ကျွန်တော်နှင့် ကျွန်တော်၏ ရိုက်ချက် ဓာတ်ပုံများ

soemoeaungMay 19, 20102min869


ဒီပုံလေးက မန္တလေး ဦးပိန်မှာ ရိုက်ခဲ့တဲ့ ပုံလေးပါ

ဒါကတော့ အလောင်းတော်ကဿဖ သွားတုန်းက ရွာလေးတစ်ရွာ အထွက်မှာ ရိုက်ခဲ့တဲ့ ပုံပေါ့

ဒီပုံလေးကတော့ အလောင်းတော်ကဿဖ သွားတုန်းက ရွာလေးတစ်ရွာ အထွက်အပေါ်ပုံနေရာမှာပဲ နေကြာပွင့်ကို ပေါ်လွင်အောင် ရိုက်ခဲ့တဲ့ပုံလေး ပေါ့

အလောင်ေးတာင် ကဿဖသွားတုန်းက ဇင်းကျိုင်းရွာ နားက ထန်းတော

ဒါက ကျားတက်ရွာ ကျွန်တော်အဒေါ်ရွာနားမှာ ဆိုင်ကယ်ပေါ်မှာ ဖြတ်ခနဲလှမ်းရိုက်လိုက်တဲ့ပုံ ကျွန်တော်တော်တော် လေး ကြိုက်တဲ့ပုံပေါ့

ဒါကတော့ မုံရွာက ဗောဒီတစ်ထောင် ဘုရား

ဒါကတော့ မုံရွာက ရပ်တော်မှု ဘုရားကြီး

ဒီပုံလေးက ကျွန်တော် ရိုက်တုန်းက နဲနဲ လင်းတယ် ပြန်ပြီး ပြင်ထားတာ

ဗိုလ်ဝင်တောင် ပေါ်က

ဒါက ညနေ နေရောင်ကို ပိုပီပြင်အောင် ရိုက်ခဲ့တဲ့ ပုံလေးပါ

သုတ်သန်ကို သုတ်သန်လို့ ရိုက်ရင် မကောင်းလို့ ညနေမှ သွားရိုက်ခဲ့တဲ့ ပုံလေးပါ

mysuboo fanclub ရဲ့ စနေနေ့ တံမြတ်စည်းလှည်း အသင်းတုန်းက ရိုက်ခဲ့တဲ့ ပုံ

ဒီပုံလေးက နဲနဲ ကြာပြီ 2007 လား 08 လားတော့မသိတော့ဘူး mysuboofanclub ကသူငယ်ချင်းတွေ နဲ့ သွားတုန်း အမှတ်တရ ရိုက်ခဲ့တဲ့ ပုံလေး ကျွန်တော် အခု ထိ ကြိုက်နေတဲ့ ပုံပေါ့ ကျွန်တော် ဘေးနားက ကျွန်တော် Boss ပေါ့

ဟဲဟဲ ဒီပုံလေးက သမာရိုးကျပုံလေးပါ ငပလီမှာပဲ ရိုက်ခဲ့တာ ဖန်ခွက်ထဲက အရည်က ဝိုင်တော့ မဟုတ်ဘူးနော်

ဇီးဖျော်ရည်

ပုံဆိုဒ်ကြီး လိုချင်ပါက ဒီကပုံတွေကို ကလစ်နှိပ်ပြီး ယူနိုင်ပါသည်

9 comments

    • soemoeaung

      May 19, 2010 at 4:27 am

      အဲလောက် ဆိုဒ်ကြတော့ ကျွန်တော် ပေးလို့ မရပါဘူး ခင်ဗျာ ဘာလို့လဲ ဆိုရင် ဆိုဒ်အကြီးကြီး ပေးလိုက်ရင် အခြား သူတွေ စီးပွားရေးဘက်မှာ အသုံးပြုနိုင်လို့ပါ ခင်ဗျာ

