စကားဝိုင်းတစ်ခုက ကြားဖူးမိသော ဖြစ်ရပ်မှန် လေးတစ်ပုဒ်. (သရဲအကြောင်း ၊ အချစ်အကြောင်းမဟုတ်ပါ)

BurmaOctober 15, 20111min11612

ဟိုးတစ်နေ့က လူကြီးတစ်ယောက် (50 ကျော်နေလောက်ပါပြီ) ပြောနေတာလေး နားထဲမှာ ကြားမိလို့ သွား နားထောင်မိတာလေးပါ။ 88 နောက်ပိုင်း မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ဧရာဝတီတိုင်းက မြို့လေးတစ်မြို့ မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အဖျက်လေးပါ။ အဲဒိခေတ်က 88 နောက်ပိုင်း နဝတ ခေတ်ဆိုလား အဲဒိလက်ထက် မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ စထုတ်နေတဲ့အချိန်ဖြစ်ပါတယ်။ အဲဒိမြို့မှာလဲ စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေလုပ်တဲ့အချိန်မှာ အဲ့မြို့က ရပ်ကွတ်တွေက ဥကဌတွေကို တာဝန်ပေးပါတယ်။ ဓာတ်ပုံဆရာအသင်းက မဝတ ကိုတင်ပြတာက တစ်ယောက်စာ လိုအပ်တဲ့ဓာတ်ပုံအတွက်ချည်းသီးသန့် 18 ကျပ်ကျမယ်လို့ပြောပါတယ်။ ဒါကြောင့် မဝတ က 18 ကျပ်သတ်မှတ်လိုက်ပါတယ်။ အဲဒိထဲမှာ အဲဒိမြို့ရဲ့ ရပ်ကွက်တစ်ခုရဲ့ ဥကဌကတော့ သူတို့ ရပ်ကွက်က ဆင်းရဲတဲ့အတွက် 18 ကျပ်မလုပ်ပဲ 9 ကျပ်နဲ့တင်လုပ်မယ်ဆိုပြီး ဆိုင်းဘုတ်တင်ပါတယ်။ အဲဒိအချိန်မှာ ပြသနာက စတက်တာပါပဲ ဓာတ်ပုံဆရာတွေက မကျေမနပ်တွေဖြစ်ပြီး ဒါဟာ မဝတရဲ့ ချမှတ်ထားတဲ့ စီမံချက်ကို သွေဖယ်တယ်ဆိုပြီး တိုင်ပါတော့တယ်။ အဲဒါနဲ့ မဝတက အဲဒိ ရဝတ ဥကဌကို ခေါ်စစ်ပါတယ်။ အဲဒိအချိန်မှာ အဲဒိ ရဝတဥကဌက အားလုံးရှေ့မှာ ရှင်းပြဖို့ ဓာတ်ပုံဆရာအသင်းနဲ့အစည်းအဝေး ခေါ်ဖို့တောင်းဆိုပါတယ်။ အားလုံးဆုံတဲ့အခါမှာတော့ အဲဒိရဝတဥကဌကို လူကြီးတွေကို ဘောပင်နဲ့စာရွက်ကိုင်ပြီး သူပြောတာကို ရေးမှတ်ပြီး စဉ်းစားဖို့ပြောပါတယ်။ ရဝတဥကဌက ဓာတ်ပုံဆရာကို စမေးပါတယ် ၁။ ဖလင်တစ်လိပ်ကို ဓာတ်ပုံဘယ်နှစ်ပုံထွက်သလဲ ၂။ရိုက်မဲ့ဓာတ်ပုံက Half Flim လား Full Flim လား (ဘာမှန်းတော့ စာရေးသူမသိပါ) ၃။ ဖလင်ဆေးတဲ့ ဆေးဖိုး ၄။ Negative ဖိုး (Positive ဖိုးရှိသေးလားမသိဘူး :P) စ သဖြင့် မေးခွန်းတွေမေးပြီး ကုန်ကျစရိတ်ကိုတွက်လိုက်တဲ့အခါမှာ တစ်ယောက်စအတွက် ကုန်ကျစရိတ်က 6 ကျပ် ပဲကျပါတယ်။ ဒါကြောင့် သူကြေညာထားတဲ့ ကိုးကျပ်မှာတောင် 3 ကျပ်မြတ်သေးတယ်။ အဲဒိအတွက် နဝတ က ချမှတ်ထားတဲ့ ပြည်သူလူထု သက်သာ ချောင်ချိရေး ဆိုတဲ့ စာပိုဒ်အတိုင်း သူလုပ်တဲ့အကြောင်း ရှင်းပြပါတယ်။ မှတ်ချက်အနေနဲ့ပြောရမယ်ဆို အဓိက က ပြည်သူလူထုအတွက် အမှန်အတိုင်း လုပ်ဆောင်တဲ့သူ့ကိုချီးကျူးပြီး ဈေး 3ဆတောင်တင်ထားပေမဲ့ နားမလည်ပဲ လက်ခံလိုက်တဲ့ မဝတလူကြီးတွေကိုတော့ ညှပ်ချခံရတဲ့ ကလေးတစ်ယောက်လိုဖြစ်နေပါတယ်။ သူအကြောင်း ပြောပြတဲ့လူကြီး ပြောပုံအရဆို သူဟာ ဓာတ်ပုံပညာနဲ့ ဖလင်ပညာကို ကောင်းကောင်းကြီး ကျွမ်းကျင်တဲ့သူတစ်ယောက်လို့ သိရပါတယ်။ တကယ်တော့ လုပ်ငန်းတစ်ခု ဒါမှမဟုတ် ဌာနတစ်ခုမှာ နားလည်တဲ့သူတွေကိုပဲ ခေါင်းဆောင်ခန့်သင့်တယ်လို့ စာရေးသူက ထင်မိပါတယ်။ လူကြီးတွေကလည်း နားလည်သူ ပညာရှင် တွေနဲ့တိုင်ပင်သင့်တယ်လို့ထင်ပါတယ်။ (စာရေးသူက အဖေတို့ပြောနေတဲ့ စကားဝိုင်းမှာ ကြားလို့ စိတ်ဝင်စားဖို့ကောင်းလို့ရေးလိုက်တာဖြစ်ပါတယ်။) 🙂

