လူဝင်စားဆိုတာကိုလေ့လာချင်ကြတယ်ဆိုရင်ဖြင့် …..

fattyOctober 18, 20111min21215

” ဟဲ့ ဘယ်က ကလေးလဲဟဲ့ လုပ်ကြပါအုံး လုပ်ကြပါအုံး.. ခွေးညိုကြီးကိုအမြန်ချည်လေ … အော်”
အိမ်ဝိုင်းအတွင်း ဆူညံ ပြာလောင်ခတ်ကုန်တော့သည်။ ခွေးညိုကြီးကိုပြေးဆွဲမည်လုပ်တဲ့သူကလုပ် ကလေးဆီပြေးတဲ့သူကပြေးတဲ့သူကပြေး ..။
အော်တဲ့သူကအော် … တုတ်ကိုင်တဲ့သူကကိုင် …။ ခြံဝင်းဂလန့်ထိုးမထားကြဘူးလား …။ နောက်ကျသွားပါပြီ …။

ခွေးညိုကြီးမှာ ကလေးဆီသို့ တရှီန်ထိုးပြေးတော့သည်။ ခါတိုင်းခြံဝင်းသော့ခတ်ထားတာတောင်ခြံရှေ့ သိပ်ပြီးဖြတ်လျှောက်ရဲကြတာမဟုတ်။
သတိနှင့်လျှောက်ကြရသည်။ လူဖြတ်လျှောက်တာနှင့် တဟုန်ထိုးပြေးကာခြံဝင်းတခါးကိုတွယ်တက်ပြီးအတင်းဟောင် ပြီးဆွဲမည့်ကိုက်မည့်
ပုံရှိသည်။

အောင်မလေးသေပါပြီ … ဒီတခါတော့ သောက်ကျိုးနဲပြီဟေ့ ….။ ဟာ ။။။။။။။။။။။။။။။။။
ကြည့်.. ကြည့် .ကြည့်ကြပါအုံး … အရီးလေးရေ ခွေးညိုကြီးကပတပ်ရပ်ပြီး ကလေးကိုလျှာနဲ့ရက်နေတယ်တော့ ဘယ့်နှယ်ဟာတုံး
ထူးဆန်းပါဘိ..။

အဲတော် ..ဟုတ်ပါရဲ့ ဟဲ့ ဘာငေးနေတာလဲ ကလေးကိုခေါ်လိုက်လေ … ဘယ်ကကလေးလဲ ဘယ်သူလေးလဲဟဲ့ .. တခါမှလဲမတွေ့ဘူးပါလား ။
မမယ်တင်က ခွေးညိုကြီးကိုချော့ခေါ်ထားလိုက်သည်။ အရီးလေးက ကလေးကိုကောက်ချီလိုက်ပြီး ကလေး မင်းဘယ်ကလဲ ….ဆိုတော့ ….
အရီးလေးကလဲ …..ကျနော် မောင်သင်လေတဲ့ … ဘုရားဘုရား … ဘာတွေဖြစ်ကုန်ပါလိမ့် …။

မယ်တင် ..ခွေးညိုကြီးကိုလွှတ်လိုက်ပါ ငါမှန်းသိပါတယ် .. ငါ မောင်သင်ပါ ..။ အရင်ဘဝက မောင်သင်ပါ
ဟုတ်မှလဲလုပ်ပါမောင်ရင်လေးရယ် ..
ဟုတ်ပါတယ်ခင်ဗျာ …
အရီးလေးက အရီးလေးဒေါ်မြစ်မဟုတ်လား အမေ့ညီမလေ …
ဒီအချိန်ဆိုအမေ အနောက်ပြင်သွားနေမှာပေါ့ …..။

ကျနော့ကိုအိမ်ပေါ်ပို့ပေးကြပါ ကျနော်ယူစရာရှိလို့ပါ …..
မမယ်တင်က အရီးလေးကိုတအံ့တဩငေးကြည့်နေသည်။ မောင်သင်ဆုံးတာ (၃)နှစ်လောက်ရှိပြီကိုး …
အရီးလေးက …ဟဲ့မယ်သင် ဘာငေးနေတာလဲ ညည်းအမေသွားခေါ်ချေ မြန်မြန် …
ဟုတ် ဟုတ်ကဲ့ပါ အရီးလေး ……….။

( ဖြစ်ရပ်မှန်ဖြစ်ပါသည် … ဆက်ရေးပါအုံးမည် )

15 comments

  • blackchaw

    October 18, 2011 at 1:43 pm

    လေ့လာချင်တာပေါ့ ဗျာ။ စောင့်ဖတ်နေမယ်။ မြန်မြန်တင်ပါဗျာ။
    ကိုးနတ်ရှင်လေးကောင်းတုန်း။

  • aungnng87

    October 18, 2011 at 2:07 pm

    စတောင်မစရသေးဘူး။တခန်းရပ်ပြီလား…ကိုဖက်တီးရဲ့….။ မြန်မြန်လေး…..

