ချိုမြိန်သော အောင်မြင်ခြင်း ဒယ်တာ ၂-၁ နေပြည်တော်

BurmaMay 19, 20101min762

ပွဲမစခင်တွင် ဧရာဝတီရေလှိုင်းမှ စတစ်ကာများ ဝေခဲ့ပါသည်။

ယနေ့ယှဉ်ပြိုင်ခဲ့သော ဒယ်တာယူနိုက်တက် နှင့် နေပြည်တော်ပွဲတွင် ဒယ်တာယူနိုက်တက် က နေပြည်တော်ကို 2 ဂိုး 1 ဂိုး နှင့် အနိုင်ရဂှိသွားခဲ့သည်။

ဒယ်တာယူနိုက်တက်တွင် ဒဏ်ရာရဂှိနေသော မင်းမင်းသူ ပြန်လည်ပါဝင်လာပြီး စတန်လေ ၊ ဘန်ဘာ ၊ဂီးလ်ဒက်စ် နိုင်ငံခြားသား သုံးယောက်အပါအဝင် လူစုံတက်စုံနှင့် ပွဲထွက်လာခဲ့သည်။ ပွဲအစတွင် နေပြည်တော်က ထိုးဖောက်နေခဲ့ပြီး ၁ဝ မိနစ်နှင့် ၁၁ မိနစ်များတွင် ဒယ်တာယူနိုက်တက် ဂိုးပေါက်များသို့ နေပြည်တော် နိုင်ငံခြားသားကစားသမားများ ခြိမ်းခြောက်နေခဲ့သည်။ သို့သော် ပွဲချိန် ၂၅ မိနစ်တွင် ဒယ်တာယူနိုက်တက် က ထွန်းလင်းအောင် ကန်သွင်းလိုက်ရာ ဂိုးသမား မသေသပ်သောကြောင့် ပထမဂိုးရဂှိခဲ့သည်။ ပွဲချိန် 45 မိနစ် ပြီးသောကြောင့် အချိန်ပိုတွင် ဘန်ဘာမှ ဒုတိယဂိုး ထပ်မံ သွင်းပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ဒယ်တာယူနိုက်တက် မှ 2 ဂိုး 1 ဂိုးနှင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင်မူ ဒယ်တာယူနိုက်တက် ကို ဆက်တိုက် နေပြည်တော်မှ  ဖိကစားနေပြီး အပိုင်ကန်သွင်းခွင့်များ ရဂှိခဲ့သော်လဲ ဂိုးသမား ကြိုးစား ဖမ်းဆောင်မှုကြောင့် မအောင်မြင်ခဲ့ပေ။ ပြည်တော် အသင်းက ချေပဂိုး ရရှိရေး ဒယ်လ်တာ အသင်းက ရရှိထားသည့် အနိုင်ဂိုးအား ထိန်းထား နိုင်ရေးနှင့် အခွင့်အရေး ရပါက အနိုင် သေချာစေမည့် ဂိုးရရှိရေး အပြန်အလှန် ကစား ခဲ့ကြသည်။ ပွဲချိန် ပြီးဆုံးရန် နီးကပ်ချိန်တွင် နေပြည်တော် အသင်းက တစ်ဖက်သတ် ဖိကစားကာ ချေပဂိုး ရရှိရေး ပိုမို ဖိကစား နိုင်ခဲ့သည်။ နောက်ဆုံး မိနစ်တွင် သီဟစည်သူ အထူး လက်စွမ်းပြ ကာကွယ် ခဲ့ခြင်းကြောင့် တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ဘဲ ဒယ်လ်တာ အသင်းက ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ ယင်းပွဲ အနိုင်ကြောင့် ဒယ်တာယူနိုက်တက်မှာ စတုတ္ထနေရာသို့ 10 မှတ်ဖြင့် တက်လှမ်းလာနိုင်ခဲ့သည်။

ယင်းပွဲအနိုင်ကြောင့် လာရောက်အားပေးခဲ့သော ပရိတ်သတ်များ ပိုပြီး ပျော်ရွှင်ခဲ့ရပြီး ဧရာဝတီရေလှိုင်းအသင်းမှလဲ ဗီနိုင်းများ ဖြင့် လာရောက်အားပေးခဲ့ပါသည်။

2 comments

  • thetti

    May 19, 2010 at 5:26 am

    ဧရာဝတီ ပရိသတ် ကိုတော့ လေးစားပါတယ်ဗျာ။ ပွဲတိုင်းမှာ အင်တိုက်အားတိုက် လာအားပေးကြတာ။ ဧရာဝတီရေလှိုင်း Fan Club ကို ဆက်သွယ်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။

Leave a Reply