ဒီတစ်ခါတော့ ကျွန်တော် ဓာတ်ပုံတွေကို ချိုချိုလေးတွေ ပေးသွားမှာပါ တခါတလေကြရင် ကျွန်တော် ဓာတ်ပုံတွေက ရိုးရှင်းတာတွေ ပါမယ် တခါတလေကြရင် ကျွန်တော် ဓာတ်ပုံတွေကို မလိုအပ်ပဲ ပိုသွားတာ တွေပါမယ် ဒါတွေကို ကြိုပြီးတောင်းပန်ပါတယ် ခင်ဗျာ …ကျွန်တော် ပုံလေးတွေကိုတော့ စီးပွားရေးအတွက်မှု အသုံးမပြုကြပါနဲ့လို့ ထပ်ပြီးတောင်းပန်ပါတယ် ခင်ဗျာ သူငယ်ချင်းတွေ ကြိုက်တယ် ဆိုရင်တော့ ပုံပေါ် ကလစ် ထောက်ပြီး ရယူနိုင်ပါသည် 1024-768 ဆိုဒ် ရပါလိမ့်မယ်……ကျွန်တော်ကဒီပုံလေးတွေ အားလုံးကို အိမ်သုံး အပေါစား ကင်မရာနဲ့ ရိုက်ခဲ့တာပါ ခင်ဗျာ

ပထမဦးဆုံး ပုံလေးကတော့ သူရဿဝါက အရမ်းကြိုက်တယ်ဆိုတဲ့ ပုံလေးပါ ဒီပုံလေးကို ပဲခူး 10မိုင်ကုန်းကို ၀ါဝါ VCD သွားရိုက်တုန်းက ဖန်ခွက်ထဲက မွှေတံလေးကို ရိုက်ထားတဲ့ ပုံလေးပါ

ဒီပုံကြ၇ပီးခဲ့တဲ့သင်္ကြန်တွင်းက ကျိုက်ထီးရိုး ဘုရားပေါ်က နေရောင်ကို အလင်းပြန်အောင် ပိုပူအောင် ရိုက်ခဲ့တာပါ

ဒီပုံလေးကတော့ တောင်ကြီး တန်ဆောင်တိုင်တုန်းက ဈေးထဲမှာ ရိုက်ခဲ့တာပါ ရိုးရိုးလေးပါပဲ

မန္တလေး နန်းတွင်းမျှော်စင်ပေါ်ကနေ ရိုက်ခဲ့တာပါ ရိုက်တုန်းကတော့ ကာလာနဲ့ပါ ဒါပေမယ့် ကျွန်တော်က နွေ ကိုပိုပီပြင်အောင်လို့ Blace&White လုပ်လိုက်တာပါ

ဒါကလဲ နန်းတွင်းထဲမှာပါပဲ ရိုက်ထားတာပါ ရိုးရိုးလေးပဲ ဒါပေမယ့် ကျွန်တော်ဒီပုံက တခုခုပေးသလိုပဲမို့ ကျွန်တော် တင်ပြလိုက်တာပါ

မန္တလေး ဦးပိန် နေ့လည် 12 လောက်ကရိုက်ခဲ့တဲ့ ပုံလေးပါ နေ့လည်ဆိုပေမယ့် ကျွန်တော် ပုံကISO ကိုလျှော့ပြီး ရိုင်ထားတော့ အလင်းနဲနေမယ် ဒါပေမယ့် ကျွန်တော်က နေ့ဆိုတာကို သိဖို့အတွက် နေရောင်ကို အပါရိုက်ခဲ့တာပါ.

