ဝန်ကြီးချူပ် နှင့် ရန်ကုန် မြို့တော်ဝန် သို့

ကထူးဆန္းOctober 15, 20111min25420

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် နှင့် ရန်ကုန် မြို့တော်ဝန်ခင်ဗျား.
(၁) ရန်ကုန်မြို့တွင်းလမ်းများ အသေးစား ပြုပြင်ဖာထေးရာတွင် အခြား နိုင်ငံများ နည်းတူ ယာဉ်အသွားအလာ နည်းပါးသော ညအချိန် များ တွင်သာ ပြုပြင်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ယာဉ် အသွားအလာပိတ်ဆို့မှု လျှော့နည်းရ်ျ အများပြည်သူစိတ်ချမ်းသာစွာ ခရီးသွားလာနှိုုင်မည်ဖြစ်ပါသည်။
(၂) ရန်ကုန်မြို့ လမ်းများ နှင့် အများပြည်သူ သွား လာ သောနေရာများ ၊ဥပမာ ပန်းခြံ၊ အင်းယားကန်ဘောင် ၊ ဘတ်စ်ကား မှတ်တိုင် အစရှိသည်တို့တွင် အမှိုက်ပုံး များ ထား ရှိပေးရျ် အမှိုက်ပုံးတွင်းသာ အမှိုက်ပစ်ရန် အသိပေး ပညာပေး များ လုပ်ပေးစေ လိုပါသည်။ အမှိုက်ပုံးများအား အကြည်ရောင် ထား ရှိခြင်းဖြင့် မသမာ မှု့၊ လုံခြုံရေး တို့ ထိန်းချုပ် နှိုင်ပါသည်။
(၃) မီးပွိုင့်များ ၏ မီးနီ ဝါ စိမ်း မှု့များ အား တစ်ပြေးညီ ဖြစ်စေလိုပါသည်။ သတ်မှတ်ပေးသော အချိန်ကို ဆိုလိုခြင်းမဟုတ်ပါ။ မီးစိမ်းဘယ်နှစ်ချက်မှိတ်တုတ်မှိတ်တုတ်ပြီးလျှင် မီးနီမည်။ အကွေ့ကား ဦးစားပေးမှု့ အား မည်သည့်အချိန်တွင် ပေးမည် ကို မီးပွိုင့်တိုင်းတွင် တပြေးညီဖြစ်စေလိုပါသည်။ အချိူ့ ပွိင့်များတွင် အကွေ့ကားအား မီးမစိမ်းမှီ အရင်လွှတ်ရျ် အချိုု့ပွိင့်များတွင် မီးနီခါနီးမှ လွှတ်ပေးပါသည်။ မောင်းနေကျနေရာ မဟုတ်ကြလျှင် အလွန်သတိထားရပါသည်။
(၄) ဘတ်စကားများ အငှါးယာဉ်များ၏ မိုင်နှုန်းအား တင်းကြပ်စွာ တားမြစ်သင့်ပါသည်။ ၎င်းတို့၏ အခေါက်ရေပိုရလိုမှုကြောင့် လျှင်မြန်ရမ်းကား စွာမောင်းနှင်မှုကြောင့် စီးနင်းသူများ နှင့် မသက်ဆိုင်သူများ၏ အသက်အန္တရာယ် များစွာစိုးရီမ်ရပါသည်။
(၅) လမ်းစည်းကမ်းဖောက် မောင်းနှင်သူများ ၊ မီးပွိုင့်များ တွင်ယာဉ်ကြော တန်းမစီဘဲ အတင်းခေါင်းထိုးမောင်းဝင်မူများ ၊ တစ်ဘက်လမ်းကြောအထိရောက်အောင် ယာဉ်လမ်းကြော ပြောင်းပြန်မောင်းပြီးမှ ခေါင်းထိုးဝင်ရောက်မှုများအား ထိရောက်စွာ နှိမ်နင်းတားမြစ်သင့်ပါသည်။ ယခုလုံးဝတားမြစ်ခြင်းမရှိပါ။
