မှတ်သားဖွယ်ရာအဆိုအမိန့်အချို့-၃

ကြောင်လတ်October 16, 20114min801

(ယ)

(၁၀၁)  ယုန်အိပ်နေတုန်း လိပ်က ပြိုင်ပွဲကိုအနိုင်ရတယ်။

The tortoise wins the race while the hare is sleeping.

(၁၀၂)  ယောကျားဟာ အိမ်ထောင်ပြုသောအခါ ဒုက္ခစရောက်တော့၏။

When a man marries, his trouble begins.

(ရ)

(၁၀၃) ရောင်းသူမိုက်တာထက် ဝယ်သူမိုက်တာပိုများတယ်။

There are mare foolish buyers than foolish sellers.

(၁၀၄)  ရိုးသားတဲ့သူတွေဟာစောစောလက်ထပ်ကြတယ်၊ပညာရှိတဲ့သူတွေဟာလုံးဝလက်မထပ်ကြဘူး။

Honesty men marry soon, wise man not at all.

(၁၀၅)  ရသစာပေဆိုတာအနှစ်သာရကင်းမဲ့သောစကားလုံးတွေကိုသံစုံတီးခတ်ထားခြင်းသာဖြစ်တယ်။

Literature is the orchestration of platitudes.

(၁၀၆)  ရူးတယ်ဆိုသော်လည်း ရူးတာမှာလည်းနည်းလမ်းရှိတာပဲ။

Though this be madness yet there is method in’t.

(၁၀၇)   ရိုးရိုးကျင့်မြင့်မြင့်ကြံဆိုတဲ့သဘောတရားမရှိတော့ပါလား။

Plain living and High thinking is no more.

(၁၀၈)  ရန်သူမရှိတဲ့သူမရှိပါ။

No man is without enemy.

(၁၀၉)  ရန်သူတစ်ယောက်ရှိတာများလွန်းတယ်။

One enemy is too much.

 

(၁၁၀)   ရလေလိုလေဆိုပေမဲ့ ငါ့စိတ်က လောဘကိုအစဉ်တားမြစ်နေတယ်။

Though much I want which most would have yet still my mind forbid to crave.

(လ)

(၁၁၁)   လူချမ်းသာဆိုတာဟာလဲ ပါးစပ်တစ်ပေါက်နဲ့စားတာပါပဲ။

The rich can only eat with one mouth.

(၁၁၂)  လူတစ်ယောက်ရဲ့စည်းစိမ်ဥစ္စာဟာသူ့ရဲ့ရန်သူပဲ။

A man’s wealth is his enemy.

(၁၁၃)  လက်အိပ်စွပ်ထားတဲ့ကြောင်ကြွက်မဖမ်းနိုင်။

A cat in gloves catches no mice.

(၁၁၄)  လူငယ်ဟာမျှော်လင့်ချက်နဲ့အသက်ရှင်တယ်၊

သက်ကြီးရွယ်အိုဟာ တမ်းတသတိရခြင်းနဲ့အသက်ရှင်တယ်။

Youth live on hope, old age on remembrance.

(၁၁၅)  လွတ်လပ်ခွင့်ဟာအမြစ်စွဲပြီဆိုရင် ရှင်သန်ဖို့လျှင်မြန်တဲ့အပင်လေးပါ။

Liberty, when it begins to take root, is a plant of repaid growth.

(၁၁၆)  လူဖန်တီးတာကို လူလုပ်နိုင်တယ်။

What man has done man can do.

(၁၁၇)  လုပ်အားဟာအရာရာကိုအောင်နိုင်တယ်။

Labour conquers everything.

(၁၁၈)  လူဆိုတာ တိရိစ္ဆာန်နဲ့ ဥတ္တမ ပုရိသတို့ကြားမှာ ဆက်သွယ်ထားတဲ့ကြိုးတစ်ချောင်းပါ။

Man is a rope connecting animals and Superman.

(၁၁၉)  လူသည်မွန်မြတ်သောတိရိ စ ္ဆာန်တစ်ခုဖြစ်သည်။

Man is a novel animal.

