အင်းလျားကန်ဘောင်က ပန်းလေးတွေ

black chawOctober 16, 20114min24223

ဒီနေ့ မနက်ပိုင်း မင်္ဂလာဆောင် တစ်ခုကိုသွားရင်း ဆီဒိုးနား ဟိုတယ်ရှေ့က အင်းလျားကန်ဘောင်ပေါ်ကို ရောက်ခဲ့ပါတယ်။

လက်ထဲလည်း ကင်မရာပါလာတော့ ကိုချိုတို့ ကိုပေါက်တို့ ရဲ့ တပည့် (ကိုယ့်ဟာကိုယ် ဆရာမွေးတာနော်)ပီပီ

ပန်းပွင့်လေးတွေကို လက်ဆော့မိပါတယ် ဆရာတို့ရေ။ လှလှ မလှလှ၊ အဆင့်မီမီ မမီမီ လက်သင်လေး တစ်ယောက်ရိုက်ထားတာ

ကြည့်ပြီး ဝေဖန်ပေးကြပါဦး။ ဓါတ်ပုံပိုးက တော်တော် ဝင်နေပြီဗျာ။ ရှုခင်းပုံလေးတွေလည်း ရိုက်လာခဲ့ပေမယ့် မလှဘူးထင်လို့ မတင်လိုက်တော့ပါ။

 

 

အင်းလျား ကန်ဘောင်ပေါ်က ပန်းလေးတစ်ပွင့် (အမည်မသိ)။

 

အဖြူရောင်ပန်းတော။

 

 

ဆီဒိုးနား ဟိုတယ် ထဲမှာ စိုက်ထားတဲ့ ပန်းပွင့်လေးတွေ။

 

ကျွန်တော်ကတော့ လှတယ်ထင်နေတာ ပဲဗျာ။

 

ဒါလည်း ဟိုတယ်ရှေ့က ပန်းကလေးတွေပဲ။

 

နာမည်တော့ မသိပါဘူး။ စိတ်ဝင်စားလို့ ရိုက်ထားလိုက်တာ။

 

ငရုတ်ပင် ပုပုလေးလောက်ပဲ ရှိတဲ့ အပင်က ပွင့်တဲ့ ပန်းဖြူလေး။

 

အင်းလျား ကန်ဘောင်ပေါ်က ပန်းဝါဝါလေးတွေ။

 

လှတယ်လို့ ထင်တာပဲဗျာ ဟားဟား။

 

ခရမ်းရောင် ပန်းသေးသေးလေးတွေ။

 

အပွင့်တော့ မပွင့်ဘူး။ သူလည်း ဟိုတယ်ထဲ အလှစိုက်တဲ့ ပန်းပဲ။

 

ပန်းတော့ မဟုတ်ဘူး။ ဖီလင်လာတာနဲ့ ရိုက်ထားလိုက်မိတာ။

 

 

23 comments

  • manawphyulay

    October 16, 2011 at 3:51 pm

    အင်း ရိုက်ချက်တွေကတော့ ဓာတ်ပုံဆရာတွေတောင် ထိုင်ငိုသွားရမယ်။ ခုမှပဲ ဓာတ်ပုံရူးတွေ အချင်းချင်း တွေ့ဖြစ်တော့တယ်။ မနောလည်း အသေရိုက်တာ။ ဘာမှရိုက်စရာမရှိရင် ခြံထဲက ပန်းပင်တွေပဲ တစ်နေကုန်ရိုက်နေတော့တာ။

    • GreeNSheeP

      October 16, 2011 at 7:09 pm

      blackchaw တစ်ယောက်မလဲ အပေါ်က ကွန်မင့်ကြောင့် ဓာတ်ပုံရူး ဆိုတဲ့ ဘွဲ ့ထူး ကို ရသွားပါသည် ။
      blackchaw ကို လုပ်မစားသော ပရော်ဖက်ရှင်နယ် တစ်ယောက်ဟု ထင်မိပါသည် ။

