ဒေါက်ရောဂါ နှင်.

iris21October 18, 20111min15812

ဒေါက်ရောဂါဆိုတော. မကြားဖူးဘူးဟုထင်ကြလိမ်.မည်။ ကိုကိုတွေနှင်. မရင်းနှီးတောင် မမတို.တော.သိကြသည်။အထူးသဖြင်. ဒေါက်ဖိနပ်ကြိုက်သောမမများနဲ.တော.ရင်းနှီးလိမ်.မည်။

အိုင်းတစ်ယောက်ကတော. အတော်ကိုရင်းနှီးနေသည်. စကားလုံးဖြစ်သည်။ဒေါက်ဖိနပ်စီးခြင်းသည် ကျန်းမာရေးအတွက်မသင်.တော် ဆိုသော်လည်း မစီးပဲမနေနိုင်သည်. အကြောင်းပြချက်လေးတွေက ရှိနေတော.လည်း …အထူးသဖြင်. ဒေါက်စီးလို. ခါးနာတာထက် ကိုယ်.ကိုယ်ကို ယုံကြည်မှုရှိလာတယ်လို. ခံစားရခြင်း၊အရပ်ပုသောကြောင်.ရှည်ချင်ယောင်ဆောင်လိုခြင်း(ကိုယ်.ကိုယ်ကိုပြောတာပါ)၊ဒေါက်ဖိနပ်သံ တခွပ်ခွပ် ကိုဂီတသံကဲ.သို. သာယာမိနေခြင်း တို.ဖြစ်သည်။အိုင်းတို.များ ဒေါက်ဖိနပ်ဘယ်လောက်ကြိုက်သလဲဆို သိတတ်တဲ.အရွယ်တည်းက ဒေါက်ဖိနပ် စီးချင်တယ်ဆိုပြီး ဖိနပ်ဆိုင်ရှေ.မှာ မဝယ်ပေးမချင်း အိမ်မပြန်ပဲ စိတ်ကောက်ပြပါသတဲ.။ အဲလောက်တောင် ဝါသနာကြီးပေမဲ. ခုနေခါမှာတော. လေးထပ်အဆောက်အအုံကြီးကို နေ.စဉ် တက်လိုက်ဆင်းလိုက်နှင်. ခါးနာရောဂါရလာပါသည်။အဆစ်အမြစ်တွေ ရောင်ကာ အလွန်ကြိုက်သော ဒေါက်စီးဖို. မပြောနှင်. ပါးပေ.ဆိုတဲ. ဖိနပ်ပါးများနဲ. ဆေးတွေမှီဝဲရလောက်အောင်ကို အခြေအနေက ဆိုးနေပါသဖြင်. ဒေါက်ရောဂါဆိုတာလည်းရှိနေပါကြောင်း……….

12 comments

  • iris21

    October 18, 2011 at 10:09 am

    ကိုယ်တွေ.လေးပါ

  • Endless

    October 18, 2011 at 10:23 am

    ဒေါက်ရောဂါ ဆိုလို့ ဝင်ဖတ်လိုက်ရတာ (ဒေါက်တာတွေနဲ့များ ဆိုင်သလားလို့) … လက်စသတ်တော့ ဒေါက်ဖိနပ်ရောဂါ ဖြစ်နေသကိုး… မိန်းကလေးတွေ တော်တော်များများ ဒေါက်မြင့်ဖိနပ် စီးကြတာ တွေ့ဘူးပါတယ်…. ကျန်းမာရေး ရှူ့ထောင့်က ကြည့်ရင်တော့… အတော် မသက်သာဘူးဗျာ…

  • etone

    October 18, 2011 at 10:32 am

    ဒေါက်ဖိနပ်စီးတာ သွယ်သွယ်လျလျလေးဖြစ်သွားတယ်လို့ ခံစားရပေမယ့် လကမာ္ဘလိုလမ်းတွေမှာတော့ စီးဖို့တော့ မသင့်တော်ပါဘူး … ။ လှတာထက် ခြေထောက်နာခြင်း ဒဏ်ကို ပိုခံရမှာကြောင့်ပါ … ။ ကြွကြွရွရွလေး အလုပ်သွား အလုပ်ပြန်လုပ်ရတဲ့ အခြေနေမျိုးဆိုလျှင်တော့ … ပန်ဆယ်ဟီးလ် စီးလည်း … အဆင်ပြေတာပဲလေ … ။

