အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခြင်း.. ပြုသင့်/မသင့်

kaiOctober 17, 20111min23624

[polldaddy poll=5558047]

=

ကိုမိုးသီး ဘလော့ဂ်မှာ အောက်ကအတိုင်းဖတ်မိပါတယ်..။

ဝင်မယ်။မဝင်ဘူး ဒေါ်အောင်ဆန်းစုကြည် ကြေညာ တော့မယ်။

အောက်တိုဘာ ၁ရ ရက် နေ ့မှာ ဒါ်အောင်ဆန်းစုကြည် တရားစခန်းက ထွက်လာမှာဖြစ်ပါတယ်။ သူပြန်ထွက်လာရင်  ပါတီမှတ်ပုံတင်မယ်။ မတင်ဘူး။ ရွေးကောက်ပွဲဝင်မယ်။ မဝင်ဘူး ။   Yes or No  အဖြေကို ပြောလိမ့်မယ်လို ့ အားလုံး က မျော်လင့်နေကြကြောင်းသိရပါတယ်။
ဆိုတော့..  တိုင်းပြည်အပြောင်းအလဲအတွက်.. အရေးကြီးနေပြီမို့… နည်းနည်းဖြစ်ဖြစ်.. ဝင် ဆွေးနွေးကြစေချင်တာပါပဲ..။
ဘာအစွဲမှမထား..ဘယ်သူ့လွှမ်းမိုးမှုမှ မယူ.. ကိုယ့် စိတ်ထဲရှိတဲ့အတိုင်း ပြောကြရေးကြစေချင်တာပါ..။
နှလုံးသားထဲက အတိုင်းပေါ့..။
Poll ရလဒ်ကတော့ .. ဒီနေ့ ဒီအချိန်အထိ..အောက်ကအတိုင်းဖြစ်ပါတယ်…။ မှတ်ပုံတင်စေချင်တဲ့ဖက်က… ၃ဆကျော်ကျော်လောက် ပိုပေးထားတာတွေ့ရပါတယ်..။
NLD ပါတီမှတ်ပုံတင်ခြင်း ..
Total Votes: 901

24 comments

  • Ko Ko Aung

    October 17, 2011 at 1:09 pm

    “ဘာအစွဲမှမထား..ဘယ်သူ့လွှမ်းမိုးမှုမှ မယူ.. ကိုယ့် စိတ်ထဲရှိတဲ့အတိုင်း….” ဆိုလို့ပါ။

    NLD အနေနဲ့ ပါတီမှတ်ပုံတင်သင့်ပါတယ်။
    နောက်ရွေးကောက်ပွဲ ဝင်/မဝင် က အခြေအနေအရပေါ့။
    နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ပြောင်ပြောင်တင်းတင်း နိုင်ငံရေးလုပ်သင့်ပါတယ်။
    ရလာမယ့်အကျိုးတွေက-

    -လူထုကိုဗြောင်စည်းရုံးနိုင်မယ်။

    -ပါတီမူဝါဒကို ရှင်းလင်းချပြပြီး ပုဂ္ဂိုလ်ရေးအရမဟုတ်ပဲ သဘောတရားရေးအရ လူထုထောက်ခံမှု့ကို ရအောင်ယူသင့်ပါတယ်။ အဲဒါက လက်ရှိထိပ်ပိုင်းပုဂ္ဂိုလ်တွေ မလုပ်နိုင်တော့ရင် မျိုးဆက်မပြတ်ဘို့ ဖြစ်ပါတယ်။

    -NLD ထောက်ခံသူတွေလဲ ရဲရဲတင်းတင်း မျက်နှာပြရဲလာမယ်။ ရဲရဲတင်းတင်း ပါတီနဲ့ ပူးပေါင်းဆောင်ရွက်နိုင်လာမယ်။ ရဲရဲတင်းတင်း အလှူငွေထည့်ခြင်း စတဲ့ ပံ့ပိုးမှုတွေကို လုပ်နိုင်လာမယ်။ ပါတီရဲ့ ရံပုံငွေက လက်ရှိစည်းကမ်းများအရ ပြည်တွင်းကအလှူငွေကိုပဲ လက်ခံနိုင်မှာ။ ဒါကြောင့် ပြင်ပက အကူအညီမပါပဲ တင်းတင်းရင်းရင်းရပ်တည်ဘို့ အခုကတည်းက ကြိုးပမ်းရမှာ။ ဒါမှ ဗိုလ်ချုပ်သိန်းစိန်တို့မရှိလဲ အဆင်ပြေမှာ။

