***သိစေချင်ပါသည်***

snow layOctober 15, 20111min16724

 

*အခုဒီပို့စ်ကိုတင်တာမှာ စနိုးလေးစိတ်ထဲမှာ တနုံ့နုံ့နဲ့မို့လို့ စဥ်းစားမိတဲ့အတိုင်းရေးလိုက်တာပါ.

စနိုးလေးရေးတဲ့ စာကဗျာမှာ တကယ်ကိုစိတ်ထဲကအတိုင်းရေးလိုက်တာပါ…

ပို့စ်တစ်ခုတင်ရင် ကွန်မန့်ရေးတဲ့သူတွေကတော့ သူတို့အမြင်ကိုရေးကြမှာပါပဲ..

ကောင်းတယ် ဆိုးတယ်ပေါ့ မကြိုက်ရင်ဝင်မပြောပဲနေနိုင်သလို ကြိုက်လို့အားပေးကျရင်လဲ

ပို့စ်တင်တဲ့သူစိတ်ထဲပျော်ရတာပါ…. *

 

***သူကြီးကပြောပါတယ်“အခု.. ဒီပု့ိစ်တင်ထားတာကြောင့်ဆိုတာထက်.. တခြားအကြောင်းနဲ့..

ဒီပို့စ်အောက်မှာ… အပြန်အလှန်တွေဖြစ်ကုန်တော့…ဖတ်သူတွေ.. ရေးသူတွေ…

ဘယ်သူမှအကျိုးမရှိဘူးယူဆတဲ့အတွက်…  ဒီပို့စ်ကို ခဏနေ… ဖျက်လိုက်ပါမယ်နော…´´  ဆိုတာပါ။***

 

*****စနိုးလေးမေးချင်ပါတယ် ဒီပို့စ်တင်လို့ဆိုတာထက် တခြားအကြောင်းနဲ့ဒီပို့စ်အောက်မှာဖြစ်ရင်.. ဖြစ်တဲ့သူတွေရဲ့ကွန်မန့်ကိုပဲဖျက်ရမှာမလား

ဒါမှမဟုတ် အလွန်အကျွံ့ရေးတဲ့စာတွေအတွက် သူကြီးအနေနဲ့ ရေးတဲ့သူတွေကိုသတိမပေးသင့်ဘူးလား…..

အခုရေးတဲ့ကဗျာဟာ စနိုးလေးရေးတာမဟုတ်ပဲ…

ရွာထဲကစာရေးနေတဲ့သူတစ်ယောက်ရေးခဲ့မယ်ဆိုရင်ရော ဒီကဗျာကိုဖျက်ပစ်မှာလား ….

အခုပို့စ်ကိုဖျက်လိုက်ပါတယ်…

အဲဒီတော့ ပို့စ်တစ်ခုတင်ရင် အောက်ကကွန်မန့်တွေအတွက်ပါ ပို့်စ်ပိုင်ရှင်ကတာဝန်ယူရမှာလားဆိုတာပါ။

အကျိုးမရှိဘူးယူဆပေမယ့် ဖတ်တဲ့သူကို နစ်နာစေမယ့်အရေးအသားမပါရင်

ခွင့်ပြုသင့်တယ်မဟုတ်လား…… *****

 

**အခုစနိုးလေးသိသွားတာ တစ်ခုရှိပါတယ် ပို့စ်တင်ချင်ရင် စာအရေးအသား

အသုံးအနှုန်းကို တတ်နိုင်သလောက်ဆင်ခြင်ပါမှတော်ကာကြမယ်ဆိုတာပါပဲ..

ဂေဇက်မှာ ပို့စ်တင်ချင်ရင် ဂေဇက်ထဲကဖြစ်နေတဲ့ အကြောင်းအဆိုးအကောင်းကို

မူတည်ပြီး မရေးရဲတာပါ (စိတ်ထဲရှိတဲ့အတိုင်း)

တခြားကိုယ်တိုင်ရေး အကျိုးရှိမယ့်ပို့စ် ကိုပဲလက်ခံသလို ဖြစ်နေတာပါ…

ကို်ယ်တိုင်ကတော့ အဲလိုပို့စ်တွေတင်ချင်ပါတယ်(အဲလောက်ထိမရေးတတ်ပါဘူး)

အခုမှစမ်းပြီးရေးချင်နေတဲ့ ပို့စ်တင်ချင်နေတဲ့သူအတွက် အဟန့်အတားဖြစ်သွားတာလေးပါ**

 

*နောက်တစ်ခုက ကိုယ်တင်လိုက်တဲ့ပို့စ်တစ်ခု ကိုယ့်ပယောဂမပါပဲ ပျက်သွားတယ်ဆိုရင်

စိတ်ထဲမှာနှမျောပါတယ် (ဗဟုသုတရမဲ့အကြောင်းတော့မပါပေမယ့် တခြားသူထိခိုက်တဲ့စာသားလဲမပါပါဘူး

တစ်ကြောင်း နှစ်ကြောင်းလဲ ကိုယ်ရေးတဲ့စာမို့လို့ပါ)

စနိုးလေးအနေနဲ့ ပွိုင့်ရတာမရတာကို စိ်တ်ထဲမထားပါဘူး… တစ်ခုတော့ရှိတယ်ရှင်…..

ဝင်တာမကြာသေးပေမယ့် ကိုယ့်အတွက် တိုးလာတဲ့ပွိုင့်တွေကိုကြည့်ပီး

ပျော်ရတယ်ဆိုတာပါ…*

 

*ဒီပို့စ်ကို စာအရေးအသားတော်တော်စစ်ပီးမှ တင်တာပါ (မလေးစားသလိုဖြစ်မှာစိုးလို့ပါ)

မန်ဘာတစ်ယောက်ရဲ့ စိတ်ကိုသိစေချင်လို့တင်လိုက်တာပါ…..

