ချစ်စရာ့ ဓလေ့

maydayOctober 17, 20111min783

သီတင်းကျွတ် လပြည့်နေက ကျွန်တော် က ရှမ်းပြည်တောင်ပိုင်းက အောင်းပန်းမြို့ လေးမှာရှိနေခဲ့ပါတယ်ဗျ။ လပြည့်နေ့ဆိုတော့ ဘုန်းကြီးကျောင်း၊ဆရာ၊ဆရာမ၊အဖိုး၊အဖွား၊ကြီးတော်တို့ အိမ်တွေကိုသွားကတော့ကြရမယ့်ဓလေ့ရှိတယ်လေဗျာ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် တွေမှာပဲ ဒီဓလေ့က ရှိပါတယ်။ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ရတဲ့အတွက်လဲ အရမ်းကို ဂုဏ်ယူမိပါတယ်။ တည်းအိမ်က အကိုက ရောက်တုံး ရောက်ခိုက် ရှမ်းပြည်က ဓလေ့လေးတွေ သိရအောင် (လေ့လာရအောင်) လိုက်ခဲ့ပါလား ဆိုတော့ ကျွန်တော်လဲ ရောက်ရာအရပ်မှာ လေ့လာတတ်တဲ့ အကျင့်လေးရှိနေတော့ ချက်ချင်း ပဲခေါင်းညိမ့်လိုက်ပါတယ်။ ပီးတော့ မနက် ရ နာရီလောက်မှာ တည်းအိမ်က အကိုတို့ မိသားစု နဲ့ အတူ အိမ်ကနေစထွက်ပါတယ်ဗျ။ အကို ကား နဲ့သွားကြတယ်ဗျ ကားထဲမှာလဲ လှူဖို့ပစ္စည်းတွေက အပြည့်ပေါ့ ။ အကိုကပြောတော့ အောင်ပန်းမှာရှိဘုန်းကြီးကျောင်းတွေအကုန်လုံးကို သွားပီ လှူဖွယ်ပစ္စည်းတွေလှူပီးတော့ ငါးပါးသီလ ခံယူရမယ်ပြောပါတယ်ဗျ ။ အောင်ပန်း မှာ ဘုန်းကြီးကျောင်းက ၁၉ ကျောင်းတောင် ရှိတယ်လို့ပြောပါတယ်ဗျ(ကျောင်းနာမည်တွေအားလုံးကိုတော့ မသိပါ)။ အောင်ပန်းမြို့လေးက သေးပေမဲ့ ဘုန်းကြီးကျောင်း အရေအတွက်ကို ကြည့်ခြင်းအားဖြင့် ဘာသာရေး ဘယ်လောက်ကိုင်း ရှိုင်းလဲဆိုတာကို တွေ့မြင့်နိုင်ပါတယ်ဗျ။ ကျွန်တော့်တို့ အရင်ဆုံးသွားတဲ့ ကျောင်းက ကုန်းမြင့်ပေါ်လေးမှ ရှိတဲ့ လှည်းရိုး ဘုန်းကြီးကျောင်း ကိုသွားကြတယ်ဗျ ။ ကျောင်းနားကိုရောက်ပီဆိုရင်ပဲ ငါပါးသီလ ခံယူနေကြတဲ့ ဘုရားစာရွတ်သံတွေကို အရင်ဆုံးကြားနေရပါတယ်။ ကျောင်းထဲကို ရောက်သွားပီဆိုရင်လဲပဲ ကျောင်းဝန်း တစ်ခုလုံးအပြည့်နီးပါး လူတွေပြည့်ကျပ်နေတာ ကို တွေ့ရတယ်ဗျ ။ ကလေး၊လူကြီး၊လူငယ် အရွယ်စုံအားလုံးပါပဲ ။ ကျောင်းဝန်းထဲမှာ ကားတွေ၊ဆိုင်ကယ်တွေကလဲအများကြီးပေါ့လေ။ တစ်ချို့က ကားနှင့် လာတယ်၊ တစ်ချို့က ဆိုင်ကယ်နှင့်လာတယ်၊ တချို့ကလဲ လှူဖွယ်ပစ္စည်းတွေကို ခေါင်းမှာ ရွတ်ပီး ခြေလျင်လာကြတယ်ဗျ ( ခြေလျင် လာပီးတော့ ကတော့ရင် ပိုပြီးတော့ ခုသိုလ်ရတယ်ဆိုတဲ ခံယူချက်လေးတွေကလဲ ကျွန်တော့တို့ ဗုဒ္ဓ ဘာသာဝင်တွေမှာ ရှိနေပီးသားကိုဗျ )။ ငါးပါးသီလ ခံယူနေကြတဲ့ ဓမာရုံ ဘေးကကျောင်းဆောင်ထဲမှာလဲ စားပွဲဝိုင်းတွေ နှင့် လူတွေထိုင်နေကြတာကိုတွေရတယ်ဗျ ။ ကျွန်တော်တို့ ကိုလဲ ကားပေါ်ကဆင်းပီဆိုတာနဲ့ ကျောင်းမှာ ဝေရာဝတ်စ လုပ်တဲ့ကောင်းလေးတွေက အခုနက စားပွဲဝိုင်းတွေ နှင့် လူတွေထိုင်နေတဲ့ ကျောင်းဆောင်ထဲကိုသွားပီး အခါးရေ (ရေနွေး) သောက်ရင်းစောင့်ပါအုံးလို့ ပြောပါတယ်ဗျ။ ကျွန်တော်တို့လဲ အဲဒီကျောင်းဆောင် ထဲက လွတ်နေတဲ့ စားပွဲတစ်လုံးမှာ ဝင်နေရာယူလိုက်ကြပါတယ်။ ကျွန်တော့တို့ အဖွဲ့ကများတော့ စားပွဲဝိုင်းမှာ ကြပ်လိုနေပါတယ်။ကလေးတွေကို ပေါင်ပေါ်ကိုတက်ထိုင်ခိုင်းထားရပါတယ် စားပွဲဝိုင်းက အလွတ်မရှိတော့ဘူးလေ အဲလောက်ကို စည်ကားတာပါ။ ခနနေတော့ ကောင်မလေးနှစ်ယောက်ရောက်လာပါတယ် ( တစ်ယောက်က ဗန်း နဲ့ တစ်ယောက်က ခါးရေ (ရေနွေး) အိုး) နဲ့ ကျွန်တော်တို့ဝိုင်းကို လာချပေးတာပါ ကြည့်လိုက်တော့ ဗန်းထဲမှ လဖ္ဘက်သုတ်၊ဂျင်းသုတ်၊ရေမုံညင်းရွတ်ကြော်(ရေမုံညင်းကတော့ ကျွန်တော်လဲ ရှမ်းပြည်ရောက်မှစားဖူးတာပါ ကြက်ဥနှင့် အစိမ်းကြော်လေး ကြော်စားရင်ကောင်းမှကောင်းဗျာ၊ သူတို့ခေါ်တဲ့ ကျွန်တော်တို့ ဗာမာ ပြည်မှာတော့ ရေမုံညင်းက မရှိတာလား ၊ စိုက်မရတာလား မစားဘူးပါ ) အဲဒါတွေပါ တယ်ဗျ ။ ကျွန်တော်တို့လဲ အခါးရေ (ရေနွေး) လေးသောက်လိုက် ရေမုံညင်းကြော်လေးစားလိုက် ပေါ့ဗျ (ဇိမ်ကိုကျလို)။ စားစရာတွေ နည်းနည်း ရော့သွားရင် လာပီးထပ်ဖြည့်ပေးသေးတယ်ဗျ (ကုန်တာပါပဲ ထပ်လာချပေးလဲ ကလေးတွေက တအားစားတာကို ဒါနမြောက်အောင် )၊ အဲကျောင်းမှာ မိတ်ဆွေတွေ တွေ့ရင်လဲ ဘယ်နှစ်ကျောင်းရောက်ခဲ့ ပီးပီလဲ ၊ ငါတို့က ဘယ်နှစ်ကျောင်းရောက် ခဲ့ပီးပီ အခုဘယ်ကျောင်းကိုသွားမလို့ ဆိုပီးလဲ ပြိုင်ကြသေးတယ်ဗျ ။ ၁၅ မိနစ်လောက်နေတော့ ကျွန်တော်တို့ ဝင်လာတုံးက ငါးပါးသီလ ခံယူနေကြတဲ့ အဖွဲ့က ငါးပါသီလ ခံယူပီးသွားလို လှူဖွယ်ပစ္စည်းတွေကို ကျောင်းက ဇလုံကြီးတွေထဲကို လှည်ပေးပေါ့ဗျာ ။ လှူဖွယ်ပစ္စည်းတွေကို လှည်ပေးဖို့ ကိုရင်လေး ၁ဝ ပါးလောက်ကလဲ စတန်ဗိုင်ထားရတယ်ဗျ။ သူတို့ လှူဖွယ်ပစ္စည်းတွေ လှည်ပီးတော့ပြန်သွားတော့ ကျွန်တော့တို့ အဖွဲ့ က နေရာဝင်ယူရပါတယ်ဗျ ( ငါးပါးသီလ ခံယူဖို့) ။ ကျွန်တော်တို့ ထလာတဲ့ စားပွဲတွေမှာလဲ နောက်ရောက်တဲ့သူတွေက နေရာယူပီး ၊ အခါးရေ သောက်ရင်း ကျွန်တော့တို့ အပီးကိုစောင့်ကြရတယ်ဗျ ။ ငါးပါးသီလ ပေးတဲ့ ဘုန်းဘုန်းတွေကိုလဲ အလှည့်ကြ ထားရတယ်ဗျ ။ တစ်ရက်လုံးနီးနီး ကို လူတွေကမစဲတာကို ။ ( ကျွန်တော် တည်းအိမ်က အာလူးကြော်ရောင်းပါတယ် လပြည့်နေ့မရောက်ခင် ဆယ်ရက်လောက်ကနေကို အာလူးကို အချိန် ၅၀ဝ နှင့် ၈၀ဝ ကြော်ထားတာကို ရောင်းမလောက်ပါဘူး၊ လပြည့်နေက အချိန် ၈၀ဝ ကြော်တာမလောက်ပါဘူး ၊ နောက် ကြော်စရာ အားလူး အရှိတော့လိုကို ဆိုငပါ် ပိတ်ထားလိုက်ရပါတယ် )။ အဲလောက်အထိကို အလှူအတန်းက လုပ်ကြတာဗျ ။ ကျွန်တော်တို့ ငါးပါးသီလ( ကျွန်တော့ ၄ ပါးပဲခံယူပါတယ်ဗျ တစ်ခါတစ်ခါ (နေ့တိုင်း)ဘီယာသောက်တတ်လိုပါ  ) ခံယူပီးတော့ နောက်ဘုန်းကြီးကျောင်းကိုသွားကြရပါတယ် ။ နောက် ဘုန်းကြီးကျောင်းရောက်သွားလဲ အခုနကဘုန်းကျောင်းလိုပါဘဲ။ လဖ္ဘက်သုတ်၊ဂျင်းသုတ် (တခြားစား စရာတွေလဲ ပါပါသေးတယ်)ကို အခါးရေ (သို့) ကော်ဖီ နဲ့ ကျွေးပါတယ်၊ တစ်ချို့ ဘုန်းကြီးကျောင်းတွေက ထမင်းကျွေးပါတယ်ဗျ ။ ကျောင်းတွေက ရောက်တာနဲ့ အရင် စားခိုင်းပါတယ် ၊ ငါးပါးသီလ ခံယူပီးမှဆို မစားပဲပြန်သွားမှာစိုးလို့တဲ့ဗျာ၊ ကဲဘယ်လောက်ချစ်စရာကောင်းတဲ့ ဓလေ့လဲဆိုတာ တွေမြင်နိုင်ပါတယ်။ ( ဘုန်းကြီးကျောင်းမှာမှ မဟုပ်ပါဘူး အဖိုး၊အဖွား၊ကြီးတော်တို့ အိ်မ်တွေကိုသွားကန်တော့ရင်လဲ အရင်ထမင်းစားရပါတယ် ၊ ကန်တော့ပီးမှဆို ရင် မစားပဲပြန်သွားမှာစိုးလိုတဲ့ဗျာ၊ ထမင်းမစားလဲ ကန်တော့မခံဘူးဗျ ၊ စားလာပီးပြောလဲ မရပါဘူး စားရတာပါပဲ )။အဲလောက်ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သိအောင် တင်ပြရခြင်းပဲဖြစ်ပါတယ်ခမျာ ။

