စေလိုရာစေ

unyuntsoeOctober 16, 20111min1026

ငယ်စဉ်တောင်ကျေး ကလေးဘဝ လူလားမြောက်စ အချိန်မှစ၍ သင်ယူခြင်းကို စတင်ခဲ့သည်။

သင်ယူခြင်းသည် တနေ့ပြီးတနေ့ ၊ တလပြီးတလ၊ တစ်နှစ်ပြီးတစ်နှစ် သင်ယူခြင်းများစွာ ရှိခဲ့ကြပေသည်။

သင်ယူသော သင်ခန်းစာသည် ကျောင်းသားများအားလုံး တစ်နေရာနှင့်တစ်နေရာ မတူကွဲပြားစွာ သင်ယူ

မှတ်သားကြပြီး အတန်းတက်ရန်အတွက် သတ်မှတ်သော စံချိန်စံညွှန်းအရ ဘွဲ့အသီးသီးရရှိခဲ့ကြပေပြီ။

ဘွဲ့အသီးသီးတွင် ပညာရှင် နှင့်ဆိုင်သော ဒေါက်တာဘွဲ့များ၊ ဆေးကုသခြင်းနှင့်ဆိုင်သော ဒေါက်တာဘွဲ့

များ၊ ဆောက်လုပ်ရေး၊ ပြင်ဆင်ရေး၊ ပုံပြုရေး၊ ဆက်သွယ်ရေးနှင့်ဆိုင်သော အင်ဂျင်နီယာဘွဲ့များ မတူကွဲပြား

စွာ လေ့လာသင်ယူ ပြီးမြောက်ကြသူများ ရှိကြပေသည်။ အချို့ကားနိုင်ငံခြားတွင်တာဝန်ထမ်းဆောင်၍ အများစုမှာ

မိမိနိုင်ငံတွင် တာဝန်ထမ်းပြီး နိုင်ငံရိပ်က္ခာလစာဖြင့် မိသားစုစားဝတ်နေရေး လောက်ငှပါက လှူဒါန်းပေးကမ်းစွန့်ကျဲခြင်း၊

လစာနည်းပါက မိမိဝင်ငွေတွက်ချက်၍ ခြိုးခြံချွေတာခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ မိမိတို့မြန်မာမှုဘဝအတွက်

တန်ဖိုးထားခြင်းမိမိနိုင်ငံအတွင်း စေလိုရာစေသွားရောက်တာဝန် ထမ်းရွက်ကြပေသည်။ ဝန်ထမ်းသဘောသဘာဝအရ

ပြည်နယ် ၊တိုင်းဒေသ၊ရှေ့တန်း၊ နောက်တန်းစေလိုရာစေ လွှတ်သည့်နေရာသို့ ပြောင်းရွှေ့သွားလာကြရပေသည်။

မြို့ကြီးများတွင်တာဝန်ကျသူများ၊ မြို့လတ်များတွင်တာဝန်ကျသူများ၊ မြို့ငယ်များတွင် တာဝန်ကျသူများ တာဝန်အလိုက်

ကျရာဒေသစွမ်းစွမ်းတမံ ၊ ကြိုးကြိုးစားစား၊နိုးကြားစွာ သွားကြလာကြ အလုပ်လုပ်ကြရသည်မှာ ဝန်ထမ်းများ၏ သဘာဝပင်ဖြစ်ပါသည်။

သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ၊ ဘုံလုံတလှည့် ငါးပျံတလှည့် ၊ အနိမ့်အမြင့်၊ အဆင့်အတန်း ကွဲပြားခြားနားသော နေရာပေါ်မူတည်၍

ကွဲပြားခြားနားမှုသည်လည်း များစွာရှိကြပေလိမ့်မည်။ တူညီသောအချက်မှာ ကျွန်ုပ်တို့အားလုံး နိုင်ငံဝန်ထမ်းဟူသမျှ နိုင်ငံတော်၏ ရိက္ခာ