ဖတ်မိတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်….*

24 comments

  • kai

    October 15, 2011 at 3:15 pm

    ဒီရွာရဲ့.. ဖွဲ့စည်းပုံနဲ့.. အထဲကရွာသားတွေ ဆွေးနွေးရေးသားနေတာတွေ.. သေသေချာချာ လေ့လာဖတ်ဖူးသလား.. ပြန်မေးရမှာပါပဲ..။

    ဒီမှာ စာစရေးမယ်ဆိုပြီး ဝင်လာတာမှာ.
    ပထမတခုက.. မီဒီယာတခုကသတင်းကို ကူးတင်ဖေါ်ပြတယ်.။
    ဒုတိယတခုက. ရွာထဲက.. အပြန်အလှန်ဖြစ်နေတဲ့.. အခြေအနေတခုကို.. ထောက်ပြ.. ဆရာလုပ်ဝင်ရေးတယ်ဆိုတာမျိုးဖြစ်နေပါတယ်..။
    တတိယကတော့.. အခုပို့စ်ပါပဲ.. ကျုပ်ကိုတိုက်ရိုက် ဘလိမ်းတက်တာဖြစ်နေပါတယ်..။
    … ပို့စ်တခု၂ခုနဲ့.. ဒီထဲကအသားကျရေးနေသူတွေဆီ..အက်ဒ်မင်လုပ်သူဆီ.. ဦးတည်နေတာက.. တယ်မဟန်ဘူးလို့ ပြောချင်မိပါတယ်..။

    အခုလောက်ဖွဲ ့နွဲ ့ရေးနိုင်သူတယောက်အတွက်.. တခြားရေးစရာအကြောင်းတွေအများကြီးပါ..။
    Blame/Claim/Game မလုပ်ပဲ.. မတူသောအတွေးနဲ့.. ကိုယ်ပိုင်စာတွေရေးစေလိုပါကြောင်း..။
    ==========
    http://myanmargazette.net/rules-for-writers
    http://myanmargazette.net/writing-guidelines
    အပေါ်ကလင့်တွေကို ..သေသေချာချာ ပြန်ဖတ်စေလိုပါတယ်ခင်ဗျား..။

    • snow lay

      October 16, 2011 at 1:18 pm

      ဟုတ်ကဲ့… Blame မဟုတ်ပဲ Complaint သဘောမျိုးပါ.
      စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့အတွက် သူကြီးကို စနိုးလေးတောင်းပန်ပါတယ်.
      စိတ်ထဲရှိတဲ့အတိုင်း စာရေးဖို့ကြိုးစားမှာပါ.

      တစ်ခုပြောချင်တာက ko windtalker ထင်တာမှားနေပါတယ်. (ဘယ်သူ့ကိုမှ အထင်နဲ့မပြောပါနဲ့)
      စနိုးလေးက ကိုယ့်စီးပွားရေးကိုယ်လုပ်နေတဲ့သူပါ ဘယ်သူ့ဘယ်သူနဲ့မှ အရှုပ်အရှင်းမရှိပါ.
      ရှင်းစရာမလိုဘူးထင်ပေမယ့် ပြောသင့်တယ်ထင်လို့ပါ.
      အခုတင်လိုက်တဲ့ပို့စ်ကိုလဲ စနိုးလေးဘက်ကမှန်တယ်ထင်တဲ့အတွက် နောင်တမရပါဘူး.
      ကွန်မန့်ပေးကြတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်.

      • windtalker

        October 16, 2011 at 1:27 pm

        ဒါဆိုလည်း စောင်းမနေနဲ ့တော့ပေါ့လကွယ်
        လူဆိုတာကတော့
        ကိုယ့်ကိုကိုယ်သာ အမှန်ဆုံး ဆိုတဲ့အယူကို ခိုင်မြဲစွာ ကိုင်စွဲတာ သဘာဝ ဆိုတာနားလည်ပါတယ်
        ခက်တာက
        ဂေဇက်ထဲလာပြီး
        အထာမသိပဲ
        ပလိန်းပလိန်း လိုက်ဆော်နေရင်တော့
        ထပ်ပြောနေရဦးမှာပဲ ၊ မကြိုက်လဲ မတတ်နိုင်ဘူး
        ဒီမှာ ရေးနေတဲ့သူတော်တော်များများက အသက်ကြီးပိုင်းတွေ ပါ
        ကိုယ့်ပိုစ် သူ ့ပို စ်မှာ နာမည်တွေ ထည့်ရေးတယ် ဆိုတာကလဲ
        အပြင်မှာပါ ခင်ကြလို ့ရေးကြတာပါ ၊ အချင်းချင်း ကျီစား ကြတာပါ
        ဆိုလိုချင်တာကတော့ သူ ့နေရာနဲ ့သူပေါ့
        မနေ ့တစ်နေ ့က မှ ဝင်လာပြီး
        ခပ်တည်တည်နဲ ့ ဒီကလူတွေ ကို
        “ ယဉ်ကျေးကြပါ ” လို ့ပြောခွင့်ရှိရဲ ့လား ဆိုတာကိုကော
        ကိုယ့်ဟာကိုယ် ပြန်ပြီး သေချာလေး စဉ်းစား ပါဦး
        သေချာ စဉ်းစားပြီး မှ ပြန်ပြီး ကွန်မင့်ရေးနော်