    တခြားစဉ်းစားမိတာလေးတွေလဲ ရှိသေးပေမယ့် MG က ညီနောင်တွေရဲ့ အမြင်ကိုလဲ လေးစားစွာ နားထောင်ချင်ပါသေးတယ်။

  • Diamond Key

    October 17, 2011 at 1:24 pm

    8 လေးလုံး က စတဲ့ ကိစ္စ အတွက် သူကြီးကတော့ ၄ သုံးလုံး ပို့စ်နဲ့ ပြောနေပြီပေါ့။
    ကျွန်တော်ကတော့ ဝင်ရေး ဖက်ကပါ။
    NLD ပါတီ ဝင်အရွှေးခံရင် မဲပေးမယ်။
    နို်င်ငံရေးမျက်နှာမှာ နေရာက ရပြီးသားပဲဟာ။

  • pooch

    October 17, 2011 at 2:39 pm

    ကျမလည်း မှတ်ပုံတင်တာကို ထောက်ခံတဲ့ဘက်ကပါ..
    တရားဝင် နိုင်ငံသားတွေကို စည်းရုံးနိုင်ဖို့ ..
    တရားဝင် နိုင်ငံရေး အလုပ်တွေကို လုပ်နိုင်ဖို့ …
    ကျမတို့တွေ တရားဝင်မဲပေးနိုင်ဖို့ မှတ်ပုံတင်ဖို့ လိုပါတယ်…

  • aungnng87

    October 17, 2011 at 3:06 pm

    မှတ်ပုံတင်သင့်ပါတယ်။ မှတ်ပုံတင်တာကိုထောက်ခံပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 17, 2011 at 4:02 pm

    ခပ်ရှင်းရှင်းပြောရရင်တော့
    ယ္ခုလက်ရှိ အစိုးရက ဘလိုင်းကြီးလိမ်ပြီးတက်လာတယ်ဆိုတာပါဘဲ
    ဒီနေရာမှာ 90 ပြည့်နှစ် ရလဒ်က သပ်သပ်နော်
    ဒီလို ဘလိုင်းကြီးအကြံဖန်လုပ်ပြီး တက်လာသည့်တိုင်အောင်တောင်
    သူလုပ်သင့်တဲ့အလုပ်တွေကိုမှ မလုပ်သေးတာ
    ဆိုလိုတာက ရိုးသားမှု့မရှိဘူးဆိုတာကိုပါ
    အထင်ရှားဆုံးက
    နိုင်ငံရေးအကျဉ်းသားတွေကို ဘာ့ကြောင့်မလွှတ်ပေးသေးတာလဲ
    သူထိမ်းသိမ်းထားစရာ ဘာအကြောင်းမှ မရှိတော့ဘူး
    မြစ်ဆုံဆယ်ကိစ္စတောင် ပြီးသွားပြီလို့ ဘယ်သူပြောနိုင်လဲ
    ဒီအခြေနေမှာ မှတ်ပုံတင်စရာ ဘာအကြောင်းမှ မရှိဘူး
    နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးမှ
    မှတ်ပုံတင်မယ် မဟုတ်ဘူး
    အဲ့သည်အခါကျမှ ဆင်းစားရဦးမှာ
    ဘာမှ မခက်ပါဘူး ရှင်းရှင်းလေးဘဲ ကလေးတောင်တွေးတတ်တယ်

