ကိုပေါက်လမ်းသလားနေသည်(15)-(အင်းလေးခေါင်တိုင်)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁5)”
(အင်းလေးခေါင်တိုင်သို့အသွား)
ပြီးခဲ့တဲ့ နှစ်ရက်လောက်က အောင်ပန်းကမိတ်ဆွေတွေနဲ့ ညစာစားရင်းနောက်နေ့ မှာနာမယ်ကျော်အင်းလေးကန်ကို ဘုရားဖူးသွားကြဘို့ တိုင်ပင်ကြပါတယ်။
လာမယ့်လကွယ်နေ့မှာသူတို့လဲဈေးပိတ်တော့ အတူသွားကြဘို့ စီစဉ်ထားကြပါတယ်။
ဒါပေမယ့်အဖိတ်နေ့ရောက်တော့ သူတို့ ထဲက တစ်ယောက်က
ကလောကို ရုံးကိစ္စနဲ့ သွားရမယ်၊နောက်တစ်ယောက်ကလဲ အိမ်မှာ ကျန်းမာရေးအတွက်ဆေးကုဘို့ ရွာကနေရောက်လာတဲ့ ဧည့်သည်ကို ဆေးရုံ လိုက်ပို့ရမယ်ဆိုတဲ့အကြောင်းကပေါ်လာပါတယ်။
သူတို့ကကျနော့်ကို ကတိပျက်မှာလဲစိုး ဧည့်ဝတ်မကျေမှာလဲစိုးတော့ သူတို့မှအခက်တွေ့နေတယ်ဆိုတာသိရပါတယ်။
ကျနော်ကလဲ အားနာဘို့မလိုတဲ့အကြောင်းရယ်၊ကျနော်ကို ကားသာငှားပေးလိုက်ပါလို့ပြောရပါတယ်။
ကျနော်က တော့ တကယ်တမ်းပြောရရင် ဘယ်လိုသွားရမယ်ဆိုတာလုံးဝမသိတော့ သူတို့စီစဉ်ပေးတဲ့အတိုင်းသွားရုံပါဘဲ။
ဒါနဲ့သူတို့ငှားသွားနေကျကားငှားတဲ့အိမ်ကို သွားကြတော့ သူ့ကားက ဘရိတ်သိပ်မကောင်းလို့ ကားပြင်စရာရှိတော့
မလိုက်နိုုင်ဘူးဖြစ်နေပါတယ်။သူကဘဲဖုန်းဆက်ပြီးနောက်တစ်ယောက်ခေါ်ပေးတော့ ကျနော်တို့ထက်အသက်နည်းနည်းကြီး
တဲ့လူတစ်ယောက်ဗင်ကားလေးနဲ့ရောက်လာပါတယ်။
ကားခဈေးပြောကြတော့ အသွားအပြန်သုံးသောင်းခွဲ လို့ပြောပါတယ်။
တစ်ယောက်က ညောင်ရွှေထိမသွားနဲ့ ခေါင်တိုင်စခန်းကို ဘဲပို့ခိုုင်း အဲဒီမှာကားထားပြီးမှ အင်းထဲကိုသွား လို့ပြောပါတယ်။
ကားခကိုလည်းသုံးသောင်းဘဲထားလိုက် နှစ်ယောက်ထဲဘဲသွားမှာ ဆိုပြီးဝိုင်းညှိပေးလိုက်ပါတယ်။
တစ်ယောက်က ကိုဆွေဟိုင်းလတ်နဲ့ဆိုရင် နှစ်သောင်းနဲ့ရတယ် ခေါ်ပေးမယ်လို့ ပြောပြန်ပါတယ်။
ကားဆရာကတော့ သုံးသောင်းခွဲဘဲ မလျှော့ဘူးပြောပါတယ်။
လျှော့ပါအုံးပြုပါအုံး ဝိုင်းပြောရင်းကားခသုံးသောင်းနဲ့ဘဲတည့်သွားပါတယ်။
သူ့ကိုသိတဲ့ မိတ်ဆွေက “ကိုပေါက် သူနဲ့သာသွား ကားမောင်းတာ စိတ်ချရတယ်”လို့ထောက်ခံချက်တွေပေးပါတယ်။
နောက်နေ့မနက် 7နာရီမှာသွားမယ်လို့ ချိန်းထားလိုက်ပါတယ်။
ကျနော်မိတ်ဆွေရဲ့ ဇနီးဖြစ်သူကတော့ ကားဆရာကို စိတ်ရှည်ရှည်နဲ့ပို့ပေးဘို့ အင်းထဲသွားဘို့လှေကိုလည်း စိတ်ချရတဲ့သူကို
ငှားပေးလိုက်ဘို့သေသေချာချာမှာပေးလိုက်တော့ အခုလိုတစ်ခါမှမတွေ့ဘူးသူကို ဧည့်ဝတ်ကျေလွန်းတဲ့မိတ်ဆွေတွေကို
ကျေးဇူးတင်ရပါတယ်။

