နေထွက်ချိန် စစ်ဆင်ရေး ဓါတ်ပုံများ

black chawOctober 17, 20114min19123

ကိုပေါက်ရေ။

ဒီနေ့ မနက် ရန်ကုန်လေဆိပ်ကို ညီတစ်ယောက်လိုက်ပို့ရင်း မနက်နေထွက်ချိန်လေးကိုကြုံရပါတယ်။

ကိုပေါက်လည်း နေထွက်တာလေးကို စိတ်ရှည်ရှည်နဲ့ စောင့်ရိုက်ပြီး ကျွန်တော်တို့ကို ဝေမျှဘူးတာ သတိရတယ်။

ကျွန်တော်တို့ ကြည့်ပြီး ကြည်နူးခဲ့ကြဘူးပါတယ်။

ဒါကတော့ ရန်ကုန်လေဆိပ်အလွန်နားကလမ်းကလေးရဲ့ နေထွက်ချိန်ဖြစ်ပါတယ်။

ဆရာတစ်ယောက် ဘာသာပြန် တစ်အုပ်ရေးဘူးတယ်။ နေထွက်ချိန် စစ်ဆင်ရေးတဲ့။

ဒါကတော့ ဘလက်ချော ဓါတ်ပုံနဲ့ရေးတဲ့ နေထွက်ချိန် စစ်ဆင်ရေး ပါခင်ဗျာ။

ရောင်နီလာတယ် ခေါ်မလား။

 

နေထွက်ဘို့ အရှိန်ယူနေတဲ့ ကောင်းကင်အလှ။

 

တိမ်တွေက နေကို ကြိုမြင်နေသလိုပဲ။

 

 

မြေပြင်မှာ အမှောင် ကောင်းကင်ကအလင်း။
တဖြေးဖြေးနဲ့ လင်းလာတဲ့ ကောင်းကင်။
ထွက်ဘို့နီးကပ်လာတဲ့ နေမင်းကြီး။
ခေါင်းပြူလာတဲ့ နေမင်းကြီး။
နေစထွက်ပြီ။
လိမ်မော်ရောင် ကဗျာ။

 

နေထွက်ပေမယ့် မြေပြင်ကို မထိသေးဘူး။
စာမဲ့ ကဗျာ။

 

လင်းစပြုပြီ။

 

ကျောက်ရေတွင်းလမ်းလေးရဲ့ နေထွက်ချိန်။

 

ကော်နက်ရှင် က တော်တော် အောက်နေလို့ ရသလောက်ကိုပဲ တင်ပေးလိုက်ပါတယ်။

 

 

 

 

 


 

 

23 comments

  • Diamond Key

    October 17, 2011 at 11:57 am

    blackchaw ရေ၊ ကောင်းမှကောင်း၊

  • နည်ရဲဇော်

    October 17, 2011 at 12:28 pm

    ဓါတ်ပုံလေးတွေကလှလိုက်တာ။ အိပ်ယာထအမြဲနောက်ကျလို့ မနက်နေထွက်တာတောင် မခံစားဖြစ်တာတော်တော်ကြာပြီ။ blackchaw ရေ ကျေးဇူး။

  • amatmin

    October 17, 2011 at 12:57 pm

    အပေါ်ဆုံး ကပုံလေးတွေကို စေ့စေ့ကြည့်ရင်..မီးပင်လယ်ကိုမြင်ရသလိုပဲဗျာ..
    ရှင်နေမင်း..ကကျွန်တော်တို့ကို..ဆော်ဖို့မိုးမလင်းခင်ထဲက အတော်ပြင်ဆင်ထားသလားပဲ.. .

  • ပေါက်ဖော်

    October 17, 2011 at 1:10 pm

    ဦးချော၏ အလှဆုံး နေဝင်ချိန် ရှုခင်းများ..

