ပင်လယ်ကမ်းခြေသွား Conference ခရီးစဉ် နှင့် ဆင်ခြင်တွေးတော ပုံလေးတွေ အပိုင်း ( ၁ )

Foreign ResidentOctober 17, 20117min26013

ပင်လယ်ကမ်းခြေသွား Conference ခရီးစဉ် နှင့်

ဆင်ခြင်တွေးတော ပုံလေးတွေ အပိုင်း ( ၁ )

 

ကျွန်တော် ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ နှစ်ရက်ကို

ကျွန်တော့် အမျိုးသမီး ဆေးပညာ Conference

သွားတက်တာကို လိုက်သွားရင်း သိလာခဲ့ရတဲ့

ထူးဆန်းတဲ့ Australia ဥပဒေ ယူဆချက်လေးတွေကို

ရွာသားတွေကို မျှဝေချင်လို့ပါ ။

 

ပထမဦးဆုံး ဗဟုသုတ အနေနှင့်

ဒီက ဆေးပညာ Conference လေးတွေ အကြောင်း ပြောပြပါ့မယ် ။

 

ဒီ Australia မှာက Registered ဆရာဝန်တိုင်းက

စဉ်ဆက်မပြတ် သင်ယူခြင်း ( Continuous learning )

လုပ်ရပါတယ် ။

နှစ်စဉ် စဉ်ဆက်မပြတ် သင်ယူခြင်း

Continuous Professional Development CPD (45) Points

ပြည့်အောင် ဖြည့်ရပါတယ် ။

 

မ ပြည့်ရင် ဆရာဝန်သက်တမ်း ( Registration )

တိုးမပေးပါဘူး ။

ဥပဒေ ( By law ) ကိုပြဌာန်းထားတာပါ ။

 

အဲဒီ Points တွေရဖို့အတွက်

Conference တွေ Seminar တွေ သင်တန်းတွေ

Diploma တွေ တက်ရပါတယ် ။

တခြာပညာရှင် ( professional ) တွေလည်း အတူတူပါပဲ

( For Example ; Lawyer, Accountant )

 

ဒါပေမယ့် ဆရာဝန်တွေက ကံကောင်းတာက

ပိုက်ဆံပေးတက်စရာ မလိုတာပါ ။

အဲဒီအကြောင်းကို နဲနဲလေး ရှင်းပြပါရစေ ။

 

( ၁ )

Australia မှာ လူနေမှုစံနစ်အရ / ဥပဒေ ကြောင်းအရဆိုရင်

ဆရာဝန်တွေဟာ တော်တော်လေးနေရာပေးခံရပါတယ် ။

ဆရာဝန်တွေဟာ

တရားသူကြီး အငယ်စားလေး ( Justice of the Peace ) လိုပဲ

လုပ်ပိုင်ခွင့် ပေးထားပါတယ် ။

 

( ၂ )

ဆရာဝန် ခွင့်ပြုချက် မပါရင် ဆေး လုံးဝ မရောင်းပါဘူး ။

အဲဒီမှာ ဆေးကိုယ်စားလှယ် ( Medical Rep ) တွေက

သူတို့ဆေးကိုသုံးဖို့

ဆရာဝန်တွေ ကိုအထူး ဆွဲဆောင်ဖို့ လိုလာပါတယ် ။

 

( ၃ )

Medicare စံနစ်အရ နှင့် Medical Insurance cover ဖြစ်ဖို့ဆိုရင်

ပထမဦးဆုံး GP ဆရာဝန် ကို အရင်ပြရပြီး

အဲဒီ GP ဆရာဝန်တွေက ညွှန်းဆို ( referred ) တဲ့

အထူးကုဆရာဝန် ကိုသာပြခွင့် ရှိပါတယ် ။

ကိုယ်ပြချင်တဲ့ အထူးကုဆရာဝန် ကိုမပြရပါဘူး ။

 

ကိုယ်ပြချင်တဲ့ အထူးကုဆရာဝန် ကိုယ့်ဖာသာပြရင်တော့

မရဘူးတော့ မဟုတ်ဘူး ရတယ် ၊

ဒါပေမယ် Medicare ( အစိုးရ ) က ပိုက်ဆံပေးတော့မှာ မဟုတ်ပဲ ၊

ကိုယ့် ပိုက်ဆံ နှင့် ကိုယ်ပေးရတော့မှာ ဖြစ်ပါတယ် ။

Health Insurance မှာလည်း ပြဿနာဖြစ်လာပါမယ် ။

 