နောက်နေ့မနက်6နာရီလောက်အိပ်ယာထ ပြီးမုန့်စားထွက်ကြပါတယ်။
ရောက်တဲ့နေ့ကတည်းက မိုးရွာလိုက်တိတ်လိုက်ဖြစ်နေတာကနေ အဲဒီနေ့မနက်ကတော့ ကြည်ကြည်လင်လင်။
ကျနော်တို့မုန့်စားလက်ဖက်ရည်သောက်ပြီးပြန်လာတော့ မနက်6း45။
ကားဆရာက တည်းခိုခန်းရှေ့အဆင်သင့်ရောက်နေတာနဲ့ ုလိုအပ်တာတွေယူပြီးကာပေါ်တက်ခဲ့ပါတယ်။
မဒမ်ပေါက်က ထီးကို်င်လာတာမြင်လို့ ကျနော်က လှမ်းအကြည့် သူပြန်ကြည့်လိုက်တဲ့အကြည့်ကတော့
“ရှင်မသိပါဘူး”လို့ဘာသာပြန်ရင်ရမယ်ထင်ပါရဲ့။
သာယာတဲ့မနက်ခင်းလေးမှာကားက လမ်းပေါ်မှာတရိပ်ရိပ်ပြေးနေပါတယ်။
လမ်းတစ်နေရာမှာ ရဟန်းတစ်ပါးကို ထို်င်ကန့်တော့ နေတဲ့ပုံလေးမြင်တော့ လှမ်းရို်က်တာ ကားအမြန်နူန်းကမြင့်တော့
မရလိုက်ပါဘူး။

စင်တင်ထားတဲ့ ဂေါ်ရခါးစိုက်ခင်း

ဟဲဟိုးကိုအသွားလမ်းတစ်လျှောက်မှာ စင်တင်လို့ စိုက်ထားတဲ့ဂေါ်ရခါးခင်းတွေက အစီအရီ။
အရင်က ဂေါ်ရခါးပင်ဆိုတာနွယ်ပင် ဂေါ်ရခါးသီးဆိုတာမြေကပ်ပေါက်တဲ့အသီးလို့ထင်ခဲ့တာပါ။
ဒါပေမယ့် အခုလိုစင်တင်စိုက်တာက သန့်ရှင်းပြီး အသီးလှပါသတဲ့။
လွင်ပြင်တဆုံး ထိ တိမ်တွေရှိနေတယ်လေ

အောင်ပန်းနဲ့ဟဲဟိုးကြားက လွင်ပြင်တွေက တကယ်ကိုလှပပါတယ်။
လမ်းနံဘေးကကျောက်ဆောင် ဟဲဟိုးအသွားလမ်းမှာပါ

လမ်းအရှေ့ဘက်မှာကကျောက်တောင်တွေ အနောက်ဘက်မှာ မြေနိမ့်လွင်ပြင်။
တောင်တန်းလွင်ပြင် စိမ်းမြ သစ်ပင် လွမ်းချင့်စရာ မူံရီရီ တိမ်ငွေတောင်ထု

