ရုပ်ရှင် ဇာတ်လမ်းကောင်း Soul Surfer

weiweiOctober 17, 20111min18615

ကိုဖောရိန်းတင်လိုက်တဲ့ ပင်လယ်ကမ်းခြေထဲက ရေလွှာလျောစီးတာကို မြင်မိတော့ ကျွန်မ ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတစ်ကားကို သတိရသွားပါတယ်။ ရုပ်ရှင်ဝါသနာရှင်အားလုံး ကြည့်သင့်ကြည့်ထိုက်သော ဇာတ်ကားကောင်းတစ်ခုမို့လို့ ကြော်ညာဝင်လိုက်ပါတယ်။

တကယ့်အဖြစ်အပျက်ဖြစ်တဲ့ ရေလွှာလျောစီးချန်ပီယံကောင်မလေးတစ်ယောက် အကြောင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းမှာ ဆွဲဆောင်မှုအရှိဆုံးကတော့ ပင်လယ်ကမ်းခြေရှုခင်း၊ လှိုင်းလုံးကြီးများ၊ လှပတဲ့ ရေလွှာလျောစီးပညာရပ်များဖြစ်ပါတယ်။

ဇာတ်လမ်းထဲက ကောင်မလေးက ရေသူမလေးတစ်ယောက်လိုမျိုး ရေထဲမှာပဲ နေရတာကို နှစ်သက်တယ်။ မိဘနှစ်ပါးလုံးကလဲ ရေလွှာလျောစီးဝါသနာပါသူတွေ၊ အကို ၂ ယောက်လဲ ရှိပြီး တကူတကွ ရေထဲမှာ ကစားကြရင်း ကြီးပြင်းလာသူလေးဖြစ်ပါတယ်။ အဝေးကြီးကျောင်းသွားတက်ရင် အချိန်ပိုကုန်မှာစိုးရိမ်ပြီး အိမ်မှာပဲ စာသင်သည်အထိ ရေလွှာလျောစီးရတာကို နှစ်သက်ပါတယ်။ ချန်ပီယံပြိုင်ပွဲတစ်ခုအတွက် ပင်လယ်ကမ်းခြေတစ်နေရာမှာ သူငယ်ချင်းမိသားစုနဲ့အတူ သွားလေ့ကျင့်ရင်း ငါးမန်းကိုက်ခံရလို့ လက်တစ်ဖက်ပြတ်ခဲ့ရပါတယ်။ သတိ္တရှိပုံနဲ့ စိတ်ဓါတ်ခိုင်မာပုံများက အတုယူစရာကောင်းပါတယ်။ လက်တစ်ဖက်မရှိပေမယ့် ပြိုင်ပွဲဝင်ဖို့အတွက် သူ့ဖခင်နဲ့အတူ ဇွဲလုံ့လဝီရိယကြီးစွာနဲ့ ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ ပထမပြိုင်ပွဲမှာ မအောင်မြင်လို့ စိတ်ဓါတ်ကျခဲ့ပေမယ့် ဆူနာမီကယ်ဆယ်ရေးမှာ ဝင်ပါပြီး ပြန်လည်စိတ်ဓါတ်မြင့်တက်လာကာ ဆက်လက်လေ့ကျင့်ပြီး ပြိုင်ပွဲဝင်ရင်း အောင်မြင်သွားပုံတွေကို ရိုက်ပြထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

အဲဒီဇာတ်ကားကိုကြည့်ရတာ အရမ်းလှပါတယ်။ ရသမျိုးစုံလဲခံစားရပါတယ်။ အထူးသဖြင့် စိတ်ဓါတ်ကျနေသူတွေ ကြည့်ပြီး သင်ခန်းစာယူနိုင်ပါလိမ့်မယ်။ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ စွဲဆောင်မှု ရှိပါတယ်။

DVD ဇာတ်လမ်းခွေတွေကို ဘယ်နေရာမှာဝယ်ဝယ် ဈေးပေါပေါနဲ့ရနိုင်တဲ့ အခုလိုအချိန်မှာ ကျွန်မညွှန်းလိုက်တဲ့ ဇာတ်လမ်းလေးကို လမ်းကြုံရင်း ဝယ်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ် …

ကြည့်ဖူးသူတွေလဲ ကွန်မန့်ပေးရင်း ဆွေးနွေးပေးပါလို့ …

cover ပုံကို http://www.sonypictures.com/homevideo/soulsurfer/
မှ ကူးတင်လိုက်ခြင်းဖြစ်ပါတယ် …

15 comments

  • ပေါက်ဖော်

    October 17, 2011 at 10:20 pm

    ကျနော်တော့.. Mr.Bean ရဲ့ Johny English ဆိုလားပဲ..
    ဂျိန်းစ်ဘွန်းကို လှောင်ပြီး ရိုက်ထားတဲ့ကား.
    အဲတာကြည့်ပြီး..ခဏတဖြုတ်တော့..စိတ်ချမ်းသာသွားတာပဲ
    ရီရတာ..မနားရဘူး..

    ဒါလေးလဲ..
    အဆင်ပြေရင် ကြည့်ဦးမှ..
    ချိတ်ညစ်ရို ့.

  • kocho

    October 18, 2011 at 2:22 am

    ကိုရီးယားကားများကို အရင်ကမနားတမ်းကြည့်ဖူးပါ၏(ကြုံတုံးမသိသေးသူများ သိစေရန်မိတ်ဆက်လိုက်ပါ၏) ဒေါင်းလုဒ် လုဒ်ပြီးကြည့်နိုင်ပါကြောင်း http://www.ppsplayer.com(all for free)

  • small cat

    October 18, 2011 at 7:08 am

    သွားဝယ်ပြီးကြည့်လိုက်ပါ့မယ်။ ကောင်းတာလေးတွေမျှဝေတဲ့အတွက်
    သာဓုခေါ်ပါတယ်၊ မောင်ဝဏနဲ့ သုမောင်ပါခေါ်လိုက်ပါမယ်။

  • ကြောင်ကြီး

    October 18, 2011 at 7:46 am

    အဲဒီကားကို မကြည့်ဖူးပါဘူး။ ဒါပေမဲ့ တကဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းထင်ပါတယ်။ ကောင်မလေး ၁၄နှစ်သမီးမှာ ထင်တယ် ရေလွှာလျှောစီးရင်း ငါမန်းအကိုက်ခံရပြီး လက်တဖက် ပြတ်သွားတာပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ထင်ပါတယ်။ တရုတ်သိုင်းကား အင်္ဂလိပ်စာတန်းထိုး ဆိုက်လေးများသိရင် ပြောပါအုံး။ တရားကျင့်တာ တိုးတက်မှုမရှိတော့လို့ အတွင်းအားပြောင်းကျင့်မလား စိတ်ကူးနေလို့ပါ။ 😛

  • water-melon

    October 18, 2011 at 8:57 am

    အဲဒီကားက ကြာတော့ကြာပြီထွက်တာ။ ဇာတ်လမ်းကတော့ ကောင်းပါတယ်။ ဒီတိုင်းကြည့်ရင်တော့ဘာမှ မသိဘူး ခံစားချက်တူရင်တော့ ကြည့်လို့ကောင်းတဲ့ကားဗျ။ အခုနောက်ပိုင်း မြန်မာကားတွေမကြည့်ဖြစ်တော့ဘူးဗျ။ အိမ်ကကြည့်တာက ဟာသတို့ မိသားစု ကြည့်တာများတယ်။ နောက်ပိုင်းမြန်မာကားတွေက ကြည့်ရတာ ရိုးသွားတာလား ဇာတ်လမ်းဇာတ်အိမ်ကို နားလည်လို့လားမသိဘူး။ ကြည့်ရတာ မကောင်းတော့ဘူး။ ဟိုတစ်လောက ကြည့်ဖြစ်တဲ့ ကိုရီးယား သရဲဟာသကားလေးတော့ရှိတယ်ဗျ။ ထွက်တာကြာပြီလား မသိဘူး။ ဇာတ်ကားနာမည်က Hello Ghost တဲ့။
    ကောင်းတယ်။ ကောင်းရင်ပြန်ပြောအုန်းနော် 😛

