ဓာတ်ပုံတွေကို ဘယ်လိုပြောင်းချင်သလဲ

manawphyulayOctober 15, 20111min1054

ဒစ်ဂျစ်တယ်ခေတ်မှာ ဓာတ်ပုံတွေကို စိတ်ကူးအမျိုးမျိုးနဲ့ ပုံဖော်နိုင်ကြပါတယ်။ အခု Antonio Da Cruz ရေးသားထုတ်လုပ်တဲ့ PhotoFiltre Studio X Version 10.2.1 သည် ဓာတ်ပုံတစ်ပုံကို ဘယ်လိုပြောင်းနိုင်တယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေ ပြည့်နေတဲ့ အံ့ဩဖွယ် ဆော့ဖ်ဝဲဖြစ်ပါတယ်။
PhotoFiltre Studio သည် သုံးရလွယ်ကူပြီး ကွန်ပျူတာ စသုံးသူများအတွက်ပင် သုံးနိုင်တဲ့ ဆော့ဖ်ဝဲလည်း ဖြစ်ပါတယ်။ လုပ်ဆောင်နိုင်ချက်တွေလည်း အလွန်များပါတယ်။ ဓာတ်ပုံပညာရှင်များပင် အားကိုးပြုနိုင်တယ်လို့ဆိုပါတယ်။ သင့်အတွက် စမ်းသပ်သုံးကြည့်သင့်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ နှစ်သက်လို့ဝယ်မယ်ဆိုရင်တောင် ၄၁ ဒေါ်လာတန်တယ်လို့ သုံးဖူးသူများက ထောက်ခံကြပါတယ်။
PhotoFiltre Studio သည် သင့်အတွက် ပျော်ရွှင်ဖွယ် လုပ်ဆောင်ချက်များကို ပေးနိုင်ပြီး အပျော်တမ်းသုံးသည်ဖြစ်စေ၊ ပရော်ဖက်ရှင်နယ်အဖြစ် သုံးသည်ဖြစ်စေ သင့်အတွက် စမ်းသပ်သုံးသင့်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်တာကတော့ သေချာပါတယ်။ Photoshop ထက်တောင် လုပ်ကိုင်ရပိုပြီး အဆင်ပြေတယ်လို့လည်း ပြောထားသေးတယ်လေ။ သင့်အနေနဲ့ ဓာတ်ပုံပညာ မကြွယ်ဝသည့်တိုင် ပုံတစ်ပုံကို ဘယ်လိုပြောင်းချင်တယ်ဆိုတာ အလွယ်တကူလုပ်ဆောင်နိုင်မှာပါ။ မသုံးတတ်လို့ အားငယ်နေသူများအတွက်လည်း တစ်ပန်းသာတဲ့အတွက် ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ အဲ ဝယ်မသုံးချင်သူတွေအတွက်ကတော့ ဒီဆော့ဖ်ဝဲကို ရက် ၃ဝ အခမဲ့စမ်းသပ်ခွင့်ရလို့ ဓာတ်ပုံပြောင်းချင်ပြင်ချင်တာတွေ ဝါသနာပါရင် download ချ သုံးကြည့်လိုက်ပေါ့နော်။

4 comments

  • blackchaw

    October 16, 2011 at 1:38 pm

    manawphyulay ရေ။
    photoshot မသုံးတတ်တဲ့လူတွေပါ သုံးလို့ အဆင်ပြေတာလား။

    • manawphyulay

      October 16, 2011 at 4:21 pm

      ဘာပဲဖြစ်ဖြစ် အလွယ်တကူလုပ်လို့ရတယ်။ ဖိုတိုရှော့တတ်မှမဟုတ်ဘူး။ ကိုယ်ပြင်ချင်တာလိုချင်တာ စမ်းသပ်လို့ရတယ်။

  • Yin Nyine Nway

    October 16, 2011 at 1:55 pm

    ပြေတယ်….
    အရမ်းကောင်းပြီး လွယ်ကူတဲ့ ဆော့ဝဲလေးပါ
    ဖြန့်ဝေပေးတဲ့ မနောကိုလည်းကျေးဇူးပါ

  • cobra

    October 16, 2011 at 2:58 pm

    အခုလိုသတင်းကောင်းလေးကိုတင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။

Leave a Reply