Soccer Tips 4 All

မောင် ပေOctober 16, 20111min1157

အားလုံးပဲ မင်္ဂလာပါ ခင်ဗျား ။

မနေ ့ညက ပထမဆုံး ခန် ့မှန်းပို ့စ်ကို တင်ပြီးခဲ့ပြီးမှာ ၊ ယနေ ့တနင်္ဂနွေနေ ့ည ပွဲစဉ်များကို ဆက်လက်တင်ပါမယ် ခင်ဗျား ။

မနေ ့က ပို ့စ်အတွက် ၊ လာရောက်ကြည့်ရှူသူ  ၃၆ ယောက် ရှိတယ်လို ့တွေ  ့ရပါတယ် ။ ကျွန်တော် ကိုယ်တိုင် ပြန်ဝင်ကြည့်တဲ့ အရေအတွက်ကော ပါမလား တော့ မသိပါဘူး ။

မနေ ့က ရေးခဲ့တဲ့ သုံးပွဲ မှာ ဖူဟမ်၊အေစီမီလန် နဲ ့မန်စီးတီး သုံးသင်းမှာ ၊ ဖူဟမ် အသင်းပဲ ရှုံးပြီး ကျန်နှစ်သင်း ကတော့ ပြတ်ပြတ်သားသား အောင်မြင်မှု ရခဲ့ပါတယ် ။

ဖူဟမ်ဟာ စတုတ်ကို ၂-ဝ ၊ အေစီမီလန် ဟာ ပါလာမို ကို ၃-ဝ ၊ မန်စီးတီးကတော့ အက်စတွန်ဗီလာ ကို ၄-၁ နဲ ့အနိုင်ရရှိခဲ့ပါတယ် ။

၂ ပွဲ မှန် ၁ ပွဲ မှား ။

ဒီနေ ့ပွဲစဉ်တွေ နဲ ့အချိန်တွေ ကတော့

၅:၃၀  ဝက်စ်ဘရွန်း-ဝုဗ်

၇:၀၀  အာဆင်နယ်-ဆန်းဒါးလန်း

၉:၃၀  နယူးကာဆယ်-စပါး

၅:၀၀  စီစီနာ-ဖီအိုရင်တီးနား

၇:၃၀  အတ်တလန်တာ-အူဒီးနီး

။       ကယ်ဂလီရာရီ-စီရင်နာ

။       ချီယေဗို-ဂျူဗင်တပ်

။       ဂျီနိုအာ-လက်ချီ

။       နိုဗာရာ-ဘိုလော့နာ

၁:၁၅  လာဇီယို-ရိုးမား

၄:၃၀  ဗလက်ကာနို-အက်စ်ပန်ညို

၈:၃၀  ဇာရာဂိုဇာ-ဆိုစီဒက်

၁၀:၃ဝ လီဗန်တေး-မာလာဂါ

၂:၃၀  ဆီဗီလာ-ဂီဂျွန်

xxxxxx—–xxxxxx

ဒီနေ ့အတွက် ကြိုက်မိတဲ့ ပွဲစဉ်တွေကတော့

ဂျီနိုအာ(အဆင့် ၁၀)    –   လက်ချီ(အဆင့် ၁၈)

လက်ချီ ဟာ ဂျီနိုအာ အိမ်ကွင်းမှာ နောက်ဆုံး၆ကြိမ် တွေ  ့ဆုံမှုအရ ၅ ပွဲရှုံးခဲ့ပြီး ၁ ပွဲသရေ ရှိခဲ့ပါတယ် ။

ဂျီနိုအာ အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ပါးမား ရဲ  ့ကွင်းမှာ ၃-ဝ နဲ ့ရှုံးနိမ့်ခဲ့ပါတယ် ။

လက်ချီကတော့ အိမ်ကွင်းမှာ ကယ်ဂလီရာရီ ကို ဝ-၂ နဲ ့ရှုံးထားပါတယ် ။

ပြီးခဲ့တဲ့ ၂ရာသီဆက်တိုက် ရလာဒ်များကတော့ ဂျီနိုအာ က လက်ချီ အသင်းကို ၄-၂ ၊ ၄-၁ နဲ ့နိုင်ထားပါတယ် ။

ယခုလို ရှုံးပွဲဆက်နှစ်သင်းတွေ  ့ဆုံကြချိန်မှာ အိမ်ကွင်းလဲဖြစ် ၊ ခြေစွမ်းလဲ ပိုသာတဲ့ ဂျီနိုအာ ကို ပဲ အားပေးပါမယ် ။

xxxxxx—–xxxxxx

လာဇီယို (အဆင့်၇)   –   ရိုးမား (အဆင့်၆)

လာဇီယိုကွင်းမှာ ရိုးမားအသင်း တွေ ့ဆုံခဲ့တဲ့ ရလဒ်များကတော့ ၂၂ ပွဲနိုင် ၂၃ပွဲသရေ ၂၂ပွဲရှုံး ပါ ။

