ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အလှူရေစက် လက်နဲ့ မကွာဟူသောစကားအတိုင်း သဒ္ဓါတရား ထက်သန်ကြသည် ။ အပေးကမ်းရက်ရောကြသည် ။ တစ်ကျပ်တစ်ပြားမှ အစပြု၍ ထမင်းရေချောင်းစီး မောင်းတီးလှူသည်အထိ မိမိတို့ပိုင်ဆိုင်မှုနှင့်ခြင့်ချိန်ကာ လှူကြတန်းကြသည်ကို မြင်ရသောအခါ မြန်မာတို့ဧ။် စိတ်ဓါတ်သည် လွန်စွာ ချီးကျူးဖွယ်ကောင်းတော့သည် ။ ဘုရားတည် ၊ ကျောင်းဆောက် ၊ သိမ်ဆောက် ၊ ဘုန်းကြီးသိက္ခာထပ် ၊ ကထိန် အလှူပွဲများတွင်လည်း  တပ်အားသ၍ ပါဝင်ကုသိုလ်ပြုကြသည့် အလွန်အလှူတမ်း ၀ါသနာထုံသော မြန်မာလူမျိုးများဖြစ်ကြသည် ။ ထိုသို့  သဒ္ဓါတရားထက်သန်သော မြန်မာလူမျိုးများ အကြား သာသနာရေးအမည်ခံ လိမ်လည်လှည့်ဖျားမှုများ ရှိသည်မှာ များစွာ ၀မ်းနည်းဖွယ်ရာဖြစ်သည် ။ ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဧ။် စေတနာ ထက်သန်မှုသည် မသမာသူ လိမ်လည်လှည့်ဖျားသူတို့အတွက် အခွင့်ကောင်းဖြစ်သော်ကြောင့် မကြာခဏဆိုသလို …စေတနာ ထက်သန်မှုအလျှောက် လိမ်လည်လှည့်ဖျားခြင်း ခံနေကြရသည် …. ။ ဘာသာရေးလိမ်ညာအလှုခံခြင်းသည် စေတနာထက်သန်သူတို့အတွက် အားနည်းချက်ပင်ဖြစ်သည် ။ ကြုံဖူးမှ ယုံဆိုသလို ဘာသာရေးကို ခုတုံးလုပ်ကာ လုပ်စားမှုတစ်ခု မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရဖူးသည် ။