နောက်သိပ်မကြာခင်မှာလမ်းအကွေ့လေးတစ်ခုအရောက်အောက်ကချိုင်ဝှမ်းလွင်ပြင်
အဝေးမှာကမိုးတိမ်ထု အင်မတန်လှပပါတယ်။

(ဟိုး အဝေး မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ…..ခင်ဝမ်းစာသားလေးသတိရသွားလို့)
အဝေးမိုးကုတ်စက်ဝိုင်းထိတောင်မြင်နေရသလို တိမ်ထုက လှပ

တစ်နေရာအရောက်မှာတော့ မီးရထား လမ်းကွေ့ကွေ့နဲ့တံတားလေး။
အဝေးက မြင်ရတဲ့တံတား

ကားဆရာပြောပြလို့ ဦးသုခရဲ့နာမည်ကျော် ရုပ်ရှင်အမည်တွင်သွားတဲ့ “ဘဝသံသရာတံတား”
လို့ပြောလို့ကားကိုရပ်ပြီး ဓါတ်ပုံတွေရိုက်ပါသေးတယ်။
သစ်ပင်တွေကြာကတံတား

စိတ်ထဲမှာအခုနေများရထားတစ်စင်းလာလိုက်ရင်ဘယ်လောက်များလှလိုက်မလဲလို့ တွေးမိပါတယ်။
ဘဝသံသရာတံတား လို့အမည်တွင်တဲ့တံတားလေး

ကားဆရာကြီးပြောပြတာကတော့ ဒီနေရာကလှမ်းကြည့်ရင် အင်းလေးကန်အစကို မြင်ရတယ်ပြောပါတယ်။
အင်းလေးကန်အစကိုမြင်ရတယ်ဆိုတဲ့နေရာ

ဒါပေမယ့် မိုးတွေအုံ့ဆိုင်းမိူင်းရိပ်မှောင်ဆိုတော့ ဘာကိုမှသဲသဲကွဲကွဲမမြင်ရပါဘူး။
ဒီနေရာမှာတော့ တွံတေးသိးန်တန်ရဲ့တိမ်ပြာမိူင်းရီ ဆိုတဲ့ သီချင်းစာသားလေးကိုသတိရမိပါတယ်

