“ဟင့်အင်း“ ပြောတတ်အောင် သင်ယူရဦးမယ်

နည်ရဲဇော်October 16, 20111min24918

ကျွန်တော်ဟာအားနာတတ်သူလား၊ ပျော့ညံ့တတ်သူလား။ နှစ်ခုစလုံးလည်းဖြစ်ချင်ဖြစ်မည်။ သေချာတာကတော့ လူမှုဆက်ဆံရေးမှာ “ဟင့်အင်း“ဟုပြောရမှာအင်မတန်ဝန်လေးတတ်သည်။ ဒါပေမယ့် အခါများစွာမှာ “ဟင့်အင်း“ငြင်းလိုက်မိပြီးမှ နောင်တ ရနေတတ်တာများလာတော့ ဒါကို ပြန်သုံးသပ်ကြည့်လာ ရတော့သည်။ တော်ရုံတန်ရုံ သိကျွမ်းသည့်မိတ်ဆွေ မင်္ဂလာဆောင်ကို လက်ဖွဲ့ပို့ပေးလိုက်လို့ရပါလျက် လမ်းမှာတွေ့မတော်တဆတွေ့ကာ လာဖြစ်အောင်လာခဲ့ဦးနော်ဆိုလို့ သတို့သားနှင့်သတို့သမီး လမ်းလျှောက်တာ၊ ရေခဲမုန့်ခွံ့ကျွေးတာကို ရွှေတွေသီးနေအောင်ဝတ်ထားသည့် အန်တီကြီးတွေအပြိုင်ကြွားကြတာသုံးနာရီလောက်ထိုင်ကြည့်ခဲ့ဖူးသည်။ အလှူတွေမှာ မုန့်ဟင်းခါးစားတဲ့အခါ အိမ်ကမနက်စာစားလာခဲ့ပြီးဖြစ်လို့ ဟန်မပျက် တစ်ပွဲလောက်စားပါလျက် “စားပါဦး။ ထပ်ထည့်ပါဦး။ အဝစားနော်မစားရင်စိတ်ဆိုးမှာ” ဟုပြောပြောဆိုဆိုနဲ့ပန်းကန်ထဲထည့်လာသည့်အခါ မကုန်ကုန်အောင်စားခဲ့ရတာမျိုးလည်းရှိသည်။ စာကြည့်နေတုန်း ရုပ်ရှင်သွားကြည့်ဖို့ခေါ်သည့် သူငယ်ချင်းကို တစ်ခါငြင်း၊ နှစ်ခါငြင်း၊ သုံးလးခါထပ်ခေါ်တော့ လိုက်သွားရတာမျိုးလည်းရှိသည်။

လူ့ဘဝမှာ “ဟင့်အင်း” ဟုမငြင်းရမည့်အခြေအနေမျိုးတွေလည်းအများကြီးရှိပါသည်။ ဒုက္ခရောက်နေသည့်မိတ်ဆွေ အကူအညီတောင်းလာသည့်အခါ ကိုယ်ကလည်း ကူညီနိုင်ပါက ငြင်းဖို့မသင့်ဘူးပေါ့။ လောကဝတ္တရား၊ မိသားစု ဝတ္တရား၊ အလုပ်ဝတ္တရားအရ ”NO” လို့ပြောမရသည်များကတော့ရှိသည်ပေါ့။ ဒါပေမယ့် သာမန်အရေးမပါသည့် ကိစ္စမျိုးတွေမှာ တစ်ခါတစ်ရံငြင်းလိုက်သင့်ပါလျက် ခေါင်းညိတ်လိုက်မိသည့်အခါ ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲမိတော့သည်။

ဘာကြောင့် ငြင်းဖို့ဝန်လေးရတာလဲဟု တကယ်တမ်းစဉ်းစားကြည့်လိုက်သည့်အခါ မိတ်ဆွေပျက်မှာစိုးလို့။ သူငယ်ချင်းစိတ်ဆိုးမှာစိုးလို့။ ကိုယ့်ကိုယ်မလေးစားမှာ၊ မခင်တော့မှာ စတဲ့စိုးရိမ်မှုပေါင်းများစွာဟာ “အားနာတယ်”ဆိုတဲ့စကားလုံးအရေ ခြုံထားတာလို့သာ ထင်တော့သည်။ ကြောက်စိတ်တစ်မျိုးဖြစ်သည်။ ဒါကြောင့်လည်း ကြာတော့အရပ်ထဲ၊ အလုပ်ထဲမှာ  အားနာတတ်သူ၊ ရေမြွေလေး၊ ရှော့မရှိတဲ့သူ ပုံစံပေါက်လာတော့သည်။

