမှ ုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို ့မဆုံးနိုင်မေးခွန်းတွေနဲ ့
    လုံးလည်လိုက်စမြဲပါဘဲ။ခေတ်စာပေ က ဆရာကြီးတို ့လိုလမ်းပြသူု ရှားပါးသွားပါပြီ။

    ဘဝတွေ ထဲ က ဘဝသရုပ်တွေ ကိုပီပီပြင်ပြင်ရေးတတ်တဲ ့
    လေးစားရပါသော ဘဝသရုပ်ဖေါ်စာရေးဆရာကြီး
    ဆရာမောင်သာရ(ဦးသိန်းလွင်)မွေးနေ ့၈ဝပြည့်တယ်ကြားရတော့ဆရာ ့စာတွေတခုတ်တရအမှတ်ယမိတယ်..။

    ကျွန်မဆရာ့ ကြီးစာကို.ဝထ္ထုကို..ငယ်ငယ်ကတည်းကစဖတ်နေပြီလေ..
    အတွေးရဲ အရေးရဲ ကလောင်စွမ်းထက်လွန်းတဲ ့ဆရာ စာပေခေါင်းစဉ်လေးတွေ ကလည်းဘဝနဲ ့တသားတည်းပါဘဲ…။
    ဆန်းပြားတဲ ့ခေါင်းစဉ်ပေးတတ်မှုကိုတော့…အထူးလေးစားမိပါတယ်။။။

    ဘဝသရုပ်ကိုကွက်ကွက်ကွင်းကွင်းမြင်နိုင်လို ့လည်း…လူကြီးလူငယ်ကြားက
    ဆရာစာ့တွေ က တသသဖြစ်စေတာကလည်းအမှန်ပါဘဲ…။

    ကျွန်မ ၂၀၀၉လောက်က မိုးမခက ဆရာ ့အကြောင်းရေးထားတဲ ့သတင်းလေးပါလို ့ကူးပြီးတောင်သိမ်းထားတယ်ဆရာ…..

    ***ဆရာကြီးစာပြန်ရေးမယ်…ဆိုတဲ ့အကြောင်းနဲ။
    ့***၂၀၀၉မှာနှလုံးခွဲစိတ်တာအောင်မြင်ကြောင်းဖတ်မိတယ်ဆရာ..။
    ***ဆရာမောင်သာရက စာမူများကို ဆရာ ့စာလုံးပေါင်းသတ်ပုံအတိုင်း၊
    ***စာ အဖြတ်အတောက်အတိုင်း ရိုက်နှိပ်ဖော်ပြပေးရန် မှာထားတဲ ့အကြောင်း။
    ***ဆရာ၏ စာလုံးပေါင်းနှင့် အဖြတ်အတောက်များအတိုင်း တင်ဆက်ပေးမည် ဆိုတာဖတ်ဖူးတယ်…။

    လေးစားပါတယ်..ပြီးတော့အားလည်းကျမိပါရဲ ့…..
    (မတ်တတ်ရပ်လို ့လမ်းမှာငို) ဝတ္ထုဖြင့်အမျိုးသားစာပေဆုရခဲ ့တဲ ့စာကောင်းလေးတွေဘဝသရုပ်တွေကိုသာပီပြင်စွာရေးဖွဲ ့ခဲ ့တဲ ့…
    ဆရာကြီးမောင်သာရ…အသက်ရာကျော်ရှည်ပါစေကြောင်း….မင်္ဂလာဆုမွန်တောင်းလိုက်ပါတယ်

    ရိုသေလေးစားသော
    ရွှေအိမ်စည်

    ****************************************************************

  • kocho

    October 19, 2011 at 3:08 am

    အလွန်လေးစားရပါသော ဆရာကြီး ဦးသာရကျန်းမာပါစေ အသက်ရာကျော်ရှည်ပါစေ

  • aungnng87

    October 19, 2011 at 3:33 pm

    ဆရာကြီးမောင်သာရ အသက်(၈၀) ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာဘဝကိုပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ။ ပြီးတော့ဆရာကြီး မိုးမခမှာရေးတဲ့ လူတယောက်နဲ့ ဝက်တကောင်ကိုလည်း အရမ်းကြိုက်ပါတယ်။

  • kangel

    October 20, 2011 at 5:32 am

    Dear Mg Thara,

    I’m so glad to have an intelligent and greatful Grandpa like you. Everyday, you teach me new things; you open my eyes to see the world deeply. I experienced new ways of life by you showing me the ways. I’ve learned how to find the path because of what you’ve taught me. I would like to thank you for everything what you’ve taught me and how you’ve taken care of me. I enjoy the lessons you give me which are very worthy to have knowledge of those important experiences that we all should experienced for better. Overall, again, Thank You. I wish you to have an awesome birthday, be very healthy and live longer in this amazing world with us. Not just only I would like you to live longer to have your knowledge, I would love you to stay by me and with the family longer because we love you. You’re the best grandpa that I ever had. I love you, grandpa. Happy Birthday:) Let’s spend a great time with everyone on your birthday:)

    Love,
    Your Granddaughter.

  • လင်းဝေကျော်

    October 20, 2011 at 2:32 pm

    ဆရာရေ,
    ဆရာပြောခဲ့တဲ့ “အနုပညာဆိုတာ ခေတ်ကို မထင်ဟပ်နိုင်ရင် အလကားပဲ” ဆိုတာလေး အမြဲအမှတ်ရမိတယ်။ တကယ်လည်း လက်ခံတယ်။ အခု ခေတ်ကိုမထင်ဟပ်နိုင်ပဲ ဖန်တီးနေကြတဲ့ ပေါက်လွှတ်ပဲစားတွေကို ဆရာသာ မြင်ရင် ဘယ်လို ပြောမယ်ဆိုတာ ကြားချင်မိတယ်။

    ဆရာ့စာအုပ်ထဲမှာ မှတ်မှတ်ရရ အရှိဆုံးက ကျနော်၅တန်း၆တန်းလောက်က အဖေဝယ်လာတဲ့ စာအုပ်။
    “ကျောက်စရစ်တော မာခေါင်ခေါင်တွင် အတောင်ကျွတ်၍ ကျသော ကြိုးကြာ ရေရှာမရသကဲ့သို့” ဆိုတဲ့စာအုပ်။ အခုထိ မျက်စိထဲမှာ မျက်နှာဖုံးကိုပါမြင်နေမိသေးတယ်။ ကျနော့်အဖေကလည်း ဆရာ့စာအုပ်တွေကို အလွန်ကြိုက်ပါတယ်။ “လမ်း၌တွေ့သောသစ်ပင်တစ်ပင်” ဆိုတဲ့ အသုံးကိုလည်း သုံးလေ့ရှိတယ်။

    ဆရာကျန်းမာစွာနဲ့ ရန်ကုန်ကိုပြန်လာပြီး ဆရာမျှော်လင့်သလို စီစစ်ရေးမရှိတဲ့ စာပေလောကမှာ ဆရာ့စာအုပ်အဟောင်းတွေကို မူရင်းအတိုင်းအဖြတ်အတောက်မပါပဲ ပြန်ထုတ်နိုင်ပြီး စာအုပ်အသစ်တွေကိုလည်း ခေတ်ကိုထင်ဟပ်ပြီး အနုပညာအသစ်အနေနဲ့ ထပ်မံဖန်တီးနိုင်ပါစေလို့ စစ်မှန်နက်နဲစွာ မွေးနေ့အမှတ်တရ ဆန္ဒပြုပါတယ်။

Leave a Reply