  • မောင်တုတ် ကြီး

    October 15, 2011 at 3:27 pm

    ဟုတ်တယ်.ဗျာ. အုံနဲ ့ကျင်းနဲ ့ဝင်ရေး၊ငပြူးကဘဲပြဲရတယ်ရှိသေးတယ်။လာသေးတယ်ဗျာ။သူတို ့ကစောင်းမြောင် ဆော်ပလော်တီး
    နေကြတာ ကြည့်နေတာပါဗျာ။ကျနော်လဲ ရွာပြင်ထုတ်ခံခဲ့ရပါတယ်။ဒါပေမယ့် ကျနော်က ခိုင်လုံစွာစွပ်စွဲတာလေ။သူတို ့က ပုတ်ခတ်နေတာ မတူဘူးလေဗျာ။အဲတော့ခါ. ခုလို မျိုးကိစ္စမှာ သေသေချာချာ ပို ့စ်တင်သူရော၊ကျနော်ပါ ပြန်ဖတ်ကြတာပေါ့။ဟုတ်ပီလား သူငယ်ချင်းရေ။

  • ရွှေဘိုသား

    October 15, 2011 at 4:01 pm

    ဘာတွေဖြစ်နေကြတာလည်း ရွာထဲ သိပ်မရောက်ဖြစ်တော့ ဘာမှကိုမသိရပါလား

    • manawphyulay

      October 15, 2011 at 5:53 pm

      ဒါက ဒီလိုရှိတယ် ကိုရွှေဘိုသားရဲ့… ဟိုဟာက ဟိုလိုရှိတယ်ပေါ့နော်။ ဟီး အမှန်တော့ မနောလည်း မသိပါဘူး။ ဘာတွေပြောနေလဲဆိုတာ လာဖတ်ကြည့်မိတာပါ။ 🙂

      ကိုယ်ပိုင်အတွေးလေးတွေနဲ့ ရေးသားမယ်ဆိုရင် ရွာသူရွာသားတွေအပြင် ရွာသဂျီးပါ အလွန့်အလွန် သဘောကျမည် ဖြစ်ပါကြောင်းနဲ့ ပိုစ့်များကိုလည်း စောင့်မျှော်ဖတ်ရှုနေမည်ဖြစ်ပါကြောင်း ဒီနေရာကနေ ပြောလိုက်ပါတယ်နော်။

  • ကြောင်ကြီး

    October 15, 2011 at 7:47 pm

    ရိုးရိုးလေးနဲ့ စနိုးလေးကို အိုကြီးအိုမ သဂျီးက ဖျက်တာကို ကပ်တာထက်စာရင် ဦးကြောင် အများကြီး သဘောကျတယ်။ နောင်တိုင်စရာရှိရင် ဦးကြောင်ဆီလာပြောနော်။ ဒီရွာမှာ သဂျီးထက်ကြီးတာ ကြောင်ကြီး..

  • Yin Nyine Nway

    October 15, 2011 at 8:20 pm

    ဦးကြောင်…ဘာကြီးတာလဲဟင်… :0

  • windtalker

    October 15, 2011 at 8:31 pm

    ဒီဂေဇက်မှာ ရှိတဲ့သူတွေဟာ
    ကိုယ့်အနုပညာ လက်ရာတွေကို တင်ပြနေသူတွေပါ
    ကျွန်တော် windtalker သည် ဂေဇက်ကို 2011၄လပိုင်းအကုန်လောက်မှ စဖတ်ဖူးပါသည် ။
    ၅လပိုင်း လဆန်းပိုင်းတွင် ရက်ဂျစ်စတာလုပ်ရင်း ပို ့စ်တင်ဖြစ်ခဲ့ပါသည် ။
    ကိုယ်သိထားတာလေးတွေ၊ကိုယ့်အတွေးအခေါ်လေးတွေကို
    အများသူငှါ ရှေ ့ချပြလိုက်ခြင်းဖြစ်ပါသည် ။
    စာရေးခြင်းအနုပညာကို ဝါသနာကြီးလွန်းတာကြောင့်လည်း ဖြစ်ပါသည် ။
    မည်သို ့ပင် ဆိုစေကာမူ ၊ ကျွန်တော် ဂေဇက်ကို ရောက်လာသည်မှာ
    ဂေဇက်ရှိမည်သူ တစ်ဦးတစ်ယောက် ကို မှ ယှဉ်ဖဲ့လို၍ ဝင်လာခဲ့ခြင်း မဟုတ်ပါ
    အပြင်က ပြဿနာ ရှိလျှင် အပြင်မှာ ရှင်းကြပါ လို ့ စနိုးလေး နှင့် ဒီရေ (ခ) မမဂျီး တို ့အား
    မေတ္တာရပ်ခံပါသည် ။
    အပြင်မှ ပြဿနာ ကို အပြင်မှာ မရှင်းပဲ
    ဂေဇက်တွင် လာစောင်းမြောင်းချိတ်နေမည် ဆိုလျှင်
    ကွန်နက်ရှင်း မကောင်းသည့် ကြားမှ စိတ်အထူးရှည်ပြီး ဂေဇက်ကို ဖတ်နေကြသည့်
    သုံးနေကြသည့် စာဖတ်ပရိသတ်များ နှင့် ဂေဇက်ဝင်များကို အားနာပေးကြပါ
    အပြင်က ပြဿနာ ကို အပြင်မှာ မရှင်းရဲဘူး ဆိုလျှင် ၊ ခင်ဗျားတို ့ဘက်က တစ်ခုခု မှားနေလို ့
    မရှင်းရဲ လို ့၊ ဂေဇက်တွင် လာစောင်းမြောင်းနေခြင်း ဖြစ်သည် ဟု
    အားလုံးက ထင်မြင် လက်ခံ ကြမည် မှာ မလွဲ ဧကန်ဖြစ်ပါကြောင်း
    သည် ကွန်မင့် နှင့် အတူ ရေးသားဖော်ပြလိုက်ပါတယ် ခင်ဗျား

  • ပေါက်ဖော်

    October 15, 2011 at 9:18 pm

    သဂျီးဆီ ဦးတည်ထားပေမဲ့လဲ ..
    အမြင်မတော်လို ့..ဝင်ဆော်…အဲ..အဲ..ဝင်ရှင်းပါဦးမယ်

    အဟမ်း..အဟမ်း..
    ဒီမယ်ဂျီးဒေါ်.