ဦးပိန်မှာပဲ ဒီပုံလေးက ပြင်ထားတာတွေလှလို့ အမြင်ကို အမြင်အတိုင်းပဲ ရိုက်ခဲ့တာပါ

ဦးပိန်မှာ ရိုက်ခဲ့တာတွေနဲနဲ များနေလား မပြောတက်ဘူး ဒီပုံလေးလဲ ကျွန်တော် ကြိုက်တာပဲ လွမ်းမယောင် ဆောင်သလိုပဲ ဒီရှု့ခင်းကို ကြည့်ရတာ ဒါကြောင့် ကျွန်တော အမိအရ ရိုက်ခဲ့တာ ဒီပုံလေးကို ကျွန်တော် အပေါ်စီး တံတားပေါ်က ရိုက်တယ် မလှဘူး တည့်ရိုက်လိုက်တာ မလှဘူး တည့်ရိုက်မှ ကြည့်ကောင်းလာတာ

ဒီပုံက တောင်ကြီး တန်ဆောင်တိုင် တုန်းက မီးစာကို မီးရှို့နေတဲ့ ပုံ ဒီပုံကို ကျွန်တော် ရုက်ကတည်းက Flash ကိုပိတ်ရိုက်တာ သူ့အလင်းနဲ့သူက အရမ်းကြည့်ကောင်းလို့

မိုးယွန်းကြီးအင်း နံနက် နေထွက်တဲ့ အချိန်မှာ အမိအရရိုက်ခဲ့တာပါ ရှေ့ကမြင်နေတဲ့ အိမ်လေူတွေက အိမ်သာမဟုတ်ဘူးနော် ဘန်ဂလိုလေးတွေပါ

Sunset တစ်ခုကို ရိုက်တော့မယ်ဆိုတော့ ကျွန်တော် ကြည့်လိုက်တယ် ရိုးရိုးဆို အဲလောက်မလှလို့ ကျွန်တော်က သစ်ပင်တွေ ဘယ်ဘက်ဘေးက ဈေးဆိုင်လေးကို နဲနဲလေး ယူပြီးရိုက်လိုက်တာ ပါ sunset ချည်းပဲပြနေရင် အမြင်ရိုးမှာ ဆိုးလို့ ကျိုက်ထီးရိုး ကျီးကန်းပါးစပ်မှာ ရိုက်ခဲ့တာပါ

ဒီပုံလေး ရဖို့ ကျွန်တော် တော်တော်လေး အကုန်အကျ ခံခဲ့ရတယ် ဟဲဟဲ ကျွန်တော် ဒီညီမလေးကို 200 ပေးပြီး မေးလေးကို ထောက်ပြလို့ပြောတော့ညီမလေးက မထောက်ဘူးတဲ့ ဒါနဲ့ ငါ့ပိုက်ဆံပြန်ပေး ဆိုတော့မှ ထောက်ပြတာ ရိုးရှင်းတဲ့ အလှ

ပြည်ကို Blogger Day သွားတုန်းက ရိုက်ခဲ့တဲ့ ပုံ အမြင့်ကနေ မြင်နေကျပုံစံအတိုင်းပါပဲ ဒါပေမယ့် နေရောင်ရဲ့ ရိပ်နေတဲ့ နေရာတွေ နေပူနေတဲ့ နေရာတွေကို ရှိနေတော့ နဲနဲ ပိုပြီး အသက်ဝင်တယ်လို့ ဆိုရမယ်

ကျွန်တော် ဓာတ်ပုံပညာတော်တော် လိုသေးတယ်လို့ ကိုယ့်ကိုယ်ကို သိလိုက်ရတဲ့ နေရာကတော့ အင်းလေး ရောက်မှ ငါဟာ ၀ါသနာရှင်ပဲလို့ သိတော့တယ် အင်းလေးမှာတနေကုန်ရိုက်တာ တစ်ပုံမှကိုမရခဲ့တာ ဒါနဲ့ ဒီပုံလေးပဲ ရတယ် ဒါတောင် မလှပါဘူး ကိုယ့်ကိုကိုယ် အားပေးတဲ့ အနေနဲ့ ကြိုက်လိုက်ရတာ

စီးပွားရေးအတွက်မှု အသုံးပြုရန် ခွင့်မပြု

About soemoeaung

soe moe has written 2 post in this Website..