%%%%%%%%%%%%

မနေ့က တနင်္ဂနွေပိတ်ရက်ဖြစ်သဖြင့် တစ်ပတ်လုံးစာ အကြွေးတင်ထားသည့် အိမ်အလုပ်များ လုပ်ရင်း အလှုပ်တွေရှုပ်နေခဲ့မိသည် ။ အခန်းရှင်း ၊ အ၀တ်လျှော် ၊ အ၀တ်လှန်း ၊ မီးပူတိုက် စသဖြင့် ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေသည့်အတွက် အိမ်သားများ မည်သူ့ကိုမျှ စကားမပြောဖြစ်ပေ ။ ထိုစဉ် … အိမ်ရှေ့မှ အလှူခံသံကြားရသည် … ။ ကျွန်တော်တို့ xxxx ဆွမ်းလောင်းအသင်းမှ ကြီးမှူး၍ဟု အစချီကာ ….. သဒ္ဓါတပ်အား နည်းများမဆို ကုသိုလ်ပါဝင်ကြပါ ခင်ဗျာ ဟု အဆုံးပြုပြီး … အလှူလာခံတော့သည် ။ အလှူခံသံကြားသော်လည်း လုပ်လက်စ အလုပ် မပြတ်သဖြင့် ကျွန်မ အလှူငွေ ထမထည့်မိ … သို့သော် … အလှူခံအသံကြားလျှင် မနေနိုင်လောက်အောင် အလှူတန်းဝါသနာထုံသူ ကျွန်မအဖွားက အလှူခံလာလျှင် ထည့်လိုက်ရမှ ကျေနပ်သည့် စိတ်စွဲရှိသဖြင့် … ကိုယ်တိုင်မလှူနိုင်သော်လည်း … အလှူငွေထည့်လိုက်ရန် ညီမလေးဖြစ်သူကို … အော်ပြောလိုက်တော့သည် … ။ ကျွန်မတို့ ညီမနှစ်ယောက်စလုံး အလှူငွေ မထည့်မိပါမူ အဖွားဖြစ်သူဧ။် ပါးစပ်သေနပ်သံ တစ်နေ့လုံးကြားရမည်ဟု သိထားသောကြောင့် … အလှူခံလာတိုင်း ကြိုးစားထည့်သည် … ။ (ကျွန်မဧ။် အဖွားဖြစ်သူသည် … အလှူတန်း အလွန်ရက်ရောသည် တစ်ခါတစ်လေ သူအလှူပြုသော ကိစ္စကြောင့် သား ၊သမီး ၊ မြေး ၊မြစ်များနှင့် အတိုက်အခံဖြစ်ကြရသည် … ။ မိသားစုစားဝတ်နေရေးထက် အလှူတန်းကို ပိုအားသန်သော အဖွားဖြစ်သူ ၊ အလှူတစ်ခုလုပ်တော့မည်ဆိုလျှင် အိမ်သား တစ်ဦးမဟုတ်တစ်ဦး အမုန်းခံ အတိုက်ခံဖြစ်ကြရသည် … ။ အရှေ့နောက် အကျိုးကြောင်းစီလျှော်အောင် မစဉ်းစား ဟိုအမျိုးက ဘုရားတည်မည်ဟုဆိုကာ လိမ်သွားပြန်သည် ၊ ဒီအမျိုးက အလှူလုပ်မည်ဟုဆိုကာ လိမ်သွားပြန်သည် … အကြိမ်ကြိမ်ခံရသည့်တိုင် အလှူတန်းကို ၀ါသနာထုံလွန်းလှသည် ။ )  အလှူတန်းလုပ်ခြင်းသည် မိမိဧ။် ပိုင်ဆိုင်မှုကို တပါးလူအကျိုးတွက် ပေးဝေခြင်းဖြစ်သဖြင့် စွန်လွှတ်တတ်သော စိတ်ဓါတ် အခြေံရှိသူများသာ ပြုလုပ်ကြသော်လည်း ကျွန်မဧ။် အဖွားဖြစ်သူ အလှူတန်းလုပ်ခြင်းသည်  မစဉ်းစားမဆင်ခြင် မိမိပိုင်ဆိုင်သမျှ ဖြုန်းတီးပစ်ခြင်းဟုသာ မြင်မိသည် ။ ထို့ကြောင့် သူပြုသမျှ အလှူတွင် ကျွန်မက အတိုက်အခံ လုပ်မိတော့သည် … ။ ကျွန်မကိုယ်တိုင်ကအလှူတန်းဝါသနာပါသော်လည်း ၀င်ငွေ၊ထွက်ငွေမျှ၍သာ လှူတတ်ပြီး ၊ သင့်တော်သောနေရာတွင် ၊ စေတနာအလျှောက်သာ လှူတတ်သည် … အလှူခံတိုင်းတော့ စေတနာမရှိပါ ။ ထို့ကြောင့် ကျွန်မကို အဖွားဖြစ်သူက သူများ အလှူလုပ်တာ ပိတ်ပင်သည် ၊ အတိုက်ခံလုပ်သည် ၊ နင်နောင်ဘ၀ ဗြိတ္တာဖြစ်မည် စသည်ဖြင့် ခြိမ်းခြောက်ပြန်သည် …. ။ သူမ ဘယ်လို ပြောပြော ကျွန်မကတော့ မကြောက်ပါ …. ကိုယ့်စေတနာ ကိုယ်အကျိုးပေးမည် … လက်ရှိဘ၀ကိုသာ အကောင်းဆုံးနေထိုင်သင့်သည် ဟုသာ အခိုင်မာ ယုံကြည်သေြာေ ကာင့်ပင် ။