ဒါကြောင့် ၉၅ % လောက်က

GP ဆရာဝန်တွေက ညွှန်းဆို (referred) တဲ့

အထူးကုဆရာဝန် ကိုသာပြကြရပါတယ် ။

 

အဲဒီတော့ အထူးကုဆရာဝန် တွေက

GP ဆရာဝန်တွေ ကိုအထူး ဆွဲဆောင်ဖို့ လိုလာပါတယ် ။

 

( ၄ )

အဲဒီအပြင် အထွေထွေကု ( General Practice ) မှာလည်း

အထူးကု ( Fellow ) အဆင့်ထိရှိပါတယ် ။

 

အဲဒီ Fellow GP တွေက သာမာန် GP ဆရာဝန်ထက်

လူနာကြည့်ခ ပိုပေးရပါတယ် ။

တချို့ အောင်မြင်တဲ့ အထွေထွေ Fellow GP ဆရာဝန်တွေရဲ့ ဝင်ငွေဟာ

ပုံမှန် / သာမာန် အထူးကုဆရာဝန် တွေဝင်ငွေထက်တောင်

များနေတတ်ပါတယ် ။

 

( ၅ )

ဒါ့အပြင်

စနေ တနင်္ဂနွေ Holiday ဆိုရင် လူနာကြည့်ခ ပုံမှန်ထက် 10 $ ပိုရပါတယ် ။

လူနာတစ်ယောက်ကြည့်ခ 40 $ to 50 $ ကြားဖြစ်သွားပါတယ် ။

အဲဒီတော့ စနေ တနင်္ဂနွေ Holiday မှာဆိုရင်

တနေ့ လူနာ ၅ဝ နှင့် ၆ဝ ကြားကြည့်တဲ့

Fellow GP ဆရာဝန် တစ်ယောက်ရဲ့

တနေ့ဝင်ငွေဟာ 1500 to 2000 $/day လောက် ရတယ်လို့

အကြမ်းဖျင်း ပြောလို့ ရပါတယ် ။

ဝင်ငွေ သင့်တင့်တယ်လို့ ပြောရမှာပါ ။

 

အဲဒီတော့ Fellow GP ဆရာဝန် တစ်ယောက်ဟာ

တော်ယုံ နှင့်တော့ စနေ တနင်္ဂနွေ ဆေးခန်းကို မဖျက်ချင်တော့ပါဘူး ။

 

အဲဒီတော့ကာ

ဆေးကြော်ငြာချင်နေတဲ့

ဆေးကိုယ်စားလှယ် ( Medical Rep ) တွေက

ဆရာဝန်တွေရဲ့ ဟော်တယ်ခ, စားသောက်စားရိတ် နှင့်

ဝေမယ့်ဆေးတွေရဲ့ စရိတ်ကိုခံ ၊

 

GP ဆရာဝန်တွေ ကိုအထူး ဆွဲဆောင်ချင်နေတဲ့

အထူးကုဆရာဝန် က Free ဟောပြောပေးပြီး ၊

 

ဆရာဝန်တွေ ( ဇနီး / ခင်ပွန်း လဲပါလာတာပေါ့ ) အတွက်

စရိတ်ငြိမ်း ပင်လယ်ကမ်းခြေသွား

Conference ခရီးစဉ် ဖြစ်လာတာပေါ့ ။

 

အဲဒီမှာ အဘလည်း

New South Wales State ရဲ့

Central Coast ဒေသ

Terrigal Beach ကို ဆံထုံးနောက်ယောင်ပါ

ကန့်လန့် ကန့်လန့် နှင့် ရောက်ရတော့တာပဲ ။

 

ကိုယ့်ပိုက်ဆံ နှင့် ကိုယ်သာဆို မသုံးရက်ပါဘူး ။

Australia မှာ Hotel ခ က ဈေး ကြီးကကြီးနှင့် ။

 