  • စုံ စုံ

    October 18, 2011 at 11:39 am

    ကြည့်ဖူးတယ် မဝေရေ
    ကားလေးကအရမ်းကောင်းပါတယ်
    ကောင်မလေးကတကယ်လဲချီးကျူးဖို့ကောင်းတယ်
    သူကိုယ်တိုင်ကလဲစိတ်ဓါတ်ခိုင်မာသလို မိသားစုပံ့ပိုးမှုကလဲတအားကောင်းတယ်လေ
    ဒါကြောင့်သူပြန်လည်အောင်မြင်မှုရသွားတယ်လို့ထင်တယ်
    နောက်တခုဒါရိုက်တာကိုချီးကျူးတာက ဒီကောင်မလေးကဇာတ်လမ်းသဘောအရသာလက်ပြတ်သွားတာ
    အပြင်မှာတကယ်ပြတ်တာမဟုတ်ဘူးလေ အဲ့ဒါကိုဒါရိုက်တာကဘယ်လိုများလက်တဖက်ကို
    ရအောင်ဖြတ်ပြီး ပရိတ်သတ်မျက်စိကိုလှည့်စားလိုက်လဲမသိဘူး (ကျမကဘဲပိန်းလို့ထင်ပါရဲ့)

  • nozomi

    October 18, 2011 at 12:23 pm

    မဝေကြီး ညွှန်းတာနဲ့တင် စိတ်ဝင်စားသွားပြီ
    လိုက်ရှာပြီးကြည့်ဦးမယ်
    တလက်စတဲ ကိုပေါက်ဖော်ပြောတဲ့ Mr.Bean ကားပါ ရှာရမယ်

  • etone

    October 18, 2011 at 2:30 pm

    မဝေညွှန်းတာနဲ့ ဆိုင်ပြေးဝယ် ဦးမှပဲ … ။
    အခုလောလောဆယ်တော့ … Nikita အခန်းဆက်နဲ့ နောက်ထပ်ထွက်လို့ ကြည့်နေတယ်…. နောက်ပြီး SUPERNATURAL ဆိုတဲ့… ယုတိ္တမရှိတဲ့ကားကို အခန်းဆက်နဲ့ ကြည့်နေတယ် … ။ 😀

  • blackchaw

    October 18, 2011 at 2:31 pm

    weiwei ရေ။
    ရုပ်ရှင်ကားကောင်းကောင်းလေးတွေ ကြည့်ထားတာ ရှိရင်
    ထပ်ပြောပါဦး။

    • weiwei

      October 18, 2011 at 2:39 pm

      ရုပ်ရှင်ကြည့်ရတာ ဝါသနာပါပါတယ် …. ဒါပေမယ့် ဒီရွာထဲလည်ပြီးနောက်ပိုင်း သိပ်မကြည့်ဖြစ်ဘူး … ရုပ်ရှင်ကြည့်မယ့်အချိန်တွေကို ဒီထဲမှာ ရေးရင်း ဖတ်ရင်း အချိန်ကုန်နေလို့ …
      ရုပ်ရှင်ကားကောင်းတာလေးတွေ စဉ်းစားမိရင်း ပြောပါအုန်းမယ် … နံမည်တွေကို အတိအကျ မမှတ်မိလို့ …

  • Snowy

    October 18, 2011 at 3:30 pm

    ခုတလောမှ ထွက်လာတဲ့ Real Steal / Johnny English / Final Destination တွေကတော့ ဇာတ်လမ်းလေးတွေ မဆိုးပါဘူး …. Action / Comedy / Love / Violence အစုံပါတယ် 🙂 ကြည့်ပြီးသလောက် ပြန် Share ပါတယ် 😀

  • windtalker

    October 18, 2011 at 7:45 pm

    အန်တီဝေ ပြောတဲ့ ကားလေး ကို ဝယ်ကြည့်ဦးမယ်
    နီကိုးလပ်စ်ကေ့ ရဲ ့ anger drive ဆိုလား ပဲ
    အဲဒီ့ကားလေးကို လဲ အားရင် ကြည့်ကြည့်ပါဦးလို ့
    ညွှန်းခဲ့ပါတယ်နော်

  • pooch

    October 19, 2011 at 12:03 am

    မမဝေရေ ကျမတော့ အဲ့ဒီကားကို ကြည့်ပြီးပြီ..ကြိုက်တယ်.. စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးတာလေ

    “The end is just the beginning ” လို့ ပြောပြသွားတယ်…

    “whistle blower” လည်း ဖြစ်ရပ်မှန်ပဲ.. ကြည့်ရတာ ကောင်းတယ် ..အဲ့ဒီကား ဆုလည်း ရတယ် မှတ်တာပဲ