    သဂျီးထက် ပိုသိနေတာထင်တယ်..နော့်

    ပြောရရင်..
    သဂျီးက သဂျီးမိုလို ့ သဂျီးလုပ်နေတာဗျ
    သဂျီးမဟုတ်..သဂျီးမလုပ်ဖူးပဲနဲ ့…သဂျီးကို..သဂျီးတက်မလုပ်ချင်ပါနဲ ့
    ကွန်းမန် ့ဖျက်လိုက်…ပြန်ထပ်တင်ကြလိုက်..သဂျီးလဲ…ပြန်ဖျက်လိုက်နဲ ့ဆို ..ဘယ်နိပ်မတုန်း
    အဲလိုပဲ..
    ဟိုကပူ.ဒီကဆူနဲ ့..ခဏခဏ ဖြစ်ခဲ့ပေမဲ့..သဂျီးအုပ်ချုပ်မှုကောင်းလို ့လဲ…ဒီရွာကြီး ခုထိတည်မြဲနေတာဗျ

    အဲတော့..ငါဂျီးဒေါ်.ရေ့..
    သဂျီးအကြောင်း…ရွာသူ၊သားတွေအကြောင်း သိပ်မသိ..သိပ်မရင်းနီးပဲနဲ ့ဖြစ်နေရင်
    ရွာအကြောင်းမရေးသေးပဲနဲ ့..တခြား ဘောင်ဝင်မယ်ထင်တာလေးတွေ ဆက်ရေးပါလို ့
    အဓိကကတော့..သဂျီးကို..သဂျီးသွား မလုပ်ပါနဲ ့.လို ့.

    နော့်..နော့

  • Yin Nyine Nway

    October 16, 2011 at 12:34 pm

    ဒီမယ် ကိုပေါက်ဖော်….
    တဂျီးကို တဂျီးလာမလုပ်နဲ့
    တဂျီးကိုတဂျီးလာလုပ်တာကို တဂျီး အားဂျီးဆိတ်ဆိုးဒယ်….
    တဂျီးကို တဂျီးလာလုပ်ချင်ရင် တဂျီးဖြစ်အောင်နေ…ဟီး..
    တဂျီးအစားပြောပေးဒါ…..
    မရေးတက်ရေးတက်ကဗျာလေးက ရွာဆူအောင်ဖြစ်တွားတော့လည်း
    အားလုံးက ဘယ်ခံမလဲကွယ်
    နောက်တခါ မရေးတတ် ရေးတက်မရေးနဲ့ ….
    အဲဒါ မရေးတက် ရေးတက်နဲ့ ရေးလို့ဖြစ်တ…… 🙂

  • ဒီရေ

    October 18, 2011 at 1:23 pm

    စနိုး အတွက် စိတ်မကောင်းပါဘူး.. ကျွန်တော်နဲ့ စနိုးနဲ့လည်း အပြင်မှာ မသိပါဘူး.. ဘာမှလည်း မပါတ်သတ်ပါဘူး.. အခုလို စနိုး စွပ်စွဲခံရ ဝိုင်းပြောတာ ခံရတဲ့ အတွက်ကြောင့် စိတ်မကောင်းပါဘူး
    မန်းလေးဂဇက်တီက စီနီယာတွေအုပ်စုဖွဲ့ အက်မင်နဲ့ပေါင်းပြီး ဝင်လာသမျှဂျူနီယာတွေကို ကောင်းကောင်းကြိုဆိုပါတယ်လို့
    ကျန်တဲ့ဆိုဒ်တွေသိအောင် ကျွန်တော် ကြော်ငြာပေးပါ့မယ် စနိုးကျေနပ်နိုင်ပါစေ။စီနီယာလိုလေးစားခံချင်သူများလဲ လေးစားခံရအောင်နေတတ်ပါစေ။
    ပါးစပ်ကထုတ်ပြောမှမဟုတ်ဘူး လေးစားသင့်ရင်
    လေးစားမှာပါလို့ပဲ…….။သူကြီးရေ ဖျက်ချင်ရင်လဲ ဖျက်လို့ရပါပြီ။