  • windtalker

    October 16, 2011 at 5:35 pm

    အားပါး…တယ်လန်းတဲ့ ပုံတွေ ပါပဲဗျာ
    ကိုဘလက်ကြီး က ကိုပေါက်တို ့ကိုချို တို ့ကို ဆရာတင်တယ်သာပြောတယ်
    ပုံတွေရဲ ့လန်းချက်က သူတို ့လိုမျိုးပဲဗျာ
    ကြည့်ရတာ ကင်မရာပါရမီပါတယ် ထင်တယ်
    ကိုဘလက်ကြီး ကြည့်ရတာ
    လွင်မိုးကြေငြာထားတဲ့ ရေမွှေးစွတ်သွားပုံ ရတယ်
    “ကြည်ချင်ရင် ဖီလင်သုံး” တဲ့လေ..
    စတာနော် ကိုဘလက်

  • ဝေးလွင့်တိမ်

    October 16, 2011 at 6:42 pm

    လှတယ်ဗျာ ။ ရင်ကိုအေးသွားတာပဲ …. ။

  • kocho

    October 16, 2011 at 6:43 pm

    အားလုံးကိုကျော်ဖြတ် တဲ့ဆရာချော ပါဗျာ 😀

  • nakyaw

    October 16, 2011 at 6:57 pm

    ပန်းတွေက တော်တော်လှတယ်ဗျ၊ ရိုက်တဲ့သူ တော်တာလဲဖြစ်နိုင်တယ်။

  • ပေါက်ဖော်

    October 16, 2011 at 8:23 pm

    ဒါကတော့..
    ဦးချောကြီးရဲ့ ရိုက်ချက်ဖြစ်ပါတယ်ခင်ဗျ

    ကန်ဘောင်က ရိုက်ချက်တွေ..တိကျလွန်းလို ့..ပန်းဆို ပန်းတွေပဲ..
    ဆော်လှလှလေးတွေတောင်.တစ်ယောက်တလေ ညှပ်ပါမလာဘူး..
    ကွိ..ကွိ.

  • fatty

    October 16, 2011 at 8:37 pm

    အတော်ကောင်းတဲ့လက်ရာပါ …။
    ဘယ်ကင်မရာအမျိုးအစားသုံးလဲသိချင်ပါတယ် …။
    Manual လား Auto လားဆိုတာလဲ ခွဲခြားပေးစေလိုပါတယ် …။
    ကျနော်တော့အတော်သဘောကျပါတယ်ခင်ဗျား …..။
    composition လဲမှန်တာမို့ လက်သစ်တယောက်တော့မဖြစ်နိုင်ပါ ..။

  • weiwei

    October 16, 2011 at 8:58 pm

    ကျွန်မလဲ ပန်းမြင်ရင် ဓါတ်ပုံရိုက်ချင်စိတ် အမြဲပေါ်တယ် … ရိုက်ထားတာတွေ မနဲတော့ဘူး …
    ကို blackchaw ရိုက်ချက် ပုံလေးတွေလှတယ် … မြင်ရတာ စိတ်ချမ်းသာတယ် …

  • ဘလောချက်ရေ ပန်းလေးတွေလန်းသလို ပုံလေးတွေကလဲ လန်းပါတယ်။
    လှပတဲ့သဘာဝကို ဖော်ထုတ်ပေးလို့ ရတဲ့ ကြည်နူးမူ့က ဘာနဲ့မှမတူပါဘူး။
    ကို်ယ်တင်ပေးလိုက်တဲ့ပုံလေးကိုကြည့် မိသူ စိတ်ကြည်နူးသွားတယ်ဆိုရင် …………………

  • TTNU

    October 16, 2011 at 10:12 pm

    Blackchaw ရေ အင်းလျားကန်ဘောင်ပေါ်က ပန်းဝါဝါလေးတွေက ခရာဝါလို့ခေါ်တယ်။ကျုပ်ကြိုက်တယ်တော့။
    မောင်ရင့် ပုံ(၁)ကပန်းလေးတွေက အသက်ဝင်တယ်။ ကကြိုးဆင်တော့မဲ့ ကချေသည်လေးတွေကျနေတာပဲ။
    ဓာတ်ဆရာတော်လို့နေမှာ။