အခြားနိင်ငံများနှင့်နှိုင်းယှဉ်ပါက ယာဉ်စီးရေ နည်းပါးနေသေးသော်လည်း ကားများ လမ်းပိတ်ရသည့် အဓိက အကြောင်းရင်းမှာ ယာဉ်မောင်းသူများ စည်းကမ်းလိုက်နာမှုမရှိခြင်း၊ ကျော်ဖြတ်ဝင်ရောက်ကြရာမှလမ်းပိတ်ဆို့မှု အဓိကဖြစ်ခြင်းကြောင့် ယ္ခုမှစတင်ထိန်းသိမ်း အရေးယှုသင့်ပါသည်။
(၆) လမ်းဘေးပလက်ဖောင်းများ ပြုြ့ပင်ထိန်းသိမ်းမှု့ အတွက်ကျေးဇူးတင်ရှိပါသည်။ အချို့သော လမ်းများ ယာယီဖာထေး ပြုပြင်ထားမှု့အတွက်လည်း ကျေးဇူးတင်ရှိပါသည်။ ယ္ခု ပွင့်လင်းရာသီတွင် အရှိန်အဟုန်မြင့်တင်ပြုပြင် ပေးသွားမည်ဟုလည်း ယုံကြည်ပါသည်။
(၇)အထပ်မြင့် အဆောက်အဦးများရှိ ဓါတ်လှေကား များအတွင်း အရေးပေါ် အချက်ပေးခလုတ်များ ၊ အရေးပေါ်မီးများ မရှိ ပျက်စီးနေပါက အဆောက်အဦး မှုလပိုင်ရှင်များမှ အကုန်အကျခံတပ်ဆင်ရန်၊ ဓါတ်လှေကား အတွင်းပိတ်မိပါက သတ်မှတ်ချိန် အတွင်းကယ်တင်နှိုင်ရန် လုံလောက်သော အစီအမံများထားရှိရန်၊ သုံးစွဲခွင့် သက်တမ်းရှိခွင့်ပြုမိန့်လိုင်စင်ကော်ပီ အား ဓါတ်လှေကားအတွင်း တပ်ဆင်ထားရန်နှင့် သက်ဆိုင်ရာ ဦးစီးဌာနသို့ လိုအပ်ပါက တိုင်ကြားနိုင်ရန် တယ်လီဖုန်းနံပါတ် ဖော်ပြထားရန် တို့ကို အဆောက်အဦးပိုင်ရှင်များသို့ သက်ဆိုင်ရာ ဦးစီးဌာနမှတဆင့် ဖိအားပေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(၈) ထို့အတှု ဈေးများ ၊အများပြည်သူသုံး အဆောက်အဦးများတွင် အရေးပေါ် အခြေအနေ ကျရောက်ပါက ထင်သာမြင်သာရှိရမည့် အရေးပေါ်ထွက်ပေါက် လမ်းညွှန်များတပ်ဆင်ရန် (ဈေးအများစုတွင်မရှိပါ)၊ အရေးပေါ်လှေကားများတွင် ပစ္စည်းများပိတ်ဆို့မထားရန် ၊ ထွက်ပေါက်များအား သော့ခတ်ထားခြင်း အတားအဆီး အပိတ်အဆို့များ မရှိစေရန် ဆောင်ရွက်ခြင်းများ ပြုလုပ် စစ်ဆေး ညွှန်ကြားထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွာသူရွာသားများ ခင်ဗျား ၊ ကျွန်တော့် စိတ်ထဲ ဖြစ်စေချင်တာလေးတွေ ချရေးလိုက်တာပါ။ ရွာသူရွာသားတို့စိတ်ထဲ ရှိရင်လည်း သိလိုပါတယ်။
လေးစားစွာဖြင့်

