” ဟဲ့ ဘယ်က ကလေးလဲဟဲ့ လုပ်ကြပါအုံး လုပ်ကြပါအုံး.. ခွေးညိုကြီးကိုအမြန်ချည်လေ … အော်”
အိမ်ဝိုင်းအတွင်း ဆူညံ ပြာလောင်ခတ်ကုန်တော့သည်။ ခွေးညိုကြီးကိုပြေးဆွဲမည်လုပ်တဲ့သူကလုပ် ကလေးဆီပြေးတဲ့သူကပြေးတဲ့သူကပြေး ..။
အော်တဲ့သူကအော် … တုတ်ကိုင်တဲ့သူကကိုင် …။ ခြံဝင်းဂလန့်ထိုးမထားကြဘူးလား …။ နောက်ကျသွားပါပြီ …။

ခွေးညိုကြီးမှာ ကလေးဆီသို့ တရှီန်ထိုးပြေးတော့သည်။ ခါတိုင်းခြံဝင်းသော့ခတ်ထားတာတောင်ခြံရှေ့ သိပ်ပြီးဖြတ်လျှောက်ရဲကြတာမဟုတ်။
သတိနှင့်လျှောက်ကြရသည်။ လူဖြတ်လျှောက်တာနှင့် တဟုန်ထိုးပြေးကာခြံဝင်းတခါးကိုတွယ်တက်ပြီးအတင်းဟောင် ပြီးဆွဲမည့်ကိုက်မည့်
ပုံရှိသည်။

အောင်မလေးသေပါပြီ … ဒီတခါတော့ သောက်ကျိုးနဲပြီဟေ့ ….။ ဟာ ။။။။။။။။။။။။။။။။။
ကြည့်.. ကြည့် .ကြည့်ကြပါအုံး … အရီးလေးရေ ခွေးညိုကြီးကပတပ်ရပ်ပြီး ကလေးကိုလျှာနဲ့ရက်နေတယ်တော့ ဘယ့်နှယ်ဟာတုံး
ထူးဆန်းပါဘိ..။

အဲတော် ..ဟုတ်ပါရဲ့ ဟဲ့ ဘာငေးနေတာလဲ ကလေးကိုခေါ်လိုက်လေ … ဘယ်ကကလေးလဲ ဘယ်သူလေးလဲဟဲ့ .. တခါမှလဲမတွေ့ဘူးပါလား ။
မမယ်တင်က ခွေးညိုကြီးကိုချော့ခေါ်ထားလိုက်သည်။ အရီးလေးက ကလေးကိုကောက်ချီလိုက်ပြီး ကလေး မင်းဘယ်ကလဲ ….ဆိုတော့ ….
အရီးလေးကလဲ …..ကျနော် မောင်သင်လေတဲ့ … ဘုရားဘုရား … ဘာတွေဖြစ်ကုန်ပါလိမ့် …။

မယ်တင် ..ခွေးညိုကြီးကိုလွှတ်လိုက်ပါ ငါမှန်းသိပါတယ် .. ငါ မောင်သင်ပါ ..။ အရင်ဘဝက မောင်သင်ပါ
ဟုတ်မှလဲလုပ်ပါမောင်ရင်လေးရယ် ..
ဟုတ်ပါတယ်ခင်ဗျာ …
အရီးလေးက အရီးလေးဒေါ်မြစ်မဟုတ်လား အမေ့ညီမလေ …
ဒီအချိန်ဆိုအမေ အနောက်ပြင်သွားနေမှာပေါ့ …..။

ကျနော့ကိုအိမ်ပေါ်ပို့ပေးကြပါ ကျနော်ယူစရာရှိလို့ပါ …..
မမယ်တင်က အရီးလေးကိုတအံ့တဩငေးကြည့်နေသည်။ မောင်သင်ဆုံးတာ (၃)နှစ်လောက်ရှိပြီကိုး …
အရီးလေးက …ဟဲ့မယ်သင် ဘာငေးနေတာလဲ ညည်းအမေသွားခေါ်ချေ မြန်မြန် …
ဟုတ် ဟုတ်ကဲ့ပါ အရီးလေး ……….။

( ဖြစ်ရပ်မှန်ဖြစ်ပါသည် … ဆက်ရေးပါအုံးမည် )

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.