12 comments

  • small cat

    October 15, 2011 at 9:14 am

    “လူကြီးတွေကလည်း နားလည်သူ ပညာရှင် တွေနဲ့တိုင်ပင်သင့်တယ်လို့ထင်ပါတယ်။”

    အစကတည်းက တိုင်ပင်ပြီးလုပ်ထားတာပါ။
    ပိုမြတ်တဲ့ အမြတ်အစွန်းတွေကို အခြားသောကိစ္စတွေမှာသုံးဖို့ ရန်ပုံငွေပိုရှာ
    ထားတာလေ။

    • Burma

      October 15, 2011 at 9:23 am

      ♦ အမြတ်အစွန်းတစ်ခုအတွက်နဲ့ပဲလုပ်မယ်ဆို ရပ်ကွက်က ဆင်းရဲသား ရပ်ကွက်ပါဆိုမှ ဒီလူတွေ နို်င်ငံသားမှတ်ပုံတင် ဘယ်ရှိတော့မှာလဲ . .

      အမြတ်အစွန်းတစ်ခုအတွက်နဲ့လုပ်မှာလား ? ပြည်သူတွေအတွက်လုပ်မှာလား? အမြတ်အစွန်းတစ်ခုအတွက်နဲ့လုပ်လို့ မြစ်ဆုံစီမံကိန်းသာဓက ရှိပြီးသားပါ။ 🙂

  • Burma

    October 15, 2011 at 9:22 am

    ♦ 9 ကျပ်နဲ့လုပ်တော့လဲ 3 ကျပ်မြတ်နေပြီးသားပါ။ တစ်ရပ်ကွက်မှာ လူ၁၀ဝ ဆို 300 .. ၁ဝ ရပ်ကွက်ဆို 3000 တစ်မြို့ကို 3000 ၁ဝ မြို့ကို 30000 . . .. . . . . .

    • thit min

      October 15, 2011 at 9:32 am

      အဲဒါက “မောင်းတီးဝင်” ဝင်ငွေ ဆိုရင် “ခေါင်းမြှီးခြုံ”ထွက်ငွေစာရင်း ရှိသေးတယ်ကွ။
      အဲဒီထွက်ငွေ မှာ မလောက်ကြရှာဘူးကွ၊ ခေတ်အဆက်ဆက်မှာ။
      ဆရာမင်းသိင်္ခ က တောင် အဲဒီ ဟာလေးကို သဘောကျလို့ “ဆာပုလင်းနှင်းမောင်နှင ့်ခေါင်းမြှီးခြုံလုံပါပေ့” ဆိုပြီး
      နာမည်ယူသုံးရရှာတယ်ကွ။
      “လုံ”တာ လုံတာ။

  • koyinmaung

    October 15, 2011 at 9:54 am

    မဝတဥက္ကဌကသူ့ကိုယ်ကျိုးမပါတဲ့အလုပ်ကိုဘယ်တော့မှမလုပ်ပါ
    ဒီလိုအကျင့်ပျက်နေတာ ၈၈ မတိုင်ခင် ဦးနေဝင်းလက်ထက်ထဲကပါ
    ခုအချိန်ထိလဲအမြစ်တွယ်နေတုန်းပါ ခလေးရယ်……
    ခုန ခလေးပြောတဲ့ရပ်ကွက်လူကြီးမျိုးကရပ်ကွက်လူကြီးသက်တမ်း
    မရှည်ပါဘူး…မယုံယင်မင်းအဖေကိုမေးကြည့်လိုက်ပါ….