ဆက်ပါဦးမည် … ကျွန်မဧ။် အဖွားဖြစ်သူ မြည်တွန်တောက်တီးသံ နားမခံနိုင်အောင် ကြားရနိုင်သည်မို့ ကျွန်မညီမလေးကို အလှူခံ ထည့်ရန်ပြောပြီူး (သူမ အလှူငွေသွားထည့်လား မထည့်လား မသိ)… ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေမိသည် ။ ခဏကြာသော် ညီမလေးက ခုန်ပေါက် ပြေးလွှာကာ ကျွန်မအနားလာသည် … “မမရေ … မမ … ဟို အလှူခံက ထူးဆန်းတယ်သိလား ” ဟု ဆိုရှာသည် …. ။ ” အလှူခံက အလှူခံပဲလေ .. ဘာများ ထူးခြားလို့လဲ .. ငါအလုပ်လုပ်နေတယ် အာရုံတွေလာမစားနဲ့ … ဝေးဝေးသွား” လို့ ပြောတော့ …သူမက နားမလည်တဲ့ မျက်လုံးများဖြင့် … တစ်ခုခုကို စဉ်းစားဟန်ပြုပြီး … ” မမကလည်း … ပိန်းပြန်ပြီ …. ထူးခြားတယ်ဆိုတာ အလှူလာခံတာ တစ်ယောက်တည်း … အရင်က ကောင်လေးတွေ အများကြီလေ” လို့ ပြောပြီး အ ထွန့်တက်သည် … ။ ကျွန်မကတော့ သမန်ကာလျှံကာ အမှတ်နဲ့ … ” ဟဲ့ … တစ်အိမ်ကို တစ်ယောက်ပဲ အလှူခံမှာပေါ့ … အများကြီးစုပြုံလာပါ့မလား ….. သွားသွား … ” လို့ဟောက်လိုက်တော့ …. သူက လူကြီးလေသံဖြင့် … ” မမကလည်း ထွက်ပဲ ကြည့်ပါဦး သူ့နောက်မှာလည်း ဘယ်သူ့မှ မပါဘူး …သူ့ရှေ့မှာလည်း ဘယ်သူ့မှ မပါဘူး” ဟုဆိုပြန်သည် … သူ့အပြောကြောင့် ကျွန်မစိတ်ဝင်စား သွားပြီး ….. တိုက်လက်စ မီးပူ ၊ ခလုတ်တောင် မပိတ်တော့ပဲ ပလပ်ပေါက်က ဆွဲဖြုတ်ကာ ပြတင်းပေါက်သို့ သွားကြည့်တော့သည် … ။

ကျွန်မညီမလေးပြောသလိုပင် … ၀တ်ဖြူ စင်ကြယ် (အပေါ်ဖြူအောက်ဖြူ) ၀တ်ထားသော လူတစ်ယောက် ဖိနပ်မပါ ငွေဖလားတစ်လုံးနဲ့ … ညာဘက်လက်က ထီးအပြာကိုကိုင်ကာ တခြား အိမ်များကိုလည်း လျှောက်အလှူခံနေတော့သည် … ။ ခွက်ထဲတွင်လည်း အိမ်ပေါက်စေ့အလှူခံထားသော အလှူငွေများက ကျွန်မတို့ မြန်မာလူမျိုးများဧ။် သဒ္ဓါတရားကို ပြက်ရယ်ပြုသည့်အလား …. ဖလား ပြည့်လုနီးပါးတွေ့ရပြန်သည် … ။ ထိုလူဧ။် မျက်စိတဆုံး အရှေ့အနောက် တောင်မြောက် စုံစေ့အောင် ကြည့်ပါသော်လည်း အလှူခံ တခြား လူများပါမလာပါ … ။ ရွှေတိဂုံဘုရားသို့ ရွှေသင်္ကန်း ကပ်လှူနေသော အလှူခံများကို နှစ်စဉ်နှစ်တိုင်း ၀ါတွင်းကာလတွင်း အလှူခံနေတာ ကျွန်မတွေ့ခဲ့ဖူးသည် ။ ငါးယောက်မှ ဆယ်ယောက် ၊ ဆယ့်ငါးယောက်လောက်ထိရှိသည် … ၀တ်စုံကိုယ်စီ ဖလားကိုယ်စီဖြင့် ဖြစ်သည် …တူညီသည့်ခမောက်လေးများ စောင်းထားသည် ။ တစ်ခါတစ်ရံ လော်စပီကာဖြင့် အော်သည့်လူပါ ပါလာသေးသည် ။ ယခုကဲ့သို့ တကိုယ်တော် အလှူခံခြင်းမျိုး မတွေ့ရချေ … ။ ကျွန်မညီမလေးပြောသလိုဆို …ယခုလူဧ။် တကိုယ်တော် အလှူခံခြင်းသည် ထူးခြားနေသည် … ပို၍ထူးခြားသည်မှာ ယင်းလူဝတ်ထားသော အကျီ င်္ အဖြူတွင် အနီရောင်မှင်ဖြင့် ရေးထွင်ထားသော စာတန်းများသည် … ကြည့်မြင်တိုင်မြို့နယ် xxxx ၀တ်အသင်းမှ အလှူခံများ ၀တ်သော အကျီင်္ စာသားနဲ့ ချွတ်ဆွပ်တူနေကြောင်းပင် ။