  • kai

    October 19, 2011 at 12:26 am

    “Soul Surfer” is based on the inspiring true story of surfing competitive champion Bethany Hamilton.
    ရုပ်ရှင်က.. တကယ့်အဖြစ်အပျက်ကို အခြေခံထားတာပါ..။ ❗
    ဘက်တ်နီ ကိုယ်တိုင်အပြင်.. .သူ့ပါတ်ဝန်းကျင်..သူ့မိသားစု.. အထူးသဖြင့်.. Tom-သူ့အဖေကို.. ချီးကျူးမိတယ်..။
    မြန်မာပြည်မှာ.. ဒီလိုစိတ်ဓါတ်တွေနဲ့.. ဒီလိုလူ့အသိုင်းအဝိုင်း တည်ဆောက်နိုင်ကြမလား.. ဖြစ်နိုင်မလား.. တွေးနေမိတာပါပဲ..။ ❓
    အကောင်းဆုံးQuote လေးထုတ်ပေးလိုက်တယ်..။

    Bethany: “When can I surf?” Tom: “Soon.” Bethany: “How do you know?” Tom: “Because you ‘Can do all things …’”


    http://en.wikipedia.org/wiki/Bethany_Hamilton
    Shark attack and recovery

    On October 31, 2003, at the age of 13, Hamilton went for a morning surf along Tunnels Beach, Kauai with one of her friends, Alana Blanchard, and Blanchard’s father and brother. Around 7:30 a.m., with numerous turtles in the area, she was lying on her surfboard with her left arm dangling in the water, when a 14 ft (4.3 m) tiger shark attacked her,[1] ripping her left arm off just below the shoulder. The Blanchards helped paddle her back to shore, then Alana’s father fashioned a tourniquet out of a surfboard leash and wrapped it around the stump of her arm, before rushing her to Wilcox Memorial Hospital. Her father was supposed to have knee surgery that morning, but she took his place in the operating room. She then spent seven more days in recovery at the hospital.

    Despite the trauma of the incident, Hamilton was determined to return to surfing. Less than one month after the incident, she returned to her board and went surfing again. Initially, she adopted a custom-made board that was longer and slightly thicker, making it easier to paddle. She has observed that she has to kick a lot more to make up for the loss of her left arm. After teaching herself to surf with one arm, she again began surfing competitively. She is now back to using competitive performance short-boards.

    In July 2004, Hamilton won the Best Comeback Athlete ESPY Award.[2] She was also presented with a special “courage award” at the 2004 Teen Choice Awards.

    In 2005, Hamilton took 1st place in the National Scholastic Surfing Association (NSSA) National Championships, a goal she had been trying to achieve since before the shark attack. In 2008, she began competing full-time on the Association of Surfing Professionals (ASP) World Qualifying Series (WQS). In her first competition against many of the world’s best women surfers, she finished 2nd.

  • padonmar

    October 20, 2011 at 11:15 pm

    kai says: မြန်မာပြည်မှာ.. ဒီလိုစိတ်ဓါတ်တွေနဲ့.. ဒီလိုလူ့အသိုင်းအဝိုင်း တည်ဆောက်နိုင်ကြမလား.. ဖြစ်နိုင်မလား.. တွေးနေမိတာပါပဲ..။ ❓
    မွေးကတည်းက လက်မပါတဲ့စုပုံချစ် ကိုကြားဖူးမယ်ထင်ပါတယ်။မြန်မာပြည်မှာလည်းရှိပါတယ်။
    နောက်ပြီး ခဝဲခြံမျက်မမြင်ကျောင်းကျောင်းအုပ်ကြီးဦးသိန်းလွင်ဟာ ဆယ်တန်းကျောင်းသားဘဝ ဓာတ်ခွဲခန်းပေါက်လို့ မျက်စိနှစ်လုံးစလုံးမမြင်ရတဲ့အပြင် လက်တစ်ဖက်လည်းပြတ်ပါတယ်။ နောက်လက်တစ်ဖက်ကလည်း လက်ချောင်းလေးတွေ ပြတ်သွားပါတယ်။
    အဲဒီဘဝကနေ မျက်မမြင်ကျောင်းကြီးတည်ထောင်လာတာပါ။

Leave a Reply