အရက်မျိုးစုံနှင့်ကံစမ်းမဲများ

myohtatOctober 15, 20111min2916

မြန်မာပြည်မှာ အရက်မျိုးစုံကို အပြိုင်အဆိုင်ထုတ်လုပ်နေကြပြီး ကံစမ်းမဲတွေကိုလဲ ငွေသားကံစမ်းမဲ နိုင်ငံခြားခရီးစဉ် မော်တော်ကား မော်တော်ဆိုင်ကယ် တီဗွီ ဟမ်းဖုန်း စသည့်ကံစမ်းမဲများကို မက်လောက်အောင်ကြေငြာထားပါတယ် ကံစမ်းမဲဆိုတာ ဥပဒေနဲ့ငြိစွန်းနေပြီဆိုတာ မသိလို့လား သိလျှက်နဲ့ အရေးမစိုက်ကြတာလား မသိဘူး။ ဘယ်နေရာကြည့်ကြည့် ကံစမ်းမဲတွေဖြစ်နေပြီ နေပြည်တော် ရုံးအမှတ် (10) မှ တာဝန်ရှိလူကြီးမင်းများအနေနှင့် ၎င်း ကံစမ်းမဲအစီအစဉ်များအား ထည့်သင့် မထည့်သင့် စဉ်းစားပေးစေလိုပါတယ်။ ကံစမ်းမဲများ၏စွဲဆောင်မှုကြောင့် လူငယ်လူရွယ်လေးများ၏ အနာဂါတ် ရင်လေးစရာဖြစ်နေပါတယ်။

6 comments

  • small cat

    October 16, 2011 at 7:27 am

    အရက်ကြောင့်လူငယ်တွေပျက်စီးကြတာတော့ဟုတ်ပါတယ်။ကံစမ်းမဲကြောင့်တော့ထူးပြီးမပျက်စီးပါဘူး။
    အစကတည်းကိုက ပျက်စီးကြပြီးသားပါ။
    ဆိုချင်တာက အရက်မသောက်တဲ့သူက ကံစမ်းမဲကိုမက်ပြီး အရက်စမသောက်ပါဘူး။ရှိရင်လည်းရှားပါတယ်။
    ဒီကံစမ်းမဲက အရက်သောက်တတ်နေသူတွေ ဆိုင်ထဲရောက်လာတဲ့သူတွေကို သူ့တံဆိပ်ကိုပိုသောက်အောင်
    ဆွဲဆောင်ကြတာပါ။ ဥပဒေနဲ့မညီလို့ကံစမ်းမဲမထည့်ရဘူးဆိုတာကတမျိုးပါ။ လူငယ်တွေအရက်သောက်ပြီး
    မပျက်စီးစေချင်တဲ့စေတနာကို လေးလေးစားစားအသိအမှတ်ပြုပါတယ်ဗျာ။

  • Yin Nyine Nway

    October 16, 2011 at 2:07 pm

    များပြားလှတဲ့အရက်နာမည်တွေ
    တလောက တောင်ကြီးပြန်သွားပါတယ်..
    လမ်းတလျှောက်လုံး အရက်ကြော်ငြာပုံတွေချေးပဲ

  • kai

    October 17, 2011 at 6:47 am

    အရင်.. တပ်မတော်အစိုးရက.. တရားဝင်အစိုးရမဟုတ်.. ငွေမရှာတတ်တော့… လွယ်လွယ်ရတဲ့.. ဆေးလိပ်၊အရက်နဲ့ ငွေရှာခဲ့ရတယ်…
    ဦးပိုင်က.. ဒါတွေချည်း လုပ်တာပဲ..။

    အခုအစိုးရသစ်ဟာ.. ဒါတွေလူညွှန့်တုံးမှန်း.. ကောင်းကောင်းသိသင့်/သိနေမှာပါ..