လမ်းကလေးက ကွေ့ကောက်လို့ နေပါတယ်။
လမ်းကလေးက ကွေ့ဝင်

လမ်းကလေးကွေ့သွားပုံက တိမ်ထုထဲဘဲဝင်သွားသလိုခံစားရပါတယ်

သိပ်မကြာခင်အင်းလေးခေါင်တိုင်စခန်းသို့ဆိုတဲ့နေရာရောက်တော့ လူတစ်ယောက်လက်ပြတာမြင်တော့
ကားဆရာကြီးက ကားကို လမ်းဘေးကပ်ရပ်လိုက်ပါတယ်။
သူကတော့ “လှေဧည့်ကြို”ပါ။
ဖောက်သည်ရအောင် ပိုသေချာအောင် လမ်းခွဲကနေလာပြီးစောင့်တာပါ။
ကားဆရာကြီးက “အင်းထဲသွားမှာ ကိုယ့်ဘာသာကိုတည့်အောင်ပြော”လို့ဧည့်ကြိုကိုပြောပါတယ်။
ဒါပေမယ့်ကားဆရာကြီးကဘဲ ပြောပေးပါတယ်။
ဘုရားစုံပို့ပေးမယ် နှစ်သောင်းခွဲလို့ဆိုပါတယ်။
ကျနော်က ခေါင်းရမ်းပြတော့ အခုကြားရက်မို့ရတာ ပွဲတော်ရက်ဆိုရင် သုံးသောင်းတောင်မလိုက်ဘူးလို့ ဧည့်ကြိုကပြောပါတယ်။
အဲတော့ ကျနော်က ဒါဆိုလဲလှေဆိပ်ရောက်မှငှားတော့မယ်ဆိုတော့ မှ တည့်အောင်လုပ်ပေးမယ် ပြောပါတယ်။
ဖောင်တော်ဦးတစ်ဆူထဲဆိုနှစ်သောင်းလို့ပြောပါတယ်။
ကျနော်ကလဲခေါင်းယမ်းပြမြဲ။
ကျနော်က ဘုရားစုံသောင်းခြောက်ထောင်ပြောတော့ သူက ခေါင်းပြန်ယမ်းပါတယ်။
နောက်ဆုံးတော့ ဘုရားစုံသောင်းရှစ်ထောင်နဲ့တည့်သွားပါတယ်။
ကားဆရာကြီးက ဝင်ညှိပေးလို့ပါ။
ခေါင်တိုင်စခန်းကိုဝင်တဲ့လမ်းကလေးက ကတ္တရာလမ်း။
ဘေးတစ်ဘက်တစ်ချက်ကတော့ လွင်ပြင်ဖြစ်လိုက်တောင်တန်းဖြစ်လိုက်ပေမယ့် စိမ်းစိမ်းစိုစိုသာသာယာယာ။
လူသွားလူလာလဲမပြတ်ပါဘူး။
ကျနော်တို့ကားရှေ့မှာတော့ စောစောက လှေဧည့်ကြိုက လမ်းပြလိုလိုနဲ့ ရှေ့ကသွားပါတယ်။
လမ်းနံဘေးတစ်နေရာမှာတောင် ခေါင်တိုင်ရေပူစမ်း။
အားလပ်ရက်များမှာလူစည်ကားပါသတဲ့။
ကျနော်ကတော့ အင်းလေးသွားဘို့ဘဲစိတ်သန်တော့ မဝင်ခဲ့ပါဘူး။

ဒီနေရာက အင်းလေးကိုသွားရင် ဝင်သွားရတဲ့လမ်းခွဲလေးပါ။

ဒီနေရာက အင်းလေးကိုသွားတဲ့လမ်းခွဲနေရာလေးပါ

ကျနော်တို့ကညောင်ရွှေလမ်းခွဲကနေမဝင်ဘဲခေါင်တိုင်စခန်းကနေဝင်သွားတဲ့လမ်းကလေးပါ။
ဒါကတော့ ခေါင်တိုင်စခန်းကိုအဝင်လမ်းလေးပါ

အဝင်လမ်းလေးက စိမ်းစိမ်းစိုစိုနဲ့ကွေ့ကွေ့ကောက်ကောက်သာသာယာယာ

ခေါင်တိုင်အဝင်လမ်း

သွားသူကတော့ မပြတ်တဲ့လမ်းကလေး ကျောက်လမ်းမ လမ်းကောင်းလေး လမ်းခွဲကနေဆိုခြောက်မိုင်လောက်ဝင်ရင်ခေါင်တိုင်စခန်းရောက်ပါတယ်။
ခေါင်တို်င်ကို သွားတဲ့လမ်းလေး လူသွားလူလာမပြတ်ပါဘူး။

သိပ်မကြာခင်လေးမှာဘဲ လမ်းကလေးကိုကွေ့ဝင်လိုက်တော့ ဘုန်းကြီးကျောင်းအိုကြီးတစ်ကျောင်း။
နာရီကြည့်လိုက်တော့ 8း30။

ကားပေါ်ကလှမ်းမြင်ရတဲ့ခေါင်တိုင်ဘုန်းတော်ကြီးကျောင်း

ကားပေါ်ကမြင်ရတဲ့ ခေါ်င်တိုင်ဘုန်းကြီးကျောင်း

အနီးကပ်မြင်ရတဲ့ကျောင်းအိုအို
ခေါင်တိုင်က ကျောင်းအိုအို

ကျောင်းဝင်းထဲရောက်တော့ ကားဆရာကြီးကိုအင်းထဲလိုက်ဘို့ခေါ်တော့ သူခေါင်တိုင်မှာဘဲနေခဲ့မယ်ပြောပါတယ်။
ကျောင်းဝင်းထဲမှာတော့လှေအသစ်တွေပြင်ဆင်နေတဲ့အဆောင်ကြီးကိုတွေ့ရပါတယ်။