  • forever

    October 17, 2011 at 4:13 pm

    ဒီကိစ္စက အရေးကြီးပါတယ်
    NLD မှတ်ပုံတင်မတင် ကိစ္စ ကို ဆုံးဖြတ်ရာမှာ အမေစု တယောက်ထဲပေါ်ကို
    လွဲမချသင်.ပါဘူး မလိုတဲ.လူတွေက ပြောဘို.အကွက်စောင်.နေလို.ပါ
    CEC တဖွဲ.လုံးကလဲ တသံထဲထွက်ဘို.မလွယ်ပါဘူး
    ဆိုတော.ကာ ကျွန်တော်ရဲ. ခန်.မှန်းချက်ကို ပြောကြည်.ရမယ်ဆိုရင်
    NLD ဟာ ဒီကိစ္စ ကို အမြတ်ထုတ်ရပါမယ် ပါတီတရားဝင်မှတ်ပုံတင်သင်.မတင်သင်.
    ကိုဆုံးဖြတ်ဘို.ပါတီဝင်တိုင်းမှာ တာဝန်ရှိတယ်ဆိုပြီး တနိင်ငံလုံးအတိုင်းအတာနဲ.
    အစည်းဝေးတွေခေါ်ပြီးပါတီအင်အားကိုကျစ်လစ်တောင်.တင်းအောင်
    စုစည်းသင်.တဲ.အခါကောင်းပါဘဲ
    နောက်ဆုံးကျွန်တော.ခန်.မှန်းချက်ကိုပြောကြည်.ပါ.မယ်
    NLD ဟာ မှတ်ပုံတင်ဖြစ်မှာပါ ကြားဖြတ်ကိုတော.ဝင်မယ်မထင်ပါ
    အခြေခံဥပဒေကိုပြင်ဘို.ကြိုးစားရင်းနဲ.နိင်ငံရေးမျိုးဆက်သစ်တွေကိုပါ
    မွေးထုတ်ပေးဘို.စင်တင်ပေးဘို.ကြိုးစားလိမ်.မယ်လို.ယူဆမိပါတယ်

  • alinsett

    October 17, 2011 at 6:16 pm

    မှတ်ပုံ တင်သင့်ပါတယ် ။
    တရားဝင် လုပ်ပိုင်ခွင့် ရှိထားတော့…
    တရားမဝင်ပဲ…. ရင်တထိတ်ထိတ် လုပ်စရာ..မလိုတော့ဘူးပေါ့။
    ဒါမှမဟုတ်ရင်…. တရားဥပဒေကို ချိုးဖောက်ပြီး..လုပ်နေပါတယ်…ဘာ.ညာ နဲ့ အော်နေဦးမှာလေ။

    ရတဲ့..ဘောင် ၊ ရတဲ့ ခွင် ထဲကနေ ရသလောက် ကို ပြည်သူတွေ အတွက် လုပ်နေရင် အိုကေ လာမှာပါ

  • mgmgmone

    October 17, 2011 at 6:19 pm

    လုံးဝမတင်သင့်ပါဘူး။နောက်တစ်ခါထပ်အရူးလုပ်မခံနိုင်တော့ဘူး။

  • blackchaw

    October 17, 2011 at 6:35 pm

    ကျွန်တော်အမြင်ကတော့ တရားဝင် ရပ်တည်စေချင်ပါတယ်။
    တရားဝင်ဆိုတော့ မတရားလာလုပ်လို့ မရတော့ဘူးပေါ့ဗျာ။

  • koyinmaung

    October 17, 2011 at 6:52 pm

    မှတ်ပုံတင်တာကိုအားပေးပါတယ်…..
    ဒီတခါ..အယင်လိုလိမ်လို့ရမယ်မထင်တော့ပါဘူး…

  • ရာဇဝင်လူဆိုး

    October 17, 2011 at 7:21 pm

    သေချာပေါက်ကို မှတ်ပုံတင်ပါလိမ့်မယ်။ ဒါပေမယ့် အိမ်ရှင်နဲ့ ဒါးပြ ဝေစုခွဲစရာ မလိုဘူးဆိုတဲ့ အတွေးရှိရင် ရေလည်မိုက်ပြီ။