လစာဖြင့်မိမိ နိုင်ငံ၏ အကျိုးကို သယ်ပိုးထမ်းရွက်ရန် တာဝန်ရှိသည့်အလျှောက် တာဝန်ကျေပြွန်အောင် စေလိုရာစေ ရောက်အောင်

သွား၊ မြင်အောင်ကြည့်၊ သိအောင်လေ့လာ၊ အောင်မြင်အောင်ဆောင်ရွက်မှသာ ဝန်ထမ်းဘဝတာဝန်သည် ကျေပြွန်ပေသည်။

ထိုသို့ ကျေပြွန်အောင်ဆောင်ရွက်မှသာ ဆင့်ကဲဆင့်ကဲ တာဝန်ခံသော တာဝန်ရှိသူတို့၏ အသိအမှတ်ပြုခြင်း၊ ယုံကြည်ခြင်း၊

တန်ဖိုးထားခြင်း၊ တဆင့်မှတဆင့် လုပ်သက် အဆင့်နှင့်အတူ မြင့်တက်သောရာထူး တက်လှမ်း၍ ဆွတ်ခူးနိုင်ပေမည်။ ထို့ကြောင့်

မှန်ကန်သောအသိ၊ တည်ကြည်သော စိတ်ထား၊ ယုံကြည်သော စိတ်ဓါတ်ဖြင့် ဝန်ထမ်းဟူသမျှ ကျိုးစားတာဝန်ထမ်းဆောင်မှသာ

စေလိုရာခရီးကို မတွန့်မဆုတ်၊ မကြောက်မရွံ့ သွားရောက် နိုင်ကြပါသည်။ ယခုအခါ နယ်မြေဒေသအသီးသီးတွင် နှစ်လရှည်ကြာ

စွာ တာဝန်ထမ်းဆောင်နေသော အလုပ်အတူ သူငယ်ချင်းများ၊ အုပ်ချုပ်ရေးနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်မှုသည်

အုပ်ချုပ်ရေးသဘောသဘာဝအရ သုံးနှစ် ဝန်းကျင်သာ နေထိုင်တာဝန်ထမ်းဆောင်ပြီး သုံးနှစ်ကျော်လာသည်နှင့်အမျှ အုပ်ချုပ်ရေး

သမားဘဝ အုပ်ချုပ်သူ၏ စီမံခန့်ခွဲမှု တစိတ်တဒေသ ပွန်းပဲ့ ထိခိုက် စေတတ်ခြင်းကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပြောင်းအလဲ

များ၊ အရွေ့အပြောင်းများ ပြုလုပ်ခြင်းသည် အုပ်ချုပ်မှု၏ ကြီးမားသော မျှော်မြင်တွေးခေါ်မှု အရပုံစံတကျ ဆောင်ရွက်လေ့ ဆောင်ရွက်ထ

ရှိသော အုပ်ချုပ်ရေးသဘောသဘာဝဖြစ်ပါသည်။ သတင်းကျွတ်ပြီ မီးပုံးပျံလွှတ်ရအောင် ……. စသည့် ကလေးဘဝအတန်းစာနေရာတွင်

သတင်းကျွတ်ပြီ စေလိုရာစေသွားရအောင် ရောက်ရာနေရာဌာနမှ လွှဲပြောင်း၊ လက်ခံ မှုများပြုလုပ်၍ အသစ်အသစ်သော နေရာ

များသို့ မတွန့်မဆုတ်၊ မရွံ့မကြောက် တာဝန်ထမ်းရန် သွားရောက်ချိန်ကျရောက်ခဲ့ပေပြီ။ မြန်မာလိုလမှာ သီတင်းကျွတ်လ။ ယခုနှစ်

အင်္ဂလိပ်လအရ အောက်တိုဘာလဖြစ်ပါသည်။ ပြောင်းရွှေ့သွားလာရေးအမိန့်များ ထွက်ပေါ်လာခဲ့ချေပြီ။ ရောက်တဲ့နေရာ ကိုယ့်မြို့ပါပဲ၊ အဲဒီမြို့နယ်ထဲ