  • windtalker

    October 17, 2011 at 1:53 pm

    “နေအထွက်မှာ
    ရွှေခွက်နဲ ့
    ငွေအပြည့်ပေးပါ ”
    လို ့ အချို ့အိမ်တွေ မှာ ရေးထားတာကို ပြေးသတိရမိတယ် ဗျို ့

    • ကြောင်ကြီး

      October 18, 2011 at 10:24 am

      ကျုပ်က အဲလိုမတောင်းဘူး။ တောင်းမဲ့တောင်း “နေအထွက်မှာ ငွေခွက်နဲ့ ရွှေအပြည့်ပေးပါ” လို့ ပြောင်းတောင်းမယ်…။ ပေးသူရှိလျင် ယူတတ်ပါစေ…။

      • ukogyi

        October 18, 2011 at 4:46 pm

        ယူသူရှိလျှင်လည်းပေးတတ်ကြပါစေ။

  • manawphyulay

    October 17, 2011 at 2:13 pm

    ဘဘချောရဲ့လက်ရာလည်း တမူထူးပြီး ပိုကောင်းလာတယ်နော်… ပညာသင်ဦးမှနဲ့တူတယ်။

  • weiwei

    October 17, 2011 at 3:38 pm

    နေထွက်ချိန်က တော်တော်လှတာပဲ … တစ်ခါမှ သတိမထားမိဘူး …
    နေဝင်ဆည်းဆာချိန်ကိုတော့ မကြာခဏ ထိုင်ကြည့်မိတယ် …

  • kai

    October 17, 2011 at 3:52 pm

    နေထွက်ဆည်းဆာချိန်ထက်စာရင်.. နေဝင်ဆည်းဆာချိန်ကို ..အနောက်နိုင်ငံသားတွေပိုကြိုက်ကြတယ် ထင်မိတယ်…။
    မြန်မာတွေကရော… ဘာပိုကြိုက်ကြသလည်းမသိ…

    မြန်မာစကားမှာ ဆိုရိုးလေးတခုရှိတယ်..။
    “ရုပ်ဆိုးလှချိန်”တဲ့..
    နေဝင်ချိန် တိမ်တောက်နေရင်.. ရုပ်ဆိုးတဲ့သူတွေတောင် လှတယ်ဆိုပဲ..။

    ကျုပ်ကတသက်လုံး အလုပ်စွတ်လုပ်တဲ့သူဆိုတော့.. ခံစားချက်တခုတော့ရှိတယ်…။
    မနက် အလုပ်သွားချိန်ဆို.. အင်မတန်လေးလံနေတာပါ…။
    အဲဒီလိုနဲ့.. ညနေရောက်လေ.. စိတ်က ကြွတက်လေ…
    အလုပ်ချိန်လည်း ပြီးရော.. တက်ကြွလွတ်လပ်နေရော…။
    သောကြာနေ့လိုရဲ့.. ညနေဆိုများ.. တော်တော်ကြွတက်တာ…။

    ဒီစိတ်ဟာ.. မြန်မာပြည်မှ အလုပ်လုပ်ခဲ့စဉ်က..ခံစားမှုနဲ့ပြောင်းပြန်လို့ သိသိသာသာ သတိထားမိတယ်..။
    မြန်မာပြည်မှတုံးက… မနက်ဆို ပိုတက်ကြွနေတတ်ခဲ့ရဲ့…။

    ပြောသာပြောတာ…
    အခုဓါတ်ပုံတွေကြည့်မိတော့လည်း… ဘာမှသာမရေးထားရင်.. နေထွက်တာနဲ့ ဝင်တာ တူတူလိုပဲနော…
    အင်းလေ..
    ကမ္ဘာကလည်နေတာမို့.. ဟိုဖက်ကမြင်တာနဲ့..ဒီဖက်က မြင်တာမျိုးပဲကွာတာပဲ..။
    မြန်မာပြည်ဖက်က နေဝင်သွားရင်.. ယူအက်စ်မှာ.. နေထွက်လာမှာကိုး….နော…။ 🙂