  • နိုင်ငံရေးအကြောင်းဆိုတော့ ပြောမယ့်သာပြောရတာ.. ကိုယ့်နောက်ကျောတော့ ကိုယ်မလုံဖြစ်သားဗျ.. ဒီအသက်အရွယ်ထိ ကြားလာလိုက်ရတဲ့ နိုင်ငံရေး အတွဲ၊ အကွဲ၊ အပြဲ၊ အဆွဲ၊ အလွဲ၊ အဆဲတွေလဲ မိုးမွှန်နေပေါ့.. နိုင်ငံရေး၊ နိုင်ငံရေးနဲ့ နိုင်ငံအရေး ကောင်းမွန်ဖို့မတွေး၊ ကိုယ့်ကိုယ်ကိုယ်သာ ကောင်းစားဖို့တွေးနေသူတွေကတစ်ဖက်၊ နိုင်ငံတော်ကြီးကို တိုးတက်စေလွန်းလှပါတယ်ဆိုပြီး စကားလုံးတွေ မိုးမွှန်အောင် သုံးနေသူတွေကတစ်ဖက်၊ ဘယ်သူ့မူဝါဒကမှ မကောင်းဘူး၊ ငါတို့မူဝါဒ၊ ငါတို့ပါတီသာ နိုင်ငံတော်ကြီးကို ကောင်းမွန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပေးနိုင်တာဆိုတာတွေကတစ်ဖက်၊ ငါတို့လုပ်ချင်ရာလုပ်မယ်.. မင်းတို့ ဝေဖန်ရေးတောင် မလုပ်နဲ့ဆိုတဲ့ အဖွဲ့က သပ်သပ်၊ အမျိုးပေါင်း စုံလင်လှပေါ့။

    ခုရွေးကောက်ပွဲမှာ အောင်မြင်ထားတဲ့ အစိုးရကျောထောက်နောက်ခံမဟုတ်တဲ့ နိုင်ငံရေးပါတီများသည်လည်းကောင်း၊ မှတ်ပုံတင်ဖျက်သိမ်းထားခြင်းခံရသော NLD ပါတီသည်လည်းကောင်း မိမိတို့ ပြုပြင်ပြောင်းလဲလိုသည်များကို လမ်းမပေါ် ဆူပူလှုပ်ရှားပြနေခြင်းဖြင့် မရနိုင်သည်ကို သမိုင်းမှာ ပြည်သူတွေရဲ့ သွေးစက်တွေနဲ့ ရေးထိုးပြီး အတွေ့အကြုံရခဲ့ဖူးပြီမဟုတ်ပါလား။ ထိုသို့နိုင်ငံရေး အပြောင်းအလဲဖန်တီးနိုင်စွမ်းရှိခဲ့တဲ့အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေရော၊ နိုင်ငံရေးသမားဆိုသူတွေရော ဘယ်တုန်းက ပြည်သူတွေကို ဦးဆောင်နိုင်စွမ်း၊ နိုင်ငံကိုပြောင်းလဲနိုင်စွမ်း ရှိခဲ့ကြပါသလဲ။

    ခုချိန်မှာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ပြည်သူတွေက ရွေးချယ်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုသူများမှတစ်ဆင့် ပြည်သူတွေ၏စကားသံများကို လွှတ်တော်တွင် တင်ပြခြင်းဖြင့် ပြုပြင်ပြောင်းလဲနိုင်မည်ဟု ယူဆပါသည်။ ကွဲပြဲနေသည့် အစိုးရကျောထောက်နောက်ခံ မပြုသည့် ပါတီများမှ ကိုယ်ကျိုးကိုစွန့်လွှတ်ကာ အချင်းချင်းပူးပေါင်းကြလျင်ဖြင့် လွှတ်တော်တွင် အင်အားကောင်းမွန်လာနိုင်မည်ဖြစ်သည်။ အခြေကျ အမြစ်တွယ်နေသည့် ဗဟိုဦးစီးချုပ်ကိုင်စနစ်ကို တစ်ဖြည်းဖြည်းချင်း ပြောင်းလဲ တိုက်ထုတ်ယူရမည်သာဖြစ်သည်။ မိမိတို့၏လုပ်ဆောင်ချက်များ ကောင်းမွန်မှု မကောင်းမွန်မှုအပေါ် မူတည်ပြီး ပြည်သူများ ထောက်ခံအားပေးမှုကို ရရှိမည်သာဖြစ်သည်။