    • Burma

      October 15, 2011 at 4:39 pm

      ♦ ကျွန်တော် နဲ့အကို အဲ့အတွေးတူသွားဘီဗျ.. ကျွန်တော်လဲမေးကြည့်တယ်… ဆန်းတာက… သူက သေတဲ့အထိ လူကြီးတာဝန်ယူသွားတယ်တဲ့ဗျာ 😀

  • ကြောင်ကြီး

    October 15, 2011 at 10:28 am

    ခေါင်းစဉ်ကို ရုတ်တရက် ဖတ်လိုက်တာ သရဲအကြောင်း ပြောတယ်ထင်လို့ 🙁 ။ အတိုင်ခံရတဲ့ ရဝတဥက္ကဌ သရဲဖြစ်တဲ့ ဇာတ်လမ်းလား တွေးနေတာ…
    မနောက်ပါနဲ့ မောင်ဘားမားရယ်။ ဦးကြောင် ညီမခြူးဖျောင်က အတည်အတံ့ နုနုဖတ်ဖတ်လေးနော်။ မရှင်းမရှင်းလုပ်ရင် ကြိုက်မှာမဟုတ်ဘူး။

    • thit min

      October 15, 2011 at 10:44 am

      သတင်း ပလင်း
      အရှုပ်ကို
      မရှင်း မရှင်း လုပ်ရင်
      အတင်း အတင်း ကုတ်မှာနော်……….
      (two body tiger)တူး ဘော် ဒီ တိုက်ဂါး နဲ့
      ဘူးကော်ဖီ တိုက်သွားတဲ့
      ဦးဂျော်လကီ အမိုက်စားက
      ဆိုက်ကားနဲ့ ကြို
      အကိုကြောင့် နှမ
      လင်ရစေ ရေး
      ကူလို့ ဖေး အုန်းမှာမို့
      (ကဲ မောင်ဘားမားရေ )
      ယူ ဘို့ အရေးသာ
      အသင့် ပြင်။

    • windtalker

      October 15, 2011 at 8:54 pm

      ကိုကြောင်ကြီးက အသက်၄ဝနား ဆိုတော့
      သူညီမ ဆိုရင် အသက် အိုဗာ ၃၀
      ညီငယ် ဘားမားရေ
      သေချာ စဉ်းစား
      စဉ်းစား

  • cobra

    October 15, 2011 at 2:35 pm

    တစ်ချို ့လူကြီးတွေကအသက်လည်းကြီးတယ်ပညာလည်းကြီးတယ်
    တစ်ချို ့လူကြီးတွေကြတော့လည်းအသက်တာကြီးတယ်
    ဟိုဟာကသေးသေးလေး
    ပညာကိုပြောပါတယ်…။

  • bluerose

    March 5, 2012 at 3:56 pm

    လိမ်တယ်လိမ်တယ်သူများကို
    သူများကတော့သရဲအကြောင်းအောက်မေ့လို့
    ဘယ်ချိန်များသရဲထွက်လာမလဲလို့
    ဘယ်ဟုတ်မလဲမပြောချင်တော့ပါဘူးလေသူတို့အကြောင်း
    ပြောပြန်ရင်လည်းမိအေးလွန်ရာကျပါမယ်
    လွှတ်ထားလိုက်လွှတ်ထားလိုက်

  • ငပွကြီး

    March 5, 2012 at 4:23 pm

    ဒါကဒီလိုရှိပါတယ် ဟိုဟာကတော့ ဟိုလိုရှိပါတယ်..ဆိုတော့…
    ဓါတ်ပုံဖိုး အမှန်တကယ်အရင်းက ၆ ကျပ်
    မ ဝ တ ဝန်ထမ်းသက်သာ က ၂ ကျပ်
    မ ဝ တ ဥက္ကဌ သက်သာ က ၃ ကျပ်
    ရ ဝ တ ရံဘုံငွေ က ၂ ကျပ်
    တ ဝ တ ကို ကန်တော့ဖို့က ၃ ကျပ်
    ဘာမသိ ညာမသိ သဘာပတိ အတွက်က ၁ ကျပ်
    ဓါတ်ပုံသမား အမြတ်ငွေ ???????
    ဒါမှလဲ သူ့မှာဓါတ်ပုံရိုက်ခွင့်ရမယ်လေ…

Leave a Reply