    ဒေါက်ဖိနပ်စီးတာက .. နောက်တစ်မျိုး … ပြသနာရှိသေးတယ် .. အခန့်မသင့်လို့ ခြေသပွတ်တိုင် လည်သွားတာတို့ .. ခြေကျင်းဝတ်ခေါက်သွားတာတို့ဆိုလျှင်တော့ … ဆေးစည်းပေဦးတော့ …. 🙄

    • pan pan

      October 18, 2011 at 10:49 am

      ကျွန်မကတော့ ပန်ဆယ်ဟီးလ်တော့ အသေကြိုက်
      ကျောင်းတက်တုန်း ဖုန်တောထဲလည်း စီးခဲ့တာပဲ
      တော်ဝင်လမ်းလည်း အဲဒီဒေါက်နဲ့ လျှောက်ခဲ့ဖူးတာပဲ
      ခုလည်း ရုံးတက်တော့ တခါတလေစီးဖြစ်တယ်
      လဲတာ ကွဲတာတော့ မဖြစ်ဖူးသေးလို့ တော်သေး 😀
      ပန်ဆယ်ဟီးလ်လေးနဲ့ဆိုတော့ ပိုလှတယ်ထင်လို့ 😛
      ၃လက်မဝန်းကျင်လောက်ပါပဲ
      လကမ္ဘာလိုလမ်းတွေမှာစီးရင် ခြေထောက်နာတယ်၊ ခရီးလည်းမတွင်ဘူး
      အဲ…….ဒေါက်ဖိနပ်ချွတ်လိုက်တဲ့အချိန် ချက်ချင်းခြေဗလာနဲ့ဖြစ်သွားတဲ့အခါ
      ခံစားလိုက်ရတဲ့ဖီးလ်လေးက ဘာနဲ့မှမလဲနိုင်
      သက်သာလိုက်ပါဘိတောင်း 😀
      (ဒါဆိုမစီးနဲ့ပေါ့လို့ အပြစ်မတင်ကြပါနဲ့နော်၊ ကြိုက်လွန်းလို့ပါရှင်)

  • youngcat

    October 18, 2011 at 6:50 pm

    ဒေါက်ဖိနပ်ကလေး ကို
    ဂေါက် ဂွပ် အသံပေးစီးလို့
    လှေကားပေါ်က
    မှောက်၊ ဟပ် ကျရင်တော့မသက်သာ။ ။

    အရပ်ကလေးနဲနဲမြင့်လာပြီး
    ရင်ကလေးမော့
    တင်ကလေးကော့ ရင်ဖြင့်
    အမြင်ကလေးကတော့
    ချစ်စရာဖြစ်မှာ။ ။

  • windtalker

    October 18, 2011 at 8:02 pm

    ဒေါက်ဖိနပ် စီးထားပြီး
    လှချင်တိုင်းလှနေသော
    အိုင်းရစ် ၏ ဓါတ်ပုံလေး ပါ
    တင်ပေးစေလိုပါကြောင်း
    ဂေဇက်ဝင်များနှင့် ဂေဇက်လာများ ကိုယ်စား
    ဆန္ဒပြု လိုက်ပါသည် ။

  • ကြောင်ကြီး

    October 19, 2011 at 8:21 am

    ကိုကြောင်လေးနဲ့ ကိုလေပွားတို့ရေ….
    ရွာထဲမှာ အချင်းချင်း မောင်စိတ်နှမစိတ် ထားကြပါဗျာ။ ရိသဲ့သဲ့ စကားတွေ မပြောပါနဲ့လား။ ယိုသူမရှက် မြင်သူရှက်မို့ပါ။ သဂျီးခင်ဗျား အမြင်မတော်သော ကွန်းမန့်များကို ဖျက်စေလိုပါသည်။ 😡

    • youngcat

      October 19, 2011 at 9:03 pm

      တဏှာအတွေးမပါ ပါဗျာ
      ကဗျာလေးသာရေးတာပ
      အမှားလေးတွေပါခဲ့ရင်ဖြင့်
      ကာယကံရှင် အိုင်းရစ်လေးနဲ့
      မြင်ရသူဆွေသဟာအပေါင်းကို
      ကြိမ်ကြိမ်သာ ဝနာမိ ပါလို့
      တောင်းပန်ပါကြောင်း။ ။