လှေတွေဆောက်တဲ့ရုံကလေး

လှေအသ်စ်တွေဆောက်တဲ့အလုပ်ရုံ

ဆောက်လက်စလှေတွေအများကြီး ဘဲ။
ဆောက်လက်စလှေ

ဒါကတော့အချောသပ်ပြီးတဲ့လှေ စက်တပ်ဘို့ဘဲလိုပါတော့သတဲ့
အချောသပ်ပြီးတဲ့လှေ

အေးစိမ့်နေတဲ့သစ်ပင်တွေအုပ်ဆိုင်းနေတဲ့ဝင်းကြီးမှာတော့ ရှေးဟောင်းကျောင်းကြီးတွေ့ရပါတယ်။
ကျောင်းအောက်မှာတော့ လှေတွေအများကြီး တွေ့ရပါတယ်။
အဲဒီကျောင်းအောက်မှာရှိတဲ့လှေကလေးတွေကတော့ ဘုရားပင့်ဆောင်ချိန်နဲ့သံဃာတော်များ အတွက်သာသုံးပါသတဲ့။
ကျောင်းကြီး အောက်က လှေက

ဒီလှေတွေကတော့ ဘုရားတင်တဲ့လှေပါ။
သာမန်ကိစ္စတွေမှာမသုံးတဲ့အတွက်ဘုန်းကြီးကျောင်းအောက်မှာသီးသန့်ထားပါတယ်။
ကျောင်းအောက်ကလှေ

လှေဆိပ်နားမှာတော့ ဆိုင်ကလေးတွေတွေ့ရပါတယ်။
ဆိုင်လေးတွေကသိပ်မသားနားပေမယ့် သူ့အရပ်နဲ့သူ့ဇာတ်တော့ အဆင်ပြေနေပါတယ်။
ကလေးလေးဆော့နေတာမြင်ရတော့ ကိုယ်တောင်သူ့လိုပျော်လာသလိုပါဘဲ။


သူ့နံဘေးနားလေးမှာတော့ခေါင်တိုင်လှေဆိပ်။
လှေကလေးတွေကတန်းစီနေပုံကတောင်သမန်အင်းကိုသတိရစရာ။

ဒီလမ်းကျဉ်းကျဉ်းလေးကတော့ အင်းလေးကန်ကိုအဝင်လမ်းပါဘဲ။
ဒီလမ်းကလေးက ရေထဲမှာရှိတဲ့ရွာကလေးကိုဖြတ်ပြီးသွားတဲ့လမ်းပါ။
ဒီလမ်းလေးအတိုင်းဝင်သွားမယ်ဆိုရင်…………..

ရေထဲကလမ်းကျဉ်းကျဥ်းလေးထဲမှာစက်တပ်လှေကလေးကတရိပ်ရိပ်။
ရောက်မယ်လို့ထင်မထားတဲ့အင်းလေးကန်ထဲကို တကယ်ရောက်ပြီဆိုတော့
ကျေနပ်မူ့ဝမ်းမြောက်မူ့တွေက စိတ်ထဲမှာတလိပ်လိပ်…………………

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(18-10-2011)
ဆက်လက်ဖော်ပြပါမည်။

16 comments

  • windtalker

    October 18, 2011 at 7:11 pm

    ကောက်ပို ကောင်းမှု ကြီးမားလေစွ
    မရောက်တာ ၁ဝနှစ်ကျော်ကြာပြီ ဖြစ်သော
    နေရာများကို ဓါတ်ပုံနှင့် ပို ့ပေးလေစွ

