မိမိသည် ဘယ်လိုလူလဲ၊ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ

kotun_mdyOctober 17, 20111min603

(ပထမလူ)

မိမိ သိသည်ကို၊ သိသည်ဟု ကျင့်သုံး ပြောဆို

မိမိ မသိသည်ကို၊ မသိသည်ဟု ကျင့်သုံး ပြောဆို

မိမိ မြင်သည်ကို ၊ မြင်သည်ဟု ကျင့်သုံးပြောဆို

မိမိ မမြင်သည်ကို ၊ မမြင်သည်ဟု ကျင့်သုံးပြောဆို

မိမိ ကြားသည်ကို၊ ကြားသည်ဟု ကျင့်သုံးပြောဆို

မိမိ မကြားသည်ကို ၊ မကြားသည်ဟု ကျင့်သုံးပြောဆို

မိမိ တွေ့သည်ကို ၊ တွေ့သည်ဟု ကျင့်သုံးပြောဆို

မိမိ မတွေ့သည်ကို ၊ မတွေ့သည်ဟု ကျင့်သုံးပြောဆို

 

(ဒုတိယလူ)

မိမိ သိသည်ကို ၊ မသိဟု ကျင့်သုံးပြောဆို

မိမိ မသိသည်ကို၊ သိသည်ဟု ကျင့်သုံးပြောဆို

မိမိ မြင်သည်ကို ၊ မမြင်ဟု ကျင့်သုံးပြောဆို

မိမိ မမြင်သည်ကို၊ မြင်သည်ဟု ကျင့်သုံးပြောဆို

မိမိ ကြားသည်ကို ၊ မကြားဟု ကျင့်သုံးပြောဆို

မိမိ မကြားသည်ကို၊ ကြားသည်ဟု ကျင့်သုံးပြောဆို

မိမိ တွေ့သည်ကို ၊ မတွေ့ဟု ကျင့်သုံးပြောဆို

မိမိ မတွေ့သည်ကို၊ တွေ့သည်ဟု ကျင့်သုံးပြောဆို

3 comments

  • small cat

    October 18, 2011 at 7:17 am

    ကြားလူ

    သူတပါးအကျိုးရှိလျှင်ဖြစ်စေ၊သူတပါးအကျိုးမယုတ်လျှင်ဖြစ်စေ၊
    မိမိအကျိုးရှိရေး၊မိမိအကျိုးမယုတ်စေရေးအတွက် အခြေအနေအရ
    လို သလို ကျင့်သုံးရမည်ဟု ယူဆမိပါကြောင်း။

  • True Answer

    October 18, 2011 at 12:39 pm

    သမ္မါဒိဌိ လူ-

    မိမိသည် ဘယ်လိုလူလဲ၊ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ – ဆိုတာထက်

    မိမိ (ငါ) ဆိုသော အယူ။
    ဘယ်လိုလူပဲ…ညာလိုလူပဲ ဟူသော ခွဲခြားမှုအယူ
    ပထမလူ…ဒုတိယလူ …….ဟိုလိုလူ မှ….ဒီလိုလူမှ ၊ ဘယ်လိုလူမျိုးမှ….ညာလိုလူမျိုးမှ ဆိုပြီး ငါ-သူတပါး-ပုဂ္ဂိုလ်-သတ္တဝါ ကို အဟုတ်ထင် ဆုပ်ကိုင်နေသော အယူကို …..

    ကို စွန့်လွှတ်တတ်ခြင်းသည်သာ…..

    အမှန်တရားကို နားလည်စေသည့် အရိယသစ္စာကို နားလည်စေသည့် အကြောင်းတရားအစစ်ဖြစ်လေသည်။

  • shwemyintin

    October 20, 2011 at 1:28 pm

    True Answer ကတော့ ပရမတ်သံတွေနှောနေတယ်နော်။
    ရွှေမြင်တင်အမြင်ပြောရရင် ကိုထွန်းပြောတာက ဘာသာရေးသံတွေ မပါပါဘူး။ လက်တွေ့လူအကျိုးရှိတာကိုဘဲ ပြစေချင်ပါတယ်။ ကိုထွန်းက သူ့အမြင်အတိုင်းရေးသားပြီး ဘယ်လိုလူမျိုးလဲ မိမိကိုကိုယ် စစ်ခိုင်းတာပါ။ အမှန်ကတော့ ပထမလူလို ဖြစ်အောင် ကြိုးစားကျင့်သုံးပြောဆို နေထိုင်ရမှာပါ။ ရွှေမြင်တင်တို့တော့ ပထမလူလို ကြိုးစားပြီး နေထိုင်သွားမယ်ဆိုတာကို ဒီကွန်းမန့်မှတဆင့် ကိုထွန်း-မန်း ကို ပြောလိုပါတယ်။

Leave a Reply