    အနှစ်ချုပ်ကိုပြောရလျှင်မူ NLD မှတ်ပုံတင်သင့်ပါသည်။ အတိတ်က ရွှေထီးဆောင်းခဲ့စဉ်ကိုသာ ပြန်လည်တွေးတောမနေတော့ပဲ လက်ရှိအပြောင်းအလဲနှင့် အမှီလိုက်နိုင်မှသာ နိုင်ငံ့အရေးကို စွမ်းဆောင်နိုင်မည်သာဖြစ်သည်။ ဖြစ်နိုင်လျင်တော့မူ နိုင်ငံရေးပါတီကြီးတစ်ခုအနေနှင့် ကျန် အခြားပါတီများကိုပါ စုရုံးပြီး တစ်စည်းတစ်လုံးတည်းဖြစ်အောင် ကြံဆောင်မည်ဆိုလျင်တော့ဖြင့် လွန်စွာမှပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိမည် ဖြစ်ပါကြောင်း….

  • mozillamedia

    October 17, 2011 at 9:16 pm

    မှတ်ပုံ တင်သင့်ပါတယ်………
    တရားဝင် လုပ်ဆောင် နေရဲ့သားနဲ့ လက်ရှိ အစိုးရက ညစ် အုံးမယ် ဆိုရင်လည်း သူတိုရဲ့ ယုတ်မာမှု ကိုပိုမို ပေါ်လွင် စေမှာ ဖြစ်ပါတယ်…..
    မှတ်ပုံ မတင်ဘူး ဆို ရင် ဒီကိစ္စ အငြင်းပွား နေရတာနဲ့ အချိန် ကုန်မှာ စိုး လို့ပါ……

  • ကြောင်ကြီး

    October 18, 2011 at 7:42 am

    ဒေါ်စုက ပြောပြီးသားဖြစ်ပါတယ်။ ကြံ့ဖွတ်အမတ် ဦးထူးဆန်း ဒီနေ့တင်တဲ့ ရန်ကုန်တိုင်းနဲ့ဒေါ်စု အင်တာဗျူးမှ ကောက်နုတ်တင်ပြချင်ပါတယ်။ ဆင့်ဟာခွေးမျှော် ဖြစ်နေမှာ စိုးလို့ပါ…။ 😀

    ဒီမေးခွန်းကလည်း အားလုံးသိချင်တဲ့ မေးခွန်းပါပဲ။ မကြာခင်မှာ ကြားဖြတ် ရွေးကောက်ပွဲလည်း ရှိပါတယ်။ နောက်ငါးနှစ်မှာလည်း ရွေးကောက်ပွဲ ရှိတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာထက် တရားဝင် ပါတီအဖြစ်နဲ့ အနာဂတ်မှာ ရပ်တည်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်ထားတာ စဉ်းစားထားတာရှိလား သိချင်ပါတယ်။

