၉ လကြာမယ်…

lu ta loneMay 19, 20101min1439

တစ်ခါတုန်းက လင်မယားနှစ်ယောက်ရှိသတဲ့။ ယောက်ျားဟာ တစ်နေကုန် အလုပ်သွားပြီး မိန်းမက အိမ်မှာပဲ တစ်နေကုန်နေရတယ်တဲ့။ တစ်နေ့မှာတော့
ယောက်ျားကစဉ်းစားသတဲ့.. “အင်း. ငါကတော့ တစ်နေကုန် ရုံးမှာ အလုပ်လုပ်ရတယ်..
ငါ့မိန်းမကတော့ တစ်နေကုန်အိမ်မှာပဲ ထိုင်နေတယ်.. မတရားလိုက်တာနော်.. ”
ဆိုပြီးတွေးမိသတဲ့။ ဒါနဲ့ ညအိပ်ရာဝင်ခါနီးကျတော့ ဘုရားရှေ့မှာ
ဆုတောင်းရော.. “အရှင်ဘုရား.. တပည့်တော်ကတော့ တစ်နေကုန်အလုပ်သွားပြီး
တပည့်တော်ရဲ့မိန်းမကတော့ အိမ်မှာပဲထိုင်နေတယ်ဘုရာ့. မတရားပါဘူး..
ဒါကြောင့် တပည့်တော်နဲ့ တပည့်တော်ရဲ့ မိန်းမကို နေရာချင်းလဲပေးပါဘုရာ့..”
ဆိုပြီး ဆုတောင်းသတဲ့။ အဲ့ဒါနဲ့ ထူးဆန်းစွာပဲ နောက်တစ်နေ့မှာ ယောက်ျားက
မိန်းမဖြစ်ပြီး မိန်းမက ယောက်ျားအဖြစ် ပြောင်းသွားသတဲ့။
ဒီလိုနဲ့ အဲ့ဒီဘဝပြောင်းပြောင်းချင်းနေ့မှာပဲ
မိန်းမ(ယခင်ကယောက်ျား)က နံနက်ကို အစောကြီးထရပြီး မိသားစုအတွက်
ထမင်းတွေချက်.. ကလေးတွေကို ကျောင်းပို့.. ယောက်ျား(ယခင်က မိန်းမ)အတွက်
ထမင်းချိုင့်ထည့်.. ယောက်ျားအလုပ်သွားပြန်တော့လည်း အိမ်မှာ အဝတ်လျှော်.
မီးပူတိုက်. သန့်ရှင်းရေးလုပ်. ကလေးတွေကို ကျောင်းကြို. ယောက်ျားအလုပ်က
ပြန်လာတော့လည်း ညစာချက်. ကလေးတွေကို ထမင်းကျွေး. ယောက်ျားကိုပြုစု.
ညအိပ်ရာဝင်တဲ့အချိန်မှာလည်း ယောက်ျားပြုသမျှ နုရသတဲ့။ ဒါနဲ့ အဲ့ဒီညမှာပဲ
မိန်းမ(ယခင်ကယောက်ျား)က ဘုရားရှေ့မှာ ဆုတောင်းပြန်သတဲ့..
“အရှင်ဘုရား..တပည့်တော်ရဲ့ အမိုက်အမှားကို ခွင့်လွှတ်တော်မူပါ..
တပည့်တော်အရင်က နားမလည်လို့ပါ. အခုတော့ နားလည်သွားပါပြီ.. မိန်းမတွေက
ယောက်ျားတွေထက် ပိုပြီးတော့ ပင်ပန်းပါတယ်ဘုရာ့.. ဒါကြောင့် တပည့်တော်ကို
ယောက်ျားအဖြစ်ပြန်ပြောင်းပေးတော်မူပါဘုရာ့..” ဆိုပြီး ဘုရားကို
တောင်းပန်သတဲ့။ အဲ့ဒီအခါမှာတော့ ဘုရားက ဘာပြောလဲဆိုတော့ “အခုလို
အမြင်မှန်ရသွားတဲ့အတွက် ငါဘုရား ဝမ်းသာတော်မူတယ်. ဒါပေမယ့်
မင်းမိန်းမအဖြစ်ပြောင်းဖို့ နောက် ၉လ စောင့်ရမယ်..” အဲ့ဒီတော့
မိန်းမ(ယခင်ကယောက်ျား)က “ဘာဖြစ်လို့လဲဘုရာ့”.. ဘုရားကဘာပြန်ပြောလဲဆိုတော့
“မင်းမှာ မင်းယောက်ျား(ယခင်က မိန်းမ)ပြုသမျှကို နုထားတဲ့အတွက် မင်းမှာ
ကိုယ်ဝန်ရှိနေပြီ..” “ဗျာ….”