(၁၂၀)  လူသားသည်အရာခပ်သိမ်း၏ အတိုင်းအတာဖြစ်သည်။

Man is the measure of all things.

(၁၂၁)  လူကြီးတွေဟာ ပိုကြီးသောရှင်သန်မှုရဲ့ကလေးတွေပဲ။

Men are but children of a larger growth.

(၁၂၂)  လူတစ်ယောက်ကိုမင်းတသက်လုံးချစ်ခင်နေမှာပါဆိုတဲ့စကားဟာ မင်းထွန်းညှိထားတဲ့

ဖရောင်းတိုင်ဟာမင်းအသက်ရှင်သမျှကာလပတ်လုံး မီးလင်းနေမယ်လို့ပြောတာနဲ့အတူတူပါပဲ။

To say that you can love a person all your life is just like saying that one candle will continue burning as long as you live.

(၁၂၃)  လူတိုင်းဟာသူချစ်တဲ့အရာကိုသတ်ဖြတ်နေကြတာပါ။

Yet each man kills the thing he loves.

(၁၂၄)  “လွတ်လပ်ခွင့်အတွက်လမ်းထွင်ကြ” သူကြွေးကြော်ခဲ့ပေ။

လွတ်လပ်ရေးအတွက် လမ်းဖောက်ရင်းပဲသူသေ။

“Make way for liberty” he cried, Made way for liberty, and he die.

(၁၂၅)  လက်ထဲမှာအေကောင်းဆုံးဖဲချပ်ရထားတာကို အကောင်းဆုံးလို့မခေါ်ဘူး၊

ဘယ်အချိန်အိမ်ထပြန်ရမလဲဆိုတာကိုသိမှကံကောင်းတယ်ခေါ်တာ။

True luck consists not in holding the best of the cards at the table,

Luckiest he who know just when to rise and go home.

(၁၂၆)  လူသာလျှင် သတ္တဝါတို့အနက်ရှက်တတ်သောသတ္တဝါဖြစ်သည်။

Man is the only animal that blushes.

(၁၂၇)  လူ၏ လူအပေါ် လူမဆန်သော အပြုအမူဟာ အဆိုးဆုံးသော သောကကိုဖြစ်စေတယ်။

Man’s in humanity to man, make countless thousands mourn.

(၁၂၈)  လူတစ်ယောက်နှစ်ခါသေရိုးမရှိ။

One cannot die twice.

(၁၂၉)  လက်ထဲကငှက်တစ်ကောင်ဟာ ခြုံထဲကငှက်နှစ်ကောင်နဲ့ညီမျှတယ်။

A bird in the hand is worth two birds in bush.

(၁၃၀)  လူဟာသူ့အကြောင်းကံရဲ့ ဗိသုကာ ပဲဖြစ်တယ်။

Man is the architect of his own fortune.

(၁၃၁)  လူမိုက်နှင့်ငွေအတူမနေ။

A foolish and his money soon parted.

(၁၃၂)  လူနှစ်ယောက်မြင်းတစ်ကောင်ကိုစီးရင် တစ်ယောက်ကတော့နောက်ကထိုင်ရမှာပဲ။

If two men ride a horse, one must ride behind.

(၁၃၃)  လိမ်နေတာကိုသိရက်နဲ့သူ့စကားကိုငါယုံနေတယ်။

I do believe her, though I know she lie.

(၀)

(၁၃၄)  ဝမ်းနည်းစရာ ဆိုတာမခေါ်ပဲရောက်လာတတ်တဲ့အရာမျိုးဖြစ်တယ်။

Sorrow comes unset for.

(၁၃၅)  ဝိဉာဏ်နှစ်ခုဆိုပေမဲ့ အတွေးကတော့တစ်ခုတည်း။အသည်းနှလုံးကလည်းတစ်ခုတည်းခုန်နေတယ်။

Two souls with but a single though, two hearts that beat as one.

