အဆဲခံခြင်လို့ကိုရေးတယ်

Foreign ResidentOctober 18, 20112min43557

အမှန်က ကျွန်တော်က

ကို “ရှူံးနိမ့်မှုများနဲ့.. လူ” ရဲ့

” ဘယ်တော့ လက်ထပ်ဖြစ်မှာလဲ ” Post မှာ

“မမ” ကို Reply Comment ရေးနေတာဗျ ။

 

ရေးရင်းရေးရင်း နှင့် အားမလို အားမရတွေ ဖြစ်ပြီး

Comment က Comment နဲ့မလိုက်လောက်အောင် ရှည်သွားလို့

Post ပိုင်ရှင် ကို “ရှူံးနိမ့်မှုများနဲ့.. လူ” ကိုအားနာလာတာနှင့်

Post အသစ်ခွဲတင် လိုက်ရတာ ။

 

အဲဒါ ကို “ရှူံးနိမ့်မှုများနဲ့.. လူ” ရဲ့ Post နှင့်တွဲဖတ်မှ ဇတ်ရည်လည်မှာဗျ ။

 

” FR ကြီး ဒီနေရာမှာတော့ လွဲနေပြီထင်တယ်။ “

 

မမရေ   ဒါ့ကြောင့် ကျွန်တော်က ၇၅% လို့ရေးတာပါ ။

 

(၁) နိုင်ငံခြားပြန် တွေကို တမင်ကို အချဉ်ဖမ်းတယ် လိမ်တယ် ။

(၂) နိုင်ငံခြားပြန် တွေကိုယ်တိုင်ကလည်း Key နဲနဲမြင့်သွားပြီ

တော်ယုံတန်ယုံ ပိုက်ဆံ အခွင့်အရေး နှင့် မလုပ်ချင်တော့ဘူး ။

 

နောက်ဆုံးတော့ ပါသမျှ ပြုတ်ပြုတ်ပြုန်းပြီး နိုင်ငံခြားကို ပြန်ထွက်ရတာပဲ ။

အဲ ၊ နိုင်ငံခြားကိုပါ ပြန်ထွက်ဖို့ အခြေအနေ မပေးတော့လို့ကတော့ ၊

( ဥပမာ ; အသက်ကြီးသွားလို့ ) ဘဝပျက်ပြီပေါ့ဗျာ ။

 

ကျွန်တော့ သဘောထားကတော့ ၊

 

( ၁ )

အန္တရာယ်ရှိတာတွေ ၊ သိမ်ငယ်တာတွေ ၊

ပင်ပန်းတာတွေ ၊ အိမ်လွမ်းတာတွေ ၊

လာလုပ်မနေနဲ့ ( ကိုယ်တွေလည်း ဒီဘဝတွေက ဖြတ်လာတာ ) ။

( Future Prospect တော့ တချက်ကြည့်ပေါ့နော့ )

 

ကိုယ်က သူများတွေ မလိုချင်တဲ့ ကျောက်ခဲသလဲတွေ

လာရှာနေတာမှ မဟုတ်တာ ။

လူတကာ အလုအယက် လိုချင်နေတဲ့

သည်းခြေကြိုက် ငွေကိုလာရှာနေတာလေ ။

 

ကိုယ် အပင်ပန်းမခံချင်ရင် နက်ဖြန် အိမ်ပြန်လို့ရတယ် ။

အေး ၊ နောက်မျိုးဆက်တွေ အထိပါ နားကားသွားရင်တော့

မငိုကြေးလေ ။

 

( ၂ )

အခု ချမ်းသာနေတဲ့လူတွေဆိုတာလဲ ( အများအားဖြင့် )

ယခင်က တနေရာရာ တချိန်ချိန် မှာ

ကိုယ်တွေထက် အများကြီး အနစ်နာခံခဲ့တဲ့ စွန့်စားခဲ့တဲ့ လူတွေချည်းပဲ ။

 

စင်ပေါ်ရောက်တော့ မှသာ အားကျလိုက် အတင်းပြောလိုက် ဖြစ်တာ ၊

အနစ်နာခံတုန်း စွန့်စားတုန်း က

ဘယ်သူမှ သတိမထားဘူး အထင်မကြီးဘူး ။

 

ဖားတယ်ဆိုတာတောင် လွယ်တယ်မှတ်လို့ ၊

အထက်လူကြီး / သူဌေးတွေဆိုတာ ငတုံးတွေမှတ်လို့ ၊

ကိုယ်တွေထက် လည်လို့ အထက်လူကြီး / သူဌေး ဖြစ်နေတာ ။

မသိတာ မဟုတ်ဘူး မသိချင်ယောင်ဆောင်နေတာ ။

 

( ၃ )

ရှင်းရှင်းလေးပါ ၊

ပိုက်ဆံကို တစိုက်မတ်မတ် ဦစားပေး ရှာရင် ပိုက်ဆံရမယ် ။

ယောင်နေရင် ဝေ့နေရင် တခြားဟာသွား ဦစားပေးနေရင် မရဘူး ။

 

ခပ်ကြမ်းကြမ်းပြောရရင် တရုတ်ယောက်ကျားလေး

အားလုံးလောက်နီးနီး ၃ဝ ကျော်မှ မိန်းမယူတယ် ။

ရှင်းရှင်းပြောရရင် ပိုက်ဆံကို မိန်းမထက်  ပိုဦးစားပေး ပိုချစ်တယ် ။

အဲဒီတော့ ပိုက်ဆံကလည်း သူတို့တွေကို ပိုချစ်တာ ဆန်းလား ။

( အမျိုးသမီးထုကြီးကတော့ ဒီ Idea ကြိုက်မှာ မဟုတ်ဘူး  )

 

ကျွန်တော်တောင် မပြည်စုံသေးဘူး ထင်လို့ ၊

မိန်းမကို ၃၅ ကျော် ၊ Captain ဖြစ်မှယူတာ ။

 

ကြုံတုန်း English စကားပုံ တခု ကိုးကားပါရစေ ။

( အမျိုးသမီးထုကြီး အောက်ကစာပိုဒ်ကို ကျော်ဖတ်ပေးပါဗျို့ )

 

” တက္ကသိုလ်ဆိုတာတဲ့

ယောက်ကျားတွေက ရင့်ကျက်ဖို့ တက်တာဖြစ်ပြိး ၊

မိန်းမတွေက ယောက်ကျားတွေ မရင့်ကျက်ခင် အမိဖမ်းဖို့ တက်တာတဲ့ “

 

English တွေပြောတာနော် ကျွန်တော်ပြောတာ မဟုတ်ဘူး ။

 

( ၄ )

အသက် ၄ဝ လောက်မှာ တနေရာရာမှာ အခြေခိုင်ပြီးသား ဖြစ်ရမယ် ။

အသက် ၄ဝ လောက်မှာမှ ဘဝမှာ ဘာမှမဖြစ်သေးရင်

ခပ်မတ်မတ်ရပ်စရာ နေရာ တစ်ခု မရသေးရင်

( ပြောရမှာတော့ ဝမ်းနည်းပါတယ် )

ဘဝ မှာ သိပ်မမျှော်လင့်နှင့်တော့ ။

 

ဒါကြောင့် အချိန် ဟာ Limit ရှိတယ်

( ၂ဝ နှင့် ၄ဝ ကြား = နှစ် ၂ဝ ထဲပဲ ရှိတယ် )

ငယ်တုန်း အချိန်တွေကို မဖြုန်းနဲ့

ပေါတောတောတွေ လျှောက်မလုပ်နှင့်

အချိန်က အစားပြန်မရဘူး ။

 

အေး အောင်မြင်ပြီးမှ လုပ်ချင်တဲ့ ပေါတောတောတွေ လျှောက်လုပ်

ရတယ် ။ မတားဘူး ။

 

( ၅ )

ကျွန်တော်ပြောတာ သိပ် Material ဆန်တယ်လို့ ထင်ရမယ် ။

အေး ဒါပေမယ့် အခု ကမာ္ဘကြီးကိုက Material ဆန်နေတာ ။

ကိုယ်တွေက လိုက်မပြောင်းနိုင်ရင် ဘေးထွက်နေဖို့ပဲရှိတယ် ။

 

မတရားတာတွေလုပ်ဖို့ ပြောတာမဟုတ်ဘူးနော် ။

” Honesty is the best policy ” ကိုလက်ခံပါတယ် ။

ဦးတည်ချက် ( ငွေ ) တစ်ခုတည်းထားပြီး

ပြတ်သားဖို့ တစူးစိုက်စိုက်လုပ်ဖို့ ပြောတာ ။

 

( ၆ )

စင်ပေါ်အရင်ရောက်အောင်လုပ် ။

စင်ပေါ်ရောက်ပြီးသွားရင် ၊

စီးပွားရေးအဆင်ပြေပြီးသွားရင် ၊

စင်ပေါ်ရောက်တာနှင့်အမျှ ၊

 

ကျန်းမာရေး လူမှုရေး အိမ်ထောင်ရေး ကအစ

ဘာသာရေး အလယ်

ကိုယ်ပိုင် အတွေးအခေါ် ရင့်ကျက်မှု အဆုံး

အကုန်လုံး ကျွဲကူး ရေပါ မြင့်လာပါလိမ့်မယ် ။

 

စင်ပေါ်ရောက်ဖို့ကလဲ ကြိုးစားရတာ တွေးခေါ်ရတာကိုး ၊

အလကား ဖြစ်လာတာမှ မဟုတ်တာ ၊

အဲဒီတော့ အကုန်လုံး မြင့်လာတာပေါ့ ။

 

ဒါပါပဲ ။

 

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ ။

အဆဲခံခြင်လို့ကိုရေးတယ်လို့ မှတ်ပါဗျာ ။

( အမျိုးသမီးထုကြီး နှင့် တရုတ်မုန်းသူများ က )

ဆဲမယ် လို့လဲ မျှော်လင့် ပြီးသားပါ ။

 

ကံများ ထပ်ဆိုးချင်တော့

ဒီတစ်ခါ သူကြီး နှင့်ပါသဘောထားကွဲလွဲနေတယ် ။

သူ့ America မှာတော့ ဟုတ်တာပေါ့ ( အိမ်ထောင် စောစောယူဖို့ )

၁၆ နှစ်ပြည့်ပြီးလို့ Mc Donald ဆိုင် ဝင်လုပ်တောင် ထမင်းမငတ်ဘူး ။

ကိုယ်တွေ ( မြန်မာ ) မှာက လုံးလုံးခဲခဲ မရှိပဲ ဘဝစမိရင်

ခွေးတောင်မှ လုံးလုံးမဖြစ်ပဲ ပြားပြားဖြစ်သွားမယ် ။

 

ဒါပေမယ့် ကျွန်တော်ကလဲ ဒီဘဝရောက် အောင် ၊

ကျားကုတ်ကျားခဲ တက်လာပြီးသားလူဆိုတော့ ၊

အရေက  တော်တော်ထူနေပါပြီ ၊

တော်ယုံ ကျည်နဲ့ မတိုးတော့ပါဘူး ။

ဟီဟိ ။

 

ကျွန်တော့ထက် အသက် သဘာ ဝါ ပညာ ကြီးသူ များကို

မိချောင်းမင်း ရေကင်းပြသလိုဖြစ်သွားရင် တောင်းပန်ပါတယ် ။

တော်သေးဘီ ။

ဟီဟိ ။

 

Foreign Resident.