20 comments

  • siamonone

    October 15, 2011 at 8:36 pm

    ကောင်းပါတယ် .. ဒါပေမယ့် Poster ကိုယ်တိုင် မြို့တော်ဝန်ဖြစ်သွားရင်တောင် အားလုံးဖြစ်ဖို့ သိပ်မလွယ် .. ဟီး ..

  • ကြောင်ကြီး

    October 15, 2011 at 9:44 pm

    ဝမ်ဂျီးခြုပ်နဲ့ မျို့ဒေါ်ဝံကြီးခင်များ.. ပြတ်လပ်နေသော မြို့တော်ဘတ်ဂျက်ပြည့်မှီရန်အတွက် ပို့စ်တင်သူ ကိုထူးဆန်းဆိုသူအား အမြန်ဆုံးရှာဖွေ၍ အခွန်ကောက်ရန် ပန်ကြားပါသည်။ :mrgreen:

    • htoosan

      October 16, 2011 at 8:38 am

      သူကြီး ဆီက ၂၀၃၉ ရစရာ ရှိတယ် 🙂 . တစ်သိန်းပြည့် မှပေးမယ်ဆိုတော့ ကျွန်တော် ်စာမရေးတတ်သေးပုံနဲ့ ၁ဝ နှစ်နဲ့တောင်ရပါ့မလားတော့မသိဘူး။ အခွန်ကောက်လာရင်တော့ သူကြီးဆီ အသနားခံစာတင်ပြီး ကြိုတင်ငွေ ထုတ်ကြည့်ရမှာဘဲ။ 😥

  • fatty

    October 15, 2011 at 9:44 pm

    မြန်မာပြည်ကြီးအတွက်သော်လည်းကောင်း ရန်ကုန်မြို့အတွက်သော်လည်ကောင်း အခုလို
    ကိုယ့်အကြံဉာဏ်နဲ့ကိုယ် တင်ပြပေးခြင်းကို ချီးကျူးပါတယ်။ ဆက်ပြီး အကြံဉာဏ်ရရင်ရေးပေးစေချင်ပါတယ် …။

  • small cat

    October 16, 2011 at 7:12 am

    လမ်းပြင်ဆင်ခြင်းလုပ်ငန်းများကို ညဖက်လုပ်ဆောင်နိုင်ရန်အတွက် ဝန်ထမ်းများကို လစာအပြင်
    အိုဗာတိုင်ကြေးပေးရန်လိုအပ်ပါမည်။အခွန်များများကောက်ထားရပါမည်။တောင်းဆိုချက်များကောင်းပါသည်။
    အများအတွက်အကျိုးရှိမည့်အချက်များဖြစ်ပါသည်။
    တစ်ပြိုင်တည်းလုပ်ရန်အခက်အခဲရှိနိုင်သော်လည်း တာဝန်ရှိသူများခေါင်းထဲထည့်ထားပြီးတဆင့်ခြင်းလုပ်၍
    ရနိုင်ပါသည်၊ လုပ်ခြင်စိတ်ရှိဖို့ပဲလိုပါသည်။ နည်းလမ်းကောင်းတွေနှင့်စနစ်တကျလုပ်ရပါမည်။ ဟိုလူဒီလူ
    ဝိုင်းအော်လို့ အောက်ခြေကို ဖြစ်အောင်လုပ်ကြဆိုပြီးအတင်းဖိအားပေးကမရနိုင်ပါ။
    အမိန့်နှင့်တာဝန်ကို ပါးစပ်ဖြင့်လွယ်လွယ်ပေးလို့ရပါသည်။ ထိုအမိန့်နှင့်တာဝန်ပေးသူများက
    တာဝန်ထမ်းဆောင်မည့်သူများလုပ်နိုင်ရန်အတွက် တိကျတဲ့နည်းလမ်း၊ပစ္စည်းကိရိယာ၊လိုအပ်သည့်ငွေကြေး။
    အစရှိသည်တို့ကိုဖြည့်စီးပေးဖို့လိုပါသည်။

    • htoosan

      October 16, 2011 at 8:58 am

      ကျွှန်တော်တို့နို်င်ငံမှာ လူအင်အားပေါပါတယ်။ 3 – shift ခွဲဆင်းခိုင်းရင် အိုဗာတိုင်ပေးစရာ မလိုပါဘူး။ အခုလည်း ကြည့်ရင် အလုပ်တစ်ခုကို လုပ်တာက နှစ်ယောက် ၊ ရပ်ကြည့်တာက သုံးယောက် ၊ အမိန့်ပေး၊ စကားပြောနေတာလေးယောက် ..အင်း ..ကွမ်းစားနေတာတော့ ထည့်မပြောတော့ပါဘူး..
      smallcat ပြောသလို၊ “တိကျတဲ့နည်းလမ်း၊နည်းလမ်းကောင်းတွေနှင့်စနစ်တကျလုပ်ရပါမည်။”
      ဘဲ လိုအပ်တာပါ။ ပစ္စည်းကိရိယာ၊လိုအပ်သည့်ငွေကြေး။ ဒါကတော့ အကြမ်းဖျင်း ရှိပြီးသားပါ။ အလွဲသုံ့းစား မလုပ်ဖို့ဘဲလိုတာ။