  • wakawaka7

    October 18, 2011 at 4:02 pm

    မန်းလေဂဇက်ကို ဝင်ဖတ်ဖြစ်တာ ခုနှစ်လရှစ်လလောက်ရှိပြီ။ စိတ်ဝင်စားစရာတွေ ဗဟုသုတတွေ တော်တော်ရတာမို့မဆိုးဘူးလို့ဆိုရမယ်။ ဒါပေမယ့်ခုတစ်ပွဲကိုကြည့်ရတာ တော်တော်ဆိုးတာပဲ။ စီနီယာဆိုသူတွေနဲ့သဂျီးတွေနဲ့ပေါင်းပြီ စနိုး ဆိုတဲ့ ဂျူနီယာကို ဝိုင်းပြီသမနေကြတာ။ ဂျီးကန်းတွေအာနေသလိုအာနေကြတာ အကျည်းတန်းလှတယ်။ ကြည့်စရာဆိုဒ်တွေအများကြီးပါ။ သိပ်လည်းဘဝင်မြင့်မနေပါနဲ့မန်းလေဂဇက်က စီနီယာကြီးနဲ့သဂျီးတို့ရေ။ ဒင်တိုစီနီယာ တွေပဲကိုယ့်အချင်းချင်းချီးမြင့်ပစားကြ။မြောက်စားကြ။ နောင်ဘယ်တော့မှ မန်းလေးဂဇက်ကို ဝင်မဖတ်တော့ပါကြောင်း။ ကျွန်တော်ရဲ့ account ကိုလည်းဖျက်လိုကဖျက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ Good bye for forever.

    • etone

      October 18, 2011 at 4:47 pm

      အထာမသိပဲ လာလာငြိချင်တော့လည်း
      ဝင်ပြောလိုက်ဦးမယ် … ။ ဘယ်သူကမှ ဘယ်သူ့ကို စီနီယာ ၊ဂျူနီယာခွဲပြီး မဆက်ဆံဘူး ။

      လွန်ခဲ့တဲ့ ခုနှစ်လလောက်ကတည်းက ဝင်ဖတ်တဲ့လူဆိုလျှင် သဂျီးဆိုတဲ့ နာမည်ဖြစ်လာပုံနဲ့ …. ရွာထဲကလူတွေ တစ်ယောက်နဲ့ တစ်ယောက် အပေးယူ မျှမျှ ဘယ်လို သင့်တင့်အောင်နေသလဲဆိုတာ သိထားပြီးဖြစ်ရမှာ ။ ရည်ရွယ်ချက်ရှိရှိ ဝင်လာတဲ့လူတွေကတော့ ကြာကြာမနေနိုင်တာ ဒါထုံးစံပါပဲ ….. ။
      စီနီယာဆိုတာလည်း တစ်ချိန်က ဂျူနီယာအဖြစ်ဝင်ခဲ့တာပဲ … ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကိုယ်တွေဝင်တုန်းကလည်း ရိုင်းဆိုင်းအော်ဟစ်ပြီး ဝင်မလာခဲ့ဘူး … တခြားနောက်ပိုင်းဝင်လာတဲ့လူတွေကလည်း အော်ဟစ်ဝင်မလာခဲ့ဘူး … အားလုံးနဲ့ သဟဇာတဖြစ်အောင် နှုတ်ဆက်ပြီး ဝင်လာလွန်းလို့ကို သဂျီးက နှုတ်မဆက်ပဲ ဝင်လာလို့ပြောယူရတဲ့ အထိပဲ … ။

      နာမည်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ၊ အကောင့် သစ်တွေ ဘယ်လိုပဲ လုပ်လုပ် ၊ အမက အထီးပြောင်းပြောင်း ၊ အထီးက အမပဲ ပြောင်းပြောင်း …. ရန်ထောင်လိုတဲ့စိတ်နဲ့ ဝင်လာသရွှေ ့တော့ … အဆင်ပြေမှာ မဟုတ်ဘူး … ။

    • kai

      October 19, 2011 at 3:13 am

      @ snow lay, ဒီရေ, wakawaka7

      ဒါတွေ..ဒီလို…ဖြစ်ကြတယ်ဆိုရင်တော့ စိတ်မကောင်းဖြစ်ရမှာပါပဲ..
      ကျုပ်အနေနဲ့ကတော့ .. မန်ဘာတွေ အားလုံးကို.. သူတို.. ့ဘယ်လောက်ရေးထားတယ်.. ဘာတွေရေးထားတယ်နဲ့ပဲ.. တုံ့ပြန်တာပါ..။
      စီနီယာ .. ဂျူနီယာ..အရင်ဝင်လာသူ..နောက်ဝင်လာသူ ဆိုပြီး.. ခွဲခြားပြီး..မဆက်ဆံပါဘူး..။

      ဒီဝက်ဘ်ဆိုက် သက်တမ်းတလျှောက်.. အက်ဒ်မင်အနေနဲ့.. ဘယ်သူ့ကိုမှ(ဘယ်သူ့ကိုမှ) မန်ဘာအဖြစ်က… နှုတ်ဖယ်တာ.. မရှိသေးပါကြောင်း..။

      အချိန်မရွေး…” မတူသောအတွေးနဲ့ တာဝန်ယူရဲတဲ့.. ကိုယ်ပိုင်စာ” ရေးနိုင်ကြပါကြောင်း..။ 😆

  • Yin Nyine Nway

    October 18, 2011 at 8:15 pm

    အိုဟိုး…ဝါကာဝါကာရေ
    နင့်အပြောကို အာဖိရိကက လူရိုင်းကိုသွားရင်တောင် …လူရိုင်းတွေ က ဘယ်က ငရိုင်းလဲလို့ ပြောမှာအမှန်ဘဲ
    ဒီဆိုဒ်ထဲကိုရောက်တာကြာပြီ
    ဘာစီနီယာမှမှရိဘူး
    ပျော်စရာကောင်းတယ်
    သူများရေးတာဝေဖန်တယ်
    မသိရင် အသာနေတယ်
    သိရင် ဝင်ပြောခဲ့တယ်
    ကြည့်စရာ ဆိုဒ်အများကြီးပါဆို လည်း ဘာလို့ ဝင်လာသေးလဲ ကွယ်
    အချင်းချင်း မြောက်စားရလောက်အောင်လဲ
    ဘယ်သူ့ဘယ်သူမှ မခင်ကြ မသိကြပဲ ဒီလို မန့်ရင်းခင်ကြတာပါ
    အရမ်းကျေးဇူးတင်ပါတယ် (ရွာသားအားလုံကိုယ်စားပေါ့)
    နောက်နောင် လာမဖတ်တော့ဘူးဆိုလိုေ့လ
    သူကြီးရေ …… အငြိမ်နေလို့မရေအောင် ဒေါသ ထွက်လာပါလား