ဒါကိုရင်ဖွင့်တော့ ကိုယ့်ထက်အတွေ့အကြုံရင့်ကျက်သည့် မိတ်ဆွေအကိုကြီးတစ်ဦးကတော့ ဒီလိုဆုံးမသည်။
“ ဒီမှာကိုယ့်လူရဲ့။ “ဟင့်အင်း”လို့ငြင်းတတ်ဖို့ကလည်း အင်မတန်အရေးကြီးတယ်ဗျ။ တကယ်တော့ ခင်ဗျားကိုု တကယ်ချစ်တဲ့ ခင်တဲ့သူသာမှန်လျင် ကိုယ့်လူ ငြင်းလိုက်လို့ ခင်ဗျားအပေါ်အချစ်လျော့သွားစရာမရှိပါဘူး။ စိတ်ဆိုးရင်တောင်ခဏပဲဖြစ်မှာပါ။ သူတို့ပိုပြီးတော့တောင် ချစ်ခင်လေးစားလာဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ သူတို့အပေါ်မှာ အမှန်အတိုင်းပြောတတ်တဲ့သူ၊ စစ်မှန်တဲ့သူတစ်ယောက်လို့သိသွားလို့ပဲ။ လူတွေဟာ ကိုယ်လမ်းကျောင်းပေးတဲ့ပုံအတိုင်း ကိုယ့်ကိုပြန်ပြီးဆက်ဆံတတ်တယ်။ ခင်ဗျားက အမြဲတမ်း မငြင်းဘဲ “ဟုတ်ကဲ့” ချည်းသာလုပ်တတ်တဲ့သူဆိုရင် သူတို့ ခင်ဗျားဆီကနောက်တစ်ကြိမ်မှာ မျှော်လင့်ထားတဲ့အဖြေဟာလည်း “ဟုတ်ကဲ့” ပဲဖြစ်လိမ့်မယ်။ အမြဲတမ်း “YES” သာလုပ်နေရင် ကိုယ့်လူအပေါ်တန်ဖိုးထားမှုတောင် နည်းလာလိမ့်ဦးမယ်။ ငြင်းသင့်တဲ့ဟာကျရင်အားမနာနဲ့။ ငြင်းသာငြင်းပေတော့ဗျို့။”

ကျွန်တော်လည်း အဲဒီအချိန်ကစပြီး ငြင်းတတ်အောင်ကျိုးစားနေပါတော့တယ်။
++++++++++++++++++++++++++++++
“အစ်ကိုကြီးရှင့်။ ကျွန်မတို့ ကုန်ပစ္စည်းလေးအကြောင်း နည်းနည်းရှင်းပြချင်လို့ပါ”
“ဪ ညီမလေး။ အခုလောလောဆယ် အစ်ကို စာရေးနေလို့ပါကွယ်။ နောက်မှနော်. . . ”
“ခဏလေးပါ ရှင်။ ငါးမိနစ်လောက်ပါပဲ။”
“အစ်ကိုနဲ့ အလှကုန်ပစ္စည်းတွေနဲ့က ဘာမှ . . မဆိုင် . . ပါ . . . .”
“အစ်ကိုကြီးကလည်း အစ်ကို့အမျိုးသမီးအတွက်. .. ”
“ဪ . . . အေး . .ဒါဆိုလဲ. . .”

နည်ရဲဇော်
16-10-2011

18 comments

  • blackchaw

    October 16, 2011 at 2:32 pm

    မှန်ပါတယ် နည်ရဲဇော် ရေ။
    အားနာတတ်တာ အားနည်းချက်တစ်ခု လို့ထင်ပါတယ်။
    စိတ်ဓါတ်ပျော့ညံ့လို့ အားနာတတ်တာလား မသိပါဘူး။
    ကျွန်တော် လည်းခင်ဗျားလိုပဲ ငြင်းသင့်တာကို အားမနာပဲ
    ငြင်းနိုင်အောင်ကြိုးစားနေပါတယ် ဗျာ။ ကျေးဇူးပါ။

  • youngcat

    October 16, 2011 at 4:15 pm

    ကြောင်လတ်လည်းအားနာတတ်တဲလူစားမျိုးထဲပါတယ်။တခါတရံ လူတစ်ယောက်တောင်းဆိုတာကို
    အင်း ဟုတ်ကဲ့လုပ်မိပြီးမှ ဒီဟာကိုလုပ်ပေးဖို့မလွယ်တော့လုို့ မျက်နှာ ပျက်ပျက်နဲ့ပြန်ငြင်းရတာတွေ
    ရှိတယ်။ တခါတလေလဲ ကြိတ်မှိတ်ပြီးလိုက်လျော လိုက်ရတယ်။