57 comments

  • aungnng87

    October 18, 2011 at 3:19 pm

    FR ပြောတာမှန်ပါတယ်။ အဲ…ဒါပေမဲ့တခုလောက်…” တက္ကသိုလ်ဆိုတာတဲ့ မိန်းမတွေက ယောက်ကျားတွေ မရင့်ကျက်ခင် အမိဖမ်းဖို့ တက်တာတဲ့ “ဆိုတာလေ….အဲဒါကြီးက မရင့်ကျက်သေးတဲ့ယေက်ကျားကိုအမိဖမ်း
    ပြီးဘာလုပ်လို့ရမှာလည်း။ အသုံးချလို့ရမှာမှမဟုတ်တာ…အဲဒီအဆိုကတော့မှားနေတယ်ထင်တယ်။

    • Foreign Resident

      October 18, 2011 at 5:10 pm

      မရင့်ကျက်သေးတဲ့ ယောက်ကျားကိုပဲ အမိဖမ်းလို့ လွယ်လိမ့်မယ် ၊
      မရင့်ကျက်ခင် အမြန်ဖမ်းထားမှ ဆိုတဲ့သဘောကိုပြောတာပါကွယ် ။

      English တွေပြောတာနော် ကျွန်တော်ပြောတာ မဟုတ်ဘူး ။

  • Moe Z

    October 18, 2011 at 3:30 pm

    အစကတည်းက ဆဲချင်လို့ဝင်ဖတ်တာမဟုတ်ဘူးနော်..
    comment မပေးဖြစ်ပေမယ့် post တိုင်းကိုဖတ်ဖြစ်ပါတယ် ..
    အဲဒီစကားပုံက အမျိုးသမီးထုတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး
    ကိုယ့်အားကိုယ်ကိုးပြီး အပျိုကြီးလုပ်နေတဲ့အမျိုးသမီးတွေ တစ်ပုံတစ်ခေါင်းကြီး 🙂
    ဂျပန်မှာအများဆုံးလို့ထင်တယ်
    အိမ်ထောင်ကျပြီးလည်း ထက်ထက်မြက်မြက် ယောက်ျားနဲ့ဘေးချင်းကပ်(ပုခုံးချင်းယှဉ်တယ်လို့မပြောဘူး)
    ပွဲလည်တင့်တဲ့အမျိုးသမီးတွေအများကြီး
    မိန်းမရဲ့အရိပ်အောက်ရောက်နေတဲ့ ယောက်ျားတွေလည်း တော်တော်များများတွေ့နေရတယ်
    ———————-
    နံပါတ် (၄) အချက်ကိုတော့ အပြည့်အဝထောက်ခံတယ်..

    • Foreign Resident

      October 18, 2011 at 4:48 pm

      ( အမျိုးသမီးထုကြီး အောက်ကစာပိုဒ်ကို ကျော်ဖတ်ပေးပါဗျို့ )
      မဖတ်ပါနှင့် ဆိုတာ ဖတ်ဖြစ်အောင် သွားဖတ်တာကိုး ။
      တချိုဟာတွေကတော့ ဇတ်နာပြီး နားစွဲအောင် ပိုပိုသာသာ ပြောထားတာပါ သမီးရယ် ။
      သိပ် တိတိကျကျ ကြီး မခံစားလိုက်ပါနှင့် ။

      • Moe Z

        October 18, 2011 at 5:02 pm

        မသိဘူးလေ..မြန်မာပြည်မှာပဲနေတော့ အကျင့်ပါပြီး အမှိုက်မပုံရဆိုတဲ့ ဆိုင်းဘုတ်လေးလိုမျိုးမြင်မိသွားလို့ ဖတ်ဖြစ်အောင်ဖတ်လိုက်တာ 😀

  • lone

    October 18, 2011 at 3:32 pm

    ဦးဦး FR ရေ အဆဲခံခြင် က -ျ နဲ့ ချင်ရမှာလေ…ဒီ ခြင် က ကိုက်တတ်တယ်

    • Foreign Resident

      October 18, 2011 at 5:21 pm

      Thanks Lone 😛

  • pan pan

    October 18, 2011 at 3:36 pm

    ဦးဖောကြီးပြောတာလည်း မှန်ပါတယ်
    ဒါပေမယ့် တချို့စကပ်/ဘောင်းဘီနားခိုစားမယ့်ယောက်ျားတွေအတွက်တော့ မဟုတ်ဘူး
    ကိုယ်ပိုင်အစွမ်းအစရှိမှရမယ်
    ဝီရိယပဲရှိပြီး ဉာဏ်စွမ်းမရှိရင်(ကံက အမြဲမကောင်း၊ အမြဲလည်းမဆိုး) ဦးဖောပြောတဲ့ စင်ပေါ်ရောက်မှာမဟုတ်ဘူး
    တချို့က ကိုယ့်ကိုယ်ကိုယ် အစွမ်းအစရှိတယ်ဟစ်ကြွေးပြီး တကယ်တမ်းကျတော့ ဘဝကိုကိုယ့်စွမ်းအားနဲ့
    မကြိုးစားချင်ကြဘူး၊ မိဘဆီကအရင်းအနှီး၊ မိဘအမွေမျှော်နေကြတာ (ကြုံတုန်း အတင်းတုတ်တာ 😀 )

    • Foreign Resident

      October 18, 2011 at 5:19 pm

      ” ဝီရိယပဲရှိပြီး ဉာဏ်စွမ်းမရှိရင် ”
      တစ်ခုထပ်ဖြည့်ပေးချင်လို့ပါ အဲဒါလေးလဲ အရေးကြီးတဲ့အထဲပါပါတယ် ။

      ဝီရိယပဲရှိပြီး ၊
      ဉာဏ် မရှိရင် ၊ ကံ မရှိရင် တောင်မှ ၊
      တကယ်သာ ဝီရိယ ကောင်းကောင်းနှင့် တစိုက်မတ်မတ် လုပ်ရင်
      အနည်းဆုံး ( အနည်းဆုံး ) ဝီရိယ အကျိုးကိုခံစားရမှာပါ ။
      မယုံမရှိပါနှင့် ။

  • ပေါက်ဖော်

    October 18, 2011 at 3:57 pm

    နံပတ်သုံးကို ထောက်ခံ၏..
    အပြန်အလှန်ဆွေးနွေးဖို ့တော့ .ဉာဏ်မမီသေးလို ့….
    သူများဆွေးပြောတာပဲ..လိုက်ဖတ်တော့မယ်..

  • hmee

    October 18, 2011 at 3:58 pm

    ဘာပြောရမှန်းတောင် မသိတော့ဘူး။ နံပါတ်(၆) ကိုတော့ ကြိုက်တယ်။

  • စုံ စုံ

    October 18, 2011 at 4:23 pm

    ဦး FR ရဲ့ပို့စ်တပုဒ်လုံးကိုကြိုက်တယ်
    အကြိုက်ဆုံးအချက်ကနံပါတ်(၄)ဘဲ
    အသက်၄ဝမတိုင်ခင်ဘာလုပ်သင့်တယ်ဆိုတာဒီပို့စ်ကမီးမောင်းထိုးပြလိုက်တာဘဲ
    ကျေးဇူးအများကြီးတင်ပါတယ် ဦးFR

  • blackchaw

    October 18, 2011 at 4:36 pm

    FR ကြီးရေ။
    အဆဲခံချင်လို့ကိုရေးတယ် ဆိုတဲ့ ခေါင်းစဉ်ကြီးကိုက
    ဆဲချင်တဲ့လူ ဝင်ဖတ်ဆိုတာလို ဖြစ်နေတော့ ဖတ်ရမှာတောင်
    အားနာသွားတယ်။
    FR ကြီးပြောတာတွေက သိတ်မှန်လွန်းနေတော့ ငြင်းစရာတော့ သိတ်မရှိပါဘူး။

    “အသက် ၄ဝ လောက်မှာ တနေရာရာမှာ အခြေခိုင်ပြီးသား ဖြစ်ရမယ် ။
    အသက် ၄ဝ လောက်မှာမှ ဘဝမှာ ဘာမှမဖြစ်သေးရင်
    ခပ်မတ်မတ်ရပ်စရာ နေရာ တစ်ခု မရသေးရင်
    ( ပြောရမှာတော့ ဝမ်းနည်းပါတယ် )
    ဘဝ မှာ သိပ်မမျှော်လင့်နှင့်တော့ ။”

    ဘဝမှာ အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့
    မိမိကိုယ်ကို မိမိ ယုံကြည်စိတ် 100 % ( နည်းနည်းတောင်ကျော်နေတယ်ထင်တယ် )
    နဲ့ ပြောလိုက်တဲ့ အသံမျိုးလို့ ကျွန်တော် စိတ်မကောင်းစွာ ခံစားရပါတယ်။
    မိမိကိုယ်ကို မိမိ ယုံကြည်တာ အင်မတန်ကောင်းပါတယ်။
    ဒါပေမယ့် နည်းနည်းလေး ကျော်လိုက်တာနဲ့
    ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးတော့တာပဲလို့ ကျွန်တော် သိထားပါတယ်။
    သိတ်မကြာသေးတဲ့ အချိန်လေးကပဲ
    ကိုသစ်မင်းရေးတဲ့ “Midlife Crisis ကို အကြံပေးကြည့်ခြင်း” ဆိုတဲ့ ပို့စ်လေးကို
    ဖတ်ပြီး ကိုသစ်မင်းရဲ့ စေတနာပါတဲ့ အရေးအသားလေးတွေကို ခံစားပြီး
    စိတ်ခွန်အားတွေ ရရှိခဲ့တဲ့ ကျွန်တော်ဟာ ငါသာ သူကြီးဆိုရင်
    ဒီပို့စ်လေးကို ဒီနေ့အတွက် ရွေးပစ်လိုက်မှာပဲလို့တောင်တွေးမိခဲ့ပါတယ်။
    FR ကြီးရေးတဲ့ ပို့စ် ကိုဖတ်ပြီး ဆဲတော့ မဆဲချင်ပါဘူးဗျာ။ ကျွန်တော်တို့တွေက
    အရိုင်းအစိုင်း တွေမှ မဟုတ်ကြတာ။
    ဒါပေမယ့် အင်မတန် စိတ်မကောင်းဖြစ်မိပါတယ် လို့တော့
    အသက် ၄ဝ အရွယ်မှာ ဘာမှမဖြစ်သေးတဲ့ လူတစ်ယောက်က
    ပွင့်လင်းစွာ ပြောလိုက်ပါတယ်ဗျာ။

    • Foreign Resident

      October 18, 2011 at 5:05 pm

      ကျွန်တော်လည်း စိတ်မကောင်းပါဘူးဗျာ ။
      အဓိကကတော့ ခဏခဏ အလုပ် ရှောက်မပြောင်းပဲ
      တည်ငြိမ်စေချင်တာလည်း ပါတယ်ဗျ ။