  • blackchaw

    October 18, 2011 at 7:45 pm

    အင်းလေးကို မရောက်ဖူးသေးဘူး ကိုပေါက်ရေ။
    မနက်ဖြန်တော့ ကိုပေါက်ကျေးဇူးနဲ့ အင်းလေးကိုရောက်တော့မှာပေါ့။

  • ပေါက်ဖော်

    October 18, 2011 at 8:19 pm

    အောက်ဆုံးပုံလေးတော်တာ်မိုက်တယ်
    လှေခလေးကိုလှော်မည်..ဘေးမသန်းပဲ.အေးချမ်းတော့မည်..
    8)

  • small cat

    October 19, 2011 at 6:16 am

    ဒီနေရာက အင်းလေးကိုသွားတဲ့လမ်းခွဲနေရာလေးပါ
    ဆိုတဲ့ စာရဲ့ အပေါ်က ပုံကဆန်းတယ်နော်၊
    သစ်ပင်များကြားမှ ခေါင်းပြတ် သရဲနှစ်ကောင်
    ဆိုပြီးခေါင်းစဉ်တပ်လိုက်ပါလား။

  • nigimi77

    October 19, 2011 at 8:58 am

    ကိုပေါက်။

    ကျွန်တော် မန်းလေး ရောက်နေတယ်။ ဒီမနက်ပဲ။

    အခွင့်အရေးရရင်တော့ တွေ ့ချင်ပါရဲ ့။

    • etone

      October 19, 2011 at 9:23 am

      လေးပေါက်ရေ … ကဏန်းကြီးက သူမန်းလေးရောက်တုန်း လေးပေါက်ကို စည်ဘီယာ… မြန်မာထမင်းဟင်းစုံ နဲ့ ပြုစုချင်တယ်ဆိုလို့ ….. သမီးလေးပေါက် ဖုန်းနံပါတ်ပေးလိုက်တယ် …. ။ ဟီးဟီး 😀

      နည်းနည်းသောက်ပြီး မူးချင်ယောင်ဆောင် … နပန်နှစ်ချက်လောက် အုပ်ပစ်လိုက်ပါနော် ဟီးဟီး :mrgreen:

      • nigimi77

        October 19, 2011 at 9:51 am

        ဟုတ်တယ် ကိုပေါက်။

        ကျသင့်တာ အားလုံးကို ကိုပေါက် နာမည်နဲ ့ပဲ Bill ထားခဲ့တဲ့။

        ရန်ကုန်ပြန်ရောက်မှ ကျွန်တော် သုံးခဲ့တာတွေရော အဲဒီ Bill တွေကိုရော

        KBZ နဲ ့ လွှဲပေးမယ်တဲ့ ။ ပိုင်တယ်နော်။

        ပိုင်ဆို အီးဒုံးနဲ ့ ကျွန်တော်က ဘာညာလေ….ဟီး ဟီးး။

        ဆဲဖေါ်ဆဲဖက်တွေလို ့ပြောတာပါ။ 😛

        • etone

          October 19, 2011 at 11:33 am

          ဒီလူတော့ … ဘဲအိုကြီး 77၊ ကဏန်းကြီး77 ပြီးရင် နောက်နံမည်တစ်ခု ထပ်ပေးရတော့မယ် :mrgreen: ဒီလောက် အကြောမတည့်တာ .. သူ့အိမ်မက်ထဲတောင် ထည့်မက်လိုက်သေးတယ်ဆိုပဲ 🙄

          ဒါကြောင့် ဒီဝါကျွတ်လည်း သူမကျွတ်နိုင်သေးတာ … ။ နောက်နှစ်လည်း မမြင် 🙄
          သူ့ယောက္ခမက ကျဉ်ပွေ့ကိုင်ပြီးစောင့်နေလို့ပါ … 😀 (နည်းနည်းဖွတာ … 😛 )

          လေးပေါက်ရေ … ခုနကပြောသလို နပန် နှစ်ချက်မအုပ်နဲ့တော့… နားရင်းသာ အချက်နှစ်ဆယ်လောက် အုပ်လိုက်ပါဗျို့ 😆