တစ်လမ်းဝင်တစ်လမ်းထွက် ရပ်ကွက်ထဲ အလှူလိုက်ခံသော ထူခြားဖြစ်စဉ်ဖြစ်တာကြောင့် မှတ်တမ်းနှင့်တကွ တင်ပြနိုင်ရန် … ညီမဖြစ်သူကို ဖုန်းပေးပြီးနောက်မှ ပြေးကာ ဓါတ်ပုံလိုက်ရိုက်ခိုင်းသည် … ။ စုံထောက်လုပ်စားလျှင် ငတ်မည့်အရည်ချင်းနှင့်ပြည့်စုံသော ကျွန်မညီမလေးက မျက်နှာရှေ့တည့်တည့်မှ ဓါတ်ပုံရိုက်မည်ဟု (ညီမလေးပြန်ပြောခြင်းပင်) သွားပြောတော့သည် …. အစစ်မှန်မဟုတ်သော အလှူခံကလည်း …. (ထုံတာကိုး :D )  သူ့ကို ဓါတ်ပုံရိုက်မည်ဟု သိသိချင်း … ၀တ်ထားသော ၀တ်ဖြူစင်ကြယ်ကိုပါ အားမနာပဲ ဖ၀ါးနဲ့ တင်ပါး တသားထဲ ကျအောင် ပြေးတော့သည် … ထို့နောက် …နီးရာ ဆိုက်ကား ဂိတ်သို့ပြေးကာ ဆိုက်ကား ငှားပြီး လစ်ပါတော့သည် … .။ထိုမြင်ကွင်းကိုကြည့်ပြီး  အိမ်ပေါ်ထပ်မနေ၍ လှမ်းမြင်နေရသော  ကျွန်မတို့ မိသားစု ခွက်ထိုးခွက်လန်ရယ်မောခဲ့ရသည် ။ ပျင်းခြောက်ခြောက် တနင်္ဂနွေနေ့လည်ခင်းအတွက် ရယ်စရာ ဟာသတစ်ပုဒ်ဖြစ်ခဲ့ရတော့သည် ။ မြင်ကွင်းအစုံကို မြင်လိုက်ပါလျှက် အဖွားဖြစ်သူပြောသော စကားကတော့ အလှူခံလည်း လူပဲ ရှက်တတ်တာပေါ့တဲ့ .. ဓါတ်ပုံရိုက်မယ်ဆိုတော့ … လန့် ပြေးတာနေမှာပေါ့တဲ့လေ … ။ ကျွန်မတို့ ဘယ်လို အတိုက်ခံလုပ်လုပ် ၊ ဘယ်လိုတားတား အဖွားဖြစ်သူကတော့ …အလှူတန်းဝါသနာပါပုံ အရိုးစွဲနေတာကြောင့် … လှေနံဓါးထစ်ဖြစ်နေတုန်းမို့ … ဘယ်သူမှ သူနဲ့ ပြိုင်မပြောပဲ အိမ်ထဲ အလျှိုလျှိုဝင်ခဲ့ကြပါတော့သည်  :D

ကဲ …ရွာသူရွာသားတို့လည်း  သဒ္ဓါထက်သန်မှုဟာ တစ်ခါတစ်လေ သူတပါး လိမ်လည် လှည့်ဖြားခြင်း ဖြစ်နိုင်တယ်ဆိုတာ တွေးမိလောက်ပါပြီ ။ ဒီတော့ … မရှိလို့ မလှူ … မလှူလို့ မရှိ ဆိုတာမျိုး ၊ညောင်စေ့လောက်လှူလည်း ညောင်ပင်ကြီးလောက် အကျိုးရှိတယ်ဆိုတာမျိုး ဆင်ခြေပေးနေမယ့် အစား … မိမိတို့ဧ။် ချွေးနည်းစာ ရှာထားတဲ့ ပိုက်ဆံလေးတွေကို မလိုပဲ အလဟသ ဖြုန်းတီခြင်းနည်းမျိုးဖြစ်တဲ့ … အတုယောင် အလှူခံခြင်းမျိုးဟုတ်မဟုတ်ဆိုတာ ဆင်ခြင်ပြီးမှ လှူဒါန်းကြပါလို့ နှိုးဆော်လိုက်ချင်ပါတော့သည် … ။ ။

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!