    ဆိုတော့..
    ဒီလိုအလုပ်တွေကို.. အခွန်တွေ မတရားကောက်သင့်တယ်..။
    မတရားဆိုတာမှ.. တကယ့်ကို ..မဟားဒရား.. (အမြတ်ငွေရဲ့.. ၉ဝရာနှုန်းအထက်)…ကောက်သင့်တယ်..။
    အဲဒီအလုပ်လုပ်တဲ့.. ကုမ္ပဏီတွေကိုလည်း..Auditဝင်.. အခွန်ပြန်လည်စိစစ်ကောက်ခံခြင်း.. လုပ်သင့်တယ်..။

    • ကြောင်ကြီး

      October 17, 2011 at 8:16 am

      အမယ်လေးလေး.. စစ်ဗိုလ်လူထွက် ဆရာခိုင်ရယ်။ အရင်ငစစ်တွေက တရားဝင်အစိုးရ မဟုတ်ပေလို့ဘဲ တိုင်းပြည်သယံဇာတ တွင်းထွက်ပစ္စည်းတွေပေါ် ၂၃နှစ်ခွထိုင် ခိုးယူသွားတာ၊ တရားများသာဝင်ခဲ့ရင် 🙄
      မဟားဒရားအခွန်ကောက်ရမှာ မီဒီယာနဲ့ နိုင်ငံရေးပါတီတွေ။ မီဒီယာတွေကို အမြတ်ခွန် ၉၉.၉၉ရာနှုန်းကောက်၊ ဝင်ငွေခွန်ကိုလည်း ထိုနည်းလည်းကောင်း (ဝန်ထမ်း၊ တသီပုဂ္ဂလ စာနယ်ဇင်းသမားများအပါအဝင်)။ နိုင်ငံရေးပါတီတွေကို လူခွန်၊ မြေခွန်၊ လေခွန်၊ နိုင်ငံရေးခွန်၊ ပါတီခွန် အကုန်ကောက်၊ မပေးနိုင်ရင် ပါတီရံပုံငွေရဲ့ ၉၉.၉၉ရာခိုင်နှုန်းကောက်။ မပေးနိုင်ရင် နိုင်ငံတော်အားနှောက်ယှက်လိုသူများအန္တရယ်မှ ကာကွယ်ခြင်းအက်ဥပဒေနဲ့ ဖမ်းပစ်။ မှတ်ပြီလားကွ..ဒါတောင် အကင်းပဲရှိသေးတယ်။ ငါတို့က တရားဝင်အစိုးရဖြစ်နေပြီ။ မယုံရင် မင်းတို့သဂျီးကိုမေးကြည့်။ သူ့က မကြာခင် ဖါးတေးရှင်းပါတီဖွဲ့ပြီး ပုတ်သင်ညိုမြို့နယ် လွှတ်တော်အမတ် ဝင်အရွေးခံတော့မှာ။ 🙁

  • etone

    October 17, 2011 at 10:15 am

    ကံစမ်းမဲပေးတယ်ဆိုတာ ဥပဒေနဲ့ ငြိစွန်းနေတယ်ဟုတ်လား … ဘယ်လိုများ ငြိစွန်းတာလဲ စိတ်ဝင်စားလို့ … အပြည့်စုံလေးပြောပြပေးလျှင် ကျေးဇူးတင်မိမှာပါပဲ 🙂
    အရက်ထဲ ကံစမ်းမဲ ဘယ်လိုပဲ ထည့်ထည့် … အရက်မကြိုက်တဲ့လူတွေကတော့ အဲ့ဒီကံစမ်းမဲ ဘာဆုပေးပေး စိတ်မဝင်စားဘူးထင်ပါရဲ ့ 😀

  • kyeemite

    October 17, 2011 at 1:56 pm

    မှန်ပါတယ်..ကံစမ်းမဲဆိုတာက တံဆိပ်ပြိုင်တာပါ..
    အရက်အစထဲကမသောက်တဲ့လူက..ဝယ်သောက်ဖို့နေနေသာသာ
    ကံစမ်းမဲကြော်ငြာတောင်စိတ်မဝင်စားပါဘူး..
    ကျွန်တော်လဲ ကံစမ်းမဲဟာဥပဒေနဲ့ညိတယ်လို့မကြားဘူးပါလား..
    ရှင်းပြကြပါအုံး…

Leave a Reply