      တည်ငြိမ်တဲ့ profession တစ်ခုကို ရွေးပြီးသား ၊
      တင့်သင့်တဲ့ အချိန်ကာလ တခုအထိလျှောက်လှမ်းပြီးသား ၊
      ဖြစ်သင့်တယ်လို့ ဆိုလိုတာပါ ။
      ရာထူးကြီးပြီး ချမ်းသာရမယ်လို့ မဆိုလိုပါဘူး ။

      တချို့ကိစ္စတွေက ကံ လည်းလိုတယ်ဆိုတာ
      ကျွန်တော်လည်း ရိပ်မိပါတယ် ။

      အခုစာက ကျွန်တော် ၄ဝ ကျော်မှာပြောတာဖြစ်လို့ဗျ ။
      ၆ဝ ကျော်မှရေးရင် ကံ ကိုလည်း မလွန်ဆန်နိုင်တဲ့ အကြောင်းပါ
      ထပ်ပါလာ မှာပေါ့ဗျာ ။

    • kocho

      October 18, 2011 at 5:53 pm

      Black Chaw ပြောတာလဲ မှန်တာပဲ

  • manawphyulay

    October 18, 2011 at 5:10 pm

    အင်း ဒါကတော့ အမျိုးသမီးထုကြီးက မဆဲပါဘူး။ ဝမ်းတောင်သာပြီး ဂုဏ်တောင်ယူနေဦးမှာ။ အများအားဖြင့် မိန်းကလေးတော်တော်များများက ကိုယ်ခြေပေါ်ကိုယ်ရပ်နေတဲ့အတွက် အိမ်ထောင်ရေးဆိုတာကြီးကို ဦးစားပေးလေ့မရှိကြပါဘူး။ နောက်တစ်ချက်က အရင်တုန်းက အိမ်တွင်းကနေ ဘယ်မှမသွားရမလာရ အချိန်တန်ရင် မိဘပေးစားတာ ကြိုက် ကြိုက် မကြိုက်ကြိုက် ချစ်ချစ် မချစ်ချစ် ယူရတဲ့ခေတ်လည်း မဟုတ်တော့ဘူးလေ။ ကိုယ်တိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်ရတဲ့ဘဝတွေရဲ့ကွာခြားချက်တွေကြောင့် အဓိကကတော့ ကိုယ်တိုင်အရည်အချင်းနဲ့ ဘဝရပ်တည်ချက်ရအောင် ကြိုးစားလာကြတဲ့သူတွေ တစ်ပုံတစ်ခေါင်းကြီး ဖြစ်လာပါပြီ။ ဒါကြောင့် အသက် ၄ဝ မတိုင်ခင် ဘဝရပ်တည်မှုရအောင်တော့ မည်သူမဆို လုပ်ဆောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင်။ အိုဘားမားကတော့ ခိုင်သွာပြီးနော်…. 😛

    အဲ အသက် ၄ဝ မှာ ဘာမှဖြစ်လာသေးလည်း အသက်ရှင်နေသမျှ ကာလတစ်လျှောက် လူတိုင်း ကြိုးစားသွားနေရမှာပဲဆိုတာတော့ မနော စိတ်ထဲသိထားမိပါတယ်။ အဲချိန်မှာ ဘာမှမဖြစ်လာသေးလဲ တစ်ချိန်ချိန်တော့ ဖြစ်လာဖို့ လူတိုင်းကိုယ်စီစိတ်ထဲမှာထားရင်တော့ အကောင်းဆုံးပါပဲ။

    • Foreign Resident

      October 18, 2011 at 5:28 pm

      မနောရေ

      ထပ်ဖြည့်ချင်တာတခုက
      ဉာဏ်စွမ်း အထက်မြက်ဆုံး အချိန်က ၃ဝ ပါတ်ဝန်းကျင်ပါ ။

      ဘုရားရှင် အစ နယူတန် အဆုံး
      သူတို့ရဲ့ အကောင်းဆုံး ရှာဖွေ တွေ့ရှိမှုတွေကို
      သူတို့ အသက် ၃ဝ ပါတ်ဝန်းကျင် မှာ တွေ့ခဲ့တာပါ ။

      ဆင်ချင်နိုင် ပြင်ဆင်နိုင်ဖို့ပါ ။

  • alinsett

    October 18, 2011 at 5:19 pm

    ဆဲတော့ မဆဲ..ချင်ပါဘူး။ ပြောသွားတာတွေက မှန်နေတော့….

  • MOEPWINTPHYU

    October 18, 2011 at 5:29 pm

    ဆဲစရာရှိပါဘူး အမှန်တွေရေးထားတာကို .

  • kocho

    October 18, 2011 at 5:49 pm

    100% agree with you Mr,For

  • chityimhtoo

    October 18, 2011 at 5:50 pm

    ဒီကိစ္စပြန်ပြောဖို့တောင်တော်တော်ခက်နေတယ်။:P:P:P

  • မှန်နေတော့ မဆဲဘူး အက်ဖ်အာရေ
    လက်ခုပ်ဘဲတီးပေးလိုက်ပါတယ်။
    ဒါမျိုးထပ်ရေးပါအုံး။

  • koyinmaung

    October 18, 2011 at 5:59 pm

    လူတွေဟာတယောက်နဲ့တယောက်ဘဝအခြေအနေပေးတာချင်း
    တူချင်မှတူကြမှာပါ အသက်၄ဝရောက်လို့မှအခြေတခုမတည်နိုင်ယင်
    ဘာမျော်လင့်ချက်မှမရှိတော့ဘူးလို့ပုံသေပြောလိုမရနိုင်ပါဘူး…
    ငယ်ရွယ်တဲ့အချိန်ကောင်းမှာတစိုက်မတ်မတ်ငွေရှာတာဟာကောင်းပါတယ်
    လူတွေဟာအမြဲတမ်းကံမကောင်းနိုင်သလိုအမြဲတမ်းကံဆိုးတယ်ဆိုတာမရှိပါဘူး
    ပြီးပြည့်စုံတဲ့ရည်မှန်းချက်ဆိုတာမရှိပါဘူး…
    ငှက်တွေကပျံယင်းနဲ့သေတယ် လူတွေကင်္ကြယင်းနဲ့သေကြတယ်
    အသက်၄ဝကျော်မှကံဆိုးမိုးမှောင်ကျတာနဲ့များကြုံယင်
    ဘယ်နဲ့လုပ်ပါတော့မလဲ…
    ၂ဝ ကနေ၄ဝ ဆိုတာအင်နဲ့အားနဲ့လုပ်နိုင်တဲ့အချိန်ဆိုတာဟုတ်ပါတယ်
    တကယ်ကဘယ်အရွယ်ဖြစ်ဖြစ် အပျော်အပါးနဲ့ အသောက်အစားကို
    ချင်ချိန်နိုင်ယင်အကောင်းဆုံးပါ….
    ကိုယ်ရည်မှန်းတာလေးအောင်မြင်တာနဲ့ အားလုံးငါ့လိုလိုက်လုပ်ကြဆိုတဲ့
    ဘဝင်မြင့်တဲ့စကားမျိုးမပြောသင့်ပါဘူး
    အသက်၄ဝမှာအခြေတည်နိုင်ခဲ့ယင်အခြေမပျက်အောင်ထိမ်းသိမ်းဘို့
    ပိုပြီးအခြေခိုင်အောင်ဆက်ကျိုးစားရအုံးမှာပါ…
    အကျိုးမရှိပေါတောတောကိုလဲဘယ်အရွယ်ရောက်ရောက်မလုပ်သင့်ပါဘူး…
    ရည်ရွယ်တာလေးတွေကောင်းပါတယ်ဆဲစရာမလိုပါဘူး….

    • Foreign Resident

      October 18, 2011 at 6:42 pm

      koyinmaung ရေ

      ” ဘာမျော်လင့်ချက်မှမရှိတော့ဘူးလို့ပုံသေပြောလိုမရနိုင်ပါဘူး ”
      ဘာမျော်လင့်ချက်မှမရှိတော့ဘူးလို့ မပြောပါဘူးဗျာ ။

      ” ဘဝ မှာ သိပ်မမျှော်လင့်နှင့်တော့ ” လို့ ပြောတာပါဗျာ ။
      ထိပ်ဆုံးတွေကို မမျှော်လင့် နှင့်တော့လို့ပြောတာပါ ။
      အတင့်အသင့်ကတော့ မျှော်လင့်နိုင်ပါတယ်ဗျာ ။

      ” အသက် ၄ဝ လောက်မှာမှ ဘဝမှာ ဘာမှမဖြစ်သေးရင်
      ခပ်မတ်မတ်ရပ်စရာ နေရာ တစ်ခု မရသေးရင်
      ဘဝ မှာ သိပ်မမျှော်လင့်နှင့်တော့ ”

      အဓိက ဆိုချင်တာက အသက် ၄ဝ လောက်မှာ
      တည်ငြိမ်တဲ့ profession တစ်ခုကို ရွေးပြီးသား ၊
      တင့်သင့်တဲ့ အချိန်ကာလ တခုအထိလျှောက်လှမ်းပြီးသား ၊
      ခပ်မတ်မတ်ရပ်စရာ နေရာ တစ်ခု ( firmly holding the professional ground )
      ဖြစ်သင့်တယ်လို့ ဆိုလိုတာပါ ။

      အသက် ၄ဝ လောက်မှာ
      အောင်မြင်ချမ်းသာပြီးသားဖြစ်ရမယ်လို့ မဆိုလိုပါဘူး ။

      လောကကြီးမှာ Exception ဆိုတာ အမြဲရှိပေမယ့် ၊
      ကျွန်တော် လိုက်ကြည့်မိသလောက် အဲဒီ အယူအဆ မမှားဘူး ဗျ ။

      ” ဘဝင်မြင့်တဲ့စကားမျိုးမပြောသင့်ပါဘူး ”

      ကျွန်တော်က
      ဘဝင်မြင့် သင့်တယ်ထင်တဲ့ အချိန်မှာ ဘဝင်မြင့် တတ်ပြီး ၊
      မေါက်မာ သင့်တယ်ထင်တဲ့ အချိန်မှာ မေါက်မာ တတ်ပေမယ့် ၊
      ဒီဆောင်းပါးမှာတော့ ဘဝင်မြင့်တဲ့စကားမျိုး ပြောတာ မဟုတ်ရပါဘူး ။

      ကျွန်တော်လေ့လာတွေ့ရှိထား တဲ့အတိုင်း ၊
      ကျွန်တော်မှန်တယ်လို့ထင်တာကိုပြောပြတာပါ ။

      အဲဒီ အယူအဆကိုလည်း ယခုအထိ
      ခိုင်ခိုင် မြဲမြဲ ယုံကြည်ဆဲပါပဲ ။

      ဘုရား မဟုတ်တဲ့အတွက် အလုံးစုံမှန်မယ်လို့ မပြောနိုင်ပေမယ့် ၊
      ဝါကြွား မေါက်မာ ပြီးရေးထားတာတော့ မပါပါဘူး ။

