လူဝင်စားဆိုတာကိုလေ့လာချင်ကြတယ်ဆိုရင်ဖြင့် (ဇာတ်သိမ်းခန်းတောင်းပန်ခြင်း)

fattyOctober 18, 20111min1188

ကျနော်ကတော့လူဟောင်းအတော်များများသိကြတဲ့အတိုင်း စာရိုက်နှေးလှသူဖြစ်သည်ကတေကြောင်း …
အာရုံကြောအားနဲတာကတကြောင်းမို့ အဲဒီပထမပိုင်းလောက်ကို မနဲရိုက်ယူရပါတယ်။
မှတ်မိကြမှာပါ ကျနော်မနးလေးဂေဇက်ဝင်ခါစက စာရွက်ပေါ်လက်ရေးနဲ့ချရေးပြီး Scan ဖတ်ပြီးတင်ရပါတယ်။
အခုမှ မြန်မာလို မတောက်တခေါက်ရိုက်တတ်တာပါ။

တောင်းပန်ချင်တာကတော့ ကျနော်က ဇာတ်လမ်းကျောရိုးကို သိထားသူဖြစ်ပါတယ်။
စာရိုက်ညံ့တော့အတိုဘဲချုံးကြပါစို့ ဝတ္ထုပုံစံဆိုရင်တော့စာစီစာရိုက်တယောက်ကိုငှားရမယ်ထင်ပါတယ် ..။

တခုရှိတာက ….အယ်ဒီတာချုပ်ကလည်း twist လေးဘာလေးထည့်ပေးပါဆိုတော့လည်း သူ့လဲအားနာရပြန်ပါတယ်။
ဒါကြောင့်ကြိုးစားပြီး ဝတ္ထုပုံစံလေးရေးကြည့်တာပေါ့ ….။
ဟိုတုန်းကတော့ ရတနာပုံသတင်းစာမှာဖေါ်ပြခြင်းခံရတဲ့သတင်းတပုဒ်ဖြစ်ပါတယ်။
သီပေါမင်ရဲ့ ဆုချီးမြှင့်ခြင်းလဲခံရပါတယ်။ ကာယကံရှင်တွေကိုပါ…။
အဲဒီထဲကတယောက်က ကျနော်နဲ့ဆွေမျိုးတော်နေပါတယ်
ဒါကြောင့်ကျနော်ရဲရဲရေးရဲတာပါ။

တခုရှိတာက computer ရှေ့ရောက်မှ လက်တန်းဝတ္ထုရေးတယ်ဆိုတော့သိပ်တော့ကောင်းမှာမဟုတ်ဘူးနော…။
ကျနော်လိုချင်တာက … ကျနော်ဦးတည်တာက သုတေသနပြုနေသူများရှိခဲ့ရင် ..
သက်ဆိုင်သူတွေနဲ့ပါတ်သက်တဲ့သူတွေသက်ရှိထင်ရှားရှိချိန်မို့ မည်သူမဆိုမေးမြန်းနိုင်ကြောင်းပါ။

သူတို့ရဲ့မြေးရှိပါသေးတယ် … ဆွေမျိုးတွေလည်းရှိပါသေးတယ်။
မနက်ဖန်အပြီးရေးပြီး နိဂုံးချုပ်ပေးပါမည့်အကြောင်း တောင်းပန်ရင်းဖြင့် …

…………….. ရွှင်လန်းချမ်းမြေ့ကြပါစေလို့ …………………………………

8 comments

  • manawphyulay

    October 18, 2011 at 4:35 pm

    စိတ်ဝင်စားပါတယ်ဆိုမှ အမြည်းလာပေးနေပြန်ပါပြီ။ မနက်ဖြန် ကွန်ကောင်းရင်တော့မဆိုးပါဘူူး။ ဆက်လက်စောင့်ဖတ်နေမှာပါ။ ဖြည်းဖြည်းမြန်မြန်လေး တင်ပေးနော် 😛

  • blackchaw

    October 18, 2011 at 4:47 pm

    တကယ်ပဲဇာတ်သိမ်းပြီလားလို့၊ လူဆိုး။

  • koyinmaung

    October 18, 2011 at 5:07 pm

    မြန်လိုက်လားလို့ဝမ်းသာနေတာ
    လက်စသတ်တော့ ကြော်ငြာကဝင်နေသေးတယ်
    တော်တော်ဆိုးတဲ့ ဝတုတ်ရယ်…

  • Diamond Key

    October 18, 2011 at 5:27 pm

    ဆက်ဖက်တာဗျာ။ ဆုံးလည်းဆုံးသေးဘူး ပဲနဲ့။

  • small cat

    October 18, 2011 at 9:56 pm

    အမြန်ကြိုက်သူများအတွက် ကြောင်လေးတပုဒ်ရေးပေးပါ့မယ်။

    — ပြီးပါပြီ။

  • ကြောင်ကြီး

    October 19, 2011 at 9:02 am

    ဦးဖက်တင်ချင်တဲ့ စာရှိရင် ကျနော့်ဆီကို အီးမေးလ်စကင်န်ဖတ် ပို့လိုက်။ ကျနော် ပါရမီဖြည့်ပေးမယ်..။ အချိန်တော့ နဲနဲပေးပေါ့။

  • Endless

    October 19, 2011 at 10:17 am

    ရူးရပါပီ… ကိုကိုဖက်ရေ

  • fatty

    October 19, 2011 at 2:05 pm

    ကျနောိအားလုံးကိုထပ်ပြီးတောင်းပန်ပါတယ်ဗျာ … ခွင်လွှတ်ကြပါ။

Leave a Reply