မြန်မာပြည်တွင်ပိုလီဖြေမည့်ကျောင်းသားများအခက်တွေ့ ……

fattyOctober 17, 20111min1106

ပြည်တွင်းမှအခြေခံပညာအထက်တန်းအောင်ပြီး သက်ဆိုင်ရာပိုလီကျောင်းများသို့ ဝင်ရောက်ဖြေဆိုရန်လျှောက်ထားသူအများအပြားရှိခဲ့သည်။
ပိုလီကျောင်းတွင် ၃ နှစ် တက်ရောက်ပြီး အလုပ်အကိုင်ရရှိခြင်း။ grant, loan , scholarship များ ရရှိမှုများကြောင့် လည်းကောင်း
အချိန်ပိုင်းအလုပ်ကို တရားဝင်လုပ်ကိုင်ခွင့်ရှိသောကြောင့်လည်းကောင်း ကျောင်းသားများစိတ်ဝင်စားကြသည်ဟုဆိုသည်။

ယခုနှစ်တွင် ပိုလီဖြေဆိုမည့်ကျောင်းသားများသည် ကျူရှင်အသီးသီးတွင်တက်ရောက်ကြပြီး ထိုကျူရှင်များမှတဆင့် ဖြေဆိုခွင့်လျှောက်ထားသူများနှင့်
online မှ မိမိအစီအစဉ်ြ်ဖြင့်မိမိလျှောက်ထားသူများအား ယခင်နှစ်များကကဲ့သို့ မြန်မာပြည်တွင် ဖြေဆိုခွင့်မရတော့ဘဲ Singapore
သို့သွားရောက်ဖြေဆိုရမည်ဟုသိရသဖြင့် ကျောင်းသားအများစုမှာ အောင်မအောင် သေချာမှုမရှိဘဲ Singapore သို့သွားရောက်ရမည်ဖြစ်သဖြင့်
အခက်အခဲများတွေ့နေရကြောင်း ကျောင်းသားအများစုက ပြောပြကြပါသည်။

ချွင်းခြက်အနေဖြင့် .. ရန်ကုန်မြို့ရှိ RV Center တွင် တက်ရောက်သောကျောင်းသားများကိုမူ မြန်မာပြည်တွင်လာရောက်စစ်ဆေးပေးသွားပြီး
ဖြစ်ကြောင်းသိရသဖြင့် ကျန်ကျောင်းသားများမှာ အံ့အားသင့်ကြရကြောင်းလည်းြ့ားသိရပါသည်။
(မည်သည့်ဂျာနယ်တွင်မှဖေါ်ပြခြင်းမရှိပါ)

6 comments

  • kai

    October 17, 2011 at 11:12 pm

    RV Center က (သိုင်းဝတ္ထုထဲကလို) “မည်သို့မည်ပုံလုပ်လိုက်သည် မသိ”… ဖြစ်မှာပေါ့..
    အကုန်အဲဒီသွားတက်ပေတော့…။ 😀

  • Foreign Resident

    October 18, 2011 at 2:12 am

    လွန်ခဲ့တဲ့ ၁၅ နှစ် လောက်ကတော့
    RV Center က တကယ်လည်း စံနစ်ကျခဲ့တာကတော့ မှန်ပါတယ် ။
    အခုတော့ မသိဘူး ။

  • MaMa

    October 18, 2011 at 7:25 am

    RV က S’pore poly ကျောင်းတချို့နဲ့ တိုက်ရိုက်ချိတ်ထားလို့ တူမလေးက S’pore မှာမို့ တိုက်ရိုက်ဖြေဖို့ ကြိုးစားကြည့်တော့ မြန်မာပြည်အတွက် Coda က RV ကို ပေးထားတယ်လို့ ပြောပါတယ်။

    • ကြောင်ကြီး

      October 18, 2011 at 9:27 am

      အန်တီမမရဲ့ တူမယေးကို ကြောင်ကြီးမေးရင် တိုက်ရိုက်ဖြေမှာလား။
      ” အချစ်အကြောင်းများ မသိခဲ့ဘူး ငယ်စဉ်ကအသက်ရွယ်မှာ….. အဲဒါ အဒူချိုဒါယဲ.. 😳

  • Snowy

    October 18, 2011 at 3:55 pm

    ှS’pore ကျောင်းတွေနဲ့ တိုက်ရိုက်ချိတ်ထားတဲ့ agent တွေရန်ကုန်မှာ များနေပါပြီ … ဒါပေမယ့် government ကျောင်း (polytechnic) နဲ့ပတ်သတ်လာခဲ့ရင် RV ကအရင်ထဲကယုံကြည်ရပါတယ် .. .. ပိုက်ဆံများများယူထားတော့ တစ်ချို့တွေက အပြင်မှာသက်သက်သာသာတက်နိုင်ရဲ့နဲ့ ဘာကြောင့် RV Centre အများကြီးပေးပြီးတက်သင့်လဲလို့ တွေးကြတယ် … အဓိက ကတော့ ကျောင်းဝင်ခွင့်နဲ့ ပတ်သက်တဲ့အချက်အလက်များကို တိတိကျကျသိခြင်း၊ ဝင်ခွင့်ဖြေရမဲ့ပတ်သက်တာကို အနီးကတ်သင်ကြားပေးခြင်း၊ မြန်မာနိုင်ငံ အတွက် Singapore အစိုးရကသက်မှတ်ထားတဲ့ Education listed agents ကြောင့်ဖြစ်နိုင်မယ် ထင်ပါတယ် (မှတ်ချက်၊ RV Sales Representative မဟုတ်ပါ :P) RV မှာသင်တန်းအပ်ရင်တောင် တောင်းထားတဲ့ သတ်မှတ်ချက်တွေကို ကြည့်ရင်တစ်ကယ်ဝင်နိုင်မယ် မျှော်လင့်ချက် ရှိသူများသာလက်ခံပေးတာပါ …. Snowy မောင်လေးက တော့လွန်ခဲ့တဲ့ ၅နှစ်လောက်က RV Centre ကဖြေပြီး ပထမဆုံး လာခေါ်တဲ့ ကျောင်းမှာ ကျောင်းဝင်ခွင့် ရခဲ့တာပါ …. မိဘများရော Poly သွားတက်မဲ့မောင်ငယ် ညီမငယ်များလဲ ဝင်ခွင့် ပြင်ဆင်တယ်ဆိုပြီး … ပေါ့ပေ့ါတန်တန်မစဉ်းစားပါနဲ့ လို့အကြံပေးချင်ပါတယ် ….

Leave a Reply