File နဲ့ Folder တွေဘယ်ရောက်နေလဲ

နိုင်နိုင်October 18, 20111min842

ရွာထဲဝင်မရေးတာလဲအတော်ကြာပေါ့ ဒီနေ့တော့ မိမိတို့ ကွန်ပျူတာ သို့မဟုတ် Memory Stick ထဲမှာ Virus ကြောင့် Hidden ဖြစ်နေတဲ့ File and folders တွေကိုပြန်ပေါ်အောင်လုပ်မဲ့နည်းလမ်းလေးပါ။ ပထမဦးစွာ Start>>Run>> မှာ Cmd လို့ရိုက်လိုက်ပြီး ok လုပ်လိုက်ပါ command prompt ပေါ်လာပါလိမ့်မယ် အဲဒီမှာမှ attrib *.* -r -h -s /d /s လို့ရေးပြီး Enter ခေါက်လိုက်ပါ။ နောက်အလွယ်တကူအသုံးပြုချင်တယ်ဆိုရင်ဖြင့် Notepad ကိုဖွင့်ပြီး အစောက အတိုင်းလိုက်ရေးလိုက်ပါ attrib *.* -r -h -s /d /s ရေးပြီးတာနဲ့ File>>Save As.. ကိုသွားပါမယ် File name မှာမိမိကြိုက်နှစ်သက်သည့်နာမည်ကိုရေးပြီးအဲဒီနောက်မှာ .bat ဆိုပြီးထည့်ပေးရမှာဖြစ်ပါတယ် ဥပမာ (name.bat)လိုမျိုးပေါ့ ပြီးတာနဲ့ ကိုယ့်သိမ်းမဲ့နေရာရွေးပြီး Save လုပ်လိုက်ပါ။ ဒါဆိုရပါပြီ ထို batfile လေးကို Stick ထဲထည့်ပြီး Double click လုပ်လိုက်ပါ Hidden ဖြစ်နေနဲ့ ဖိုင်းနဲ့ဖိုဒါတွေ ပြန်ပေါ်လာပါလိမ့်မယ်။ File တွေ မတွေ့တော့ရင်လဲ စခန်းသွားပြီး ရဲတိုင်လိုက်ပေါ့ဗျာ ကျတော့ File တွေ Folder တွေမတွေ့တော့လို့ဆိုပြီး :D(ကျေးဇူးတင်ပါတယ်)

2 comments

  • ပေါက်ဖော်

    October 18, 2011 at 11:43 am

    ရဲဘော်..
    ရဲဘော်ပြောတလိုဆို..C:\Documents and setting\user ထဲက ဖိုင်တွေပဲ ပြန်ပေါ်မယ်.
    တခြား.. Memory Stick တို ့..အတွက် အကျုံးဝင်ဘူး
    အဲတော့..တခြား ကျန်သေးတဲ့ Local Dsik,Memory Stick တို ့ထဲက ဖိုင်တွေအတွက်ဆို
    သူ ့ရဲ့ Drive Letter ထည့်ပြီး ပြန်ဖော်ရမယ်
    Memory card က E: ဆိုရင်
    cmd ထဲမှာ E: ရေးပြီး Enter ခေါက်
    ပြီးတော့မှ..အပေါ်ကပြောတဲ့.. attrib *.* -r -h -s /d /s ရေးပြီး Enter ပေါ့
    attrib *.* -r -h -s /d /s မှာ Space တစ်ချက်စီခံထားတာရှိတယ်..
    မှားရင် မရဘူး
    အဲလိုပဲ.. C:,D:,E:,F: ဖွက်ထားတဲ့ဖိုင်တွေ..ပြန်ဖေါ်ပေါ့..
    သိပ်တော့ နားမလည်ပါဘူး
    လိုအပ်နေလို ့.ဖြည့်ပြောပေးဒါ
    🙄

  • နိုင်နိုင်

    October 18, 2011 at 5:28 pm

    လိုအပ်သည်များကို ပြန်ဖြည့်ပြောပေးတဲ့ ကိုပေါက်ဖော်ကို အထူးပဲကျေးဇူးတင်ရှိပါကြောင်း ရွာသူရွာသားတို့ရေ ကိုပေါက်ဖော်ပြောတာလေးဖြည့်ပြီးလိုက်ပါပါဦးဗျာ…:D

Leave a Reply