လျှောက်ပြောနေတာနှင့် လိုရင်းမရောက်တော့ဘူး

အဓိက ပြောချင်တဲ့

သူတို့ ( Australia ) နိုင်ငံရဲ့ ဥပဒေ အယူအဆ နှင့်

ဆင်ခြင်တွေးတောပုံလေးတွေကို

အပိုင်း ( ၂ ) မှာဆက်ဖတ်နော် ။

 

Sydney က မနက်စောစော ထွက်လာခဲ့တယ် ။

Speed Limit ကတော့ (၁၁၀) ကီလိုပဲ ။

 

Speed Limit ကတော့ (၁၁၀) ကီလိုပဲ ။

 

ဒါပေမယ့် မိန်းမကတော့ လမ်းစည်းကမ်းအရမ်းလိုက်နာတယ် ။

(၁၂၀) ကီလိုထက် လျော့မောင်းတာ မတွေ့ရဘူး ။

 

 

(၁၂၀) ကီလိုထက် လျော့မောင်းတာ မတွေ့ရဘူး ။

 

တံတားတစ်ခုပေါ်က အဖြတ်မှာ ရိုက်ထားတာ ၊

လေပြင်းတိုက်တတ်တဲ့ နေရာမို့လို့

လေ Direction သိရအောင်

လေတံခွန်တောင် တပ်ထားပေးတယ် ။

 

လေ Direction သိရအောင် လေတံခွန်တောင် တပ်ထားပေးတယ် ။

 

လမ်းတွေက ကျောက်တောင်ကြီးတွေကို

ထွင်းဖေါက်ပြီး လုပ်ထားတာ ။

 

လမ်းတွေက ကျောက်တောင်ကြီးတွေကို ထွင်းဖေါက်ပြီး လုပ်ထားတာ ။

 

လမ်းတွေက ကျောက်တောင်ကြီးတွေကို ထွင်းဖေါက်ပြီး လုပ်ထားတာ ။

 

ကျောက်တောင်ကြီးတွေကိုဆက်တဲ့

ကားတံတားကြီးတွေလည်း ဖြတ်ရတယ် ။

 

ကားတံတားကြီးတွေလည်း ဖြတ်ရတယ် ။

 

Tarrigal မြို့ ကိုစဝင်ပြီ

Tasmania Sea ကိုလည်း မြင်နေရပြီ ။

 

Tarrigal မြို့ ကိုစဝင်ပြီ Tasmania Sea ကိုလည်း မြင်နေရပြီ ။

 

ကျွန်တော်တို့တည်းမယ့် Crowne Plaza Hotel, Terrigal ။

 

ကျွန်တော်တို့တည်းမယ့် Crowne Plaza Hotel, Terrigal ။

 

Crowne Plaza ဟိုတယ်ရဲ့ အဝင်ဝ ။

 

Crowne Plaza ဟိုတယ်ရဲ့ အဝင်ဝ ။

 

ကျွန်တော့်တည်းတဲ့ အခန်းရဲ့ Balcony ။

ပင်လယ်တစ်ခုလုံးကို မြင်နေရတယ်

View ကောင်းတယ်လို့ ပြောရမယ် ။

 

ကျွန်တော့်တည်းတဲ့ အခန်းရဲ့ Balcony ။ ပင်လယ်တစ်ခုလုံးကို မြင်နေရတယ် ။

 

Terrigal သဲသောင်ပြင် နှင့် ပင်လယ်ပြာ ကောင်းကင်ပြာ ။

 

Terrigal သဲသောင်ပြင် နှင့် ပင်လယ်ပြာ ကောင်းကင်ပြာ ။

 

ကျောက်ဆောင် နှင့် ဇင်ယော်ငှက် လေးတွေ ။

 

 

ကျောက်ဆောင် နှင့် ဇင်ယော်ငှက် လေးတွေ ။

ကျောက်ဆောင်ပေါ်အထိ ခဲရာခဲဆစ် ပေါက်ပေါက်ရှာရှာ

တက်ဆော့နေကြတဲ့ မိန်းမငယ်တစ်သိုက် ။

Teenage ဆိုတာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကဲကြတာပဲ ။

အဘ စိုးရိမ်လိုက်တာ သမီးလေးတို့ရယ် ။ 😛 

 

ကျောက်ဆောင်ပေါ်အထိ ခဲရာခဲဆစ် ပေါက်ပေါက်ရှာရှာ တက်ဆော့နေကြတဲ့ မိန်းမငယ်တစ်သိုက် ။

 

ကျေးဇူးတင်ပါတယ် ။

 

Foreign Resident.