ရွာတွေထဲ၊ ရပ်ကွက်တွေထဲ၊ လမ်းကြိုလမ်းကြား အမှိုက်များစွန့်ပြစ်မှုမှ အစ သတိနဲ့ကြည့်၊ သတိနဲ့သွား စီမံခန့်ခွဲမှုတာဝန်များ ညွှန်ကြား

ချက်များလေ တာဝန်ရှိလေ၊ တာဝန်သိသူအတွက် တာဝန်သည် ပိုရှိပါသည်။ စိုက်ရေးပျိုးရေး၊ မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံအပါအဝင်

စီမံကိန်းလျာထားချက်များချ၍ အောက်ခြေအထိဆင်း ဆောင်ရွက်ရပေသည်။ နယ်မြေဒေသ ဖွံ့ဖြိုးမှု ပေတံများဖြစ်သော လမ်းပမ်းဆက်သွယ်ရေး

ကောင်းမွန်မှု၊ စိုက်ပျိုးရေ သောက်သုံးရေ ပေါများမှု၊ မြေသယံဇာတ အခြေခံကောင်းမှု၊ သဘာဝရုပ်ပတ်ဝန်းကျင်၊ ရာသီဥတု ညီညွတ်မျှတမှု

စသည့် အချက်များသည် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး အခြေခံများဖြစ်ပါသည်။ ထိုအရင်းအမြစ်များသည် တနေရာနှင့်တနေရာ၊

တမြို့နှင့်တမြို့ တူညီကြလိမ့်မည်မဟုတ်ပါ။ တူညီသောအချက်မှာ ဝန်ထမ်းဟူသမျှ အမိန့်စာ ထွက်သည့်အခါ မိမိတာဝန်ကျရာသို့

သွားရန်တာဝန်သည် တူညီသောအချက်ပင်ဖြစ်ပါသည်။

ကိုစိုးလူတို့ ဇီးကုန်းနေရာက အခြားတနေရာကို အောက်တိုဘာလဝက်မှာပဲ အမိန့်စာထွက်သည်အကြောင်းသိရ၍

သူငယ်ချင်းများသို့ သွားပါဦးမည်ဟု  အင်တာနက်မှ  နှုတ်ဆက်လိုက်ပါသည်။

ရွှေရည်စိုး (၁၆.၁၀.၂၀၁၁)

6 comments

  • TTNU

    October 16, 2011 at 11:46 pm

    ဆရာစိုး
    တစ်နေရာရာ ပြောင်းသွားပေမဲ့ MG ထဲကမိတ်ဆွေတွေ ကို သတိရရင်
    အင်တာနက်ရတဲ့ နေရာရောက်ရင် ပြန်ဆက်သွယ်ပါနော်။
    Postတွေဆက်ရေးပါဦ။
    Good luck နော်။

  • kai

    October 17, 2011 at 5:15 am

    တွံတေးသိန်းတန်ရဲ့.. အသီးတစ်ရာ အညှာတခု သီချင်းလို ပေါ့..
    နိုင်ငံ့တာဝန်တွေဆက်လက်ထမ်းပါဦးနော…

    ဆက်တွေ့ကြတာပေါ့… 😀

  • ကြောင်ကြီး

    October 17, 2011 at 7:51 am

    ဆရာစိုးလူ
    ပဏ္ဏာထိုးကူ
    တရာဖိုးလှူ
    မကြာဂိုးယူ..။ :mrgreen:

  • aungnng87

    October 17, 2011 at 4:50 pm

    ဂုဏ်ယူပါတယ်ကိုစိုးလူ.။ နိုင်ငံတာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ပါစေ….

  • windtalker

    October 17, 2011 at 7:50 pm

    သူ ့ဆန်စား ရဲ ရမှာ ပဲ ဘိုစိုး
    အဆင်ပြေပါစေဗျာ

  • နုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ်
    လမ်းရဲ့သယ်ဆောင်ရာဟို အဝေးကို အဝေးကို………………
    သွားလေသူ ခင်ဝမ်းက နုတ်ဆက်ခဲ့တာလေ

Leave a Reply