3 comments

  • ပေါက်ဖော်

    October 17, 2011 at 9:56 pm

    တစ်ဖွဲ ့ပြီး တစ်ဖွဲ ့လာကန်တော့ကြ..
    တစ်ကျောင်းပြီး.တစ်ကျောင်း.သွားကန်တော့ကြ..
    ဘုန်းကြီးတွေလဲ အလှည့်ကျ သီလပေးရဆိုတာ..ခုမှကြားဖူးတာ..

    ချစ်ဖို ့ကောင်းတဲ့ ဓလေ့ပါပဲဗျာ
    ဒါပေမဲ့..ဒေသကွာလို ့..ထင်တာပဲ
    ခုထိတော့..အကိုပြောသလို…မကြုံဖူးသေးဘူး..ဗျ
    အလှူတစ်ခု ပြုရတာ..တော်တော်ကြည်နူးဖို ့ကောင်းပါတယ်..တစ်ကယ်…

    • mayday

      October 18, 2011 at 10:01 am

      ဟုပ်တယ် ညီလေး ပေါက်ဖော်ရေ တစ်ကယ်ကို ကြည်နူးဖို့ ကောင်းတယ်၊ ချစ်စရာ့လဲကောင်းတယ် ။
      တစ်ဖွဲ ့ပြီး တစ်ဖွဲ ့လာကန်တော့ကြ..
      တစ်ကျောင်းပြီး.တစ်ကျောင်း.သွားကန်တော့ကြ..
      ဘုန်းကြီးတွေလဲ အလှည့်ကျ သီလပေးရဆိုတာ.
      တစ်ကယ့်ကို အဲလိုပါဗျာ ။ အကိုကိုယ် တိုင်လိုက်သွားခဲ့တာပါ။ ညီလေးတို့လဲ အချိ်န်ရရင် အောင်ပန်းကိုသွားပီး လေလာ လို့ရပါတယ်ဗျ ။( နောက်နှစ် သီတင်းကျွတ်)
      လာမယ့် တန်ဆောင်တိုင် လပြည့်ကြရင် ဒီထက် ပိုလှူကြတယ်ပြောတယ်ဗျ ။ ရှမ်းပြည့်တောင်ပိုင်း မှာ အောင်းပန်းလောက် အလှူအတန်းလုပ်တဲ့မြို့ မရှိဘူးလိုလဲ ဆိုစမှတ်ရှိပါတယ်ဗျ ။

  • windtalker

    October 18, 2011 at 7:29 pm

    မေဒေး ရေ
    ခင်ဗျား ပို ့စ် ဖတ်ပြီးတော့ ခင်ဗျား နဲ ့ကျုပ်နဲ ့တော်တော်တူတယ်ဆိုတဲ့ အချက်ကို တွေ ့ရှိသွားခဲ့ပြီ ဗျို ့
    ဘာလဲ ဆိုရင် ငါးပါးသီလ ခံယူတိုင်း
    “ သူရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမ ” လို ့ဆိုရမယ့်နေရာ ရောက်ရင်
    ဘယ်တော့မှ မဆိုခဲ့ဘူး ဗျို ့
    စိတ်ထဲကလည်း “ မြတ်စွာဘုရား တပည့်တော် စောင့်ထိန်းနိုင်မှာ မဟုတ်လို ့ပါဘုရား ” လို ့
    အမြဲ ဖြစ်ခဲ့တာဗျို ့

Leave a Reply