13 comments

  • small cat

    October 17, 2011 at 7:23 am

    မျက်နှာဖျက်ထားတာ ကိုထိန်လားဗျ။
    ကျွန်တော်တို့နိုင်ငံက ဆရာဝန်တွေလည်း စဉ်ဆက်မပြတ်ရှာဖွေခြင်းတွေလုပ်ပါတယ်။(—–တွေ)
    နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပေါ်မူတည်နေတယ်လို့ထင်ပါတယ်။

  • koyinmaung

    October 17, 2011 at 8:45 am

    ဒါကြောင့်ကျုပ်တို့နိုင်ငံကဆရာဝန်ပေါက်စလေးတွေ
    ဒီနိုင်ငံကိုထွက်ပြေးနေကြတာကို…….
    စိတ်ဝင်ကြဘို့ကောင်းပါတယ်
    အားပေးနေပါတယ်….

    • Foreign Resident

      October 18, 2011 at 1:56 am

      koyinmaung ရေ

      အခုကျွန်တော် အခြေခံထား ဥပမာပြပြီး ရှင်းပြတာက
      Fellow level ရှိတဲ့ အတွေ့အကြုံရင့်ကျက်တဲ့ ဆရာဝန် ရဲ့ဝင်ငွေပါ ။

      – AMC ( Australia Medical Council ) အောင်ကာစ ဆရာဝန်
      – Register ရပြီး ဆရာဝန်
      – Fellowship အောင်ပြီး ဆရာဝန်
      ဆိုပြီး အမျိုးမျိုး ရှိပါတယ် ။

      AMC အောင်ကာစ ဆရာဝန်လေးတွေဆိုရင်
      ဆေးခန်းမှာ independent လုပ်ခွင့်မရသေးပဲ
      တချို့ဆို မြို့ကြီးမှာတောင် လုပ်ခွင့်မရသေးပဲ
      ဆေးရုံမှာပဲ တနာရီ 45 $ လောက်နှင့် လုပ်ရပါတယ် ။

      Fellowship အောင်ပြီး ဆရာဝန်မှာကိုပဲ
      အတွေ့အကြုံ ကျွမ်းကျင်မှု နာမည်ကောင်းရမှု ပေါ်မူတည်ပြီး
      ဆေးခန်းပိုင်ရှင်ကို ပြန်ပေးရတဲ့ ဆေးခန်းသုံးခ ( commision )
      ကွာသေးပါတယ် ( 20 % to 50 % )

      ဥပမာ
      Fellowship ဆရာဝန် တစ်ယောက်
      စနေ တနင်္ဂနွေ Holiday မှာ
      long consult ကြည့်ရင်
      လူနာတစ်ယောက် ကြည့်ခ 45 $ ဖြစ်ပါတယ်

      လူနာ ( 50 ) ကြည့်ရင် ( 50 x 45 = 2250 $ )
      အဲဒီ Fellowship ဆရာဝန် ကို
      Medicare ( အစိုးရ ) က ပိုက်ဆံ 2250 $ ပေးပါတယ် ။

      အဲဒီ ရတဲ့ ပိုက်ဆံ ထဲက
      ဆေးခန်းပိုင်ရှင်ကို ဆေးခန်းသုံးခ ( commision ) 25 %
      ပြန်ပေးရင် 2250 – 25 % = 1688 $

      အဲဒီ Fellowship ဆရာဝန်ဟာ
      အဲဒီနေ့အတွက်
      အခွန် မဆောင်ရသေးတဲ့ ဝင်ငွေ
      1688 $ ဝင်ပါတယ် ။

      စသဖြင့် အမျိုးမျိုးရှိပါတယ် ။
      တချို့ ဝင်ငွေကောင်း ၊ တချို့ ဝင်ငွေ မ ကောင်းပါ ။
      ဆရာဝန်ကို ဒီမှာ ချမ်းသာ တယ်လို့ မပြောနိုင်ပဲ ၊
      အလယ်အလတ်တန်းစား အဆင့်ပဲ သတ်မှတ်ပါတယ် ။