  • blackchaw

    October 17, 2011 at 9:11 am

    manawphyulay ပြောသလို ဓါတ်ပုံရူး တစ်ယောက်ပါ GreeNSheeP နဲ့ “ဝေးလွင့်တိမ်” နဲ့
    nakyaw ရေ။
    ကိုပေရေ။ ဒီနေ့ မနက် ဂဇက်ထဲဝင်လိုက်တော့ ကိုပေ့ ပို့စ်လေး အပေါ်ဆုံးနေရာကို
    သိမ်းပိုက်ထားတာတွေ့လိုက်ရတယ်။ ရေးဘော်ရေးဘက်တစ်ယောက်အနေနဲ့
    တကယ် ဂုဏ်ယူပါတယ်ဗျာ။ ဒီလိုပို့စ်လေးတွေကမှ ဂဇက် ရဲ့ အလှကို ပေါ်လွင်စေတာလို့
    ထင်ပါတယ်။ နောက်ထပ်လည်း ဒီလိုပို့စ်လေးတွေကို စောင့်ဖတ်ချင်တယ်ဗျာ။
    ကိုချို နဲ့ ကိုပေါက် ကို တကယ် ကျေးဇူးတင်ပါတယ်။ ကိုပေါက် ရဲ့ နေထွက်ချိန်ကို စောင့်ရိုက်တဲ့
    ပို့စ်လေး ဖတ်ပြီး ဖီလင်စဝင်လာတာပါ။ ကိုချို ရဲ့ ပန်းပုံလေးတွေက ဒီပို့စ် ဖြစ်စေမယ့် တွန်းအား
    ပါဗျာ။ ပုံလေးတွေက ဒီလောက်မဟုတ်သေးပါဘူး။
    ပေါက်ဖေါ်ကြီးရေ။ အဲဒီပန်းလေးတွေ အနားမှာပဲ ကောင်လေးနဲ့ ကောင်မလေး လွတ်ထွက်သွားမတတ်
    ဖက်ထားကြတယ်ဗျ။ ကျွန်တော့် ကိုတောင် ကင်မရာကိုင်ထားတော့ မိုက်ကြည့်ကြည့်
    နေသေးတယ်။ ဟားဟား။
    ကိုဖက်တီးရေ။ ဘလက်ချောတော့ ဓါတ်ပုံတွေပဲ စွတ်ရိုက်မိတော့မှာပဲဗျာ။
    ကိုဖက်တီးလို လူက ချီးကျူးတယ်ဆိုတော့လေ။
    ဓါတ်ပုံမှာတော့ တကယ့် လက်သစ်ပါဗျာ။ ကင်မရာက ဆိုနီ ဒီဂျစ်တယ် ကင်မရာလေးပါဗျာ။
    အိမ်သုံးကင်မရာလေးပါ။
    တီချယ်ကြီးရေ။ ကိုချို ရိုက်တဲ့ ပန်းပုံလေးတွေလိုပဲ။
    ဒီပုံလေးတွေကလည်း တီချယ်ကြီးအတွက်ပါဗျာ။
    စကားမစပ်ဗျာ။ ကျွန်တော်တို့ ကိုစိန်သော့ကြီး တစ်ယောက် ပျောက်နေတယ်ဗျာ။

    • windtalker

      October 17, 2011 at 1:34 pm

      ကျေးကျေး ပါ ကိုဘလက်ရေ
      17/10/11 နေ ့လည် ၁ နာရီ ကျော်မှ ဂေဇက်ကို ဝင်ဖြစ်ပါတယ်
      ခေါ်လိုက်တဲ့ စာမျက်နှာပေါ်ပေါ်လာချင်း
      ကိုယ့်ပို ့စ်လေး ဟာ ထိပ်ဆုံးမှာ ရောက်နေတဲ့ အတွက်
      အရမ်းဝမ်းသာပီတိ ဖြစ်မိပါတယ်
      တစ်ခါမှ ဒီလို အပေါ်နားမှာ မရောက်ခဲ့ဖူးလို ့ပါ