လာဇီယို အသင်းဟာ အခုလာမယ့် အပတ် မှာ UEFA ပွဲစဉ်အဖြစ် ဇူးရစ်အသင်း နဲ ့အဝေးကွင်းမှာ သွားကန်ရမှာပါ ။

ဒီပွဲဟာ ဒါဘီပွဲ ဖြစ်လို ့ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ပေမယ့် ၊ ပြီးခဲ့တဲ့ ၂ ပွဲ ဆက်တိုက် အနိုင်ရထားတဲ့ ရိုးမားအသင်းဟာ ၊

ပြီးခဲ့တဲ့ ၂ရာသီဆက်တိုက်လည်း လာဇီယိုကို သူ ့ကွင်းမှာ အနိုင်ရထားခဲ့တာမို ့ ၊

အခုပွဲကို ရိုးမားအသင်း ဘက်ကနေ အားပေးပါမယ် ။

xxxxxx—–xxxxxx

လီဗန်တေး (အဆင့်၂)   –   မာလာဂါ (အဆင့်၄)

ပြီးခဲ့တဲ့ ပွဲစဉ်မှာ လီဗန်တေး ကော မာလာဂါ ပါ အနိုင်ရရှိခဲ့ကြပါတယ်

၂ သင်းလုံး ရဲ  ့ခြေစွမ်းဟာ အထူးဆက်တိုက် ကောင်းမွန်နေပါတယ်  ။

၂ သင်းလုံး ရဲ  ့နောက်တန်းအနေအထား အရ ဆိုရင် လီဗန်တေး အသင်းက ပိုကောင်းပါတယ် ။

နောက်ပြီး ဒီပွဲမှာ လီဗန်တေး အသင်းဟာ အောက်အသင်းအဖြစ် သတ်မှတ်ခံထားရတာမို ့

လီဗန်တေး ကို ပဲ အားပေးပါမယ် ။

———————————————————–

—————- ဘောလုံးပွဲချစ်သူတိုင်း အောင်မြင်မှုများ သိမ်းပိုက်နိုင်ကြပါစေခင်ဗျား —————-

 

 

 

 

 

7 comments

  • windtalker

    October 16, 2011 at 1:17 pm

    ညနေ ၄:၃ဝ ကန်မည့်
    ဗယ်လကာနို Vs အက်စ်ပန်ညို ပွဲစဉ်အတွက်
    အက်စ်ပန်ညို အသင်းကို အားပေးပါမည် ။

  • mayday

    October 16, 2011 at 4:12 pm

    ကျွန်တော်ကတော့ ဒီည အာကြီးကိုအားပေးမယ်ဗျာ။ အာဆင်နယ် ၃-ဝ ဆန်းဒါးလန်း

  • naywoonni

    October 16, 2011 at 4:41 pm

    ဘောလုံး တပ်စ် က ဂျာနယ်တင်မဟုတ်တော့ဘူး ဂဇက်တက်ထဲမှာပါ နေရာယူလာပြီလား…။ ????????????

    • windtalker

      October 16, 2011 at 5:12 pm

      မှန်တယ် ဘိုနီရေ
      ဒီကဏ္ဍ ကို ရေးတင်တဲ့သူ ဘယ်သူမှ မရှိလို ့
      ကျုပ် ရေးတင်တာပဲ
      ဘာလို ့လဲ……?????????????

  • GreeNSheeP

    October 16, 2011 at 6:53 pm

    အာဆင်နယ် ၂ ဝ
    ဂျီနိုအာ ၂ ဝ
    ဆီဗီလာ ၂ ဝ ဖြစ်မယ်လို ့ထင်ပါသည်

  • comegyi

    October 16, 2011 at 8:37 pm

    စနေ၊ တနင်္ဂနွေညချမ်းများမှာ ဂေဇက်က ဘောအိုး (ဘောလုံးဝါသနာအိုး) အပေါင်းတို့ အောင်မြင်မှုသရဖူကိုဆွတ်ခူးသိမ်းပိုုက်နိုင်ကြပါစေကြောင်း ကျွန်တော်မောင်ကမ်းမှ ဆုတောင်းခြွေသည် ဗျို့…….

  • windtalker

    October 17, 2011 at 2:08 pm

    ဂျီနိုအာ ဝ-ဝ လက်ချီ (မှား)
    လာဇီယို ၂-၁ ရိုးမား (မှား)
    လီဗန်တေး ၃-ဝ မာလာဂါ (မှန်)
    ဗလက်ကာနို ဝ-၁ အက်စ်ပန်ညို (မှန်)
    စနေ နေ ့ မောင်ပေ ခန် ့မှန်းချက် ၂ မှန် ၁ မှား
    တနင်္ဂနွေ မောင်ပေ ခန် ့မှန်းချက် ၂ မှန် ၂ မှား
    အင်း..မဆိုးပါဘူးနော်..ဟီဟိ
    နောက်ပွဲစဉ်များ ကို လည်း ဆက်လက် တင်ပါဦးမယ် ခင်ဗျား

Leave a Reply