      အခြေခံအား ဖြင့် ဘယ်နိုင်ငံမှာမဆို
      ကိုယ်ပိုင် စီပွားရေး ( Business ) တခုခု မလုပ်ပဲနှင့်တော့ ၊
      ခန္ဓာကိုယ် နှင့် အသိအတတ် ပညာပဲ ရင်းရုံနှင့်တော့ ၊
      ( ဥပမာ ; ဆရာဝန် & သင်္ဘော ကပ္ပတိန် )
      မချမ်းသာနိုင်ပါ ။

      လူကိုယ်တိုင် မလုပ်ပဲ
      ငွေကို ခိုင်းစားနိုင်တဲ့ အဆင့်ရောက်မှ
      ချမ်းသာ မှာပါ ။

      Thanks

  • sealion

    October 17, 2011 at 9:18 am

    ဟာ ကျွှန်တော်လဲ သောကြာနေ ့ညကမှာ လေတံခွန် တွေ ရှိတဲ ့ တံတားပေါ် ဖြတ်ပြီး နယူးကာဆယ် ကပြန်လာတာ တညအိပ်ပဲ လွှဲသွားတယ် ဒီတံတားပေါ်မှာ

  • ကြောင်ကြီး

    October 17, 2011 at 9:32 am

    ဓာတ်ပုံထဲက ဦးဖောမျက်နှာမှာ ဘာကောင်ကြီးလဲမသိဘူး ကပ်နေတယ်။ သဂျီးများ တမင်လုပ်ထားလား မသိဘူး။ သဂျီးက သူ့ထက်ရုပ်ပိုချောရင် မနာလို ဖြစ်တတ်တယ်ပြောတယ်။ နောက်ဆုံးပုံမှာ ကောင်မလေးတွေ တော်တော်ကဲတာပဲနော်။ နောက်ဆိုမှတ်လောက်သားလောက် အနီးကပ် close up၊ ပုံကြီးချဲ့ macro၊ အနုစိတ် micro ပုံလေးတွေပါ ရိုက်ခဲ့ပါဗျာ။ ဒင်းတို့ ဘယ်လောက်ရွပိုးထိုးလည်းဆိုတာ ရွာကဘကြီးပုတို့ကို ပြချင်လို့…။ 😛

  • windtalker

    October 17, 2011 at 1:41 pm

    ကိုကြောင်ကြီး ပြောသလိုပါပဲ..
    အန်ကယ်ဖောကြီး ပို ့စ်တွေ ကို ဖတ်ပြီး / ပုံတွေကို ကြည့်ပြီးရင်
    အားမလို အားမရ တွေ သိပ်ဖြစ်ရတာပဲ
    တန်းလန်းကြီး…တန်းလန်းကြီး
    🙂

  • hmee

    October 17, 2011 at 2:32 pm

    အန်ကယ်ဖောကြီးက ဟိုက်ဘော့စ်ပဲ။ 🙂 သူ့အရပ်နဲ့ သူ့ဇတ်ပဲနော် ကျန်းမာရေးမှာလေ။ ကိုယ်ကတော့ ကိုယ့်ဆီမှာဆို ကြိုက်တဲ့ ဆရာဝန်ကို ကြိုက်တဲ့ အချိန်ပြ ဒီလိုပဲ တသက်လုံး နေလာခဲ့လို့လား မသိဘူး ဒီရောက်တော့ အတော်ဂွတီးဂွကျ။ အင်ရှုးရန့် မရှိရင် မလွယ်။ ရှိပြန်တော့လည်း တခါတန်းစီ။ ဘာတွေမှန်းကို မသိဘူး။ နေမကောင်းကို မဖြစ်ရဲဘူး။ အန်ကယ်ဖောကြီးတို့ ကမ်းခြေက လန်းတယ်နော် သစ်ပင်တွေ ဘာတွေနဲ့။ မြေထဲပင်လယ် ကမ်းခြေကတော့ ပြောမပြောချင်ဘူး ကြည်နူးချင်စရာ တကွက်မှ မရှိဘူး။ အိမ်ကလူကြီးကတော့ ပြောရှာတယ် ကမ်းခြေမှ မဟုတ်ပဲ လတာပြင်ကြီးဟာကိုးတဲ့။ 😀