(သ)

(၁၃၆) သေခြင်းတရားဟာလူတိုင်းကိုတပြေးညီညှိပေးတယ်။

Death is the great leveler.

 

 

(၁၃၇)  သတိထားခြင်းဟာ စိတ်ချလုံခြုံမှုရဲ့အမိအဖဖြစ်တယ်။

Caution is the parent of safety.

(၁၃၈)  သတိရပြီးဝမ်းနည်းနေတာထက် မေ့ပြီးပြုံနေတာကပိုကောင်းတယ်။

Better by for you should forget and smile than that you should remember and be sad.

(၁၃၉)  သောကတွေရောက်လာပြီဆိုရင်တစ်ခုတည်းဘယ်တော့မှမလာဘူး။

When sorrows come they comes not single spies.

(၁၄၀)  သစ်ပင်ထက်ကသစ်ရွက်တူစွာ လူ့ဘဝဟာ၊

နုပျိုစဉ်ခါစိမ်းလန်း  ညှိုးနွမ်းတော့ ကြွေကျ မြေခရရှာ ။

Likes leaves on trees the race of man is found;

Now green in youth, now within on

(၁၄၁)  သီလရှိတယ်ဆိုတာ ကံပြုပြီးရင် စိတ်ချမ်းသာတာကိုခေါ်တာဖြစ်ပြီး၊

သီလပျက်တယ်ဆိုတာ ကံပြုပြီးရင်စိတ်မချမ်းသာတာကိုခေါ်တာဖြစ်တယ်။

What is moral is what you feel good after, and what is immoral is what you feel bad after.

(၁၄၂)  သဘာဝကိုဆန့်ကျင်ပြီးပြုလုပ်သူဟာမိမိကိုယ်ကို ပြန်ပြီးတော့ထိခိုက်တတ်တယ်။

Who spits against the wind, fouls his own shirt.

(၁၄၃)  သဘာဝတရားဟာခုန်ကျော်ဖြစ်ပွားခြင်းမရှိဘူး။

(၁၄၄)  သတ္တဝါတွေရဲ့နားမှာအချိုသာဆုံးဟာ မိခင်ရယ်၊အိမ်ရယ်၊သုခဘုံ တွေမှာကြားရတဲ့အသံရယ်ဖြစ်တယ်။

The sweetest sounds to mortals given are heard in Mother, Home and Heaven.

Nature does not proceed by leaps.

(၁၄၅)  သင်ကြားဖို့ရာအသက်ကြီးတယ်ဘယ်တော့မှမရှိ၊ပြန်လှည့်ဖို့ရာဘယ်တော့မှနောက်ကျတယ်မရှိ။

Never too old to learn; never too late to turn.

(၁၄၆) သဘာဝတရာနဲ့တစ်ကြိမ်ထိတွေ့လိုက်ရင်တလောကလုံးနဲ့အလွမ်းသင့်သွားတယ်။

One touch of nature makes the whole world kin.

(၁၄၇) သနားခြင်းဟာချစ်ခြင်းရဲ့အစဦးပဲ။

Pity is a kind to love.

(၁၄၈)  သုံးသင့်တာထက်ပိုသုံးတဲ့သူဟာ သုံးရမည့်အခါသုံးစရာမရှိ။

Who spends more he should, shall not have to spend when he would.

(၁၄၉)  သူကောင်းမှကိုယ်ကောင်း။

Do unto others as you would they would unto you.

(၁၅၀)  သိပ္ပံပညာဟာ သိလိုစိတ်ကစပြီး တတ်သိနားလည်မှုမှာဆုံးတယ်။

Wonder is the seed of science.

One comment

  • youngcat

    October 17, 2011 at 2:15 pm

    (၁၄၃) သဘာဝတရားဟာခုန်ကျော်ဖြစ်ပွားခြင်းမရှိဘူး။
    Nature does not proceed by leaps.

    စာကြောင်းကျော်သွားလို့ပါ။
    စာလုံးပေါင်းနှင့် အခြားအမှားအယွင်းများပါလျှင်ပြင်ဆင်ပေးကြပါ။

Leave a Reply