  • windtalker

    October 18, 2011 at 6:15 pm

    အန်ကယ်ဖောကြီး ရဲ ့ပို ့စ်ထဲ မှာ
    “ စင်ပေါ်အရင်ရောက်အောင်လုပ် ။
    စင်ပေါ်ရောက်ပြီးသွားရင် ၊
    စီးပွားရေးအဆင်ပြေပြီးသွားရင် ၊
    စင်ပေါ်ရောက်တာနှင့်အမျှ ၊
    ကျန်းမာရေး လူမှုရေး အိမ်ထောင်ရေး ကအစ
    ဘာသာရေး အလယ်
    ကိုယ်ပိုင် အတွေးအခေါ် ရင့်ကျက်မှု အဆုံး
    အကုန်လုံး ကျွဲကူး ရေပါ မြင့်လာပါလိမ့်မယ် ။
    စင်ပေါ်ရောက်ဖို့ကလဲ ကြိုးစားရတာ တွေးခေါ်ရတာကိုး ၊
    အလကား ဖြစ်လာတာမှ မဟုတ်တာ ၊
    အဲဒီတော့ အကုန်လုံး မြင့်လာတာပေါ့ ။ ”
    အဲဒါကို သဘောကျတယ်ဗျို ့
    ကျွန်တော် windtalker တစ်ယောက်သည်လည်း
    စင်ပေါ်ရောက်ဖို ့၊ ငွေရဖို ့၊ ချမ်းသာဖို ့၊ အစစအရာရာ အဆင်ပြေဖို ့
    ကိုယ်၌ ရှိသော အစွမ်းအစ အကုန်ထုတ်သုံးပြီး
    ကျိုးစားနေသူ တစ်ယောက်မို ့ပါ
    ယခု၂၈ပြည့်ပြီး ပြီ ဆိုတော့
    ကြိုးစားရပါဦးမည်

    • Foreign Resident

      October 18, 2011 at 6:44 pm

      Dear windtalker,

      ” ယခု၂၈ပြည့်ပြီး ပြီ ဆိုတော့ ”

      ဉာဏ်စွမ်း အထက်မြက်ဆုံး အချိန်က ၃ဝ ပါတ်ဝန်းကျင်ပါ ။
      ဘုရားရှင် အစ နယူတန် အဆုံး
      သူတို့ရဲ့ အကောင်းဆုံး ရှာဖွေ တွေ့ရှိမှုတွေကို
      သူတို့ အသက် ၃ဝ ပါတ်ဝန်းကျင် မှာ တွေ့ခဲ့တာပါ ။
      ဆင်ချင်နိုင် ပြင်ဆင်နိုင်ဖို့ပါ ။

  • fatty

    October 18, 2011 at 6:24 pm

    ကျနော်လူငယ်တွေကြားဝင်ရေးပါရစေ ……
    ၂ဝ နဲ့ ၄ဝ ကြား အချိန် ၂ဝဘဲရပါတယ် မှန်ပါတယ်ခင်ဗျား။
    ဒါပေမဲ့ နဲနဲလေးတော့ထပ်ပြောပါ့မယ် အပျင်ပြေသဘောနဲ့
    နက္ခတ်ပညာရှင်တဦးဦးဆီသွားပြီး ကျနော်ဘယ်လောက်ထိချမ်းသာမလဲမေးကြည့်စေချင်ပါတယ်။
    သူကဒီလောက်ဆိုရင် ကိုယ်ကဒီထက်မကဖြစ်စေရမယ် လောင်းကြေးထပ်မလားလို့စိန်ခေါ်စေချင်ပါတယ်။
    ဘယ်သူနိင်မလဲဆိုတာသိချင်ရင်တော့ ကျနော်နဲ့ဆက်သွယ်ပါ။ ရွှင်လန်းချမ်းမြေ့ပါစေ…။

    • Foreign Resident

      October 18, 2011 at 7:11 pm

      ညီလေး fatty ရေ

      Bill Gate လောက် ဆိုရင်ကော ။
      Just Kidding Naw !!!

      ဘာပဲပြောပြော ညီလေးရဲ့စိတ်ဓါတ်ကို သဘောကျပါတယ် ။
      ဖြစ်လာတာ မဖြစ်လာတာ ကံတရားပေါ့
      စူးစူး စိုက်စိုက် ကြိုးစားရမှာက ကိုယ့်အလုပ်ပဲ ။
      Carry On ညီလေး ။

      • Foreign Resident

        October 19, 2011 at 7:26 am

        Sorry ဦးဖက်ရေ
        ကျွန်တော့ထက် ဝါ သဘာ အသက် ကြီးတာပဲ ။
        လူငယ်လေး မှတ်လို့ Sorry

  • naywoonni

    October 18, 2011 at 6:49 pm

    မှန်တာတွေ ပြောနေတာပဲ…။ ရိုးရာ အစဉ်အလာထုံးတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့ သူတွေကတော့ ဆဲမှာပေါ့…။ ကျွန်တော်တို့ ကအစဉ်အလာကို အပြစ်ရှိမရှိဆန်းစစ်ပြီးမှလက်သင့်ခံချင်တဲ့သူတွေကတော့ ကောင်းချီးပေးမှာပေါ့…။ ဒီလိုအစဉ်အလာက ဖောက်ထွက်နိုင်ကြပါစေလို့ပဲပြောပါရစေ…..။

  • Foreign Resident

    October 18, 2011 at 7:04 pm

    တကယ်ကတော့ ရွာသားတွေ
    ( တကယ့် Target ကတော့ လူငယ်ရွာသားတွေ ) ရဲ့
    စိတ်ကို နှိုးဆွပေး ချင်မိတာပါ ။

    တချို့ ကြီးလွန်းလို့ ကွယ်သလိုတောင် ဖြစ်နေတဲ့ အချက်တွေကို
    မတူတဲ့ Approach ကနေ ခပ်နက်နက်လေး တွေးခေါ် သတိပြုစေချင်လို့ပါ ။

    အခြေအနေ အကြောင်းကြောင်း အရ ၊
    လူကြီးတစ်ချို့မှာ မထင်မှတ်ပဲ ထိခိုက်မိသလို ခံစားရရင်တော့ ၊
    ကျွန်တော် စိတ်မကောင်းစွာနှင့် ဒီနေရာက တောင်းပန်ပါတယ်ဗျာ ။

    ဒါပေမယ့် ကျွန်တော့် အယူအဆတွေ မှားတယ်လို့ ပြောတာမဟုတ်ဘူးနော် ၊
    I still firmly hold my ideas ( So far ).

  • kocho

    October 18, 2011 at 7:40 pm

    တကယ်တော့ လူ့ဘဝဆိုတာ တိုတိုလေးပါ လိုရင်းနဲ့တိုတိုလေးပြောချင်တာကတော့
    (1) လုဎ်ချင်တာထက် လုဎ်သင့်တာကိုဦးစားပေးပါ
    (2) ဘာပဲလုဎ်လုဎ် စဉ်းစားပြီး သုံးသပ်ပြီးပြီ ဆိုရင်တော့ လုဎ်ဖြစ်အောင်လုဎ်ပါ (အချိန်သည်လူ၏တန်ဘိုး)
    (3)ကို့ကိုယ်ကို အားကိုး ယုံကြည်ပါ
    (4)ဝါသနာပါတာကို အသေးစိတ် ဆုံးခန်းတိုင်အောင် လေ့လာပါစည်းပူးပါ(တတ်ရောင်ကားမလုဎ်သင့်)
    (5)ဂါရဝတရားလက်ကိုင်ထားပါ(ကြီးသူကိုရိုသေ၊ရွယ်တူကိုလေးစား၊ငယ်သူကိုသနား)
    (6)ပတ်ဝန်းကျင်အသစ်ကို လေ့လာပါ(ကိုယ်ကြိုက်ရာလမ်းရွေးလို့ရပါတယ်)
    (7)ကျန်းမာရေးလေ့ကျင့်ခန်းများကိုအလျင်းသင့်သလိုလုဎ်ဆောင်လေ့ကျင့်ပါ(စိတ်ဓတ်ကျသောခံစားမှုမျိုးမှကင်းဝေးနိုင်ကြောင်း)

    ဒါကတော့ ကျနော်ကိုယ်တိုင် အတွေ့အကြုံနဲ့ခံယူချက်လေးပါ(လူငယ်များကို ဦးတည်ပါသည်)

  • blackchaw

    October 18, 2011 at 7:58 pm

    FR ကြီးရေ။
    မည်သို့ပင် ဆိုစေကာမူ
    အမှန်ပြောတာဖြစ်တဲ့အတွက်
    ပြောပုံပြောနည်းကို သဘောမတူရင်တောင်မှ
    ဒါဟာ မန်းဂဇက် ရဲ့ အလှတရားတစ်ခုအဖြစ်
    ကျွန်တော် လက်ခံပေးနိုင်ပါတယ်ဗျာ။
    ကျွန်တော်တို့ မန်းဂဇက်နဲ့ အတူ ရှေ့ဆက်ကြတာပေါ့။

  • weiwei

    October 18, 2011 at 8:02 pm

    အမျိုးသမီးထုအနေနဲ့ပြောရရင်တော့ သိပ်ဘဝင်မကျလှဘူး …
    ငယ်စဉ် တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝမှာချစ်သူတွေဖြစ်ထားကြပြီး အဆင်ပြေတဲ့အချိန် အသက် ၃ဝ ကျော်တဲ့အထိ ဘယ်လိုစောင့်နေမလဲ … သစ္စာရှိရှိစောင့်နေပေမယ့်လည်း အဲဒီယောက်ျားက အသက်ကြီးသွားတဲ့ သူ့ချစ်သူအစား တခြားကောင်မလေးငယ်ငယ်လေးတွေကို ပြောင်းကြိုက်သွားမှာပေါ့ … (ဖြစ်တတ်တာကိုပြောတာပါ … 🙂 )

  • xman

    October 18, 2011 at 8:38 pm

    FR ကြီးပြောတာ မှန်ပါတယ်။
    ပိုက်ဆံ/အောင်မြင်မှု့ကိုအရင်ရှာ .. ပြီးမှ အိမ်ထောင်ပြု ဆိုတာပေါ့။
    ဒါပေမယ့် အများစုအတွက်ဆိုရင်တော့ မြန်မာပြည်မှာက အောင်မြင်မှု့ဆိုတာ (အိမ်ထောင်မပြုသေးပဲ) ကြိုးစားရှာရင်တောင် အချိန်မီ(အသက်၄ဝလောက်အတွင်း) ရချင်မှရမှာနော်။