    • Foreign Resident

      October 17, 2011 at 2:45 pm

      မမှီ ရယ်

      ဟိုက်ဘော့စ် လို့တော့မခေါ်ပါနှင့်ဗျာ ၊
      ဘုရားစူးရပါစေရဲ့ မဟုတ်ရပါဘူး ။
      မဆင်းရဲယုံ တစ်မယ်ပဲရှိတာပါ ။

  • Foreign Resident

    October 17, 2011 at 2:40 pm

    Dear ကို ကြောင်ကြီး နှင့် wind talker
    ကျောက်ဆောင်ပေါ်က ကျောပြောင်လေးနှင့် သူငယ်မကိုကော မြင်ရရဲ့လား ၊

    မသိသေးသောသူများ အတွက်သာ
    (၁) ကြည့်ချင်တဲ့ ဓါတ်ပုံကို click လုပ်လိုက်ပါ ၊ အဲဒီ ဓါတ်ပုံတစ်ခုထဲပါတဲ့ Page တစ်ခုထပ်ကျလာမယ် ။
    (၂) အဲဒီ Page ထဲက တစ်ခုထဲသော ဓါတ်ပုံကို ထပ် click လုပ်လိုက်ပါ ။
    (၃) Original ဓါတ်ပုံ ( 14.1 Mega Pixels ) ထွက်လာပါလိမ့်မယ် ။

    ” နောက်ဆိုမှတ်လောက်သားလောက် အနီးကပ် close up၊
    ပုံကြီးချဲ့ macro၊ အနုစိတ် micro ပုံလေးတွေပါ ရိုက်ခဲ့ပါဗျာ ”

    မလုပ်ပါနှင့်ဗျာ ၊
    ဒီမှာ လွတ်လပ်စွာချွတ်တဲ့သူတွေ အမြောက်အများ ရှိပါရဲ့ ၊
    ဒါပေမယ့် ၊ ချွတ်တာအပြစ်မဟုတ်ပေမယ့် ၊
    ( ဓါတ်ပုံ ) ရိုက်တာ အပြစ်ဗျ ။

  • etone

    October 17, 2011 at 4:45 pm

    ကို နိုင်ငံခြားသားကြီးရဲ ့ပုံကို ဘယ်က ပျားအုံကြီး လာကပ်နေတာတုန်း 😀
    ဒါနဲ့ စနေနံနဲ့ တည့်ပုံရတယ်နော် .. အားကျတယ် …
    ဟိုတစ်ခါ ဘူဖေးကျွေးကတည်းက ပါလာတဲ့ ဖိနပ် အခုထိ စီးနေတုန်းမို့ပါ ။ 🙂

  • MaMa

    October 17, 2011 at 4:46 pm

    သွားခွင့်များကြုံရင် ကမ္ဘာပေါ်မှာ သွားချင်တဲ့နေရာထဲမှာ ဩဇီက နံပါတ် ၁ ပဲ။ လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ထဲက ကာရာအိုကေ သီချင်းခွေတွေမှာ တွေ့ပြီးကတည်းက ရူးနေတာ။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ရောက်ဖူးတန်ကောင်းပါရဲ့။ 🙁
    (စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။)
    FR ရဲ့ စာသားလေးက မိုက်လွန်းတယ်။ (လူကတော့ လိမ္မာမှာပါ) 😉 နိုင်ငံတကာ အတွေ့အကြုံ ဗဟုသုတတွေကို ကိုယ့်နိုင်ငံသားတွေကို သိစေချင်တဲ့ စေတနာကိုလည်း လေးစားပါတယ်။
    စကားမစပ် FR ကြီးလည်း အဘဆွေနဲ့အတူ ရာထူးတိုးပြီး အဘဖြစ်နေပြီလား။ ဒါဆို ဘွားဘွားကြီးလည်း ကိုယ့်ဖာသာကိုယ် ရာထူးတိုးယူရတော့မယ်။ 😀