  • kai

    May 19, 2010 at 5:59 am

    ဘယ်ဖက်အောက်ပိုင်းမှာ ပေါ်နေတဲ့ ဓါတ်ပုံကို ကလစ်လုပ်လိုက်ရင် မန္တလေးဂေဇက်ရဲ့ ဂယ်လရီနေရာရောက်သွားပါမယ်။
    http://myanmargazette.net/?page_id=2214&g2_itemId=29
    အဲဒီမှာ မန်င်ဘာတွေကိုယ့်အယ်လ်ဘန်နေရာနဲ့ကိုယ် ပုံတွေတင်လို့ရပါတယ်။ နေရာအရွယ်ကန် ့သတ်ထားတာမရှိပါ။ အသုံးပြုကြစေချင်ပါတယ်ခင်ဗျား။
    ပုံတွေကို ကြိုက်လို့ တယောက်ယောက်က ဝယ်ချင်တယ် သုံးချင်တယ်ဆိုရင် မန္တလေးဂေဖက်က ကြားခံကူညီလုပ်ပေးပါမယ်။ ဓါတ်ပုံသမားတွေများလာရင် ဓါတ်ပုံတွေ ရောင်းလို့ရအောင်တခုခုစီစဉ်ပါမယ်။
    မြန်မာပြည်က ဓါတ်ပုံသမားတွေရဲ့ ဓါတ်ပုံတွေကို မြန်မာပြည်ပြင်ပနေတဲ့သူတွေ ကြိုက်နှစ်သက်ရင် အခကြေးငွေနဲ့ ဝယ်သုံးကြစေလိုပါတယ်။
    မြန်မာပြည်တွင်းနေသူတွေကလည်း ကင်မရာတွေနဲ့ရိုက်တဲ့ပုံတွေ တန်ဖိုးထားပြီး သေသေချာချာကြိုးစားလုပ်ပေးကြစေလိုပါတယ်။ တတ်နိုင်ရင် ဖိုတိုရှော ့တွေနဲ့ မထိမတို့ သဘာဝအတိုင်းဖြစ်စေချင်တာပါပဲ။
    ပြီးခဲ့တဲ့၂နှစ်က အယ်လ်အေမှာတောင် ရန်ကုန်က ဓါတ်ပုံမိုးမင်းနဲ့ ဓါတ်ပုံပြပွဲလုပ်ဖြစ်ပါသေးတယ်။ ဝယ်သူတွေနည်းသေးပေမဲ့ အလားအလာလေးရှိတာတော့ တွေ့လိုက်မိပါတယ်။

    အွန်လိုင်း ဓါတ်ပုံတွေကို
    http://www.istockphoto.com/index.php
    http://www.gettyimages.com
    မှာ တင်ရောင်းတဲ့ဈေးတွေကို ကြည့်ကြပါ။
    တန်ဖိုးရှိပါတယ်လို့…။

  • hinthada

    August 11, 2010 at 4:47 am

    အကို ရေ ဒီလို မျိုးအကို က တင်လိုက်တော့ သူများတွေ ကယူသုံးရင် အကို ပင်ပန်းခံရိုက်ထားတွေ အလကားဖြစ်သွားမှာပေါ့နော်။အကို စေတနာကို လေးစားပါတယ်

  • Yin Nyine Nway

    August 11, 2010 at 8:49 am

    so clever ပါ
    အရမ်းတော်ပါတယ်

  • gunnrose

    August 11, 2010 at 9:45 am

    ရိုက်ချက်ကတော့………..လန်ထွက်နေတာဘဲ………ဆရာ

  • winne

    August 11, 2010 at 1:01 pm

    ပုံလေးတွေ တော်တော် လှတယ် အသက်ဝင်နေတယ် စိတ်ထဲမှာ ခံစားလို့ရတယ်

  • laaminnthar

    August 11, 2010 at 1:37 pm

    Boss နဲ့ဖက်ထားတဲ့ပုံ တင်ထားတာဆိုတော့ ဟဲဟဲ

Leave a Reply