    ကျွန်တော်ကတော့
    ကို “ရှူံးနိမ့်မှုများနဲ့.. လူ” ရဲ့ ” ဘယ်တော့ လက်ထပ်ဖြစ်မှာလဲ ” Post မှာ
    FR နဲ့ ဆန့်ကျင်ဘက် ကွန်မင့်ပေးထားတယ်။
    လောလောဆယ်စားစရာ (စားလောက်တဲ့ဝင်ငွေ) နေစရာ(အိမ်ပိုင် သို့်မဟုတ် အိမ်ငှားနိုင်တဲ့ ဝင်ငွေ) ရှိရင်ကို
    အိမ်ထောင်ပြုသင့်တယ်ဆိုပြီးတော့ပေါ့။
    အဲဒါ ကိုယ့် နာကျည်းချက်နဲ့ကိုယ်ဗျ………….
    ကျွန်တော်လဲ ဘဝအခြေခိုင်အောင်လုပ်ရင်း အလွန်နောက်ကျမှ အိမ်ထောင်ပြုဖြစ်တယ်။ FR ထက်တောင် နဲနဲနောက်ကျတယ်ဆိုပါတော့။ ချက်ချင်းလဲကလေးမရဘူး။
    အဲဒီတော့ ဖြစ်လာတာက ကျွန်တော့ဇနီးကိုယ်ဝန်စရှိတော့ ကျွန်တော့် သူငယ်ချင်းသားက တက္ကသိုလ်တက်နေပြီ။
    အဲဒီအထိခံနိုင်သေးတယ်..
    ဒီကောင်က ကျွန်တော့ကိုပြောတယ် – “မင်းကလေးကျောင်းထားရင် မင်းသွားကြိုလို့မဖြစ်ဘူးနော်၊ သူ့အဖိုးလာကြိုတယ်ဆိုပြီး သူများပြောရင် မင်းကလေးရှက်နေမှာ………….တဲ့”
    စဉ်းစားသာကြည့်တော့ …….. စိတ်မနာသင့်ဘူးလား………လို့

    (FR ပြောတာအမှန်ပါ။ ဘဝအခြေခိုင်မှ အိမ်ထောင်ပြုတာ အမှန်ဆုံးပါ။ )

  • ဆူး

    October 18, 2011 at 9:04 pm

    ရွာထဲတောင် မဝင်တာကြာပြီ အခုမှ ကြည့်လိုက်မိတာ.. ထူးခြားတာ တခုကတော့ အသက် ၂ဝ က နေ ၄ဝ အထိ အချိန် ၂ဝ ရတဲ့ အတွင်းမှာ ကြိုးစားမှ တိုးတက် အောင်မြင်မှု တခုခု ရောက်ရမယ် ဆိုပေမဲ့ ဘဝ မှာ ဘယ်အရွယ်ရောက်ရောက် ရောက်တဲ့ အရွယ်တိုင်းမှာ ရောက်တဲ့ နေရာမှာ ရပ်မနေဖို့ပါပဲ..
    ဥပမာ အားဖြင့် ဦးဖောကြီး ဘိုလိုကို တွင်တွင်သုံးပြီး မြန်မာလို စာရိုက်ဖို့ လုံးဝ စိတ်မဝင်စားတဲ့ အခြေအနေကနေပြီးတော့ ယခု မြန်မာလို စိတ်ကြိုက် ပြောချင်တဲ့ စကားလုံးများကို အကောင်အထည်ဖော်ပြီး စာသားများနဲ့ ဖော်ပြနိုင်ပါပြီ။ ဦးဖော ရဲ့ အသက် ၅ဝ ကျော် အထက်မှာ ရှိမယ်လို့ ထင်ပါတယ်။
    ဘဝမှာ ဘယ်အရွယ်ပဲ ရောက်ရောက် လုပ်ချင်စိတ်ရှိပြီး လုပ်မယ်ဆိုရင် မဖြစ်ဘူး ဆိုတာ မရှိပါဘူး။ စိတ်မပါတဲ့ အလုပ်သည် ခက်ခဲ တတ်ပါသည်။ စိတ်ပါသည့် အလုပ်သည် လွယ်ကူ တတ်ပါသည်။ မလွယ်ကူသော်လည်း တတ်မြောက်နိုင်ပါသည်။

    လူ တယောက် အနေနှင့် အသက် ၂ဝ မှ ၄ဝ အတွင်း အစိုးရဝန်ထမ်း ဆိုပါစို့.. ကြိုးစားမှု အထိုက်အလျှောက်အရ အနိမ့်စား စာရေးလေးက နေပြီး ရာထူး တခုခု ရတဲ့ လူကြီး တယောက်ဖြစ်မယ်။ ကမ်းနားသစ်ပင် ဖြစ်တဲ့ လူတယောက်အနေနဲ့ အသက် ၄ဝ ကျော်မှာ အိမ်မှာ ခေါင်းဖြူ ဘဝ နဲ့ ထိုင်နေတဲ့ လူတယောက်ဖြစ်သွားမယ် ဆိုရင် သူ ဘာလုပ်မလဲ အရင်က လူကြီး လုပ်ခဲ့လို့ ဘာမှ မလုပ်ချင်ဘူး ဆိုပြီး အိမ်မှာ ထိုင်ပြီး အိမ်သားတွေကို ခိုင်းစားမလား.. ဆူး ရဲ့ အတွေးအမြင်ကို ပြောရရင်တော့ လူတွေက ဘယ်လောက် မာနကြီးကြီး ကိုယ့်ဝမ်း အတွက်တော့ မာန မကြီးနိုင်တော့ပါဘူး ငါဆိုတဲ့ အတ္တတွေ ပျောက်သွားပြီး ပရောဂျက်လေး ရနိုးနိုး တပည့်တွေဆို မျက်နှာချိုသွေးပြီး စကားလေး ဘာလေး သွားပြောမှာပေါ့။ အသက် ၄ဝ ကျော် မှ ဘဝ စသလို ဖြစ် သူလည်း အချိန်အခါ ခွင်ကောင်း ဆိုရင် လူချမ်းသာ တစ်ဦး ဖြစ်နိုင်ပါတယ်။

    အိမ်ထောင်ပြုတာ နောက်ကျတာ စောတာ ကတော့ လူတယောက်စီရဲ့ စိတ်ခံစားချက်နဲ့ဆိုင်မယ် ထင်တယ်။ တချို့က တယောက်တည်း နေတဲ့ အခါ အလုပ်လုပ်ရကောင်းမှန်း မသိကြပဲ သားမယား ရှိမှ အလုပ်ကောင်းကောင်း လုပ်ရကောင်းမှန်း သိပြီး လုပ်တတ်ကြတဲ့ လူမျိုး တွေအတွက် အလုပ်ကောင်းကောင်း လုပ်အောင် မိဘက မိန်းမပေးစားကြတာတွေ ရှိတယ်။ လူငယ်တိုင်းက ကိုယ်ပိုင် အတွေးအမြင်နဲ့ ကိုယ့်ဘဝ ကို သူတပါး ပဲ့ကိုင်မပါပဲ လျှောက်လှမ်းသင့်တယ် ထင်ပါတယ်။

    • Foreign Resident

      October 19, 2011 at 6:51 am

      ဖွား ဆူး ရေ
      သေချာတာပေါ့ဗျာ
      ဘဝတစ်လျှောက်လုံး မွေး မှ သေသည် အထိ ကျိုးစားရမယ် ဆိုတာ ။

      ကျွန်တော်က လူငယ်တွေ အရေးပါတဲ့ ၄ဝ မတိုင်ခင် အချိန်ကို
      အပျော်အပါးကြောင့် ပေါ့မှာဆိုးလို့ ဝင်သတိပေး တာပါဗျာ ။

      တချို့ ပညာတွေ အတွေးအခေါ်တွေက ၊
      ငယ်တုံးကတည်းက instinct အထိကို ရိုက်သွင်းထားရမှာဗျ ၊
      ကြီးလာမှဆို သူများထက် တလှမ်းမက နောက်ကျနေပြီဗျ ၊
      တသက်လုံးကို လိုက်လို့ မမှီတော့ဘူး ၊ တကယ် ။

      ကျွန်တော်တို့ဆို ငယ်ငယ်တုန်းက အထူး အမေါင်းခံရပေါ့ဗျာ ။
      ငါးပြားဖိုး ကာတွန်းစာအုပ် အဟောင်းတစ်အုပ် ငှားဖတ်ချင်တိုင်း ။
      မိဘက ဆယ်ပေ ပါတ်လည် မြေကွက်ကွက်ပေးပြီး
      လက်ပေါက်တဲ့အထိ မြက်အပြောင်ရှင်းပေးပြီးမှ ငှားခွင့်ရတာ ။

      ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့စိတ် ၊
      ဘာအလုပ်ကိုမှ မကြောက်တော့တဲ့ စိတ် ကို ၊
      ငါးနှစ်သားလောက် ထဲက အသွင်းခံရတာ ။

      အဲဒီတော့
      နောက်ပိုင်း တော်ယုံ ဒုက္ခ ပင်ပန်းတာ လောက်ကတော့ ၊
      အပြုံးတောင် မပျက်ဘူး လာထားပဲ ။

      ရွာသားလူငယ်တွေကိုလည်း ၊
      အဲလို မိမိကိုယ်ကို ယုံကြည်မှု ရှိစေချင်လို့ ၊ မာကြောစေချင်လို့ပါ ။
      ကျွန်တော့် အပြောမှာ ဒေါမနဿ ပါသွားရင် ခွင့်လွှတ်ပါဗျာ ။

      တော်ယုံ သင့်ယုံ ချမ်းသာတာလောက်ကတော့
      လုပ်ရင်ဖြစ်ပါတယ်ဗျာ ၊
      ဖြစ်အောင် သေချာ မလုပ်ကြတာပါ ။