  • okermg

    October 18, 2011 at 8:50 pm

    စိတ်မကောင်းစရာ ပါ ၊ စီနီယာ ဆိုတာက စစ်တပ်တွေမှာ တယ်ကြောက်ရသကိုးနော် ၊
    ဂျုနီယာ ကလဲ ဂျုနီယာမို့ အထာနဲ့ကြည့်ပြီးနေရမယ်တော့ ထင်တာပဲ ၊
    ဘယ်နေရာဖြစ်ဖြစ် တပ်ပုံစံမျိုးနေတာ အန ္တရာယ် ကင်းနေမှာပါ ၊။

    • Yin Nyine Nway

      October 19, 2011 at 8:23 am

      စီနီယာဂျူနီယာ မရှိပါဘူးဆိုနေမှ …
      စီနီယာ ဂျူနီယာဆိုတာ ကိုယ့်ဟာကိုယ်သတ်မှတ်တာပါ ….
      သူများကို မထိခိုက်ရင် ဘာစီနီယာ …ဘာဂျူနီယာမှ ဖြစ်လာမှာမဟုတ်ပါဘူး…
      အကောင်းဆုံးက သူများရေးထားတဲ့ပို့စ့်ကိ သိရင် ပြန်မန့်လိုက်
      မသိရင်လည်း ဖတ်သွားလိုက်
      ရှယ်စရာရှိရင် ရှယ်လိုက်
      ဒါဆို အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုပေးပါရစေ..

  • Don Juan Ronald

    October 18, 2011 at 10:31 pm

    Net ပေါ်မှာဘဲနှက်နေကြတော့မှာလား???

  • thit min

    October 19, 2011 at 8:46 am

    နည်းနည်းတော့ ဝင်ပြောပါရစေဗျာ။
    ရန်စကားတွေပြောကြ ရန်တွေဖြစ်ကြဘို့ ဒီကိုလာတယ်လို့ ကျနော် ဘယ်သူကိုမှ မထင်ပါဘူး။
    ကိုယ်ရေးတဲ့စာကို ဟိုဟိုဒီဒီ အပြောခံရလို့ ပြန်ပြီးရန်လုပ်တာကနေစတဲ့ ကွိုင် ပါဘဲ။

    ကျနော်တို့ ပို့စ်တွေ ဘာလို့ တင်ကြတာလဲ?
    ကိုယ်သိတာလေးတွေ သူများသိစေချင်လို့ရယ်။
    ကိုယ်ခံစားရတာလေး၊ အတွေ့အကြုံးလေးတွေ သူများကို ရှယ်ချင်လို့ရယ်။
    တခုသောအကြောင်းအရာပေါ်မှာဝိုင်းပြီးဆွေးနွေးကြဘို့ရယ်လို့။
    တွေ့ရပါတယ်။

    ဆိုလိုတာက “အများ” ဆိုတဲ့ သဘော အစဉ်ပါနေပါတယ်။
    အများဆိုတော့ ပြောချင်တာပြောမှာဘဲ လေ။ စိတ်က အမျိုးမျိုးကို။

    ပြောရရင် သစ်မင်း က လဲ အရမ်း မဟောင်း ပါဘူး။ ၂၀၁၁ ဒီနှစ်ဩဂုတ်လ က မှ ကော်မန့်ဝင်ရေး၊ပို့စ်တင်ခဲ့တာပါ။
    “စေတနာ” တခုထားပြီးလုပ်ခဲ့ပါတယ်။
    အပြောခံရတဲ့ ပို့စ် တွေရှိခဲ့ပါတယ်။
    ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။
    ဘာလိုလဲဆိုတော့ ကျနော် “ရန်” မလို လို့ပါ။
    ရန်စကား ကို နေရာထိုင်ခင်းပေးပြီး ဧည့်ခံတဲ့ အလုပ် မလုပ်ခဲ့လို့ ရန် က ကျနော်ဆီရောက်မလာပါဘူး။
    ကောင်းတဲ့ ကော်မန့် မရေး နိုင် ရင် မရေးဘဲ နေပါတယ်။ ကိုယ်သဘောမကျရင် မဖတ်ပါဘူး။
    ဆိုတော့ဗျာ
    ဘာကို တွေ့ရလဲ ဆိုတော့ ကိုယ်ရေးတဲ့စာ စေတနာပါလို့ ရှိပြီးသားလူတွေ (ခုပြောတဲ့ စီနီယာတွေ)ရဲ့
    အလေးပေးခြင်းကို ရတယ်။
    ပြောရရင် ၁ ပုဒ် ထဲ ဘဲဖြစ်ပါစေ။ ကောင်းတဲ့စာ ဖြစ်မယ် ဆိုရင် ဂျူနီရာသော စီနီရာသော မခွဲဘဲ ချီးကျူးကြပါတယ်။
    မမြင်ဘူးတဲ့ သူ မလို့၊ ဂျူနီယာရေးတာမို့ မဖတ်ကြဘူးဟေ့၊ မချီးကျူးကြဘူးဟေ့ လို့ မရှိပါဘူး။