    အန်တီတို့ပါတီကို စပြီး ထူထောင်ကတည်းက တရားဝင် နိုင်ငံရေး ပါတီတစ်ခုအနေနဲ့ လှုပ်ရှားချင်လို့ ထူထောင်ထားတာပါ။ ဒါက ဒီမိုကရေစီရဲ့ လိုအပ်ချက်တစ်ခုပါ။ အခုခေတ် ဒီမိုကရေစီမှာ နိုင်ငံရေးပါတီ မရှိလို့မဖြစ်ဘူး။ တချို့က ပါတီနိုင်ငံရေးကို ရှုံ့ချတာတွေ ရှိတယ်။ အခုခေတ်မှာ ပါတီနိုင်ငံရေးပဲ ရှိတယ်။ ခေါမခေတ်ကလို အားလုံး တစ်နေရာမှာစုဆိုပြီး ဒီမိုကရေစီ အစိုးရပုံစံနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ အခုခေတ် ဒီမိုကရေစီဆိုတာ ပါတီပေါ်မှာ အခြေခံတယ်။ ဒါကြောင့် အန်တီတို့ပါတီကို တရားဝင်ပါတီ ထူထောင်ခဲ့တယ်။ အန်တီတို့လည်း ၁၉၉ဝ ခုနှစ်တုန်းက ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ဒီမိုကရေစီ ဆိုတာ ရွေးကောက်ပွဲ ရှိတိုင်းလည်း ဒီမိုကရေစီ မဟုတ်ဘူး။ ရွေးကောက်ပွဲရှိမှ ဒီမိုကရေစီ မဟုတ်ဘူး။ သို့သော်ငြားလည်း ဒီမိုကရေစီရဲ့ လိုအပ်ချက်တစ်ခုက ဒီမိုကရေစီဆန်တဲ့ ရွေးကောက်ပွဲ တစ်ခုကို ဦးတည်တယ်။ အန်တီတို့ အနေနဲ့ တရားဝင်နိုင်ငံရေး အဖွဲ့အစည်းအဖြစ်နဲ့ ရပ်တည်ရေးဆိုတာလည်း အယုံအကြည် ရှိတယ်။ ဒီလို တရားဝင် နိုင်ငံရေး အဖွဲ့အစည်းတစ်ခု အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရေးဆိုတာလည်း အယုံအကြည် ရှိတယ်။ ဒါပေမယ့်လည်း အခြေအနေတွေအရ စည်းမျဉ်းစည်းကမ်းတွေအရ ဘယ်အချိန်မှာ လုပ်သင့် မလုပ်သင့်ဆိုတာ ချင့်ချိန်ရပါမယ်။ ဒါကြောင့် ၂၀၁ဝ တုန်းက ပါတီကို အန်တီတို့ မှတ်ပုံမတင်ခဲ့တာပါ။

    အန်တီအဖြေနဲ့ ဆက်စပ်ပြီး ကျွန်တော် မေးချင်တာက အဲဒီအတွက် အလားအလာကောင်းတွေ ရှိပါသလား။

    အလားအလာကောင်းတွေ ဖြစ်အောင် လုပ်ယူရပါမယ်။ ရှိတယ်မရှိဘူးဆိုတာ ပြောဖို့ အချိန် စောပါ သေးတယ်။ အစကတည်းက ဒီလို ရည်ရွယ်ချက် ရှိတဲ့အတွက် အဖွဲ့ချုပ်ကို မပျက်မစီး မပြိုကွဲအောင် ထိန်းသိမ်းခဲ့တာပါ။ ပြည်သူလူထု ထောက်ခံတဲ့ အဖွဲ့အစည်းတစ်ခုဟာ တစ်ချိန်မဟုတ်တစ်ချိန် တရားဝင် အဖွဲ့အစည်း ဖြစ်ကိုဖြစ်သင့်တယ်လို့ အန်တီတို့ ယုံကြည်ပါတယ်။

    • kai

      October 18, 2011 at 7:59 am

      အင်း..
      ဟုတ်ပေသားပဲ..။
      ဆိုတော့… ဒါက လူထုပြည်သူ အများဆန္ဒအတိုင်းဖြစ်တယ်ပေါ့…။
      နောက်တခု…
      ကြားဖြတ်ရွေးကောက်ပွဲ.. ဝင်/မဝင် လို့ပြောင်း Poll ရမယ်ထင်တယ်..။

      ဘာပဲဖြစ်ဖြစ်. မင်းကိုနိုင်တို့ အဌမံလေးအုပ်စုသားတွေ.. လွတ်မှာမို့.. ဝမ်းမြောက်မိပါကြောင်း.. 😀