  • Diamond Key

    October 17, 2011 at 11:07 am

    သတိရနေတာ ကျေးဇူးဗျာ blackchaw၊
    နက်က မကောင်းလို့ ပုံလေးတွေ တင်မရတာ စိတ်များညစ်ပါတယ်၊ တတ်လဲ တတ်နို်င်ပါ။
    ရှိသေးကြောင်းတော့ မင့်လိုက်ပါတယ်။

  • etone

    October 17, 2011 at 2:55 pm

    ကိုချောကလက်ရေ (ခင်လို့ခေါ်တာပါ 😀 ) .. ပို့စ်ခေါင်းစဉ်ကြည့်ပြီး ကျွန်မက ဆန်းဆန်းပြားပြားတွေးမိတယ် … အင်းလျားကန်ဘောင်က ပန်းတွေဆိုလို့ … ဟိုကောင်မလေးတွေကို တင်စားတာမှတ်လို့ … ။ တကယ့်ပန်းတွေဖြစ်နေတော့ ကြည့်လို့ ပိုကောင်းသွားတယ် … ။ ဓါတ်ပုံပြိုင်ပွဲတွေဘာတွေ ဝင်ပြိုင်သင့်တယ်နော် …. ။

  • aungnng87

    October 17, 2011 at 4:42 pm

    ဘလက်ချောရေ..ပုံလေးတွေကလှတယ်နော….

  • pan pan

    October 17, 2011 at 4:49 pm

    ရွာထဲမှာ ဓါတ်ပုံဆရာတွေ များလာပြီ
    ဦးချောဓါတ်ပုံရိုက်တာလည်းလှတယ်
    ကျွန်မကိုလည်း ဂျနီဖာလိုပက်နဲ့တူအောင်ရိုက်ပေးပါ 🙄
    ဦးချောတော့မသိ၊ ကျွန်မတော့ နောက်ဆုံးပုံကစောင်းကောက်ကြီး အသံတကယ်ထွက်မထွက် စမ်းကြည့်ခဲ့မိမှာ :mrrgreen:

    • windtalker

      October 17, 2011 at 6:59 pm

      ပန်းလေးအတွက်
      ပေကိုယ်တိုင်
      သေချာရိုက်ပေးမှာ

      • ကြောင်ကြီး

        October 18, 2011 at 10:01 am

        ဟေ့ မောင်ပေ.. ပန်ပန်က ငါ့ညီမကွ။ ငါတို့တတွေ ဘင်္ဂလားလို မောင်နှမတော်တယ်။ 😳

      • pan pan

        October 18, 2011 at 10:37 am

        ဟားဟား ကိုပေကတော့ 😀
        ပေကိုယ်တိုင်သေချာရိုက်ပေးရင်
        ပေ့မိန်းမကလည်း သေချာရိုက်မှာ (ကိုပေ့ကို :mrgreen: 😆 )

  • moonpoem

    October 17, 2011 at 5:02 pm

    အင်းလျားကန်ဘောင်ကပန်းတွေချည်းပဲရိုက်ခဲ့တာလားကိုနက်ချောရယ်။အတွဲတွေကြားက ပွင့်နေတဲ့ပန်းတွေကိုရော အသစ်အဆန်းအနေနဲ ့ မရိုက်ခဲ့ဘူးလား။ရိုက်ခဲ့ရင်တော့ ကိုနက်ချောပါ တုတ်နဲ ့အရိုက်ခံရမယ်ထင်တယ်။ 🙂

  • blackchaw

    October 17, 2011 at 6:25 pm

    ဟားဟား ဘလက်ချောတစ်ယောက်
    ကွန်းမန့်များကို ဖတ်ပြီးသကာလ
    ဓါတ်ပုံဆရာစိတ်ပေါက်ပြီး
    ရူးသွပ်သွားပါကြောင်း………………။

  • ဒီရေ

    October 18, 2011 at 2:26 pm

    ပန်းလေးတွေကိုကြိုက်ပါတယ်
    ပြင်ဦးလွင်ရောက်ရင်လဲ ရိုက်ခဲ့ပါဦးနော်

Leave a Reply