လူ ၂ယောက် …….စိတ်၂မျိုး………။(ပြောမယုံကြုံမှသိ)

MandalarPheonixOctober 15, 20111min8114

၁ဝ လပိုင်း ၄ ရက်နေ ့ကပေါ့။ကျွန်တော့်မွေးရပ်မြေမန်လေးပြန်ဖို ့စကာင်္ပူကနေလေယာဉ်နဲ ့ရန်ကုန်ကိုတစ်ဆင့်စီးတယ်ဗျာ…..။ အဲရန်ကုန်လဲရောက်ရော ကံများဆိုးချင်တော့မြန်မာကျပ်ငွေတစ်ပြားမှမရှိတော့ဘူး..။ဘယ်သွားလဲရမှန်းလဲမသိ ရန်ကုန်မှာလဲအသိကျွမ်းမရှိတာမို ့အခက်ခဲတွေ ့နေတယ်ဗျာ။အဲဒီတုန်းလူတစ်ယောက်က ကျွန်တော့်ကိုကြည် ့နေတယ် ……….။ပြီးတော့လာမေးပါလေရော ညီလေးမင်းမှာ ပိုက်ဆံ (မြန်မာငွေ) မရှိဘူးလား…….။ဟုတ်အကိုမရှိဘူးတော့ဘူးဗျ။မင်းဘယ်ကိုပြန်မှာလဲ……။ ကျွန်တော်မန်းလေးကိုပြန်မှာဗျ။ဟုတ်လား ….။ဒါဆိုရော ့ဒီမှာ ၂သောင်းယူသွားလိုက် ………. ။မန်းလေးက …………မှာ ပြန်သွားပေးပေးကွာနော်ဟုတ်ပြီလား………။အကိုသွားစရာရှိလို ့သွားတော့မယ်ဆိုပြီး ပိုက်ဆံ၂၀၀၀ဝ ပေးသွားတယ်ဗျာ။ဒါနဲ ့အဆင်ပြေပြီဆိုပြီးကားငှားပြီးကားကြီးကွင်းကိုသွားတယ် ……….။ကားကြီးကွင်းမှမရောက်သေးဘူး ကားဆရာက လွယ်အိပ်တွေအထုပ်ပိုးတွေပြစ်ချပြီ ဒီကားလိုက်စီးလိုက်ပါ။ဆိုပြီးထွ့က်ပြေးတယ်ဗျာ။ကားခပေးထားတဲ ့ပိုက်ဆံ ၁၀၀၀ဝ ကို ပြန်မအမ်းပဲထွက်ပြေးတယ်ဆိုပဲ။သူတောင်းတာ ၆၀၀ဝဗျာ။ကျနော်က အကိုကြီးပေးသွားတဲ ့ပိုက်ဆံက ၅၀၀ဝတန်ဖြစ်လို ့အနုတ်မရှိလို ့၁၀၀၀ဝပေးထားတာကိုမအမ်းပဲလစ်ပြေးတယ်။ စိတ်ဓာတ်ကတော့ဗျာလေးစားစရာပဲ ငွေ လေး ၄၀၀ဝ နဲ ့စိတ်ဓာတ်ကိုတန်ဖိုးဖြတ်သွားတာ။စဉ်းစားသားကြည် ့ကြပါတော့ဗျာ။