    အားနာတတ်တာကောင်းတဲ့အခါလည်းရှိသဗျ။သူများအိမ်အလည်သွားတဲ့အချိန် တခုခုစားနေတဲ့အချိန်
    လာစားပါအုံးလို့ခေါ်ရင် နှစ်ခါလောက်တော့ငြင်းပါတယ်၊လောကွတ်လုပ်ပြီး သုံးခါလောက်ခေါ်လိုက်ရင်
    အားနာပြီးမငြင်းတော့ပဲဝင်စားလိုက်တာပါပဲ၊တကယ်ပါ။

    ကိုယ်စားသောက်နေတဲ့အချိန်ဧည့်သည်လာလို့ ဝင်စားဖို့ခေါ်ရင် နှစ်ခါလောက်ငြင်းတဲ့သူဆိုရင်
    အော် သူမစားချင်လို့ငြင်းနေတာပဲဆိုပြီး အားနာလို့ဆက်ပြီးမခေါ်တော့ပါဘူး၊ ဟီး…ဟီး….။

  • mayday

    October 16, 2011 at 4:42 pm

    အားနာလိုမပြောတာ ” အ “တယ်မထင်ပါနှင့်ဆိုတဲ့ ဆောင်ပုဒ်လေးလိုပေါ့

    ကျွန်တော်လဲ အားနာတတ်တဲ့ သူ တစ်ယောက်ပဲဗျ ။ ( ဆားဗက်သွား လိုက်ရင် ဖရီးကြီးပဲ 🙁 ) ။ အားနာရတဲ့အကြောင်းရင်း က သဘောကောင်းတဲ့ စိတ်လေးက စတယ် ထင်တာပဲဗျာ ။ ဟိုဘက် ကလဲ ကျေးဇူး ပဲဆိုတဲ့ စကားလေး တစ်လုံးနှင့်ပီးသွားရော် ။ ဟိုဘက် ကိုလဲ အပြစ်ပြောလို့ မရဘူးထင်တယ်ဗျ ။ ( အားနာတတ် တဲ့သူရဲ့ အပြစ်လိုပြောရမယ်ထင်တယ် ) ။ ကျွန်တော်က internet ဆိုင်မှာလာသုံးတဲ့(မခင် တခင် ) သူတွေဆီကဆို တောင်းရမှာအရမ်းအားနာတယ် ။ သူတို့ကလဲ အလိုက်သိသိ မပေးကြတော့ ကိုယ်ကပဲစိုက်ပေးလိုက်ရများပါတယ် ။ ( မစိုက်ပေးလဲ စာရင်းက ကွာမှာကို )
    ကိုနည်ရဲဇော် ပြောသလို “ဟင့်အင်း” ပြောတတ်အောင်တော့ အများကြီသင်ယူရအုံးမှာပါ၊

  • manawphyulay

    October 16, 2011 at 4:49 pm

    အားနာတယ်ဆိုတာလည်း သူ့နေရာနဲ့သူ ရှိပါတယ်။ ကိုယ်တိုင်က မကူညီနိုင်တဲ့အခါမျီုးတွေမှာ ဟင့်အင်းလို့ ပြောလိုက်တာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ကူညီသင့်တယ်လို့ထင်ရင်တော့ မအားလည်း ရေဆုံးရေဖျား ကူညီလိုက်တာ အကောင်းဆုံးပဲ။ အင်းနဲ့ ဟင့်အင်းက နှစ်မျိုးပေမယ့် သူ့နေရာနဲ့သူ သုံးလိုက်ရင် မိတ်ဆွေစစ်တွေ တိုးပွားလာလိမ့်မယ်လို့ မနော ရဲရဲကြီး အာမခံပါတယ်။ တကယ်မခင်တဲ့သူကတော့ နည်းနည်းလေး စကားမှားလည်း မခေါ်မပြောနိုင်တွေ ဖြစ်တတ်ကြတာ ကြုံဖူးပါတယ်။ ဒါပေမယ့်လည်း ကိုယ်ကခွင့်လွှတ်လိုက်ရင် အေးချမ်းလှပါတယ်ရှင်။