  • mandalarthu

    October 18, 2011 at 10:46 pm

    သိပ်ကိုကောင်းတဲ ့အတွေးသစ်တွေ မွေးဖွားပေ းတဲ ့ပို စ်လေးပါဘဲ။ ကျေးဇူးပါနော်။
    ခေါင်းစဉ်နဲ ့ တင်ပြတဲ ့အကြောင်းအရာနဲ ့မကိုက်ညီဘဲ နဲနဲ မဟုတ်ဘဲ အတော်လေးလွဲနေတယ်လို ့စ-ဆုံး နှစ်ခေါက်ဖတ်ပြီးချိန်မှာ ခံစားရတယ်။ ဘာကြောင် ့လဲဆိုတော ့ဒီပို ့ကိုရေးသူရဲ ့လူငယ်တွေအပေါ်ထားတဲ့ ့စေတနာကောင်းတွေကို စာထဲမှာ အထင်းသားကြီးပေါ်လွင်နေတာကိုတွေ ့ရပါတယ်။
    နံပါတ်(၄)အချက်ကို အပြည် ့အဝထောက်ခံပါတယ်။လူငယ်တွေအတွက် တကယ်တန်ဖိုးရှိတဲ ့လမ်းညွှန်ချက်တခုမို ့ပါ။
    နံပါတ်(၅)အချက်ကိုတော ့ဘဝင်သိပ်မကျပါ။ဘာကြောင် ့လဲဆိုတော ့Materialistic World ကြီးထဲမှာ
    adaptable ဖြစ်နိူင်ဖို ့ကြိ ုးစားရင်း “ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဓာတ်တွေ ”မွေးလာကြပြီး
    ‘Money,Money,Money”ဆိုပြီး တချိန်လုံးငွေနောက်လိုက်ရင်း ကိုယ်ကျင် ့တရားပျက်စီးသွားကြတဲ ့သူတွေ
    မျက်စိရှေ ့တွေ ့မြင်နေရလို ့ပါ။ အမှန်တော ့ငွေနောက်လိုက်ရင်း ဘဝမှာ ငွေထက်ပိုပြီးအရေးပါတဲ ့အရာတွေဆုံးရှုံးသွားခဲ ့ကြရတာကို လူအတော်များများ အရွယ်လွန်မှ သိခဲ ့ကြရတာပါဘဲ။
    ငွေ ဟာ အတိုင်းအတာတခု ထိဘဲ အရေးပါပါတယ်။ဒီအချက်ကို FR သဘောတူပါသလား။
    နံပါတ်(၆)ကိုလဲ လွပ်လပ်စွာနဲ ့ သဘောထားကွဲလ ွဲ ချင်ပါတယ်။FRပြောတဲ ့
    ”စင်ပေါ်ရောက်ပြီးသွားရင် စင်ပေါ်ရောက်တာနှင့်အမျှ ၊ကျန်းမာရေး လူမှုရေး အိမ်ထောင်ရေး ကအစ
    ဘာသာရေး အလယ်အကုန်လုံး ကျွဲကူး ရေပါ မြင့်လာပါလိမ့်မယ် ။စင်ပေါ်ရောက်ဖို့ကလဲ ကြိုးစားရတာ တွေးခေါ်ရတာကိုး ၊အလကား ဖြစ်လာတာမှ မဟုတ်တာ ၊”
    ”အဲဒီတော့ အကုန်လုံး မြင့်လာတာပေါ့ ။”မှာ
    ကျန်တာတွေ အကုန်မြင် ့တက်ကောင်း မြင် ့တက်လာပါလိမ် ့မယ်။ဒါပေမယ် ့
    ဘာသာရေးကတော ့ဘယ်လိုလုပ်ပြီးမြင် ့တက်လာမှာတုန်း။?????
    ကိုယ်တိုင် ကျင် ့ကြံ ကြိ ူးကုတ်ပွားများအားမထုတ်ဘဲနဲ ့ (အချိန်ပြည် ့သူကစင်ပေါ်ရောက်အောင် ငွေရှာနေမှာကိုး)
    စင်ပေါ်ရောက်ပြီးသွားရုံလေးနဲ ့ဘယ်လိုလုပ် မြင့်လာပါမှာလဲ၊၊??????
    သေချာရှင်းပြပေးပါဦးနော်။
    တကယ်သိချင်ပါတယ်။

    • kai

      October 19, 2011 at 12:42 am

      ကြားထဲက ဝင်လျှာရှည်တာပါ..။ ပိုစဉ်းစားလို့ရအောင်ပါ..။
      ဘာသာရေးဆိုတာဟာ.. လုတွေကိုထိန်းကြောင်းအုပ်ချုပ်လို့ လွယ်ကူအာင်. နည်းနည်း ကျွမ်းတဲ့သူတွေက.. ဖန်တီးထားတာဆိုတဲ့.. မတူတဲ့ အတွေးဖက်ကလည်း ..မြင်ကြည့်စေချင်ပါတယ်..။

      More Poverty = More Religion
      Religion has a surprisingly high correlation with poverty, according to a Gallup survey conducted in more than 100 countries. The more poverty a nation has, the higher the “religiosity” in that nation. In general, richer countries are less religious than poorer ones.

      The biggest exception? The United States, which has the highest religiosity relative to its wealth on the planet.
      http://www.ritholtz.com/blog/2010/09/religions-correlation-with-poverty/
      အဲဒီဝက်ဘ်ဆိုက်က Comments တွေလည်းဖတ်ကြည့်စေချင်ပါတယ်..။

    • Foreign Resident

      October 19, 2011 at 5:27 am

      မ mandalarthu ရေ

      Materialistic World ကြီးထဲမှာ adaptable ဖြစ်နိူင်ဖို ့ကြိုးစားရင်း
      “ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဓာတ်တွေ ”မွေးလာကြပြီး
      တချိန်လုံးငွေနောက်လိုက်ရင်း ကိုယ်ကျင် ့တရားပျက်စီးသွားကြတဲ ့သူတွေ

      ကျွန်တော် ပြောတဲ့အထဲမှာ
      ” မတရားတာတွေလုပ်ဖို့ ပြောတာမဟုတ်ဘူးနော် ”
      ” Honesty is the best policy ”
      ဆိုပြီးပါပါတယ်ဗျာ ။
      ကိုယ်ကျင် ့တရားပျက်စီးသွားတာကို လုံးဝ ( လုံးဝ ) လက်မခံပါဘူး ။

      စင်ပေါ်ရောက်ဖို့ကလဲ ကြိုးစားရတာ တွေးခေါ်ရတာကိုး ၊
      အလကား ဖြစ်လာတာမှ မဟုတ်တာ ၊
      အဲဒီတော့ အကုန်လုံး မြင့်လာတာပေါ့ ။

      ကြိုးစားရင် = အောင်မြင်မယ် မိမိကိုယ်ကို ယုံကြည်မှု ရှိမယ် ဇွဲကောင်းလာမယ်
      တွေးခေါ်ရင် = ရင့်ကျက်လာမယ် အတွေးအခေါ်တွေ မှန်ကန်ပြီး အမှန်တရားနှင့်နီးစပ်လာမယ်
      စင်ပေါ်ရောက်ရင် = လူယုံကြည်ခံရမယ် ကိုယ့်သိက္ခာကိုယ်ပြန်ထိမ်းလာမယ် ငွေရှိလို့များများလှူနိုင်မယ်

      အဲဒီ အချက်တွေဟာ ဘာသာရေး မှာ အထောက်အပံ့ကောင်းတွေပါ ၊
      ဆက်စပ်နေပါတယ်ဗျာ ။

      မ mandalarthu ရေ

      ထပ်ပြီချဲ့မယ်ဆိုရင် ချဲ့စရာတွေ ရှိသေးပေမယ့်
      အပေါ်မှာ သူကြီး မန်းထားတဲ့ စူပါ့ စူပါ Comment ကို ဦးတည်ပြီး
      ရွာသားတွေ ဝိုင်းဆော်ကြမှာ သေချာနေတော့ကာ အလှည့်ပေးလိုက်ပါတယ် ။

      ဘာတဲ့
      ” ဘာသာတရားကိုင်းရှိုင်းခြင်းသည် ဆင်းရဲခြင်းနှင့် တိုက်ရိုက်အချိုးကျသည် ” ဆိုပဲ ။

      တနည်း မြှောက်ပေးရရင်တော့
      ” ဘုရား တရား လုပ်ရင် ဆင်းရဲမယ် ” လို့ ဒဲ့စွတ်စွဲလိုက်တာပဲ ။

      ဘုရား ဘုရား ဘုရား လန်းလိုက်တဲ့ Idea.

      အင်း ဒီလို မန်း ပုံမျိုးနဲ့ဆိုရင်
      အဘတော့ ဒီ Post ကရတဲ့ Point နှင့်တင်
      တိုက်ဆောက် နိုင်လောက်တယ် ။

  • pooch

    October 18, 2011 at 11:43 pm

    ဖြစ်သင့်တာတွေ ပြောပြတာဆိုတော့ ဒီစာစုက ဆဲရမဲ့စာမှ မဟုတ်တာ …..
    ကောင်းတဲ့ စာလို့ပြောရမှာပေါ့ …
    ရေမြင့်လို့ ကြာတင့်တာလည်း မှန်ပါတယ်..

  • Foreign Resident

    October 19, 2011 at 2:49 am

    ” ဒါဟာ မန်းဂဇက် ရဲ့ အလှတရားတစ်ခုအဖြစ်
    ကျွန်တော် လက်ခံပေးနိုင်ပါတယ်ဗျာ။
    ကျွန်တော်တို့ မန်းဂဇက်နဲ့ အတူ ရှေ့ဆက်ကြတာပေါ့ ”

    နားလည်ပေးတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ် ကို blackchaw ရေ ၊

    ဘဝ အစတွေ မတူခဲ့တော့ အောင်မြင်မှုတွေဟာ တန်းညှိရခက်ပါတယ် ။

    ဥပမာပြောရရင်ဖြင့်
    လူနှစ်ယောက် ( ၄ဝ ) ဖိုးလောက် ကြိုးစားအားထုတ်ခဲ့တာခြင်းတူပေမယ့် ။
    ဘဝကို သုည ( Zero ) ကစရတဲ့လူအတွက် ( ၄ဝ ) ဖိုးပဲ ခရီးရောက်မှာ ဖြစ်ပေမယ့် ၊
    မိဘက ချမ်းသာပြီးသားမို့ ဘဝကို ( ၅ဝ ) လောက်ကစရတဲ့လူကတော့ ၊
    ကြိုးစားအားထုတ်မှုချင်းတူပေမယ့် သူက ( ၉ဝ ) ဖိုးအောင်မြင်မှာဖြစ်တယ်လေ ။

    လောကကြီးက မတရားဘူးလို့ ထင်စရာပေါ့ဗျာ ။

    တစ်ချို့က အဲဒါ ကံတရားလို့ လွယ်လွယ်ပြောချင်ပေမယ် ။

    ကျွန်တော်ကတော့ အဲဒီ မိဘက သားသမီးကို အမွေပေးတဲ့ စနစ်ကို
    နောင် တချိန်ချိန်မှာ လူသားတွေက ပြောင်းလဲ တော်လှန်ပြစ်လိမ့်လို့
    ထင်မြင်ယူဆနေပြီဗျ ။

    အရိပ်အရောင်တွေလည်း စတွေ့နေရပြီဗျ ။
    Australia မှာ တချို့မိဘတွေက သားသမီးတွေကို အမွေမထားခဲ့ပဲ ၊
    သူတို့ ပစ္စည်းတွေကို မသေခင် ဇိမ်အဝခံ မကုန်ရင် နိုင်ငံတော်ကို လှူခဲ့တာ ၊

    သားသမီးဆိုတာ ၁၆ နှစ်သားအထိပဲ ကျွေးမွေး စာသင်ပေးရင် ၊
    တော်သင့်ပြီ လုံလောက်ပြီ ဆိုတဲ့ အယူအဆမျိုး ၊

    သားသမီးတွေက သူ့ဘဝသူကျောင်းပဲ
    တက္ကသိုလ်တက်ဖို့ ပိုက်ဆံကို အစိုးရဆီက ချေးပြီးတက်ကြတာဗျ ။
    အလုပ်ရမှ အစိုးရကိုပြန်ဆပ်ပေါ့ ။

    ပြည်တွင်းကလူတွေလဲ အဲဒီလို ဆန်းသစ်တဲ့
    အတွေးအခေါ် အယူအဆ တွေကို သိစေချင်လိုက်တာ ။

    အခုများဖြင့် တီထွင်မှု / အတွေးအခေါ်အသစ်ဆိုရင်
    Caucasian တွေကြီးပဲ ၊
    Asian တွေက နောက်မြီးဆွဲ ဘဝမှာတောင်
    ကန့်လန့်လိုက်လို့ ကောင်းတုန်း ။