        • windtalker

          October 19, 2011 at 8:00 pm

          အလို ကို နစ်ဂမိ
          AKKO နဲ ့တော့
          နောင်ငြိမ်ကုန်တော့မှာပဲ
          မဆဲကြပါနဲ ့ဂျာ
          နော်
          နော်..လို ့ဆို
          🙂

  • ကြောင်ကြီး

    October 19, 2011 at 9:17 am

    လမ်းသလားရင်
    ဖမ်းစားမယ်
    အိုဘယ့်..
    ဒိန်းတလိန်းနတ်… 🙂

  • Diamond Key

    October 19, 2011 at 9:37 am

    ကိုပေါက်ရေ၊
    ကိုပေါက်ခေါ်ရာနောက် ခေါင်တိုင်မထိ ရောက်နေပြီ။
    အင်းလေးထဲကို ဆက်လိုက်မယ်ဗျို့။
    စကားမစပ် –
    (ကားပေါ်က အဝါကြီးက မဒမ်ပေါက်လားဗျို့)။ မဟုတ်ရင်တော့ ဟိူ ဗီဒီယို ကားထဲမှာ အော်သလိုပဲ အော်လိုက်မယ်နော်……..”ကားပေါ်မှာ ပါလာာာာာာာာာာာာာာာာာာာာာာတယ်”
    ဝါဝါကြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး)

  • ကျနော်သိသလောက်တော့ကားရှေ့ခန်းမှာဘယ်သူမှထို်င်လာတာမတွေ့ဘူး။
    အခုဓါတ်ပုံထဲတောင်ခင်ဗျားတို့ပြောမှမြင်တာ။
    အင်းဒါဆိုရင်တော့ ရုပ်ရှင်ကတော့ မိုင်တိုင်76။
    အခုဟာကတော့ ခေါင်တိုင်သူရဲခြောက်ပြီထင်ပါရဲ့နော်။
    ဥုံဖွ လွဲပါစေ ဖယ်ပါစေ။

  • pooch

    October 19, 2011 at 11:57 pm

    အီး … လေးပေါက်ပြောမှ ကြည့်ပြီး ကြက်သီးတွေတောင်ထလာပြီ .. လူမှ လူအစစ်ကြီးကို လေးပေါက် မနောက်နဲ့နော်.. .. ..

  • char too lan

    October 20, 2011 at 2:58 pm

    ပုံတွေကူသွားတယ်လေးပေါက်ရေ…..
    နောက်လပင်လောင်းပြန်မယ်သယ်ရင်တစ်ယောက်ဆီ ပိုးထဲ့ပေးလိုက်အုံးမယ်
    ပင်းတယ ရောက်ခဲ့ရင်လည်း ပုံတွေမျှပါအုံးနော် အဲ့ကညောင်ပင်ကြီးတွေ တွေ ့ဖူးချင်လို့ပါ ….

  • ဒီတစ်ခေါက်ကတော့ ပင်းတယကို သွားခြင်ပေမယ့်မရောက်ခဲ့ရပါ။
    ဟိုပုန်းဘက်က မွေတော်ကက္ကူ ကိုလဲမရောက်ခဲ့ရပြန်ဘူး။
    နောက်တစ်ခေါက် မရောက်ရောက်အောင်သွားမယ်။။

  • unclegyi1974

    October 20, 2011 at 10:59 pm

    ကိုပေါက်ကခေါင်တိုင်လမ်းကသွားပြီးရေပူစမ်းဝင်ရေမချိုးခဲ့တာကအတော်မဟုတ်သေးဖူးလေ
    သူများတွေကတကူးတကသွားပြီးချိုးကြရတာ
    ရေပူစမ်းကရေကလူ့ကျမ္မာရေးအတွက်အလွန်ကောင်းဆိုပဲ
    အရေပြားယားနာတွေအကုန်ကောင်း
    ဂေါက်သမားတွေဆိုအလွန်အကျိုးပြုလို့ပြောတာပဲ

Leave a Reply