9 comments

  • banban

    May 19, 2010 at 6:45 am

    အင်း…ဆုတောင်း….မမှားမိကြပါစေနဲ့.. 😀

  • etone

    May 21, 2010 at 3:25 am

    ရယ်စရာသက်သက်ပါပဲနော် ။ အပြင်မှာ အဲ့ဒီလို စိတ်တိုင်းကျ ဘဝပြောင်းလို့မှမရတာပဲ ။

  • moethiha

    May 26, 2010 at 3:51 am

    တော်တော်ရယ်ရတာပဲနော်။နောက်လဲထပ်တင်ပေးပါဦးနော်

  • lu ta lone

    May 26, 2010 at 4:41 am

    ဟုတ် moethiha…
    Post ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ…

  • soemoe

    July 7, 2010 at 4:45 am

    ပြောင်းချင်အုံးဟဲ့ ဘဝ တကယ်ကိုကောင်းပါတယ် ဟာသလည်းဖြစ် ပညာပေးသဘောလည်း ဖြစ်တာပေါ့
    ကျွန်တော်ကတော့ဘယ်ဘဝ ရောက်ရောက် ကျားပဲ ဖြစ်ချင်တယ်…ဒါမှ….ဟီဟီ..

  • Myo Min Oo

    June 16, 2012 at 5:01 pm

    မောင်တထမ်း မယ်တရွက် ဆိုတဲ့ စကားပုံက အလကားမှာမဟုတ်တာဗျာ

  • sithu htun91

    September 28, 2012 at 6:48 pm

    ကြောက်စရာကြီးပါလားဟ………………….
    လုပ်ချင်အုံးဟဲ့မိ်န်းမ………………

  • uncle gyi

    September 28, 2012 at 10:44 pm

    မဖြစ်နိုင်ဖူးဆိုပေမဲ့အမျိုးသမီးတွေရဲ့အနေအထားကိုကွက်ကွက်ကွင်းကွင်းမြင်အောင်
    ပုံဖော်နိုင်ပါပေတယ်လူတလုံးရေ
    အပြင်မှာကပုံပြင်ထဲကထက်ပိုဆိုးမယ်မှတ်တယ်
    အမျိုးသမီးတွေကလည်းအပြင်အလုပ်လုပ်နေကြရတာကိုး

  • kai

    September 29, 2012 at 1:41 am

    ဆိုတော့..
    မြန်မာမိန်းမ၁၀ဝ ကို ယောကျာ်းဘဝဖြစ်ချင်သလား သွားမေးကြည့်.. ၉၉ အထက်က.. မဖြစ်ချင်ဘူးပြောလိမ့်မယ်..
    မြန်မာယောက်ျား ၁၀ဝ ကို မိန်းမဖြစ်ချင်သလား သွားမေးကြည့်..
    ၉၇-၈ယောက်လောက်ပဲ.. မဖြစ်ချင်ဘူးပြောမှာ..

    ဒါကြောင့် ..ဂေးမှာ.. ယောကျာ်းကနေဂေးဖြစ်တာပိုများတာပေါ့..။

    မိန်းမတွေမှာ.. ကောင်းတာတွေ.. မိန်းမဘဝကို စွဲမက်စရာတွေ.. ရှိပါတယ်..။
    မယုံရင်.. မိန်းမစစ်စစ်ဖြစ်တဲ့.. အိမ်ကမိန်းမကို မေးကြည့်… :kwi:

Leave a Reply