    “စာ” ကိုဘဲ ကြည့်ကြတာပါ။

    တယောက်နဲ့တယောက် သိလဲမသိ မြင်လဲမမြင်ကြရပါဘူ။
    ရေးလိုက်တဲ့ စာ က အဲဒီလူရဲ့ နှလုံးသား ကို ပုံဖော်ပါတယ်။
    ကိုယ့်စာ ကို သူက မကောင်းဘူး ဆိုရင်တောင် ကိုယ်ကဘာမှ ပြန် မပြောဘဲ ကိုယ်ရေးစရာ ရှိတာ ဆက်ရေးရုံပါဘဲ။
    ခင်ဗျားတို့ ရေးလိုက်တဲ့ စာ နဲ့ ခင်ဗျားတို့ရဲ့ နှလုံးသား တန်ဖိုးကို “ပြ” လိုက်နိုင်ရင် အဲဒီ ပြောခဲ့တဲ့ လူအပါအဝင်
    အားလုံး ခင်ဗျားရဲ့ “အမှန်တရား” ကို သိလာမှာပါ။

    ထပ်ပြောပါရစေ
    သစ်မင်း စီနီယာ မဟုတ်ပါ။
    ဒီကိုလာတာ “ရန်” ဖြစ်ဘို့လာတာ မဖြစ်စေချင်ပါဘူး “စာ” ကောင်းပေမွန်များ ရေးချင်စိတ် ရှိလို့လာတာဖြစ်”သင့်”ပါတယ်။
    “စာ” လေးတွေနဲ့ ကိုယ့်ကိုကိုယ် အကောင်းဆုံး ပုံရိပ်ကလေး ဖြစ်အောင် ပုံဖော်ကြရအောင်ပါ။
    ရေးကြပါအုန်း။
    ခင်ဗျားတို့ရေးလာမဲ့ အတွေးကောင်း အရေးကောင်းစာများကို လေးလေးစားစား စောင့်မျှော်ဖတ်ပါမယ်လို့

    နွေးထွေးစွာဖြင့်
    မောင်သစ်မင်း

  • char too lan

    October 19, 2011 at 10:59 am

    ဘယ်သူက ဗလာစီယာ ဘယ်သူက စာစပိုင်ဒါ ရယ်လို့ ခွဲခြားမထားပါဘူး 🙄
    ခွဲခြား ခွဲခြားဖြစ်နေတယ်လို့ ခံစားနေရတဲ့လူတွေက ပီးခဲ့တဲ့ နှစ်လ-သုံးလလောက်က ဦးကြောင်ကြီးရေးခဲ့တဲ့ (သူဂျီးအကြောင်း) ဆိုတဲ့ ပိုစ့်နဲ့ မန်းထားတာလေးတွေ သေသေချာချာဖတ်ကြည့်ပါ ရွာထဲကဝိုင်းတော်သားတွေရဲ ့ စိတ်ရင်းကို သိလာမယ်ထင်လို့ ညွှန်ပေးလိုက်ပါဒယ်ဗျာ…..

  • pooch

    October 19, 2011 at 3:22 pm

    ကျမလည်း အခု ၂၀၁၁ ခုနှစ် ၅ လပိုင်း က မှ စလို့ ရွာထဲကို ရောက်ခဲ့တာပါ….
    အခု ၁ဝ လပိုင်း ဆိုတော့ ရွာသက် က ၅ လ လောက်ပဲ ရှိပါသေးတယ်…

    စရောက်ထဲက အခုထိ ၈ ပုဒ်လောက်ပဲ ရေးဖူးပါတယ်…
    ၂ လ ကျော်လောက်မှာ အယူအဆတခု အမြင်တခုကို ဝေဖန်ပြီး ကိုယ့်အမြင်ကို ပြောခဲ့ ဖူးတဲ့ ကိုယ့်စာမှာ အဝေဖန်ခံခဲ့ရပါတယ်….. ရွာထဲမှာ အနည်းငယ်ပွဲဆူပြီး ငြင်းခုံခြင်းအနုပညာ၊ ဝန်ခံခြင်းအနုပညာတွေကို အဲ့ဒီပိုစ့်မှာ ခံစားပြီး ရွာသားများနဲ့ ရင်းနှီးခဲ့ပါတယ်……အမြင်တူသူရော ၊ မတူသူများနှင့်ရောပါ။

    အဲ့ဒီမှာ ရေးတဲ့ ကွန့်မန့် တခုကို မနှစ်သက်တာကြောင့် ၃ ကြိမ်လောက် သူကြီးကို ဖျက်ခိုင်းဖို့ အရေးဆိုခဲ့ပေမဲ့ သူကြီးက လုံးဝလုံးဝ မဖျက်ပေးခဲ့ပါဘူး…..မနှစ်သက်ပေမဲ့ ဖျက်ခိုင်းခဲ့တာက လွဲပြီး ရန်စမပျိုးခဲ့တဲ့ အတွက်( ဘာမှ မတုံပြန်ခဲ့တဲ့ အတွက်)…. အခုချိန်မှာ ..ဘယ်သူနဲ့မှ ပြသာနာမရှိခဲ့ပါဘူး…..
    အဲ့လို သာ ပြောကြေးဆို သူကြီး စီနီယာက်ို မျက်နှာလိုက်တယ်လို့ စွပ်စွဲ ချင်စရာကြီးပါ… လုံးဝမဆိုင်ပါဘူး…. ရေးထားတဲ့ စာရဲ့ သဘောနဲ့ ပဲ ဆိုင်ပါတယ်..