      • ကြောင်ကြီး

        October 18, 2011 at 9:10 am

        အဲဒါလည်း မလုံလောက်သေးဘူး၊ မဲပေးသူကို သတင်းအချက်အလက် ပိုပေးသင့်တယ်။ ဥပမာ – ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မှုမရှိဘဲ ကြွက်ဖားရွေးဂေါက်ပွဲ ဝင်သင့်သလား မေးခွန်းကို ပို့စ်ထဲမှာထည့် မေးသင့်တယ်။ အပြင်မှာထုတ်ထားရင် စာမဖတ်ဘဲ တန်းမဲပေးမှာစိုးလို့။ ပို့စ်ထဲမှာ အခြေခံဥပဒေထဲက အရေးကြီးထင်ရှားတဲ့ အချက်သုံးလေးချက်လောက် ပေးထား။ ဒါဆို သဂျီးကျူးလွန်ထားတဲ့ အပြစ်တွေ နဲနဲကျေသွားမယ်။ 😡
        စစ်အစိုးရက မပုတင်နဲ့ ကြွက်ဖားရွေးဂေါက်ပွဲဝင်တဲ့ကိစ္စကို ချိတ်ဖို့ကြိုးစားမယ်ထင်တယ်။ မဝင်ရင် မပုတင် ပေးမလုပ်ဆိုတာမျိုးပေါ့။ ဒီတော့ တချက်ခုတ် နှစ်ချက်ပြတ်သွားအောင် ၂၀၀၈ နာဂစ်အခြေခံဥပဒေကို မယ်မယ်ရရပြင်ဆင်မှုမရှိဘဲ အန်အယ်ဒီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မှ မှတ်ပုံတင်လို့ရမယ်ဆိုရင် မှတ်ပုံတင်သင့်သလား မေးခွန်းကို တော်သင့်သလို အချက်အလက်တွေ ပေးပြီးပို့စ်ထဲမှာ စာစီပြီး မေးသင့်တယ်။ ဒါဆို သဂျီးအပြစ် တဝက်နီးပါး ကြေမယ်။ 😎

        • မိုက်ကယ်ဂျော်နီအောင်ပု

          October 18, 2011 at 10:00 am

          ပြောလို့ပြောတာ ဒီအရပ်ထဲ အမြော်အမြင်ကြီးတာဆိုလို့
          ကိုကြောင်ကြီးနဲ့ ကျွန်တော် နှစ်ယောက်တည်းရှိတာ
          လွန်ခဲ့တုန်းကလည်း ရွေးကောက်ပွဲဆိုပြီးသူတို့လုပ်ပြီးပြီ
          ဆိုတော့ကာ ကိုကြောင်ကြီးရယ်
          ဟို လိင်တူချစ်သူ ထောက်ခံရေးကန့်ကွက်ရေးကတော့
          လွှတ်တော်ထဲရောက်မှာ အကျေလည်ဆွေးနွေးကြတာပေါ့
          လောလောဆယ်တော့ ဒီအကြောင်းမှာ သဘောတူလက်မှတ်ထိုးရအောင်လား
          ခုလက်ရှိသူခိုး အစိုးရက ခိုးသည်ရှိစေဦးတော့ အမှန်သာသူလုပ်မယ်ဆို
          NLD မှတ်ပုံမတင်လည်း သူဘာကိုဂရုစိုက်ရမှာလည်း
          ခုတော့ NLD မှတ်ပုံမတင်ခြင်းက သူတို့ဘယ်လိုဘဲခိုးခိုး
          ကမ္ဘာက ( ဟို ခွေးမသား တရုပ်အစိုးရတော့မပါ ) သူတို့ကို
          အပြည့်ဝအသိမှတ်မပြုဘူးဆိုတာ ထင်ရှားနေတာဘဲ
          သူသာ အစိုးရတစ်ရပ်ရဲ့လုပ်ရပ်ကို မှန်မှန်ကန်ကန်လုပ်ရင်
          အခြားအဖွဲ့စည်းတွေက ထောက်ခံမှာဘဲ
          ခုတော့ သူ့အဖွဲ့ထဲမှာသူ အမှန်အကန် မဲပြန်ခွဲရင်တောင် သူနိုင်ပါ့မလားဆိုတာလေးပါ