    တော်သေးဘီဗျာ ဒီ့ထက်ဆက်ရေးရင်
    ရွာသားတွေ နားညီးလို့ တကယ် ဝိုင်းဆဲတော့မယ် ။

    PS ; မသေမချင်း ပွဲမပြီးသေးပါဘူးဗျာ ၊
    ကြိုးစား ထားပါဗျ ။

    • Foreign Resident

      October 19, 2011 at 3:30 am

      စကားမစပ်
      ကမာ္ဘ ဒုတိယ အချမ်းသာဆုံး Microsoft သူဌေးကြီး Bill Gate က
      သူသေရင် သူ့ပိုက်ဆံတွေ အကုန်လုံး လှူမယ်လို့ ကြေငြာထားတယ်ဗျ ။
      သူ့ သားသမီးတွေကို အမွေပေးမှာ မဟုတ်ဘူးလို့ ကြေငြာထားတယ် ။
      ပညာသင်ပေးပြီးသွားပြီမို့ လုံလောက်ပြီတဲ့ဗျ ။
      ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်တွေ စဉ်းစားစရာပေါ့ ။

  • small cat

    October 19, 2011 at 5:48 am

    ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူတိုင်းကမိဘအမွေကိုအများကြီးမရကြပါဘူး၊
    ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားကြပြီးမိဘကိုပြန်ထောက်ပံ့နေသူတွေလည်းရှိပါတယ်။
    အမွေရခြင်း၊မရခြင်းဆိုတာ မိသားစုတစ်စုရဲ့ ကြွယ်ဝမှုနဲ့ဆိုင်ပါတယ်၊
    ဥစ္စာအမွေ မပေးနိုင်လို့ သားသမီးတွေကိုမရ ရအောင်ပညာအမွေပဲပေးခဲ့ကြတဲ့မိဘအပေါင်းကို
    ဒီနေရာကနေ ဦးခိုက်ပူဇော်လိုက်ပါတယ်။

  • ကြောင်ကြီး

    October 19, 2011 at 8:36 am

    တူ့ပို့စ်ဆို ကွန်းမန့်ဒွေ အများဂျီးရဒယ်၊ ငါ့ကြတော့……… 🙁
    ဩဇီဦးဖောရေ ကြောင်ကြီးအသက် ၂၁နှစ် လူပျိုလူလွတ်ပါ။ အရမ်းခြစ်တတ်လို့ အိမ်ပေါ်ကမောင်းအချ ခံခဲ့ရသူဖြစ်ပါတယ်။ ဦးဖောလည်း သဂျီးနဲ့ သိပ်အတိုက်အခံ မဖြစ်ပါစေနဲ့လို့ စေတနာနဲ့ သတိပေးပါသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 19, 2011 at 9:07 am

    ကျုပ်အမြင်ကတော့ ဒီလိုအကြောင်းတွေကို ပြောတော့မယ်ဆို
    အုပ်စုတွေခွဲပြီး အပိုင်းလိုက် ပြောမှရမယ်ထင်တယ် ( အထင် )
    မဟုတ်လို့ကတော့ တစ်ယောက်နှင့်တစ်ယောက် ဘဝပေးအခြေအနေလို့ပြောရမလား
    အဲ့သည်အကြောင်းတွေက မတူတာကြောင့် အတွေ့ကြုံ ခံယူချက်ခြင်း တူနိုင်မည်မထင် ( အထင် )
    မိန်းမနဲ့ယောက်ျားတွေရဲ့ကွဲပြားတဲ့အမြင်တွေကတစ်ကြောင်း
    အသက်အရွယ်တွေကတစ်ကြောင်း
    အတတ်ပညာတွေကတစ်ကြောင်း
    မိသားစုတွေရဲ့ စီးပွားရေးကြောထောက်နောက်ခံတွေကတစ်ကြောင်း
    အကြောင်းမျိုးစုံကွဲလိမ့်မယ်

  • nigimi77

    October 19, 2011 at 9:35 am

    ဒီနေ ့ မနက် မန်းလေးကို ရောက်တယ်။

    မနက်ခင်းမှာ ဒီပို ့စ်ကို ဖတ်ရတာ သိပ်အားရှိတယ်။

    ကျွန်တော်က နောက်ထပ် ၄ နှစ်ပဲလိုတော့တယ်။ ခုထိတော့ ကျိုးစားဆဲပဲ။

    ဒီ ကျန်တဲ့ ၄ နှစ် အတွင်းမှာ အသည်းအသန် လုပ်ရမှာပဲ။

  • inz@ghi

    October 19, 2011 at 11:11 am

    အန်ကယ် ဖော…
    ဆဲချင်လို့ဝင်ဖတ် ဟုတ်ဝူးနော် …
    ဖတ်ပီး ထိုင်ရှိခိုးချင်သွားတယ်….

    အန်ကယ်ဖော ရဲ့ ပိုစ့် စ လယ် ဆုံး ၃ပါးလုံးကို ၁လုံးမကျန် ကြိုက်ပီး ၁၀၀% ထောက်ခံပါကြောင်း …

    အရှေ့ကျွန်းမှ အလုပ်ကြမ်းနှင့် ပြည်နှင်ဒဏ်ခံနေရသူ
    Guy Inz@ghi

    • Foreign Resident

      October 19, 2011 at 1:17 pm

      ” အန်ကယ်ဖော ရဲ့ ပိုစ် စ လယ် ဆုံး ၃ပါးလုံးကို
      ၁လုံးမကျန် ကြိုက်ပီး ၁၀၀% ထောက်ခံပါကြောင်း ”

      inz@ghi ရေ

      ကျေးဇူးပါပဲကွယ် ။
      ကြိုက်မှာပေါ့ ဘဝတူ ( တကျွန်းကျ ) အချင်းချင်း တွေပဲလေ ။
      အရှေ့ကျွန်း နှင့် တောင်ကျွန်း ပဲကွာတာလေ ။

  • char too lan

    October 19, 2011 at 11:14 am

    haha 😀
    ကြိုးစားချင်စိတ်ရှိတဲ့ ယောက်ျားသားဒွေ အတွက်ဒေါ့ အားတက်ချရာဘါဘဲဂျာ ……
    တက်ကတိုတက်နေဒဲ့ အမျိုးသမီကောင်းများလဲ မျက်စေ့ရှင်ရှင်နဲ့ ဦးနှောက်ကို အဲဗားတွက်ချက်နေမှ တော်ကာကျမယ်ထင်တယ် မရင့်ကျက်သေတဲ့လူလေးဖမ်းထားလိုက်ပါဘီဒဲ့ ရင့်မလာပဲ နုပိန်ဘဝနဲ့ အဆုံးသတ်သွားရင် ဒေါ့ ……. သေဘီဆြာ !!
    Hay… everybody 😉
    Aja Aja Fighting !! 😛

  • etone

    October 19, 2011 at 4:35 pm

    ဘကြီးတော် နိုင်ငံခြားသားကြီးရေ … ဒီပို့စ်ကို စစချင်းဝင်ဖတ်တုန်းက ဘယ်သူမှ ကော့မန့်မရေးသေးဘူး … ဘယ်သူတွေ ဘာများရေးမလား စောင့်ဖတ်ရင်း …. ကော့မန့်တွေ အပြန်အလှန်ကောင်းနေကြတယ်နော် … ။
    တကယ်တမ်းသီအိုရီအရ ၊ စကားပုံတွေအရ ဘယ်လိုပဲ အသက်ပိုင်းခြားကို ပြောခဲ့ပြောခဲ့ ကျွန်မကတော့ အိမ်ထောင်ပြုခြင်း နဲ့ စီးပွားရှာခြင်း ဆက်စပ်ပုံလေးကို …
    ” မပိုင်ပဲ ခြင်မရိုက်ပါနဲ့ ” ဆိုတဲ့စကားလေးပဲ ပြောချင်တော့ဒယ် 😀

  • MaMa

    October 20, 2011 at 10:33 am

    ရွာထဲကို ဝင်မရလို့ ဘာမှ မသိရဘူး။ ခုမှ ဖတ်မိတယ်။
    ဒါ ဆဲချင်စရာ ကိစ္စ မဟုတ်ပါဘူး။ စဉ်းစားစရာ အသိဉာဏ်တိုးစရာမို့ ကြိုဆိုပါတယ်။
    ဦးဖောရေ-
    ကျမဆိုလိုချင်တာက ပြည်တွင်းက လူတွေ အားလုံးကို ရိုက်စားလို့ မထင်စေချင်တာရယ်၊ လုပ်ချင်ရင် ပြည်တွင်းမှာလည်း လုပ်စရာတွေ ရှိပါတယ် (နိုင်ငံခြားပြန်မို့ ကီးမြင့်နေတာကိုတော့ မပြောတတ်ဘူး။)၊ အလုပ်တခုအခြေချဖို့ဆိုတာ ပြည်ပမှာမှ မဟုတ်ပါဘူး။ ပြည်တွင်းမှာလည်း ခက်ခဲပါတယ် ဆိုတဲ့အကြောင်း ပြောချင်တာပါ။
    အခုပိုစ့်ကို ဖတ်ပြီး ပြောပြချင်တာတစ်ခုက အောင်မြင်ချင်စိတ်ရှိသူဟာ ကြိုးစားတယ်။ ကြိုးစားတဲ့လူဟာ အောင်မြင်တယ်။
    အောင်မြင်တဲ့လူဆိုတာလည်း အောင်မြင်မှုတွေချည်းပဲ ရခဲ့တာ မဟုတ်ပါဘူး။ မအောင်မြင်မှုတွေကနေ ရုန်းထွက်လာနိုင်ခဲ့တာပါ။
    ကံ၊ ဉာဏ်၊ ဝီရိယ အားလုံးစုံရင် များများ အောင်မြင်မယ်။ မစုံရင်တော့ နည်းနည်း အောင်မြင်မယ်
    အဲဒီလောက်တော့ ကွာခြားမယ် ထင်ပါတယ်။
    ကျမ မြင်တွေ့ဖူးသလောက်ကတော့ ကြိုးစားပြီး မြေကြီးကပ်နေတဲ့လူ ရှားပါတယ်။
    အဲဒီနေရာမှာ ပညာတော်တာအပြင် စိတ်ဓာတ်ပါပြည့်ဝဖို့လိုတယ်။ စိတ်ထားကောင်းဖို့၊ သဘောထားကြီးဖို့ အများကြီးပေ့ါ။
    အဲဒီအချက်အလက်တွေကလည်း အောင်မြင်မှုအတွက် အရေးပါတယ်ထင်ပါတယ်။ ပညာဘယ်လောက်တော်တော် စိတ်ထားမကောင်းရင်လည်း နေရာမရတတ်ပါဘူး။ မအောင်မြင်တတ်ပါဘူး။
    အရင်းအနှီး ဘယ်လောက်များများနဲ့ လုပ်ငန်းလုပ်လုပ်၊ မမှန်ကန်ရင် ကြာရှည်အောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်။
    ကိုယ်တတ်နိုင်တဲ့အနေအထားနဲ့ သင့်တော်တဲ့လုပ်ငန်းကို (မလုပ်ခင်မှာ) သေသေချာချာ လေ့လာပြီး၊ လုပ်ကြည့်မယ်ဆိုတဲ့စိတ်နဲ့ မဟုတ်ပဲ၊ ဘုရင့်နောင် ဖောင်ဖျက်စိတ်ဓာတ်နဲ့ လုပ်သင့်ပါတယ်။
    မှားတယ်ထင်ရင်လည်း ကျမကိုလည်း ဆဲနိုင်ပါတယ်။ မတူတဲ့အမြင်တွေ သိရ ဖတ်ရတာကိုက ဗဟုသုတရစေလို့ပေ့ါ။ 🙂
    ကျောင်းပြီးကာနီးမှာ ဆရာတွေကို အမှာစကားလေးတွေ ရေးခိုင်းတော့ ဆရာတစ်ယောက်ရေးပေးခဲ့တာကို ဒီနေ့ထိ စိတ်ထဲ စွဲနေတယ်။
    အလုပ်လုပ်တဲ့နေရာမှာ ဉာဏ်ကို လွှာပြီးသုံးပါ။
    ဝီရိယကို အစွမ်းကုန် စိုက်ထုတ်ပါ။
    ဘာမှ ဖြစ်မလာတော့လည်း ကံကိုသာပုံချလိုက်ပေ့ါ။
    တဲ့လေ။