  • kai

    October 17, 2011 at 6:33 am

    ထုံးစံအတိုင်း.. ဘတ်ဂျက်ဘယ်ကထွက်လာမလဲ.. မေးရ ပြောရမှာပါပဲ..
    အယ်လ်အေမှာတော့.. ရဲတွေကို တစ်ကက်(ချလံ) ပေးတဲ့စံနစ်နဲ့.. ဒဏ်ကြေးကောက်ခိုင်းလိုက်တာ.. ငွေတော်တော်ရတယ် ကြားမိတယ်..။
    ရန်ကုန်လည်း.. အဲဒီလိုလုပ်ကြည့်သင့်ကြောင်း..
    အဲဒီစံနစ်သေသေချာချာ သိရအောင်.. ရဲထဲကတချို့.. ယူအက်စ်ကို ပညာတော်သင်လွှတ်သင်နိုင်ရန်.. သံရုံးကို အကူအညီတောင်းသင့်ကြောင်း…။ 😀

    • xman

      October 22, 2011 at 12:11 am

      ပြန်မလာတော့မှ ခက်နေဦးမယ်သူကြီးရေ

      ရဲဆိုတာမျိုးက 🙁

  • kyeemite

    October 17, 2011 at 1:20 pm

    ကောင်းပါတယ်..
    တင်ပြသင့်ပါတယ်..
    ဖြစ်လာတာတော့..နဲနဲကြာမှာပေါ့..
    အဓိကကတော့..ယာဉ်မောင်းတွေရဲ့ စိတ်ဓါတ် တွေပြုပြင်လာအောင် ထိထိရောက်ရောက်အရေးယူဘို့ဘဲ..
    ခက်တာက..အရေးယူမဲ့ မော်တော်ပီကယ်က လာဘ်စားနေတော့ခက်တယ်..

  • etone

    October 17, 2011 at 1:47 pm

    ((( (၅) လမ်းစည်းကမ်းဖောက် မောင်းနှင်သူများ ၊ မီးပွိုင့်များ တွင်ယာဉ်ကြော တန်းမစီဘဲ အတင်းခေါင်းထိုးမောင်းဝင်မူများ ၊ တစ်ဘက်လမ်းကြောအထိရောက်အောင် ယာဉ်လမ်းကြော ပြောင်းပြန်မောင်းပြီးမှ ခေါင်းထိုးဝင်ရောက်မှုများအား ထိရောက်စွာ နှိမ်နင်းတားမြစ်သင့်ပါသည်။ ယခုလုံးဝတားမြစ်ခြင်းမရှိပါ။
    အခြားနိင်ငံများနှင့်နှိုင်းယှဉ်ပါက ယာဉ်စီးရေ နည်းပါးနေသေးသော်လည်း ကားများ လမ်းပိတ်ရသည့် အဓိက အကြောင်းရင်းမှာ ယာဉ်မောင်းသူများ စည်းကမ်းလိုက်နာမှုမရှိခြင်း၊ ကျော်ဖြတ်ဝင်ရောက်ကြရာမှလမ်းပိတ်ဆို့မှု အဓိကဖြစ်ခြင်းကြောင့် ယ္ခုမှစတင်ထိန်းသိမ်း အရေးယှုသင့်ပါသည်။))) ကိုတော့ ထောက်ခံပါတယ် … ။

    ဘုရင့်နောင် မီးပွို့င်ဟာ ဆယ့်နှစ်ရာသီ ကားကြပ်တဲ့နေရာပါ .. အထူးသဖြင့် ရုံးဆင်းရုံးတက်အချိန်တွေဆိုလျှင်ပေါ့ … အဓိက ပြသနာ .. တဖက်ယာဉ်ကြောမလွှတ်ခင် နောက်က ကားတွေ လမ်းပြောင်းပြန်ပွိုင့်ကွေ့ကြောတိုးနေခြင်းကြောင့်ရယ် ၊ မီးပွိုင့်ပျက်တဲ့ အခါ ယာဉ်ထိန်းရဲတွေ လိုအပ်တာထက် ပိုကြာအောင် တဖက်ယာဉ်ကြောလွှတ်ပေးခြင်းတွေကြောင့် … ဖြစ်ရတာပါ .. ။ 🙂

  • MaMa

    October 17, 2011 at 4:19 pm

    ဈေးသူဈေးသားများအတွက်ရော၊ ဈေးဝယ်များအတွက်ပါ နေ့စဉ်နှင့်အမျှ သုံးစွဲနေရသဖြင့် ဈေးများ၊ အများပြည်သူသုံး အဆောက်အဦးများတွင် အများသုံးအိမ်သာများ အဆင့်မြှင့်စေချင်ပါသည်။

    • htoosan

      October 17, 2011 at 10:11 pm

      အမှန်ပါဘဲ . အရင် ရွှေတိဂုံဘုရားလမ်း လဟာပြင်ဈေးရှေ့က အိမ်သာပြင်ထားတာတော့ အတော်လေးသပ်ရပ် တာတွေ့တယ်။ အထဲတော့ ဝင်မကြည့်ဘူးသေးဘူး ။