14 comments

  • windtalker

    October 15, 2011 at 9:34 pm

    အဖြစ်ချင်း တော့ ခပ်ဆင်ဆင်ပဲ
    ပြီးခဲ့တဲ့ လပြည့်နေ ့က
    မန်းတလေး မြို ့က
    နာမည်ကြီး အသားကင်ဆိုင်မှာ သွားထိုင်ရင်း သောက်
    မူးလာလို ့ရွေ ့မလို ့ပိုက်ဆံအိတ်ကိုထုတ်တော့
    ပိုက်ဆံအိတ်က မရှိတော့ဘူး
    ဒါနဲ ့အမူးလဲပြေပြီး ၊ ဘယ်လို ရှင်းရမလဲ မသိ
    ပြာနေတုန်း
    နန္ဒာလှိုင်လို ဆိုက်နဲ ့ဂိုက်နဲ ့အရမ်းချောတဲ့ အသက်၂၆ လောက် အရွယ် မိန်းမ တစ်ယောက်ရောက်လာပြီး
    “မောင်လေး….၊ အကူအညီ လိုနေတယ် မှတ်တယ် ၊ ကူညီပါရစေ ” တဲ့
    ကျွန်တော်က သူ ့ထက် ၃ နှစ်ကြီးပါတယ် ။ ဒါပေမယ့် ရုပ်က နုတော့ မောင်လေး လို ့ခေါ်တာကို နားလည်တယ် ။
    ကျုပ် လဲ ရေငတ်တုန်း ရေသန် ့စက်ရုံထဲ ရောက်သွားသလို ပျော်သွားပြီး
    “ ဒီက အမငယ် ကူညီမယ် ဆိုရင် လွန်စွာဝမ်းသာရမှာ အမှန်ပါပေ ” လို ့ပြန်ပြောလိုက်မိတယ်
    အဲဒီနောက် ကျုပ်တို ့၂ ယောက် အတူဆက်ထိုင်ဖြစ်တယ် ။ ထပ်မှာဖြစ်တယ်
    စကားတွေ အများကြီး ပြောခဲ့တယ် ၊ ကိုငှက်(ထူးအိမ်သင်) သီချင်းထဲကလိုပါပဲ
    “စကားလုံးများထဲ အထိအတွေ ့ကို သေချာကိုယ်သိ..
    ဒီတစ်ခွက်ပြီး..နောက်တစ်ခွက်..နောက်တစ်ခွက် နဲ ့အသိတွေ ဝေဝါးခဲ့ ”
    အဲဒီည ကျုပ် ဘယ်လို ဖြစ်သွားလဲ ဘာမှကို ပြန်မမှတ်မိဘူး
    နောက်နေ ့မနက်ကျ ၊ ကျုပ်နိုးလာတော့ ဂိုးစီးတီး က အခန်းတစ်ခုမှာ
    ခြေရင်းကို ကြည့်လိုက်တော့ ၊ အပျံစား ဒေါက်ဖိနပ်လေး တစ်ရံ ကို တွေ ့လိုက်ရတယ်..
    ကျုပ်ရဲ ့လပြည့်ညက မင်းသမီးလေး ရယ်
    ဒီကွန်မင့်လေး တွေ ့ရင်
    ကျုပ် ကို အမြန်ဆုံး ဆက်သွယ်ပေးပါနော်

    • water-melon

      October 16, 2011 at 9:48 am

      ဟိုကိစ္စရော ဖြစ်ခဲ့သေးလား။ တော်ကြာ လပြည့်နေ့က မင်းသမီးက A လက်ဆောင် B လက်ဆောင် C လက်ဆောင် ပေးခဲ့အုန်းမယ်နော်။ စစ်ကြည့်အုန်း QC မှာ။ စတာပါ ဗျာ ဖူးစာပါရင်တော့ အမြန်ဆုံစည်းနိုင်ပါစေ အစ်ကို windtalker 🙂

    • manawphyulay

      October 16, 2011 at 4:32 pm

      အရေးထဲ ဒူးရင်းသီး နာနတ်သီး ဖြစ်အောင် မြှောက်ပေးနေတဲ့သူကလည်းရှိသေးတယ်။ ဖူးစာဆိုတာ သူ့အတွက်မလိုအပ်တော့ဘူးလေ တယ်ခက်တာပဲ…

      • etone

        October 17, 2011 at 11:48 am

        လိုအပ်တဲ့ လူတွေကျတော့လည်း ဖူးစာရေးနတ် အိမ်လည်ထွက်နေတယ်နော် အစ်မ မနော 😀

        • windtalker

          October 17, 2011 at 1:18 pm

          အတုန်ရေ..ညည်းနော်…မှန်တာတွေ ဇွတ်မပြောနဲ ့နော်…မင်းနော်..ငါနော်..နင်နော်

    • Diamond Key

      October 17, 2011 at 9:34 am

      ကိုပေရေ၊ ပြန်လွတ်လာရင် ဆက်သွယ်မယ်ထင်ပါတယ်။ အဲဒီနေကလည်း ဘာလို့ အပျံစား ဒေါက်ဖိနပ်လေး တောင်မယူနို်င်ပဲ ထွက်ပြေးသလဲနော်…ဧည့်စရင်းလာစစ်လို့နဲ့တူတယ်။
      း)
      း)

    • etone

      October 17, 2011 at 11:45 am

      ကိုပေမူးနေတုန်း …သူ့မိန်းမက သူငယ်ချင်းတစ်ယောက်ဖော်ကောင်လှုပ်မှုကြောင့် လိုက်လာပြီး ပိုက်ဆံအိတ်ဖွက်ထားခဲ့တာ … သူမသိလိုက်ဖူးကိုး :mrgreen:

      (ထိုအကြောင်းကို ရွာထဲမှ ကိုဘီလူးကြီးက … မူးမူးနှင့်လျှောက်ပြောရင်း သိခဲ့သည် 😀 )

  • ပေါက်ဖော်

    October 15, 2011 at 10:04 pm

    လူနှစ်ယောက် စိတ်နှစ်မျိုးဟုတ်ဘူး
    လူတစ်ယောက်ထဲ စိတ် အမျိုးမျိုး..ဗျို ့..
    အဲတော့..
    ကားဆရာလဲ ငတ်နေလို ့..ကျော်ခွသွားတယ်မှတ်ပါလေ..