  • လင်းဝေကျော်

    October 20, 2011 at 3:14 pm

    ကက်ပီတန်ဖော ပြောတာတွေက မှန်နေတာပဲ။
    ၂၀-၃၀-၄ဝ အယူအဆ က တကယ်မှန်ပါတယ်။
    ၂၀-၃၀-၄ဝ အယူအဆမှာ တစ်ချို့အစွန်းရောက်သုံးသပ်တဲ့ သူငယ်ချင်းများလည်းရှိပါတယ်။
    -တစ်ယောက်က အသက်၃ဝထိ လမ်းဘေးမှာထိုင်နေရတုန်းဆိုရင် ဘဝက ဂွမ်းသွားပြီဆိုတာမျိုး။(ပြောတဲ့သူက ၂ရလောက်မှာပြောခဲ့တာ။ အခုတော့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် အသက်လေးဆယ်ပြည့်တော့မယ့်အရွယ်ပေါ့။)
    -တစ်ယောက်ကတော့ ဒေါ်စုအသက်ကြီးသွားပြီတဲ့။ အကောင်းဆုံးဆိုတာတွေ ဦးနှောက်ကထွက်တဲ့ အရွယ်မဟုတ်တော့ဘူးတဲ့။ အသက်၄ဝကျော်ရင် ကျတဲ့ အပိုင်းပဲတဲ့။ ( ပြောတဲ့သူက ကျနော်နဲ့ရွယ်တူ အထူးကု ဆရာဝန်ကြီးဖြစ်နေတဲ့သူပါ။)
    အစွန်းရောက်လွန်းပါတယ်။

    နောက်ပြီး အလုပ်တွေလျှောက်မပြောင်းပဲ(လိုင်းမပြောင်းပဲ) အလားအလာရှိနိုင်မယ့် တစ်နေရာတည်းမှာ
    အသက် ၂၅နှစ်လောက်က စပြီး လုပ်လာရင် ၃၆နှစ်ဆိုရင် အောင်မြင်ပြီး အခြေခိုင်နိုင်ပါတယ်။
    နယ်ပယ်အသီးသီးမှာ(အစိုးရ ဝန်ထမ်းက အစ) လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကိုပါလေ့လာသုံးသပ်ပြီးပြောတာပါ။ ထိုက်သင့်တဲ့အရည်အချင်းတော့ ဖြည့်ထားရမှာပေါ့လေ။

  • Foreign Resident

    October 20, 2011 at 4:20 pm

    Comment အတွက် ကျေးဇူးပါ ကိုလင်းဝေကျော် ။

    By the way,

    ” အသက် ၃ဝ ထိ လမ်းဘေးမှာထိုင်နေရတုန်းဆိုရင် ဘဝက ဂွမ်းသွားပြီ ”

    အသက် ၃ဝ ဆိုတာ လူတယောက် Physically Strong အဖြစ်ဆုံး or ဖြစ်နေသေးဆဲ အချိန် နှင့်

    အဓိက ကတော့ အသက် ၃ဝ ဆိုတာ ဉာဏ် အထက်မြက်ဆုံး နှင့် ဉာဏ် အကွန့်မြူးဆုံး အချိန်ဗျ ။
    လူငယ်တယောက်က သူ့ရဲ့အရည်အချင်းကို အစွမ်းကုန် လောကကြီး နှင့် သူ့ပါတ်ဝန်းကျင် ကို
    ထုတ်ပြလေ့ရှိတဲ့ အချိန်ပဲ ။
    အဲဒီအရွယ်မှာ တကယ်အရည်အချင်းရှိတဲ့ ထွန်းတောက်မယ့် လူငယ်တွေဟာ
    အဆိုးပဲဖြစ်ဖြစ် အကောင်းပဲဖြစ်ဖြစ် ထူးခြားပြီး တခြားသူတွေ နှင့် ကွဲလွဲထွက်လာတတ်တယ် ။

    အဲဒီအချိန်မှာ ဘာမှအစွမ်း မပြပဲ မကွဲလွဲပဲ လမ်းဘေးမှာထိုင်နေတုန်းဆိုရင် တော့
    သူ့ အမြင့်ဆုံး စွမ်းရည်ကို ပြခွင့်ကို သူဆုံးရှုံးသွားပြီပေါ့ဗျာ ။

    ( ဘုရားရှင် အစ နယူတန် အဆုံး သူတို့ရဲ့ အကောင်းဆုံး ရှာဖွေ တွေ့ရှိမှုတွေကို
    သူတို့ အသက် ၃ဝ ပါတ်ဝန်းကျင် မှာ တွေ့ခဲ့တာပါ )

    အံ့ဩတာက ခင်ဗျားသူငယ်ချင်းက အဲဒီသဘောတရားကို ၂ရ နှစ်ထဲက မြင်နေလား မသိဘူး ။
    ပြောတဲ့ ခင်ဗျားသူငယ်ချင်းက တော်တော် ဉာဏ်ထက်မြက်ပုံရတယ် ။

    ” အသက်၄ဝကျော်ရင် ကျတဲ့ အပိုင်းပဲတဲ့
    အကောင်းဆုံးဆိုတာတွေ ဦးနှောက်ကထွက်တဲ့ အရွယ်မဟုတ်တော့ဘူးတဲ့။ ”

    အထူးကု ဆရာဝန်ကြီး ပြောတာကိုတော့ လက်မခံချင်ဘူးဗျ ။
    ၄ဝ ကျော်ရင် ( သင်္ချာ ) ဉာဏ်ကပိုပြီး မထက်မြက်လာတော့ပေမယ့် ။
    ဝေဖန်ပိုင်းခြားနိုင်စွမ်း နှင့် ရင့်ကျက်မှု တိုးလာတယ်ဗျ ။

    ” အသက် ၂၅နှစ်လောက်က စပြီး လုပ်လာရင် ၃၆နှစ်ဆိုရင် အောင်မြင်ပြီး အခြေခိုင်နိုင်ပါတယ် ”

    လုပ်ငန်းရှင်ကြီးတွေရဲ့ သုံးသပ်ချက်အရဆိုရင်
    တည်တံ့သွားတဲ့ အောင်မြင်မှုရဖို့ နှစ် ၂ဝ ဇောက်ချလုပ်ဖို့လိုတယ် ပြောတာပဲ ။

  • padonmar

    October 20, 2011 at 8:11 pm

    FR ရေ မဆဲချင်ပါဘူး။
    ဒီနေရာမှာ ကလေးတွေကို သင်တဲ့နီတိလေး ရေဒီယိုက လွှင့်တာကြားဖူးတာ ရေးပြချင်ပါတယ်။
    ပျင်းသူမှာ စာမတတ်
    စာမတတ်တော့ ပိုက်ဆံလည်းမရ။
    ပိုက်ဆံမရတော့ မိတ်ဆွေလည်းမရ၊
    မိတ်ဆွေမရတော့ တရားလည်းမသိတဲ့။
    ဝီရိယကို အဓိကထားဖို့ ပြောချင်တယ်လို့ထင်ပါတယ်။

    Amy Chua ရဲ့ စာအုပ်အကြောင်း ‘ကျားမေမေရဲ့ တိုက်ပွဲတေးသံ’ (Battle Hymn of the Tiger Mother)
    ကော ဖတ်ကြည့်ပြီးပါပြီလား။ သဘောထားလေးသိချင်ပါတယ်။
    http://www.maukkha.org/index.php?option=com_content&view=article&id=1486:2011-07-06-02-44-31&catid=92:library-&Itemid=386

  • MaMa

    October 20, 2011 at 8:23 pm

    (၄ဝ ကျော်ရင် ( သင်္ချာ ) ဉာဏ်ကပိုပြီး မထက်မြက်လာတော့ပေမယ့် ။
    ဝေဖန်ပိုင်းခြားနိုင်စွမ်း နှင့် ရင့်ကျက်မှု တိုးလာတယ်ဗျ ။)
    ကိုယ်ကပဲ အသက် ၄ဝ ကျော် ၅ဝ နီးနေလို့လား မသိဘူး။ အဲဒီစကားကို အပြည့်အဝ ထောက်ခံတယ်။ မြန်မာ့ရုပ်မြင်သံကြား စတင်အသံလွှင့်စဉ်က အငြိမ့်ခန်းကပြစဉ်က ဆိုဗီယက်ပြန်နွဲ့နွဲ့စန်းက သူ့ကိုယ်သူ အလှဆုံးအချိန်လို့ ပြောသွားတယ်။ ဘာဖြစ်လို့ဆို စဉ်းစားချင့်ချိန်နိုင်တဲ့ အသိဉာဏ် ပိုလာလို့တဲ့လေ။ 🙂
    (တည်တံ့သွားတဲ့ အောင်မြင်မှုရဖို့ နှစ် ၂ဝ ဇောက်ချလုပ်ဖို့လိုတယ် ပြောတာပဲ ..) ဆိုတော့ တိုက်တိုက်ဆိုင်ဆိုင် ဒီလ ၂၂ ရက်နေ့က ကျမတို့လုပ်ငန်းရဲ့ ၂၅ နှစ်ပြည့်တဲ့နေ့ဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင်ကလည်း နိုင်ငံခြားက တချို့လုပ်ငန်းတွေမှာဆို Since 1901 စသည်ဖြင့် ရေးထားတာမျိုးတွေကို အားကျတယ်။ 😀

  • unclegyi1974

    October 20, 2011 at 10:44 pm

    FR ရေ
    ကိုယ့်ညီရေးတဲ့ပို့စ်လေးကကောင်းပါတယ်
    ဒါပေသိလူအားလုံးအတွက်မဖြစ်နိုင်ပါဖူး
    ဘာပြောပြောကြိုးစားနေတဲ့လူငယ်လေးတွေအတွက်
    စဉ်းစားစရာလေးတွေပေးဝေလိုက်တာကိုတော့ကြိုက်ပါတယ်

Leave a Reply