  • blackchaw

    October 17, 2011 at 5:54 pm

    FR ကြီးရေ။
    “ဒီ Australia မှာက Registered ဆရာဝန်တိုင်းက
    စဉ်ဆက်မပြတ် သင်ယူခြင်း ( Continuous learning )
    လုပ်ရပါတယ် ။
    နှစ်စဉ် စဉ်ဆက်မပြတ် သင်ယူခြင်း
    Continuous Professional Development CPD (45) Points
    ပြည့်အောင် ဖြည့်ရပါတယ် ။
    မ ပြည့်ရင် ဆရာဝန်သက်တမ်း ( Registration )
    တိုးမပေးပါဘူး ။”
    ကောင်းလိုက်တဲ့ စံနစ်ဗျာ။
    မြန်မာပြည်က ဆရာဝန်တွေလည်း ဒီလိုလုပ်သင့်တယ်လို့ထင်ပါတယ်။
    ကျွန်တော်တို့ မြန်မာပြည်မှာတော့
    သင်ကြားမှုရပ်တန့်နေသော ဆရာဝန်တွေရဲ့ ကုသခြင်းကို
    ရွေးခြယ်ခွင့်မရှိစွာ ခံနေရပါတယ်။
    ကျွန်တော်တို့ ရွာထဲက ဆရာဝန်တွေ မပါပါဘူး။ ဟားဟားဟား။

    • etone

      October 18, 2011 at 10:19 am

      ဒီနိုင်ငံမှာ သင်ကြားမှူဆိုတာကလည်း …. အခြေနေ အမျိုးမျိုးပေးမှ သင်ကြားခွင့်ရတာပါ … ။ အချိန်ရှိရုံ ၊ သင်တန်းကြေးပေးနိုင်ရုံလောက်နဲ ့မရဘူးလေ … ဆိုင်ရာပိုင်ရာ လူကြီးတွေကို ဆင့်ကဲ သင်တန်းတွေတက်ဖို့ … ပြောရတယ် ….. ။ ပြောရလျှင်လေ … ကြည်လျှင် ကြည်သလို မကြည်ရင် မကြည်သလို တက်ရောက်ဖို့ အခွင့်ရေး ကွာခြားတယ်လေ … ။ ဟီးဟီး .. ပေါ်လဆီတွေ ပါကုန်တော့မယ် .. မပြောတော့ဘူး 🙄

      စာတွေ့သင်ကြားမှူ ရပ်တန့်နေပေမယ့် … အတွေ့ကြုံကတော့ အမြဲ တိုးနေတဲ့ လူတွေလည်း ရှိပါတယ် .. အဲ့လိုဆရာဝန်တွေ … သာမန် GP နော် … တစ်နေ့ လူနာ အယောက် 200-300 တိုးနေတဲ့လူလည်းရှိတယ် .. ကြားရတာ ဖျားလောက်တယ် … ။ အထူးကုတွေမှာမှ ရမယ့် လူနာရေတွက်ကို သူတို့ရနိုင်တာ တကယ့်ကိုပဲ မနာလိုစရာကောင်းတယ် … 😆

      ဆေးခန်းကြီးတွေလည်း .. နာမည်နဲ့ လုပ်စားနေကြတယ် .. သမားတော်ကြီးတွေအပြင် ၊ တခြားခန့်ထားတဲ့ ဆရာဝန်လေးတွေက .. ငယ်ငယ်လေးတွေ .. အခုမှ ဟောက်ဆင်းခါစလေးတွေလေ … ။ ဆေးခန်းကို အထင်ကြီးလို့ သွားပေမယ့် … ကုသတဲ့ ဆရာဝန်ရဲ့ အတွေ့ကြုံ နုတာကြောင့် .. အူအတက်မဟုတ်ပဲ … အူအတက်ယောင်တယ် ညတွင်းချင်း ခွဲစိတ်ဖို့လိုတယ်လို့ …. ဆေးခန်းကြီးမှာ ပြရုံသာ ပြနိုင်ပြီး တက်ဖို့ ပိုက်ဆံ မရှိလို့ … အစိုးရ ဆေးရုံကို ရဖား လုပ်ထားတဲ့ လူနာလိုမျိုးရှိခဲ့ဖူးတယ် … သေချာပြန်ကြည့်တော့မှ … အူအတတ်ယောက်တဲ့ လက္ခဏာနဲ့ ကွဲပြားနေတော့တယ် … ။ ဆရာဝန်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ .. လူနာတွေအတွက် ….. အရမ်းကို အရေးကြီးတယ် … အထူးသဖြင့် ဗဟုသုတ အကြားမြင်မရှိတဲ့ လူနာတွေကတော့ .. လှေနံဓါးထစ်ယုံကြတော့တာပေါ့ 🙂

Leave a Reply