  • unclegyi1974

    October 17, 2011 at 10:37 pm

    ဆန္ဒတွေစောကြပါနဲ့အားလုံးကောင်းသွားမှာပါ
    အချိန်လေးနဲနဲစောင့် ၁ဝနှစ်

  • nozomi

    October 18, 2011 at 1:49 pm

    အားလုံးကောင်းပါသည် တကယ်ဖြစ်သင့်တာတွေပါ မြို့သူမြို့သားအားလုံးက ဖြစ်ချင်တာ ဖြစ်သင့်တာတွေကို အခုလို စိတ်ဝင်တစားနဲ့ ဝိုင်းဝန်း ဆွေးနွေး ပြောဆို တောင်းဆို ရင် သေချာပေါက် ရလာမှာပါ

    ကိစ္စတော်တော်များများ က ပြုပြင်ဘို့ ပိုက်ဆံလိုတယ်ဆိုပေမဲ့ အမှတ်(၅)အချက်ကတော့ ပြုပြင်ဘို့ ပိုက်ဆံ မလိုပါဘူး ၊ ထပ်ဖြည့်ချင်တာက မီးပွိုင့်တွေမှာ မလိုအပ်ရင် ယာဉ်ထိန်းရဲ ဆရာများ လက် မကလိဘဲ တိတိကျကျ ဖြစ်ဘို့လိုပါတယ် ပွိုင့်က စိမ်း လို့ထွက်တယ် ကား ၂ စီးလောက်ဘဲ ထွက်ရသေး ချက်ချင်း နီ ပစ်လိုက်တာမျိုး လုပ်လို့ တိုက်မိမလိုဖြစ်တာ မျိုး မြင်နေကြုံနေရပါတယ် ၊ မီးစိမ်းပြီး မဝါဘဲ မီးနီလိုက်တာလဲ
    မီးနီဖြတ်မှုနဲ့ ညှိဘို့ ဂွင်ပါဘဲ အဲဒါတွေ ပြင်ဘို့အတွက် ကတော့ ဘတ်ဂျက်မလိုပါဘူး

    • moethidasoe

      October 18, 2011 at 2:40 pm

      ခက်တာက နီနေတဲ့လိုင်းမှာ သူ့ အဖေ လာနေရင် ချက်ခြင်း စိမ်းပေးရမှာလေ
      မီးပွိုင့် ကောင်းနေရင် သူတို့က မအား ဖြစ်နေတယ် (လိုင်းကြေး ကောက်တာ .. ရုံထဲမှာ အစာ စားနေတာ .. စကားပြောနေရတာ)
      ပွိုင့် ပျက်ရင် အချို့ ပွိုင့်တွေမှာ ရဲ ပါ ပျောက်သွားတာ
      အားလုံးကို ပြင်ချင်နေတာတွေ အများကြီးပါ

  • htoosan

    October 20, 2011 at 11:10 pm

    တကယ်တော့ မီးပိုွင့် က မော်တော်ပီကယ်ရဲတွေက ဘာ မှ မလုပ်ရဲသလောက် ဖြစ်နေပါပြီ။ လွန်ခဲ့သော နှစ်နှစ် သုံးနှစ်ကလား စစ်သား နဲ့ ပြသနာတက်ပြီး နောက်ပိုင်း မီးဝါဖြတ်ဖြတ် မီးနီဖြတ်ဖြတ် လမ်းကြောင်းမှားဝင်ဝင် ဘာမှမပြောတော့ဘူး။ လမ်းကြောင်းလာ ရင် ကားရှင်းပေးဖို့၊ အလေးပြုဖို့နဲ့ မီးပွိုင့်နား ကားတိုက်ရင် ညှိနှိုင်းပေးပြီး စားဖို့လောက်ရယ် ဒီလောက်ဘဲ လုပ်ကြတော့တာပါ။
    ဖမ်းတဲ့ အဖွဲ့ကလည်း ကုန်တင်ကားရယ်၊ without ရယ်နဲ့ ဘယ်ကတောင်းရမလဲတော့ဘဲကြည့်တော့တာ။ အဲ့ဒါကြောင့် ကားမောင်းတဲ့သူတွေက စည်းကမ်းလိုက်နာဖို့ ဂရုမစိုက်ကြတော့တာ။