    ကျနော်လဲငတ်နေရင်ကျော်ခွလုစားပြီး
    အဆင်ပြေလျင်တော့.ရှိတာလေး စွန် ့ကြဲခဲ့မှာကျိန်းသေပါဒယ်..

  • Yin Nyine Nway

    October 16, 2011 at 2:16 pm

    ဘယ်ကလာဟာ
    အခုတမျိုး နဲ့ တေ်ာကြာတမျိုး နှစ်မျိုးလေးပါဟ..

  • cobra

    October 16, 2011 at 3:11 pm

    windtalker အဖြစ်ကမိုက်လှချည်လား။
    ကျွန်တော့်အဖြစ်ကလည်းမန္တလေးမှာပဲ
    တောင်ဃြေကဘီယာဆိုင်ကြီးလေစင်တင်နဲ ့
    ဆိုင်နံမည်တော့မပြောတော့ပါဘူး
    ဘီယာသောက်တာကTiger ၁ဝခွက်
    ကျွန်တော်က၆ခွက် ကျန်တဲ့၃ယောက်က၄ခွက်
    ပေါင်း၁ဝခွက် အဲဒါကို waiter က၁၅ခွက်နဲ ့ရှင်းခိုင်းတယ်
    လုပ်တဲ့လုပ်ချက်ကကြည့်ပါဦး။
    ၁၊၂ ခွက်လောက်ဆိုတော်သေးတယ်
    ခုဟာက၅ခွက်တောင်ခိုးထားတာ။

    • windtalker

      October 16, 2011 at 8:40 pm

      အဲဒါမျိုးကြ သက်သက်မဲ့ ဆိုင်က လူပါးဝတာ
      တစ်ခွက်ဖိုးမှ မရှင်းပဲ
      ထပြန်ခဲ့ရမှာ ကိုကော်ဘရာ ရေ

  • MandalarPheonix

    October 17, 2011 at 12:48 am

    တိုက်တယ်နဲ ့ ကွန်မန် ့နဲ ့ကတော့ စီနေတာပဲဗျာ…….။လူအချင်းချင်းလှည့်ပတ်ချင်ကင်းရှင်းကြပါစေ။

  • etone

    October 17, 2011 at 11:52 am

    MandalarPheonix ရေ … အဲ့လို သတင်းမျိုးကြားတိုင်း ခံပြင်းမိပါတယ် … ။
    ဘဝရပ်တည်မှူအတွက် အလုပ်လုပ်နေတဲ့ လူလူခြင်း အတူ ဘူဘူချင်းတစ်လုပ်တဲ့လုပ်ရပ်ကတော့ စိတ်ပျက်စရာကောင်းလွန်းတယ် ။ ဘယ်လောက်မှ မရှိတဲ့ ပိုက်ဆံလေးနဲ့ … ကိုယ့် သိက္ခာအကျခံကြတယ် ။ (အဲ့လိုလုပ်တာ ဘယ်သူမှ မသိဘူးဆိုပေမယ့် ၎င်းတို့ဧ။် ကိုယ်စောင့်နတ်သိပါတယ် ) … ။

    နောက်များ ကားစီးလျှင် ကိုယ်က ပိုက်ဆံ အရင်ပေးမထားနဲ့ … နောက်ပြီး ဘယ်လောက်တဲ့ လူရှုပ်တဲ့နေရာမှာ ကားရပ်ရပ် ပိုက်ဆံအမ်းပြီးမှ ကားထဲကထွက် (ကျွန်မလုပ်နေကြ အဲ့လို 😛 )

    တစ်ချို့ကားသမားတွေ ပိုက်ဆံ ကြိုပေးမိလျှင် အကြောင်း တစ်စုံတစ်ရာကြောင့် ကားပြောင်းရတဲ့အခါ ကားခပြန်မပေးတတ်ပါဘူး … အထူးသဖြင့် ကားငှားစီးလို့ ညဘက်လိုမျိုး ကိုယ်စီးတုန်း လူပိုတင်လျှင် ကိုယ်မကြိုက်တဲ့အခါ တခြားကားဆင်းစီးရုံပါ … ။ 😛

Leave a Reply