    ဖျက်စရာ မလိုလို့ မဖျက်ပေးတာလို့ သဘောပေါက်လာပါတယ်…

    အဲ့ဒီလိုပဲ ဖျက်တဲ့ စာများဟာ ဖျက်စရာလိုလို့ ဖျက်ပေးတာလို့ .. နားလည်လာပါတယ်… မလိုအပ်ရင် မလုပ်ပါဘူး…. စီနီယာ ၊ ဂျုနီယာ မဟုတ်ရပါဘူး…

    စာရေးတယ်ဆိုတာ အဝေဖန်ခံနိုင်တဲ့ သတ္တိရော သီးခံတတ်တဲ့ စိတ်ရောရှိဖို့ လိုပါတယ်…..
    လူတိုင်းမှာ ကိုယ်ပိုင် အတွေးအမြင်အယူအဆတွေရော မတူညီကွဲပြားတဲ့ စရိုက်သဘာဝလည်း ရှိတာမို့ အမျိုးမျိုး အဝေဖန်ခံ၊ အပြောခံရမှာပါ။ ကိုယ်တိုင်လည်း သူကြီးကို အားမနာတမ်း ကို ဝေဖန်ပြီး ပြောခဲ့ဖူးပါတယ်……

    အဲ့လို ဝေဖန်ချက်ကိုတောင် သူကြီးက မဖျက်ခဲ့ ပါဘူး.. … ဝေဖန်မှုကို သီးခံမှုနဲ့ တုံ့ပြန်ခဲ့တာပါ…..
    အဓိက က စိတ်ထားတတ်ဖို့ ပါ.. စိတ်ဆိုတာ လူတိုင်းတိုတတ်သလို ရန်ဆိုတာကလည်း လူတိုင်းဖြစ်တတ်ပါတယ်….မကောင်းပါဘူး.. သီးခံမှုနဲ့ အမြင်ကျယ်မှု၊ သဘောထားကြီးမှု ကို
    ရွာထဲရောက်မှ ပိုပြီးထင်သာမြင်သာ နားလည်လာတာပါ…..

    လူတယောက်ကို သူရေးတဲ့ စာတကြောင်း၊ နှစ်ကြောင်း၊ စကားတခွန်း နှစ်ခွန်းလောက်နဲ့ အပေါ်ယံ ဆုံးဖြတ်လို့ မရပါဘူး… ရွှေအကြောင်းက ရောင်းပြီးမှ သိသလို ၊ လူအကြောင်းကလည်း ပေါင်းကြည့်မှ သိတာပါ… စိတ်ဆိုးချိန်မှာ ရေးမိတဲ့ စာကတော့ ဒေါသသံပါနေမှာပါ။ တကယ့် စိတ်ရင်းကို သိနို်င်ဖို့
    သူရေးတဲ့စာတွေ ကို ဖတ်ကြည့်ရင် တွေ့လာမှာပါ…

    အဲ့ဒီလိုပဲ အခုမှ ရွာထဲရောက်လာတဲ့ သူများကိုလည်း ရှိနေနှင့် ရောက်နေနှင့်တဲ့ သူများက တကယ့်စိတ်ရင်းကို သိစေနို်င်ဖို့ ကိုယ်ပိုင်အတွေးအမြင်အရေးအသားများနဲ့ ဖော်ပြရင် ဖြင့်၊ မတူတာလေးတွေ ငြင်းပြီး၊ တူတာလေးတွေ ဆွေးနွေးရင်းနဲ့ အမြင်တွေဖလှယ်ပြီး ရင်းနှီးလာမှာပါ။

    ရောက်လာပြီးမှတော့ အားလုံးနဲ့ သင့်သင့်မြတ်မြတ်၊ ပြေပြေလည် လည်၊ နွေးနွေးထွေးထွေး ၊ရှိစေချင်ပါတယ်..အထင်အမြင်တွေလဲ မလွဲစေချင်ပါဘူး၊ အရင်ဆုံး ဒီရွာထဲက စာတွေကို ဖတ်ပြီး နားလည်အောင်ကြိုးစားကြည့်ပါနော်….ကိုယ်တိုင်ကလည်း အရမ်းကြီး မဟောင်းသလို၊ မသစ်တသစ်ပဲရှိပါသေးတယ်…..

  • ရွှေဘိုသား

    October 19, 2011 at 7:42 pm

    http://myanmargazette.net/52601/uncategorized-other/copypaste
    http://myanmargazette.net/52703/uncategorized-other/copypaste/comment-page-1#comment-120022
    စာရေးသူ ဒေါ်စနိုးခဗျာ အထက်က လင့်စ် လေးတွေကိုတက်ချက် ဝင်ဖတ်စေချင်ပါတယ်
    ကျနော်ရေးပြီး မှားမှန်းသိလို့ ပြန်တောင်းပန်ထားတာပါ သူကြီးအပါအဝင် ရွာသားတွေ အကုန်လုံးက ဖေးဖေးမမနဲ့ ခွင့်လွှတ်ပြီး စာရေးနည်းတောင် သင်ပေးပါသေးတယ် အရမ်းသဘောထားပြည့်ဝကြပါတယ်
    ကိုယ်ကောင်းရင် ရောင်ပြန်ဟပ် ပါတယ်

  • blackchaw

    October 19, 2011 at 9:27 pm

    ကဲဗျာ၊ အားလုံးကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်။
    ဒီပွဲကို ဒီမှာပဲ ရပ်ကြစေချင်ပါတယ်။
    တခြားတန်ဘိုးရှိတာလေးတွေ ရေးကြမယ် ဖတ်ကြမယ်ဗျာ။

Leave a Reply