    • MaMa

      October 17, 2011 at 4:07 pm

      ပိတ်ရက်တွေမှာဆို လူမှုရေးကိစ္စတွေ သွားလာလှုပ်ရှားရလေ့ရှိတော့ အလှူတစ်ခုမှာ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တယ်။ လူစုံတော့ ကလေးတွေလို စိတ်လက်ပေ့ါပါးပြီး စကြ နောက်ကြပေ့ါ။ နင်တော်တော်လန်းနေတယ် ဆိုပြီး စ တော့ အေး ငါက စနေနေ့ဆို စပြီး လန်းနေပြီ။ တနင်္ဂနွေဆို အလန်းဆုံးပဲ။ တနင်္လာဆိုရင် မလန်းတော့ဘူး လို့ ပြန်ပြောတော့ အားလုံးက ရောဂါတူနေပြီလို့ ဝိုင်းအားပေးကြတယ်။
      သဂျီးသည်လည်း ထို့နည်းလည်းကောင်း… 😛

  • pooch

    October 17, 2011 at 4:05 pm

    တော်တော်လေးကို ရသမြောက်တဲ့ နေထွက်ချိန်ပါ.. ရိုက်ထားတာတွေ တော်တော်လေးကို အသက်ဝင်တယ်
    ကိုယ်တိုင်လည်း နေဝင်ချိန်ထက် နေထွက်ချိန်ကို ပိုနှစ်သက်ပါတယ် ..

    မန်းလေးတောင်ပေါ်ကိုု မနက်တိုင်းတက်ဖြစ်စဉ် အခါတုန်းက ရော မနက်စောစော ကျုံးဘေးမှာ လမ်းလျှောက်စဉ် အခါတုန်းကပါ နေ့စဉ်နေ့တိုင်း နေထွက်တဲ့ မြင်ကွင်းကို မရိုးတန်း မြင်ဖူးခဲ့လို့ပါ…
    နေဝင်ချိန်က တော့ ဝင်သွားရင် မှောင်သွားလို့ မကြိုက်ဖူးလို့ပဲ ပြောရမှာပါ…….

    အခုကတော့ လမ်းလျှောက်ထွက်ဖို့ နေနေသာသာ ညည ရွာထဲဝင်လည်ရတာနဲ့ အိပ်တာနောက်ကျ ထတာနောက်ကျနဲ့ပါ 🙁

  • နီလေး

    October 17, 2011 at 4:13 pm

    ပုံလေးတွေက ကြည့်နေတဲ့လူကို တော်တော်လေးကိုဆွဲဆောင်နိုင်တဲ့ပုံလေးတွေပဲ

  • kocho

    October 17, 2011 at 4:14 pm

    သဘာဝအလှတရားများသည် မည်သည့်အရာနှင့်မှ နိုင်းယှဉ်လို့မရပါကြောင်း ဓတ်ပုံလေးများကပြောဆို နေသလိုခံစားမိပါ၏

  • “ဘီလူးကြီး”ogre

    October 17, 2011 at 5:42 pm

    ကျုပ်ကတော့နေဝင်တာပိုကြိုက်တယ်
    ဘာလို့လဲဆိုရင်တော့
    စက်ရုံသော့ပိတ်ပြီး အိမ်မှာ ဇရက်မင်းစည်းစိမ်ခံစားဘို့အတွက်
    အိမ်ပြန်ချိန်ကို ရောက်လာလို့ပါပဲ..။။။

  • we R one

    October 17, 2011 at 5:46 pm

    အားပေး သွားတယ်ဗျို.. မိုက်ချက်က ကန်းကုန်ပဲ ဓါတ်ပုံတွေက.. 😀

  • blackchaw

    October 17, 2011 at 6:20 pm

    ကိုပေါက်ရေ။
    မနောက်ပါနဲ့ဗျာ။
    ခရီးသွားရင်း ဓါတ်ပုံတွေရိုက်ပြနေတဲ့ ကိုပေါက်ကို
    တကယ်အားကျနေတာပါ။
    ဒီပုံတွေက ကိုပေါက် ရဲ့ လွှမ်းမိုးမှု တော်တော်ပါပါတယ်ဗျာ။ တကယ်ပါ။