  • padonmar

    October 21, 2011 at 12:36 am

    ပလက်ဖောင်းတွေကို disable comply ဖြစ်အောင် ပြေပြစ်တဲ့ ဆင်ခြေလျောလေးတွေ လုပ်ပေးသင့်ကြောင်း အားဖြည့်ချင်ပါတယ်။ တစ်ချို့မြို့နယ်တွေမှာလုပ်ပြီး တော်တော်များများမှာမလုပ်ကြပါ။
    အမှိုက်တွေကို ဆယ်ဘီးကားကြီးနဲ့ စုသယ်မယ့်အစား ကားလေးများနဲ့သယ်ဖို့လည်း ပြောချင်ပါတယ်။
    ကားနောက် လမ်းတစ်လျှောက်ပေပွနေတာတွေ ကြည့်မကောင်းပါဘူး။
    လမ်းမီးများလည်း နေရာတိုင်းလင်းပေးနိုင်ရင်ကောင်းပါမယ်။ ဆိုင်ရာရပ်ကွက်တွေမှာ မိမိရပ်ကွက် လမ်းမီးလင်းရေး အတွက် အလှူကောက်ရင် ခက်ခဲမယ်မထင်ပါ။မှန်မှန်လာအောင်
    ထိန်းသိမ်းပေးဖို့ဘဲလိုပါတယ်။

  • htoosan

    October 21, 2011 at 8:32 pm

    ဒီနေ့မော်ဒန် ဂျာနယ်ထဲမှာ ဘဲ လပြည့်ဝန်း ပလာဇာမှာ ဓါတ်လှေကား ထပ်ပိတ်မိလို့ဆိုပြီး ထပ်ပါတယ်။ မီးသတ်သမားတွေက တံခါးကို ပုဆိန်တွေ ၊သံတူရွင်းတွေနဲ့ ဖြတ်ပြီးဖွင့်ပေးရ တယ်လို့ရေးထားတယ်။ အောက်တိုဘာ ၁၆ ရက် ၊ ညနေ ၆:၂ဝ နာရီဝန်းကျင်လောက်မှာဖြစ်တယ်လို့ရေး ထားပါတယ်။

  • naywoonni

    October 21, 2011 at 10:54 pm

    ခါချဉ်ကောင် မာန်ကြီးလို့သာ တောင်ကြီးဖြိုမဲ့ကြံ…….ခါးက…မသန် xxxx အားမာန်းတင်ပေမဲ့……….
    ဆရာချစ်ဦးညိုတော့ ဆိုတတ်တယ်……..အဲဂလို ဖစ်နေတာက အသေအချာပဲ…။

  • ဆူး

    October 22, 2011 at 11:32 am

    အိမ်အမှိုက်တွေညဘက် လာသိမ်းတဲ့ နေရာတွေမှာလည်း တနေရာထဲ စုပြုံထားတာ မကောင်းပါဘူး။ အမှိုက်သိမ်းကား မလာခင် ခွေးတွေ ဖွ ကြောင်တွေ ဖွနဲ့ ညစ်ပတ် နံစောစေပါတယ်။
    အမှိုက်သိမ်း ခေါင်းလောင်းထိုး ယာဉ်များ ခေါင်းလောင်းမထိုးပဲ လာတာကို ဘယ်နေ့ လာမလဲ အချိန်ပေးစောင့်ရတာလည်း မကောင်းပါမယ်။ စောင့်တဲ့ အချိန် မလာတဲ့ အတွက် အမှိုက်တွေ များပြီး အဆင်ပြေသလို ရှင်းရတာတွေလည်း တွေ့နေရပါတယ်။
    ဒီနှစ် မိုးကြီးတော့ လမ်းတွေ အတော်ပျက်တယ်။
    တခါတုန်းကဆို ဘုရင့်နောင်ဘက်ကို သွားတာ လမ်းက ချိုင့်ကြီးတွေ ရှောင်ရတာနဲ့ ကားကြီးတွေ ကားလေးတွေ နဲ့ ဟိုတိုးဒီတိုး သွားရင်း မောင်းရင်း လမ်းဘေး နည်းနည်း ကပ်သွားတာ ချိုင့်ကြီးထဲ ဘီး ဝင်သွားတာ.. ကား ရဲ့ ခရောင်းက ချိုင့်မှာ တင်သွားလို့ ကားလည်း အရှေ့မတက် နောက်မဆင်းနဲ့ ကြားတွေ ကြားထဲ ပြသနာ ဖြစ်သေးတယ်။ တော်တော် ဆိုးတယ် တောလမ်းသွားရသလိုပဲ။

Leave a Reply