  • windtalker

    October 16, 2011 at 5:24 pm

    ကိုနည်ရဲဇော် ရဲ ့ပို ့စ်ကို ဖတ်အပြီး
    မောင်ပေ အမြဲတမ်း “ဟင့်အင်း” လို ့ငြင်းခဲ့သော၊ငြင်းမည်ဖြစ်သော
    ဖြစ်ရပ်လေးများကို ပြန်လည် ရေးပြချင်ပါသည် ။
    xxxxxxxxxxxxxxxxxxxxxxxxxxxxxx
    “ ညီလေး ဒီထိုင်ခုံ ” လူရှိ ” လား ”
    “ ဟင့်အင်း…မသိဘူးဗျ ”
    xxxxxxxxxxxxxxxxxxxxxxxxxxxxxx
    “ အကိုရေ..နောက်အင်္ဂ ါအားလားဗျ ”
    “ ဟင့်အင်း ၊ ရှေ ့အင်္ဂ ါပဲအားတယ်ဗျ (လာမည့် အပါတ်အင်္ဂ ါနေ ့ကို ဆိုလိုပါသည်) ”

  • ညီလေး နီရဲဇော်ရေ
    အကိုကတော့ လူမိုက်ပြောပြော ဘယ်လိုဘဲသတ်မှတ်သတ်မှတ် မလိုလားအပ်တဲ့
    ကိစ္စများအတွက် အားမနာတမ်းငြင်းပယ်ဘို့အတွက်
    ဟင့်အင်း ဆိုတာကို သင်ထားရုံတင်မကဘူး လွယ်လွယ်ကူကူပြောနိုင်အောင်ကို လေ့ကျင့်ထားပါတယ်။
    ကိုယ်မလုပ်နိုင်တဲ့ကိစ္စအတွက် ဟင့်အင်းလို့ငြင်းဘို့ဝန်မလေးသလို
    လူလူခြင်းပေါင်းသင်းဆက်ဆံရာမှာလဲ ကိုယ်နဲ့အဆင်မပြောလောက်ဘူးလို့ စိတ်ထဲမှာခံစားရရင်
    တစ်ခါတည်းကို ဟင့်အင်း လိုက်တော့စိတ်ထဲမှာေ နရထိုင်ရတာ စိတ်ရှင်းတယ်ကိုယ့်လူ။
    အားနာလို့ ဆိုပြီး မလုပ်ချင်ဘဲ လုပ်ရ မဆက်ဆံချင်ဘဲ ကျိတ်မှိတ်ပြီးဆက်ဆံနေရတာထက်စာရင်
    ဟင့်အင်းလို့ ငြင်းထဲ့လိုက်တာ တစ်ခါတည်းကိစ္စပြီးတယ်။
    ဒါကတော့ ကိုပေါက်ဝါဒလို့ပြောရင်လဲရပါတယ်။
    သူများအတွက်တော့ မှန်ချင်မှလဲမှန်မှာပေါ့။
    ကျနော့်အတွက်တော့ မှန်တယ်။
    ဟင့်အင်း………………သုံးသင့်တဲ့နေရာမှာ ပြတ်ပြတ်သားသား သုံးရမယ်နော်

    • နည်ရဲဇော်

      October 17, 2011 at 12:17 pm

      ဟုတ်တယ်ကိုပေါက်ရေ။ ကျွန်တော်လည်းအဲဒီလိုခံစားရလို့ အခုကစပြီး ငြင်းသင့်တာကိုငြင်းဖို့ ကျိုးစားနေပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်တော့မအောင်မြင်သေးဘူး။

  • kyeemite

    October 17, 2011 at 10:46 am

    ငြင်းပယ်ချင်း၏အလှ..ဆိုတဲ့စာအုပ်လေးဖတ်ဘူးတယ်..ဆရာမောင်ကြည်သစ်ရေးတာလို့ထင်တယ်..
    ရှာလို့လွယ်ရင်ဖတ်ကြည့်ကြစေချင်ပါတယ်…ဒသန.ပေါ့

  • unclegyi1974

    October 17, 2011 at 11:22 am

    အိတုန်မဖုန်းထဲမှတ်ထားတာလည်းကောင်းတာတဲ့အကြံပဲ
    ဒါကနောက်ကျအသုံးဝင်တယ်
    အကောင်းဆုံးကကိုကြောင်ကြီးပေးတဲ့အကြံကို
    ယခုဆောင်းပါးအတွက်ကောင်းဆုံးအကြံအဖြစ်ရွေးချယ်ပေးလိုက်ပါတယ်
    ဆုယူရန်မောင်ကြောင်ကြွရောက်ဖို့ဖိတ်ခေါ်ပါတယ်