  • comegyi

    October 18, 2011 at 4:26 am

    အဟဲ သူကြီးခင်ဗျား သူကြီးက အနောက်နိုင်ငံသားတွေဆို နေဝင်ချိန်ကို ပိုပြီးကြိုက်ကြ တယ်ဆိုတော့ အနောက်တိုင်း သားတွေကလည်း နေညိုရင် လေပြိုချင်တဲ့စိတ်တွေနဲ့ လန်းဆန်းသလားမှ မသိတာဗျာနော့
    . ..စတာပါဗျာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် လူတွေက မတူကြဘူးလေ ……ကျွန်တော်ဆို ညအလုုပ်လုပ်ရတာ။ မနက်လင်းမှ အိပ်ရတာလေ။ ဒါပေမဲ့ မနက်လင်းပြန်တော့လည်း နေရောင်တက်အလာကိုစောင့်နေရတာနဲ့ အိပ်ချိန်က ပဲ့ပါပြန်ရောဗျာ အဲ ညနေပိုင်းရောက်ပြန်ရင်လည်း အချိန်လေး ရရင် ရသလို ညနေညိုချိန်လေးကို ခံစားချင်ရပြန်တာကလည်း ဒုက္ခတစ်မျိုးပေါ့ဗျာ……ဒီတော့ အခြေခံအမြင်က သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားခံစားတတ်တဲ့အမြင်က အခြေခံအမြင်လို့ ထင်တာပဲဗျာ နောက်ကျတော့ ရေမြေဒေသအလိုက် မနက်နဲ့ ညနေမှာသင့်တော်ရာ တိုက်အလိုက်သာယာမှုရှိလို့လည်း ဖြစ်နိုင်တယ်လို့ထင်တာပဲဗျာ နောက်တစ်ခုကတော့ ယာဉ်ကျေးမှုချင်းကွာတာလည်း ပါတယ်ထင်တယ်ဗျာ ကျွန်တော်ထင်တာကိုပြောကြည့်တာပါ သူကြီးရာ မှားရင်ခွင့်လွှတ်ဗျာ့………..

  • inz@ghi

    October 18, 2011 at 8:54 am

    နာမယ်ပေးပုံကိုရော ..ရိုက်ချက် အယူအဆကိုပါ သဘောကျမိပါသည်….
    သူကြီး ရေ …morning glory နဲ့ sunset twilight ကွာတော့ကွာတယ်ဗျ … ဟိုဘက်သည်ဘက် ကွာတယ် ဆိုတာထက် တော့ ပိုတယ်ထင်တယ်ဗျ ..အနည်းဆုံးတော့ဗျာ ..အမှောင်ကနေ လင်းလာတာနဲ့ ..တနေကုန်လင်းနေပြီးမှ တဖြည်းဖြည်း မှောင်ကျသွားတာ
    ..twilight ကိုပိုလှတယ်ထင်ကြတာ ..ပူတဲ့ဘက်ကနေ အေးချမ်းတဲ့ဘက် ကိုပြောင်း တဲ့ အကူးအပြောင်းကို လူတွေ ပိုငြိကြတာ လို့
    ယူဆတာပဲဗျာ …. (ဒါတောင် ဇရက်မင်း ကိစ္စပါတေးဝူးနော် ..ဟီး..)

  • kyeemite

    October 18, 2011 at 1:31 pm

    ဗမာပြည်အတွက်တော့…အရှေ့ကနေဝန်းထွက်သည့်ပမာ.လွတ်လပ်ခြင်း နေမင်းကြီးကိုမျှော်
    နေကြရတော့..နေထွက်တာဘဲကြိုက်တယ်ဗျာ…မြန်မြန်လဲထွက်စေချင်ပါပီ..

  • nozomi

    October 18, 2011 at 1:57 pm

    တကယ့်ပညာရှင်ပဲ
    ပုံလေးတွေ အားလုံးကို သဘောကျပါတယ်
    အိပ်ယာထ နောက်ကျတတ်လို့ ဒီလို ပုံတွေ မမြင်ရတာ ကြာလှပါပြီ

  • M-Lulin

    January 4, 2012 at 12:33 am

    ခု မှ ပြန်ကြည့်မိတယ် .. မိုက်တယ် ဗျာ .. မြို ့ပြ ရဲ့ ရှုခင်းပေါ့ . ဓတ်ကြိုး လေးတွေနဲ့ … အားပေးတယ် ဗျို ့ ..
    ကိုယ်တိုင်ရေးပုံတူ ကိုဖတ်ပြီးမှ လာမန့် ရတာမို့ စောရီး ပါဗျာ …

Leave a Reply