  • စုံ စုံ

    October 19, 2011 at 11:31 am

    ဒေါက်ဖိနပ်ကတော့ကျမလဲအရမ်းကြိုက်တယ်
    ဒါပေမယ့်အရပ်ကရှည်တော့မစီးဖြစ်တာများတယ်
    မှတ်မှတ်ရရ ပထမနှစ်တက်ခါနီးမှာစီးဖို့ဖိနပ်ဝယ်တော့သူငယ်ချင်းကမြှောက်ပေးတယ်လေ
    စုံစုံ နင်ဒေါက်ဖိနပ်ဝယ်စီးပါလား ကျောင်းမှာရုပ်လှတာနဲ့နာမည်မကြီးရင်တောင်
    အရပ်အရှည်ကြီးနဲ့ကောင်မလေးဆိုပြီး ပေါ်ပြူလာဖြစ်မှာတဲ့လေ 😛
    အဲ့ဒါနဲ့ဘယ်ရမလဲဒေါက်ဖိနပ်အမြင့်ကြီးဝယ်တာပေါ့
    ဒါပေမယ့် အိမ်မှာဘဲအစီးလေ့ကျင့်တယ် တကယ်ကျောင်းသွားရင်မစီးဖြစ်တော့ဘူး
    သူငယ်ချင်းတွေကြားထဲမှာ ထိုးထိုးထောင်ထောင်အရပ်ကြီးနဲ့ရှက်လို့လေ 😀
    အဲ့ဒိထဲကဒေါက်ဖိနပ်ဆိုကြိုက်သာကြိုက်တယ် ဝယ်မစီးဖြစ်တာ့တာခုထိဘဲ

  • pooch

    October 19, 2011 at 3:04 pm

    တို့လည်း ဒေါက်ဖိနပ်ကြိုက်တယ်.. ဒေါက်ဖိနပ်စီးပြီး ပြသာနာလေးတွေလည်း ကြုံဖူးတယ်… အမျိုးမျိုးပဲ မရိုးဘူး.. .. တခါကဆို ခြေခေါက်သွားလို့ အသဲအသန်ဖြစ်ဖူးတယ်…
    ဒါပေမဲ့လည်း .. စီးမြဲ စီးလျှက်….. ဒေါက်ဖိနပ်ကို မစွန့်နို်င်ဖူး….. 🙂

  • htet way

    October 31, 2011 at 1:04 pm

    ဒေါက်စီးလို့အရပ်မြင့်တယ်ထင်ရပေမယ့်ခါးနာတာမကြာခဏဖြစ်ရင်တော့
    ခါးကျီးပေါင်းစိုးရိမ်ရပါတယ်။ခြေဖျားကိုထောက်ထားရတဲ့အတွက်အာရုံကြော
    ကြာရင်ထိခိုက်ဖွယ်ရှိပါတယ်။လှဖို့ဆိုတာတခုထဲအတွက်နဲ့်တော့
    ချင့်ချိန်သင့်ပါတယ်။တချို့ဆိုဒေါက်ဖိနပ်ကြောင့်အကြည့်ရဆိုးတာတွေ
    ရှိနေပါကြောင်း။

  • ဆူး

    October 31, 2011 at 2:02 pm

    ဒေါက်ဖိနပ် ဆိုရင် ၁လက်မ ၂လက်မ ထက်တော့ ပိုမစီးရဲဘူး။.
    လှေကား အတက်အဆင်းဆိုရင် ဒေါက်နဲ့ဆိုရင် ချော်လဲမှာ သိပ်ကြောက်တယ်။
    အရပ်ပုနေလည်း မတတ်နိုင်ဘူး။ ချော်လဲမှာတော့ ကြောက်တယ်။ ဒီမှာတော့ ဒေါက်စီးရင် ဟိုအပေါက်ထဲ အချွန်ညပ် ဒီအပေါက်ထဲ အချွန်ညပ်နဲ့ တည့်တည့်ချိန်ပြီး ဖိရင်တောင် မဖြစ်ဘူး လမ်းသွားရင် အဲလို ခဏခဏ ဖြစ်လို့ အချွန်ဆိုရင် နိုင်ငံခြားသွားမှ စီးဖြစ်တယ်။ ဒီမှာတော့ တော်ယုံ မစီးဘူး။ အပါးပဲ စီးဖြစ်တယ်။

Leave a Reply