        • ကြောင်ကြီး

          October 18, 2011 at 10:42 am

          အောင်ဘုရာ နင်သာ ဂျော်လကီးမဟုတ်ရင် နင့်ကို ငါရအောင်ယူတယ်။ လင်ရှိလည်း ဦးဖောတို့ ဩတတေးလျကို ခေါ်သွားအတူနေမယ်။ အခုတော့ ဆုတောင်းမှားခဲ့သူနှစ်ယောက် ရှင်လျက်နဲ့ ဝေးရပြီပေါ့၊ အဟင့်… 😥

    • htoosan

      October 18, 2011 at 12:31 pm

      ်ကျွှန်တော်လည်း ဦးကြောင်ကြီး ရဲ့ ကောင်းမှုနဲ့ ဘဝစုံလာပြီ။ 🙂 No problem ပါ။
      ကိုယ်ကောင်းရင်ခေါင်း ဘယ်မှမရွေ့ဘူးလို့ဘဲ သဘောထားပါတယ်။ ဦးကြောင်ကြီးတို ့ခေါင်းရိုက်တော့လည်း ကွဲရတာပါ့။ 😀
      အဓိက ကတော့ ဦးကြောင်ကြီးရေ ကျွှန်တော်တို့လိုတွေးသူများလည်း ရှိသေးတယ်။ ဒီလို ရာခိုင်နူန်း ဘယ်လောက်ရှိနေပြီလဲ..ဆိုတာ နိ်ုင်ငံရေး တက်ကြွလှုပ်ရှားသူများ သတိမူစေချင်တာပါ။

  • small cat

    October 18, 2011 at 7:56 am

    ကျွန်တော် vote ခဲ့စဉ်ကရေးသလိုပဲ၊ အတွင်းစည်းထဲကို ဝင်ပြီးဆောင်ရွက်သင့်တယ်လို့
    ယူဆပါတယ်။

  • amatmin

    October 18, 2011 at 9:49 am

    မှတ်ပုံတင်လိုက်ပါပြီတဲ့..သူတို့ဆွဲထားတဲ့စည်းမျဉ်းတွေကိုလိုက်နာဆောင်ရွက်ပါ့မယ်လို့..
    ခေါင်းစင်းပေးတာနဲ့တူတူပါပဲ..ပေးထားတဲ့ဘောင်တွေကိုကျော်လုပ်ရင်..ဆောရီးပဲ..
    ဘယ်သူ့အားတွေဘယ်လိုပါပါ..ဘယ်သူတွေကဘာတွေပဲထောက်ခံခံ..ဒါကြီးက.ဒီမိုကရေစီခြုံစစ်အစိုးရနော်…
    သူတို့လိုချင်တာတွေကို..ဖော်ဆောင်ပေးမဲ့လွှတ်တော်..နောက်ကွယ်က.အစိမ်းရောင်..
    လိုအပ်ရင်ဘာမဆိုလုပ်နိုင်တယ်ဆိုတာရှေ့မှာဥပမာပေါင်းသောင်းခြောက်ထောင်..
    မှတ်ပုံတင်ပြီးရင်..level လည်းမတူတော့ဘူးနော်.သူတင်ကိုယ်တင်အတိုက်အခံအခွင့်အရေးရှိဖို့ဆိုတာတော့ဝေးရော
    တကယ်ကိုကောင်းသောပြောင်းလဲမှုတွေကိုရှေးရှုနေပါပြီလို့.
    ကိုယ်တိုင်တွေကလဲမယုံရဲသေး.ခံရတဲ့လူတွေဆိုပိုဆိုးမယ်ထင်
    ဆိုတော့ကာ..ဘာတွေကိုယုံကြည်ပြီး..အခုမှတ်ပုံတင်ရမလဲ..
    စောင့်ကြည့်ကြပါဦးစို့လားဗျာ….

  • Foreign Resident

    October 18, 2011 at 11:16 am

    မှတ်ပုံတင်သင့်ပါတယ်

  • kyeemite

    October 18, 2011 at 11:57 am

    တင်သင့်ဒယ်…x ၁၀၀၀၀၀၀၀.

Leave a Reply