  • hmee

    October 18, 2011 at 2:17 pm

    လေးဖက်ကလည်း ဆန့်တငန့်ငန့် ဖြစ်အောင် ထားခဲ့တယ်။ ကိုရီးယားကား ကြနေတာပဲ။ 🙂

  • pan pan

    October 18, 2011 at 2:24 pm

    လေးဖက်ရေ
    စောင့်ဖတ်နေပါတယ်
    မြန်မြန်လေးဆက်ပါဗျို့
    ခွေးကသိတာတော့ ထူးဆန်းတယ်နော်

  • koyinmaung

    October 18, 2011 at 2:42 pm

    ကိုဖက်ရေမြန်မြန်လေးသာဆက်လိုက်ပါတော့
    ဖတ်မယ်ကြံကာရှိသေး…..
    အတွက်အစားကလဲတော်တော်ကြီးပါ့…

  • Handy note

    October 18, 2011 at 2:46 pm

    စ စ ချင်း ပြီးသွားတာတော့ ဘာမှမကောင်းဘူး။ ဆတ်တငံ့ငံ့ကြီး။:)

  • manawphyulay

    October 18, 2011 at 3:04 pm

    ကဲ သူ့အမေ တစ်ခါထဲ မြန်မြန်သာခေါ်ပေးလိုက်တော့လေ… ဇာတ်လမ်းကောင်းပြီဆို မီးကလည်းပျက်ရပြန်ပြီ ဘာမှန်းလည်းမသိဘူး။

  • kai

    October 18, 2011 at 3:12 pm

    ဆက်…….ရေးပေးလိုက်ရမလား….။ (အသံဆွဲဖတ်ပါ)
    နောက်တာပါ..ဆရာဖက်ရာ..

    ဆက်ရေးပါဦး..။ လူကြိုသိနေကြပြီး..မြန်မာရုပ်ရှင်ကားတွေလိုတော့ ..မလုပ်ပဲ.. နဲနဲ.. တွစ်လေးထည့်ပေးနော….။ 🙂

  • etone

    October 18, 2011 at 3:17 pm

    ဟာ… လေးဖက်ကတော့ လုပ်ပြီ … ဆက်ရန်တဲ့ … ။
    သူကဖြင့်ပေါ်မလာ အတော်ကြာဇာတ်ကားရိုက်နေပြီးတော့ … တစ်လတပိုင်းလာတင်မှာလားဟင် 🙁

  • Diamond Key

    October 18, 2011 at 5:18 pm

    ်fatty ရေ။
    စိတ်ဝင်စာတယ်။ အမြန်ဆက်ပါအုံး။

  • fatty

    October 18, 2011 at 6:29 pm

    ဆရာ kai ဆက်ရေးမယ်ဆိုရင် ကျနော်ဝမ်းသာရပြီ။
    ကျနော်က စမိပြီး ကိုယ်ရှုးကိုယ်ပတ်နေပြီဗျို့ …..။
    အားလုံးကျေးဇူးပါ …………………….။

  • ကြောင်ကြီး

    October 19, 2011 at 9:35 am

    ဘိုးတော်နဲ့ ဂမ္ဘီရအကြောင်းလည်း လုပ်ပါအုံး ဆရာဖက်။ မရေးနိုင်ရင် လက်ရေးနဲ့စကင်န်ဖတ်ပြီး ကျနော့်ဆီပို့လိုက်။ ရေးပေးမယ်။ သဂျီးကို အမြင်မှန်ရအောင် လုပ်ပေးချင်လို့ပါ..။

  • nigimi77

    October 19, 2011 at 9:44 am

    ကိုဖတ်ရေ။

    လူတွေက သေပြီးရင် ပြန်ဝင်စားတယ်လို ့ဆိုကြတယ်နော်။ သေပြီး နောက်ဘဝ ရှိတယ်ဆိုရင်တောင်မှ

    ဘဝ သစ်မှာ စိတ်သစ် လူသစ်နဲ ့လူပြန်ဖြစ်သင့်တာ အရင်ဘဝက လူတွေကို

    စိတ်ဒုက္ခလာပေးတဲ့ လူဝင်စားတွေဟာ မိစ္ဆာဒိဋ္ဌိ အစွဲ မကင်းဘူးလို ့ယူဆပါတယ်။

    ဒါနဲ ့စကားမစပ်……

    တိရိစာ္ဆန်တွေကော သေရင် ပြန်မဝင်စားဘူးလား။

    ှုဥပမာ …ကြောင်ဝင်စားတို ့ ဘာတို ့ပေါ့….. 😛

    • ကြောင်ကြီး

      October 19, 2011 at 10:52 am

      ကြောင်ဝင်စား
      ဖောင်ပြင်သွား
      မောင်ရင်ကျား
      ထောင်လျင်အား…။

Leave a Reply