    ကားသမားကောတခြားလူတွေကောစိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့လိုနေတာအမှန်ပါဗျာ

    • etone

      October 17, 2011 at 1:09 pm

      အန်ကယ်ကြီးနေရာမှားပြီး လာရေးပီ ဟီးဟီး 😀

  • etone

    October 17, 2011 at 1:11 pm

    အားနာတတ်တဲ့ လူက အခွင့်ကောင်းယူတတ်တဲ့ လူနဲ့တွေ့လျှင် မရှုမလှခံရတာပါပဲ … ။
    အားနာသင့်တဲ့ နေရာမှာပဲ အားနာပါ … ။ ကိုယ်အဆင်မပြေတာကြီးကို ယောင်ရမ်းပြီး အားနာမယ်ဆိုလျှင် … ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေတော့မယ် ။

  • mgmaung

    October 17, 2011 at 6:25 pm

    အားနာတယ်ဆိုတာ virus တစ်မျိုးပဲ/
    ဒီ virus ဝင်နေလို့ အားနာနေကြတာ အဲဒါ မြန်မာ/
    ဆင်ခြင်ဉာဏ် antivirus software နဲ့ သတ်
    သေရင် ဘယ်တော့မှ အားမနာ/

  • unclegyi1974

    October 17, 2011 at 10:22 pm

    အိတုန်မရေနေရာမှားပြီးရေးတာမဟုတ်ဖူးဟေ့
    ကွန်ချက်ကမကောင်းတော့ဘက်ဂီယာထိုးပြီးပြန်ဆုတ်တာရောက်ချင်ရာရောက်ကုန်တာဟေ့

  • MaMa

    October 18, 2011 at 6:32 am

    အားနာသင့်တဲ့ နေရာမှာ အားနာပြီး အားမနာသင့်တဲ့နေရာဆိုရင်တော့ ပြတ်သားဖို့ လိုပါတယ်။ အားနာရင် ခါးပါတယ် ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ။

  • တစ်ခါတစ်လေမှာ သူမှားနေတာကို သူပြောတာ မဖြစ်နိုင်တာကို အားနာပြီး “ဟုတ်ကဲ့ပါ”
    လုပ်လိုက်ရင်
    အဲဒီမှားနေတဲ့လူက သူမှန်တယ်ပဲထင်နေတတ်တယ်။
    ပြတ်ပြတ်သားသား နဲ့ “ဟင့်အင်း”လုပ်မှ
    အဲဒီလူက သူမှားတာကို ရိပ်မိမယ်လေ။
    ပြောသာပြောတာ တစ်ချို့က ကိုယ်ဘာမှားသွားလဲ မစဉ်းစားဘဲ
    မလိုက်လျှောတဲ့သူ ဟင့်အင်း ငြင်းတဲ့သူကတောင် သဘောထားမကြီးသူလို့ အမည်ဆိုးတတ်ခံရတယ်ဗျာ။
    ဒါပေမယ့် ပြတ်သားသင့်ရင် ပြတ်သားတာ နောင်သံသရာမရှည်တော့ဘူး။
    ကောင်းတယ်၊

    • windtalker

      October 22, 2011 at 9:36 pm

      တစ်ချို ့ကြတော့ လည်း
      ကိုယ့်ကိုကိုယ် ဘာမှလည်း မဟုတ်ဘဲနဲ ့
      ကိုယ်၌အစွမ်းရှိလား ဆိုတော့ လည်း မရှိပဲနဲ ့
      ဇွတ်ကို အထင်တွေကြီးတတ်တာကလား
      “ဖွတ်မိချောင်းဖြစ်” အပေါက်မျိုးလာလုပ်ရင်တော့
      “မြစ်မချမ်းသာ” မဖြစ်ရလေအောင်
      ကိုပေါက်ပြောသလို သံသရာမရှည်ဖို ့ပြတ်ပြတ်သားသားလုပ်ရမှာပဲ

  • iris21

    October 18, 2011 at 9:41 am

    တချို.သူတွေက တစ်ခါဟင်.အင်းလိုက်ရင် အခါတစ်ရာလောက် ကူညီခဲ.တာကိုမေ.ပစ်နိုင်ကြပါတယ်…..
    ဒါကြောင်. ဟင်.အင်းခဏတိုင်း သုံးဖို. အားမနာတတ်တော.ဘူးပေါ..

Leave a Reply